Background
မူဆယ်နဲ့ချင်းရွှေဟော်မှ ရော်ဘာတင်ပို့မှုမြင့် မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်နဲ့ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်း များမှ ဒီဇင်ဘာလ ၁ ရက်မှ ၇ ရက်ထိ ကာလအတွင်း ရော်ဘာ ၁၈၄၈ တန်၊ ကန်ဒေါ်လာ ၆ သန်းကျော် ဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ နိုဝင်ဘာ ၂၄ မှ ၃ဝ ရက်ထိ ကာလအတွင်းမှာ မူဆယ်၊ ချင်းရွှေဟော်နဲ့ မြိတ်နယ်စပ်စခန်းများ မှ ရော်ဘာ ၁၃၆၁ တန်၊ ကန်ဒေါ်လာ ၄ ဒသမ ၄ သန်းကျော်ဖိုးတင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ ရော်ဘာ တန် ၄၈ဝ ကျော်ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ရော်ဘာဈေးသိသိသာသာ ပြောင်းလဲမှုမရှိသော်လည်း တရုတ်ဝယ်လိုအားကောင်းလျက်ရှိတဲ့အတွက် ယခင် အပတ်ကထက် တင်ပို့မှု ပိုမိုခဲ့ရတယ်လို့ ရော်ဘာ Exporter တစ်ဦးက ပြောပါတယ်။ ဧပြီလမှ နိုဝင်ဘာလကုန်အထိ နယ်စပ် စခန်းများမှ ရော်ဘာတန် ၂၃၇၂ဝ ခန့် တင်ပို့ ထားနိုင်ပြီးဖြစ်ပါတယ်။ မေလတစ်လသာ ရော်ဘာတင်ပို့နိုင်ခြင်းမရှိဘဲ ဧပြီလမှာ တန် ၂၆ဝဝ ကျော်၊ ဇွန်လမှာ တန် ၂၉ဝဝ ခန့်၊ ဇူလိုင်လမှာ ၃၆၂၅ တန်၊ စက်တင်ဘာလမှာ ၃၈၇၃ တန်နဲ့ အောက်တိုဘာမှာ တန် ၂၉၃ဝနဲ့ နိုဝင်ဘာလမှာ ၄၉၄ဝ တန်ကျော် အသီးသီးတင်ပို့ထားပြီးဖြစ်ပါတယ်။ မိမိဘက်နဲ့ တစ်ဘက် နိုင်ငံ မြေပြင်ပေါက်ဈေးများကို ဖော်ပြ ပေးလိုက်ရပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS(3) ၃၂၉၂၂၁၃ ၃၂၉၁၆ဝဝ ၆၁၃ ဝ .ဝ၂ ၃၆၁ဝ ၃၆ဝ၄ ၆ ဝ .ဝ၂RSS(5) ၃၁၃၅၄၁၃ ၃၁၃၄၈ဝဝ ၆၁၃ ဝ .ဝ၂ ၃၄၆ဝ ၃၄၈၄ ၂၄ ဝ .၇MIRT (DOBT)
ဒီတစ်ပတ် ရော်ဘာအပိုလျော့ နိုဝင်ဘာလ ၂၉ ရက်မှ ဒီဇင်ဘာ ၅ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာတန်ချိန် ၅၅၅ တန် တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၈၉ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ၁ဝ၈၄ တန်တင်ပို့ခဲ့တာကြောင့် ယခု တစ်ပတ်မှာ တန်ချိန် ၅၂၉ တန် လျော့နည်းတင်ပို့ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံများကတော့ မလေးရှားကို RSS-3 ၃၇၅ တန်၊ RSS-5တန် ၂ဝ ၊ စင်ကာပူကို RSS-3 တန် ၆ဝ ၊RSS-5 တန် ၆ဝ နဲ့ အိန္ဒိယကိုRSS-5 တန် ၄ဝ အသီးသီး တင်ပို့ ခဲ့တယ်လို့ သတင်းရရှိပါတယ်။ KZW
ပဲစင်းငုံ ဈေးမာနေ ယခုတစ်ပတ် အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်များမှာ ပဲစင်းငုံဈေးခိုင်မာနေတာတွေ့ရပါတယ်။ ပဲစင်းငုံအများဆုံးစိုက်ပိုျးတဲ့ ကာနာတာကာမှ ပဲဝင်ရောက်မှုဟာ နေ့စဉ်အိတ် ၅ဝဝဝ ခန့် ဝင် ရောက်မှုရှိရာက အိတ် ၄ဝဝဝ ကို ကျဆင်းလာခြင်းနဲ့ လက်ရှိဈေးနဲ့ အဝယ်အချို့ရှိနေတာကြောင့် ဈေးမာနေခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ လည်း လက်ရှိရာသီအတွင်း ပဲအထွက်ပိုမယ့်ခန့်မှန်းချက်များနဲ့ လက် ကျန်များရှိနေခြင်းကတော့ ဈေးမြင့်တက်မှုကို ထိန်းခုျပ်စေပါတယ်။ Agriwatch ရဲ့ မိုးရာသီသီးနံှအထွက်ကို ပထမအကြိမ်ခန့်မှန်း ချက်အရ ယခင်နှစ်က ပဲစင်းငုံတန်ချိန် ၂၅ သိန်းထွက်ရှိရာမှ ယခုနှစ် မှာ တန်ချိန် ၃၁ ဒသမ ၈၈ သိန်းထွက်မယ်လို့ ခန့်မှန်းထားပါတယ်။ လတ်တလော ပဲစင်းငုံဈေးက လက်ရှိဈေးဝန်းကျင်မှာ ရှိနိုင်ပေမဲ့ ပဲ အသစ်များများဝင်လာမယ့် လာမယ့်ရက်တွေမှာတော့ ဈေးကျဆင်း နိုင်တယ်လို့ ဈေးကွက်က ခန့်မှန်းထားပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံဈေးနှုန်းတွေကို ဇယား(၄)နဲ့ ဖော်ပြထားပါတယ်- ဇယား-၄ ဒေါ်လာ/တန် ဈေးကွက် ၉ .၁၂ .၁ဝ ၈ .၁၂ .၁ဝ ၇ .၁၂ .၁ဝ ၆ .၁၂ .၁ဝမွန်ဘိုင်း(မြန်မာပဲစင်းငုံ) ၆၈၉ ၆၈၇ ၆၈၉-၆၉၁ ၆၉၇ဒေလီ(မြန်မာပဲစင်းငုံ) - ၆၈၇ ၆၉၁ ၆၉၇ချန်နိုင်း(မြန်မာပဲစင်းငုံ) ၆၉၇ ၆၉၈ ၇ဝ၂ ၇ဝ၂Source: agriwatch.com , MIRT (Yangon)
ပဲတီစိမ်းဈေး တည်ငြိမ်သလောက်ရှိ အိန္ဒိယပြည်တွင်းဈေးကွက်အချို့မှာ အဝယ်သွက်လို့ ပဲတီစိမ်း ဈေးအနည်းငယ်မြင့်ပေမဲ့ ဈေးကွက်အများစုမှာတော့ ဈေးတည်ငြိမ် သလောက်ဖြစ်နေပါတယ်။ ဆောင်းသီးနံှစိုက်ဖို့ ရာသီဥတုအခြေ အနေပေးခြင်းနဲ့ မိုးပဲအထွက်များမယ့် ခန့်မှန်းချက်များကြောင့် ဈေးတည်ငြိမ်နေခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ ဈေးကွက်တွေကို ဝင်ရောက် လာတဲ့ ပဲအသစ်များမှာ အရည်အသွေးနိမ့်များဖြစ်လို့ အရည်အသွေး မြင့်များကို ပြည်ပကတင်သွင်းနေရခြင်းက ဈေးနှုန်းကျဆင်းမှုကို ကန့်သတ်စေတာဖြစ်ပါတယ်။ လာမယ့်ရက်များမှာလည်း လက်ရှိဈေး ဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်းဈေးတွေကို ဇယား(၃)နဲ့ ဖော်ပြလိုက်ပါတယ်ဇယား-၃ ဒေါ်လာ/တန် ဈေးကွက် ၉ .၁၂ .၁ဝ ၈ .၁၂ .၁ဝ ၇ .၁၂ .၁ဝ ၆ .၁၂ .၁ဝချန်နိုင်း(ပဲတီရွှေဝါ) ၁ဝ၁၈ ၁ဝ၂ဝ ၁ဝ၂၆ ၁ဝ၂၆ဒေလီ ၁ဝ၆၃ ၁ဝ၆၄ ၁ဝ၄၈-၁ဝ၉၃ ၁ဝ၄၈အင်ဒိုရီ ၈၄၁-၈၈၆ ၈၈၇ ၈၉၂ ၈၉၂
ကုလားပဲဈေးလည်း ဆက်လက်အေး အိန္ဒိယပြည်တွင်းလက်ငင်းဈေးကွက်အများစုမှာ ပဲခွဲစက်များ က အဝယ်အေးတာကြောင့် ယခုတစ်ပတ်မှာလည်း ဈေးဆက်လက် အေးလာတာတွေ့ရပါတယ်။ ဆောင်ကုလားပဲအထွက်ပိုမိုမယ့် မျှော်လင့်ချက်များနဲ့ ဈေကွက်အချို့မှာ လက်ကျန်အသင့်အတင့် ကျန်ရှိနေ ခြင်းတို့က ဈေးနှုန်းကျဆင်းဖို့ ဖိအားဖြစ်စေပါတယ်။ ဒါပေမဲ့လည်း ဒီဇင်ဘာလ ၃ ရက်နေ့အထိ ပဲမျိုးစုံစိုက်ဧရိယာဟာ ယခင်နှစ်က ဟက်တာ ၁၁၁ သိန်းရှိခဲ့ရာက ယခုနှစ်မှာ ဟက်တာ ၁ဝ၈ သိန်းသာ ရှိလို့ ဈေးနှုန်းကျဆင်းမှုကို ထိန်းထားနိုင်မယ်လို့ ခန့်မှန်းကြပါတယ်။ လာမယ့်ရက်များမှာလည်း လက်ရှိဈေးနှုန်းဝန်းကျင်နဲ့ အရောင်း အဝယ်ဖြစ်နိုင်တယ်လို့ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ် အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူလုံးကြီးဈေးတွေကို ဇယား(၂)နဲ့ ဖော်ပြထားပါတယ် ဇယား-၂ ဒေါ်လာ/တန် ဈေးကွက် ၉ .၁၂ .၁ဝ ၈ .၁၂ .၁ဝ ၇ .၁၂ .၁ဝ ၆ .၁၂ .၁ဝမွန်ဘိုင်း ၅၅၆ ၅၆ဝ ၅၆၂ ၅၆၉ဒေလီ ၅၄၂ ၅၄၃ ၅၄၉-၅၅ဝ ၅၅၂-၅၅၃ကန်ပါ ၅၄၇-၅၄၈ ၅၄၅ ၅၅၃ ၅၅၅
အိန္ဒိယအစိုးရဟာ ပဲမျိုးစုံနဲ့ ဆီထွက်သီးနံှထုတ်လုပ်မှုကို မြှင့်တင်ဖို့ သီးနံှဖွံ့ဖြိုးမှုအစီအစဉ်များစွာ ချမှတ်ဆောင်ရွက်ခဲ့ပါတယ်။ နိုင်ငံအတွင်း ပဲစိုက်ပျိုးတဲ့ ပြည်နယ် ၁၆ ခုမှာ ပဲမိုျးစုံထုတ်လုပ်မှု အရှိန်အဟုန်မြှင့်တင်ရေး အစီအစဉ် (A3P) ကိုလည်း စတင်ခဲ့ပါ တယ်။ ဒါကြောင့်လည်း ၂ဝ၁ဝ ဧပြီလမှ အောက်တိုဘာလအတွင်း ဈေးနှုန်းများ သိသိသာသာကျဆင်းခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲဈေးဆက်တိုက်ဆင်းလာ အိန္ဒိယပြည်တွင်းဈေးကွက်များမှာ အရည်အသွေးနိမ့်ပဲများကို အဝယ်မရှိတာကြောင့် ဈေးချရောင်းနေ ကြတဲ့အတွက် ယခုတစ်ပတ် မှာလည်း မတ်ပဲဈေးက ဆက်တိုက်ဆင်းလာခဲ့ပါတယ်။ ဒါ့အပြင် ဆောင်းမတ်ပဲစိုက် ဧရိယာတိုးတက်နေတာကလည်း ဈေးနှုန်းကျဆင်း ဖို့ ဖိအားဖြစ်စေပါတယ်။ ဒါပေမဲ့လည်း အရည်အသွေးကောင်း မတ်ပဲ များကို ပြည်ပကဈေးအမြင့်နဲ့ တင်သွင်းနေရခြင်းက ဈေးနှုန်းကျဆင်း မှုကို ထိန်းထားနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ မြန်မာနိုင်ငံမှာမတ်ပဲ လက်ကျန်နည်းပါးတာကြောင့် နိုင်ငံတကာမတ်ပဲဈေးက တစ်တန်ကို ကန်ဒေါ်လာ ၉၂ဝ ဝန်းကျင်မှာ တန်းနေတယ်လို့ အိန္ဒိယပြည်တွင်း ဈေးကွက်တွေက သတင်းတွေထွက်နေပါတယ်။ ကာလတိုအတွင်းမှာ ဝယ်လိုအားနည်းမယ်ဆိုရင် ဈေးဆက်ကျနိုင်တယ်လို့ ခန့်မှန်းကြပါ တယ်။ ဈေးကွက် အသီးသီးမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ မြန်မာ မတ်ပဲ FAQ ဈေးနှုန်းတွေကို ဇယား(၁)နဲ့ ဖော်ပြထားပါတယ်ဇယား-၁ ဒေါ်လာ/တန် ဈေးကွက် ၉ .၁၂ .၁ဝ ၈ .၁၂ .၁ဝ ၇ .၁၂ .၁ဝ ၆ .၁၂ .၁ဝမွန်ဘိုင်း ၈၈ဝ ၈၈၇ ၈၈၁ ၈၉၂ဒေလီ - ၈၉၈ ၉ဝ၃ ၉ဝ၃ချန်နိုင်း ၉၃ဝ-၁၁၇၉ ၉၃၁-၁၁၈ဝ ၉၂၆-၁၁၈၂ ၉၂၅-၁၁၉၃
ပြည်တွင်းနို့ဆီလက်ကားဈေး ကျပ်/ တစ်ဘူး ရန်ကုန် မန္တလေးဒွန်း( နို့ဆီ ) ၆၃၅ ၆၅ဝဒွန်း( နို့စိမ်း) ၆၁ဝ ၆၂၅မာရီဂိုး(နို့ဆီ) ၅၈ဝ ၅၉၅လပ်ကီးကောင်း( နို့စိမ်း) ၅၃ဝ ၅၄၅နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီတွေရဲ့ ဈေးကွက်အသီးသီး လက်လီဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-နို့ဆီလက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေး ဒွန်း( နို့ဆီ ) ၆၇ဝ ၇၁၅ ဒွန်း( နို့စိမ်း) ၆၅ဝ ၆၇၅ Falcon နို့ဆီ ၆ဝဝ ၆၁၅ မာရီဂိုးနို့ဆီ ၆၃ဝ ၆၄၅ အိုကေနို့ဆီ ၆၇ဝ ၆၈၅
နို့ဆီ၊ နို့စိမ်း၊ နို့မှုန့် ဒီဇင်ဘာလ ၁ ရက်မှ ၇ ရက်ထိ ကာလအတွင်း မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ လိပ်ပြာနှစ်ကောင် တံဆိပ် နို့မှုန့် ၂၄ တန်၊ ကန်ဒေါ်လာ ၆၈၃၃၃ ဖိုး တင်သွင်းခဲ့ပါတယ်။ ၅ဝဝ ဂရမ် အထုပ်ကြီးနဲ့ ၂ဝ ဂရမ်ဝင် အိတ် ငယ် ၂ဝ ပါ ၄ဝဝ ဂရမ် အထုပ်များ ယခုအပတ်မှာ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ယခင်အပတ်ကတော့ နို့မှုန့် ၂၂ တန် တင်သွင်းခဲ့ပါတယ်။ နို့ဆီ၊ နို့စိမ်းအနေနဲ့တော့ ကော့သောင်းနယ်စပ်မှပဲ နို့ဆီ ၃၃၆ မက်ထရစ်တန်(၆၃၇ဝ ကာတွန်း)နဲ့ နို့စိမ်း ၂၃၄ မက်ထရစ်တန်(၄၄၃၇ကာတွန်း) တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၁၈ သန်းဖိုး တင်သွင်းခဲ့ပါတယ်။ ယခင် အပတ်ကထက် နို့ဆီရော၊ နို့စိမ်းပါ လျော့နည်းတင်သွင်းခဲ့ပြီး ရာသီဥတု ကောင်းမွန်မှုမရှိတဲ့တွက် လျော့နည်းခဲ့ရတယ်လို့ သိရပါတယ်။ ကော့သောင်း ဘက်မှာ နို့ဆီ ၁ ကာတွန်း ပေါက်ဈေး ၁၆ဝဝဝ ကျပ်နဲ့ နို့စိမ်း ၁ ကာတွန်းကို ၁၇ဝဝဝ ကျပ် ရှိပြီး တစ်ဖက်နိုင်ငံ ရနောင်းဘက်မှာ နို့ဆီ ၁ ကာတွန်းကို ဘတ် ၅ဝဝ နဲ့ နို့စိမ်း ၁ ကာတွန်းကို ဘတ် ၅၁ဝ အသီးသီးပေါက်တယ်လို့ သိရပါတယ်။MIRT(DOBT)
ရေကြောင်းမှ နို့စိမ်းပိုဝင် ပြည်တွင်းကို ရေကြောင်းလမ်းက နေ နိုဝင်ဘာလအတွင်း လချုပ်အနေနဲ့ နို့စိမ်းအဝင်က နို့ဆီထက်အသွင်းပိုလာ ခဲ့တာ တွေ့ရပါတယ်။ နို့ဆီတန်ချိန် ၆၆၇ ဒသမ ၅ တန်နဲ့ နို့စိမ်း ၇၇၄ ဒသမ ၄၆ တန် သွင်းနိုင်ခဲ့တာဖြစ်ပြီး ယခင် အလားတူကာလဖြစ်တဲ့ ၂ဝဝ၉ နိုဝင်ဘာလအဝင် စုစုပေါင်းတန်ချိန်နဲ့ယှဉ်ရင် တန်ချိန် ၂၁ဝ ခန့်သာ ပိုတင်သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။ ဈေးကွက် အနေနဲ့တော့ အမြဲတမ်းဖောက်သည် စင်ကာပူဈေးကွက်အပြင် တရုတ်နိုင်ငံ ဘက်ကလည်း ရေကြောင်းကနေ လှည့် ဝင်လာတာတွေ့ရပါတယ်။ ယခုသီတင်း ပတ်ဖြစ်တဲ့ နိုဝင်ဘာ ၂၉ ရက်နေ့ကနေ ၅ရက်နေ့ကာလအတွင်း ရက်သတ္တပတ် စာ နို့ဆီအဝင်က ၃၆၃ ဒသမ ၆၃ တန်နဲ့ နို့စိမ်းတန်ချိန် ၁၁၂ တန်ကျော်ကျော်ကို စင်ကာပူနိုင်ငံဘက်ကနေ ရေကြောင်း ကသွင်းလာခဲ့ပါတယ်။MIRT (DOT)
နိုဝင်ဘာမှာ ပင်လယ်ရေကြောင်းက တန်ချိန် ၅ဝဝဝဝ ကျော်ဝင် နိုဝင်ဘာလအတွင်း ပြည်တွင်းကို ရေကြောင်းလမ်းနဲ့ ဘိလပ်မြေအဝင်က တန်ချိန် ငါးသောင်းငါးရာကျော် တန်ဖိုး ကန်ဒေါ်လာ ၄ ဒသမ ၂၇၁ သန်းဖိုး တင်သွင်းခဲ့ပါတယ်။ နိုဝင်ဘာလပွင့်လင်းရာသီမှာ ပြည်တွင်းတည်ဆောက်ရေးလုပ် ငန်းတွေကြောင့် ယခင်နှစ်က နိုဝင်ဘာလမှာ တန်ချိန် သုံးသောင်းနှစ်ထောင်ကျော် ကျော်သာသွင်းခဲ့ပေမဲ့ ဒီနှစ်ပိုင်းမှာ အသွင်းပိုမိုအားကောင်းကာ သုံးစွဲမှုပိုမိုခဲ့ပါတယ်။ ယခင်နှစ်က တရုတ်နဲ့ ထိုင်းဈေးကွက်တွေကပဲ အသွင်းရှိခဲ့ပေမဲ့ ဒီနှစ်တော့ အိန္ဒိယ၊ ပါကစ္စတန်၊ တရုတ်(တိုင်ပေ)အပါအဝင် နိုင်ငံစုံကတံဆိပ်အမျိုးမျိုးဈေးကွက် ထဲမှာ တင်သွင်းဖို့ ဖြန့်ဖြူးခဲ့တာတွေ့ရပါတယ်။ နိုဝင်ဘာနောက်ဆုံးအပတ်ဖြစ်တဲ့ နိုဝင်ဘာ ၂၉ ရက်နေ့ကနေ ဒီဇင်ဘာ ၅ ရက်နေ့တာကာလအတွင်း ပြည်တွင်းကို ပင်လယ် ရေကြောင်းကနေ ဘိလပ်မြေအဝင်ကတော့ ပုံမှန်အဝင်တန်ချိန် ၆ဝဝဝ နဲ့ ထိုင်း နိုင်ငံဘက်က အများဆုံးဝင်ခဲ့ကာ တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၅၁ သန်းဖိုး တင်သွင်းနိုင်ခဲ့ပါတယ်။ MIRT (DOT) ကန်ပိုက်တီးမှ ယခုအပတ် ဘိလပ်မြေ တင်သွင်းမှုလျော့ ဒီဇင်ဘာ ၁ ရက်မှ ၇ရက်အထိကာလအတွင်း နယ်စပ်စခန်းများမှ ဘိလပ်မြေ ၂၇၈၃ တန် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၁၈ သန်းဖိုး တင်သွင်းနိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက် ဘိလပ်မြေတင်သွင်းမှုများကတော့ ကန်ပိုက်တီးမှ ၆ဝ၃ တန်၊ တာချီလိတ်မှ ၁၂၁၂ တန်၊ လွယ်ဂျယ်မှ ၆၁၈ တန်၊ မူဆယ်မှ ၃၅၂ တန်နဲ့ ကော့သောင်းမှ ၂၅ တန် ဖြစ်ပါတယ်။ ယခင်အပတ်ကနဲ့ နှိုင်းယှဉ်လျှင် ၄၃၁၉ တန် လျော့နည်းတင်သွင်းခဲ့ပါတယ်။ ယခုအပတ်မှာ မြိတ်နဲ့ ရိဒ်နယ်စပ်စခန်းများက တင်သွင်းမှုမရှိခြင်း၊ ကန်ပိုက်တီးနဲ့ တာချီလိတ်နယ်စပ်စခန်းများမှ တင်သွင်းမှု လျော့ နည်းခဲ့ခြင်းတို့ကြောင့် ယခင်အပတ်ကထက် တင်သွင်းမှုလျော့နည်းခဲ့ရခြင်းဖြစ်ပါတယ်။ အထူးသဖြင့် စီမံကိန်းလုပ်ငန်းအတွက် ဘိလပ်မြေအများဆုံး တင်သွင်းခဲ့တဲ့ ကန်ပိုက်တီးနယ်စပ်စခန်းမှ တန်ချိန် ၁၉ဝဝ ခန့် တင်သွင်းမှု လျော့နည်းခဲ့ခြင်းဟာ လည်း အဓိကလျော့နည်းရတဲ့အကြောင်းဖြစ်တယ်လို့ သိရပါတယ်။ MIRT(DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေဖြန့်ဈေးများမှာ အောက်ပါအတိုင်းဖြစ်ပါတယ် - တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅ဝဝဝ(လက်ကား) ဘိလပ်မြေ(နှင်းတောင်) ၅ဝဝဝ ဘိလပ်မြေ (စိန်) ၄၉ဝဝမန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၄ဝဝ ဘိလပ်မြေ(AAA) ၅၇ဝဝ ဘိလပ်မြေ(မြန်မာဆင်) ၅၃၅ဝ ဘိလပ်မြေ(TPI)ထိုင်း ၆၁ဝဝ ဘိလပ်မြေ(ဆင်မင်း) ၅ဝဝဝ ဘိလပ်မြေ(နှင်းတောင်) ၆ဝဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၁ဝဝတောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၆ဝဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၆၈ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၂ဝဝ ဘိလပ်မြေ(ူLucky))ပါကစ္စတန် ၆၄ဝဝတောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၆၈ဝဝ ဘိလပ်မြေ(ခြင်္သေ့) ၅၆ဝဝမော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၇၅ဝ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၅ဝဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၅၈၅ဝ ဘိလပ်မြေ(မြင်းခေါင်း) ၄၃ဝဝမကွေး ဘိလပ်မြေ(ဆင်)ထိုင်း ၇ဝဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၆၄ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၆ဝဝဝ ဘိလပ်မြေ(ဆင်မင်း)ကျောက်ဆည် ၅၈ဝဝMIRT (MAPT)