Main menu

Background

Sunday, 19 Dec 2010

Currency Exchange Rate                                       December 17, 2010                                      Base Currency is                    United States Dollar - USD                  Currency Unit Units per USDAUD Australia Dollars                   1.01BDT Bangladesh Taka                 70.65CAD Canada Dollars                    1.00CNY China Yuan Renminbi            6.67EUR Euro                                  0.75HKD Hong Kong Dollars               7.78INR India Rupees                       45.37IDR Indonesia Rupiahs              9030.00JPY Japan Yen                         83.93MYR Malaysia Ringgits                3.14PKR Pakistan Rupees                  85.71PHP Philippines Pesos                 44.22RUB Russia Rubles                    30.70SGD Singapore Dollars                1.31KRW South Korea Won            1145.31LKR Sri Lanka Rupees                111.12THB Thailand Baht                     30.11GBP United Kingdom Pounds         0.64VND Vietnam Dong                 19495.00Source : xe.com

Sunday, 19 Dec 2010

 ရန်ကုန်မြို့ ရွှေဈေးကွက် ဈေးငြိမ်နေ           ရန်ကုန်မြို့ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးနေသောကြောင့် ရွှေဈေးနှုန်းမှာ အတက်အကျသိပ်မရှိပဲ ဈေးငြိမ်နေကြောင်း ရွှေလုပ်ငန်းလုပ်ကိုင် သူတစ်ဦးက ပြောကြားသည်။           ''အခုဈေးကွက်ထဲမှာက ကမ္ဘာ့ရွှေဈေးပဲ အတက်အကျပြောင်းနေတယ်။ ပြည်တွင်းဈေးကွက်ကတော့ ဈေးငြိမ် တယ်လို့ပြောလို့ရတယ်။ရွှေဈေးက တစ်ကျပ်သားကို ကျပ်တစ်သောင်းကျော် အပြောင်းအလဲရှိမှ ဈေးကွက်လှုပ်ရှား တယ်လို့ ပြောလို့ရတယ်။ ကမ္ဘာ့ဈေးက တော့ အမျိုးမျိုးကို ပြောင်းနေတယ်။ တချို့က ကမ္ဘာ့ဈေးတက်ရင် ပြည်တွင်း ဈေးပါလိုက်တက်မယ်လို့ ထင်ကြတယ်။ နိုင်ငံခြားငွေဈေးနှုန်းတွေက ကျနေ တော့ ပြည်တွင်းဈေးက လိုက်တက်လို့ မရဘူး။ ဒါကြောင့် ဈေးငြိမ်နေတာ၊ နောက်တစ်ချက်က အရောင်းအဝယ် ကလည်းသိပ်မရှိဘူး။ ရွှေဆိုတာကငွေပို ငွေလံျှရှိမှ စုဆောင်းကြတာ၊ မရှိမဖြစ် လိုအပ်တဲ့ပစ္စည်းလို မဟုတ်ဘူး'' ဟု ၎င်း က ပြောကြားသည်။          ရွှေဈေးကွက်အတွင်း ကမ္ဘာ့ရွှေဈေး နှုန်းမှာ ယခင်တစ်ပတ်က တစ်အောင် စလျှင် အမေရိကန်ဒေါ်လာ ၁၃၃၈ အ ထိကျဆင်းခဲ့သော်လည်း ယခုတစ်ပတ် တွင်မူ အမေရိကန်ဒေါ်လာ ၁၃၉ဝ အ ထိ ပြန်လည်မြင့်တက်လာကြောင်းနှင့် ပြည်တွင်းရွှေဈေးနှုန်းမှာမူ အခေါက်ရွှေ တစ်ကျပ်သားလျှင် ၆၆၃ဝဝဝ ကျပ်ဖြင့် ဈေးငြိမ်နေကြောင်းသိရသည။် မင်းသန်

Sunday, 19 Dec 2010

 မန္တလေးဈေးကွက်တွင် စိန်လက်ဝတ်ရတနာများသာမက တွင်းထွက်ကျောက်နှင့ ် ပုလဲလက်ဝတ်ရတနာများ အရောင်းအဝယ်ဖြစ်             မန္တလေးဈေးကွက်တွင် စိန်လက်ဝတ်ရတနာများသာမက တွင်းထွက်ကျောက် မျက်ရတနာနှင့် ပုလဲလက်ဝတ်ရတနာများ အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ လတ်တလောတွင် မန္တလေးGem Centers သို့ ပြည်ပခရီးသွားများမှ မိုးကုတ် ကျောက်အနီနှင့် အပြာများကို ဝယ်ယူမှုရှိပြီး ပြည်တွင်းမှ အနီ၊ အပြာ၊ အစိမ်း၊ ခရမ်းဆွဲ၊ ပြောင်ခေါင်းစိမ်းနဲ့ ပုလဲလက်ဝတ်ရတနာများကို ဝယ်ယူမှုရှိကြောင်း သိရပါ တယ်။                    မန္တလေး Gem Centers မှ ဒေါ်ခင်လေးမြင့်နဲ့ ဒေါ်ခင်ခင်မာက ပြည်ပက တရုတ်အလာများတယ်။ တခြားနိုင်ငံတွေကလည်း ဒီကိုလာကြတယ်။ သူတို့က တန်ဖိုးကြီးတာတွေတော့ သိပ်မဝယ်ကြဘူး။ ဖြတ်သွားရင်းနဲ့ သူတို့ကြိုက်တာနဲ့ ငွေနဲ့ကိုက်တာ ဝယ်ကြတယ်။ ပြည်တွင်းကတော့ ဈေးနည်းတာရော၊ များတာရော ကိုယ်ကြိုက်နှစ်သက်သလို ဝယ်ကြတာ။ ကျောက်ထဲမှာ တွင်းထွက်ကျောက်သာမက အထပ်တရာ (စလင်း) အရည်သွင်းကျောက်လည်း တရုတ်နဲ့ ဘန်ကောက်ကဝင်တယ်။ ဘန်ကောက်ကဝင်တဲ့ အရည်သွင်းကျောက်က သွေးကွက်လှတယ်။ စလင်းညိုအုပ်စုမှာ ဝီစကီအရောင်က ပိုပြီးလူကြိုက်များတယ်။ ဈေးလည်းပိုတယ်။ တွင်းထွက်ကျောက်မှာ မီးမဖုတ်တဲ့ကျောက်က ဈေးလည်းကြီးတယ်။ ဒီနှစ်ပိုင်းအဝင်နည်းတယ်''လို့ ပြောပါတယ်။               တွင်းထွက်ကျောက်ဈေးနှုန်းမှ အပြစ်အနာကင်းပါက စိန်ဈေးထက် ဈေးကောင်း ကြောင်း သိရပါတယ်။ စိန်ဈေးနှုန်းမှာ ဈေးအပြောင်းအလဲမရှိဘဲ ယခင်အပတ်ဈေး ဖြင့်သာ အရောင်းအဝယ်ရှိပြီး အပြစ်အနာအဆာနဲ့ အရည်အသွေးပေါ် မူတည်ပြီး ဈေးနှုန်းသတ်မှတ်၍ အရောင်းအဝယ်ရှိကြောင်းနဲ့ တွင်းထွက်ကျောက်များကို ကြိုက် ရောင်းကြိုက်ဝယ်ဖြင့် အရောင်းအဝယ်ပြုလုပ်ကြောင်း သိရပါတယ်။ ဇူးဇူ

Sunday, 19 Dec 2010

 အာရှရွှေအဝယ် ပိုမိုကောင်းမွန်လာ              ရွှေဈေးကွက်အတွင်း တောင်ကိုရီးယားနိုင်ငံရဲ့ အဝယ်အား ကောင်းလာတယ် လို့ဆိုပါတယ်။ သုံးစွဲသူတွေအနေနဲ့ ရွှေချောင်းအဝယ်ဘက်မှာ ပိုမိုလာပြီး ငွေကြေး အစားခိုင်မာတဲ့ ပစ္စည်းအဖြစ် ရွှေကိုရင်းနှီးမြူပ်နံှဖို့ ဝယ်ယူလာမှုပိုမိုခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။ ''ကိုရီးယားရွှေ လက်ငင်းအရောင်းအဝယ်ဈေးကွက်ကို လာမဲ့ ၂ဝ၁၂ ခုနှစ်မှာစတင်ဖွင့်မယ်။ အစီအမံတွေက သေချာသလောက်ဖြစ်နေပြီ'' လို့ အမှုဆောင်အရာရှိ Kin In Soo ကပြောခဲ့ပါတယ်။               အာရှရဲ့ငွေကြေးဈေးကွက်ထဲက ရင်းနှီးသူတွေက ငွေကြေးလဲလှယ်မှုနှုန်းများ ဆက်လက်အားပျော့နိုင်နေတယ်လို့ သုံးသပ်ကြပြီး တစ်ဖက်ကလည်း ငွေကြေး ဖောင်းပွနှုန်းကိုလည်း ပစ်ပယ်ထားလို့မရသေးတဲ့ အနေအထားလည်းဖြစ်နေတာမို့ အာရှမှာ ရွှေအဝယ် တိုးလာမှုဖြစ်နေပါတယ်လို့ သုံးသပ်ပါတယ်။ လာမဲ့နှစ်တွေမှာ အသေးစားရွှေ အရောင်းအဝယ်တွေ ပိုမိုတိုးပွားနိုင်ဖွယ်ရှိပြီး စိတ်ဝင်တစားရင်းနှီး သူများလည်း ပိုလာနိုင်တယ်လို့ Kin  က ပြောပါတယ်။              အာရှရဲ့ ရွှေဝယ်လိုအားအနက် တရုတ်နိုင်ငံက ၂ဝဝ၉ ခုနှစ်က ၄၅ တန်ဝယ် ခဲ့ပေမဲ့ ဒီ ၂ဝ၁ဝ ခုနှစ် ၁ဝ လတာကာလမှာ ၂ဝ၉ တန် ဝယ်ခဲ့ကြောင်း ရှန်ဟိုင်း အရောင်းအဝယ်ဈေးကွက်က ပြီးခဲ့တဲ့လက ထုတ်ဖော်ပြောကြားခဲ့ပြီး၊ တရုတ်နိုင်ငံ အနေနဲ့ အများဆုံးရွှေထုတ်လုပ်သူ၊ အများဆုံးသုံးစွဲသူဖြစ်တဲ့အပြင် ရွှေဈေးကွက် ပိုမိုကြီးမားကျယ်ပြန့်လာစေရေးအတွက် ရည်ရွယ်ဆောင်ရွက်လျက်ရှိနေတာကြောင့် အာရှဈေးကွက်ရဲ့ ဝယ်လိုအားက သာလွန်အားကောင်းမှုရှိနေမှာပဲလို့ ကမ္ဘာ့ရွှေ ကောင်စီက ဒီဇင်ဘာ ၇ ရက်နေ့မှာ ပြောခဲ့ပါတယ်။     Source:bloomberg.com, WWN

Sunday, 19 Dec 2010

ဒီဇယ်ဆီတန်ချိန် သုံးသောင်းလေးထောင်ကျော်တင်သွင်း               စက်သုံးဆီဈေးကွက်အတွက် ပင်လယ်ရေကြောင်း ကုန်သွယ်မှုနဲ့ ပြည်တွင်း ကို ဒီဇယ်ဆီတွေ တင်သွင်းခဲ့ကြရာမှာ ဒီဇင်ဘာ ၆ ရက်မှ ၁၂ ရက်တာကာလ အတွင်း ဒီဇယ်ဆီပီပါ စုစုပေါင်း နှစ်သိန်းငါးသောင်းခြောက်ထောင်ကျော်၊ တန်ချိန် အားဖြင့် သုံးသောင်းလေးထောင်ကျော်ကို တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ဒီဇယ်အဝင်မှာ တန်ချိန်နှစ်သောင်းရှစ်ထောင်ကျော်ရှိခဲ့တာမို့ ဒီတစ်ပတ်မှာ ဒီဇယ် အဝင်တန်ချိန် ငါးထောင့်ငါးရာကျော် ပိုမိုတင်သွင်းနိုင်တာ တွေ့ရပါတယ်။                                                                                                                  MIRT-DOT ယခုအပတ်တာချီလိတ်မှ သဘာဝဓာတ်ငွေ့ရည် တင်သွင်းမှုပြန်ရှိလာ              နိုဝင်ဘာလ ပထမပတ်က နောက်ဆုံးတင်သွင်းခဲ့ပြီး တင်သွင်းမှု ရပ်တန့်နေ တဲ့ သဘာဝဓာတ်ငွေ့ရည်ကို ဒီဇင်ဘာလ ၈ ရက်မှ ၁၄ ရက်ထိကာလအတွင်းမှာ တော့ ၁၂၄၄ဝ ကီလိုဂရမ် ကန်ဒေါ်လာ ၆၂၁၁ ကျော် တင်သွင်းနိုင်ခဲ့ပါတယ်။ ဓာတ်ဆီကိုတော့ တာချီလိတ်နဲ့ ကော့သောင်းနယ်စပ်တို့မှ ၆၉ဝ၃၁ ဂါလန်၊ ကန်ဒေါ်လာ ဝ ဒသမ ၁၆၇ သန်းဖိုး တင်သွင်းခဲ့ပါတယ်။ ကော့သောင်းမှ ၁၅၅၇၅ ဂါလန်နဲ့ တာချီလိတ်မှ ၅၃၄၅၆ ဂါလန် တင်သွင်းခဲ့တာမို့ ယခင်အပတ်ကထက် ၁၅၂၃ဝ ဂါလန်ကျော် တင်သွင်းမှုပိုမိုခဲ့ပါတယ်။           ဒီဇယ်ဆီံကိုတော့ တာချီလိတ်နယ်စပ်စခန်းမှ ၁၃၁၃၆၈ ဂါလန်နဲ့ ကန်ပိုက်တီးမှ ၃၂ဝ၂၅ ဂါလန် စုစုပေါင်း ၁၆၃၃၉၃ ဂါလန် ကန်ဒေါ်လာ ဝ ဒသမ ၅၅ သန်းဖိုး တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ဒီဇယ်ဆီ ဂါလန် ၅၁ဝဝဝ နီးပါးတင်သွင်းမှုလျော့နည်းခဲ့ပါတယ်။ လုပ်ငန်းရှင်လက်ဝယ်ရှိ လိုင်စင်ကျပြီး စက်သုံး ဆီများကိုသာ တင်သွင်းနေတဲ့အတွက် လျော့နည်းခဲ့တာလို့ သိရပါတယ်။ ကော့သောင်းမှာ ဓာတ်ဆီ ၁ ဂါလန် ၃၃ဝဝ ကျပ်ရှိပြီး တစ်ဖက်နိုင်ငံ ပေါက် ဈေးကတော့ ဘတ် ၁၁ဝ ( ၃ဒသမ ၇ဒေါ်လာ)ခန့် ရှိနေပါတယ်။                                                                          MIRT(DOBT) လက်လီအရောင်းအဝယ်ဈေး  ပြည်တွင်းစက်သုံးဆီ လက်လီအဝယ် တစ်ဂါလန်ဈေးကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်-                                                                                                        ဒီဇင်ဘာ ၂ဝ၁ဝ             ဝယ်ဈေးဓာတ်ဆီ(ကျပ်) ဝယ်ဈေးဒီဇယ်(ကျပ်)ရက်         ရန်ကုန် မန္တလေး          ရန်ကုန် မန္တလေး၁၃            ၃၃ဝဝ ၃၄ဝဝ            ၂၉ဝဝ ၃၃ဝဝ၁၄             ၃၃ဝဝ ၃၄ဝဝ           ၂၉ဝဝ ၃၃ဝဝ၁၅             ၃၃ဝဝ ၃၄ဝဝ           ၂၉ဝဝ ၃၃ဝဝ၁၆             ၃၃ဝဝ ၃၄ဝဝ          ၂၉ဝဝ ၃၃ဝဝ၁၇             ၃၃ဝဝ ၃၄ဝဝ          ၂၉ဝဝ ၃၃ဝဝMIRT-DOT

Tuesday, 14 Dec 2010

 ပြည်ပတင်ပို့မှုရှိတဲ့ ကြောင်လျှာစေ့             ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း မှော်စာမြို့နယ်တစ်ဝိုက်မှာ ကြောင်လျှာပင်များကို အိမ်ခြံဝန်းအတွင်း တစ်ပေ ခြား စိုက်ပျိုးပါတယ်။ တစ်အိတ်ကို အများဆုံး ၁ဝ ပင်နဲ့ ၁၅ ပင်အထိရှိပါတယ်။ ကြောင်လျှာတောင့်မှာ အညိုရောင်၊ အစိမ်း ရောင် ၂ မျိုးရှိပါတယ်။ ယခုလထဲမှာ ကြောင်လျှာတောင့်များ ရင့်မှည့်နေပါတယ်။ စားသုံးရန် အတောင့်် ရောင်းဈေးကတော့ တစ်တောင့်ကို ၂၅ ကျပ်မှ ၅ဝ ကျပ်အထိရှိပါတယ်။ အခြောက်တောင့်ကတော့ တစ်တောင့်ကို ၁၅ ကျပ်-၂ဝ ကျပ်သာရှိပါတယ်။ အချို့က အစေ့ဖတ်ဝယ်ဈေးက တစ်ပိဿာကို ၈ဝဝ ကျပ်မှ ၉ဝဝ ကျပ်အထိ ဝယ်ယူနေပြီး မန္တလေးကို တင်ပို့ကြတယ်လို့ သိရပါတယ်။                                                                                                                                  KKW

Tuesday, 14 Dec 2010

အိန္ဒိယနနွင်းတောင်သူများအတွက် အကျိုးအရှိဆုံးကာလ             ယခုနှစ် ၂ဝ၁ဝ ခုနှစ်ဟာ အိန္ဒိယနနွင်းတောင်သူရဲ့ နှစ်လို့ဆိုရမှာပါ။ ဈေးကွက်ကို လက်ကျန်အကန့် အသတ်သာ ရောင်းချခြင်းခြင်းဖြင့် ဈေးနှုန်းဆုံးဖြတ်ပေးကြသလို နနွင်းဈေးကလည်း ၎င်းတို့အတွက် ဆွဲဆောင်မှုရှိတဲ့ ဈေးနှုန်းဖြစ်လာ ခဲ့တယ်လို့ အီရော့ နနွင်းကုန်သည်များအသင်းဥက္ကဌ Mr. R. V Ravishahlxar  ကပြောကြားပါတယ်။ နနွင်းအသစ်ကတော့ နောက်ထပ် ၄၅ ရက်ကျော်မှ ဈေးကွက်ထဲ ဝင်လာမယ်လို့လည်း ၎င်းက ဆက်လက်ပြောကြားပါတယ်။ လက်ရှိတောင်သူ တွေ လက်ထဲမှာ နနွင်းလက်ကျန်ကအိတ် ၄သိန်းကျော်သာ ကျန်ရှိပြီး ဈေးကောင်းရဖို့ တဖြည်းဖြည်းနဲ့ ထုတ်ရောင်း နေကြ တယ်လို့ ဆိုပါတယ်။             အိန္ဒိယမြောက်ပိုင်း နနွင်းကုန်သည်များဟာ အခြားဒေသတွေမှာ လက်ကျန်မရှိတာကြောင့် အီရော့ဈေးကွက်ကိုသာ အမှီပြုနေကြရပါတယ်။ လွန်ခဲ့တဲ့ ၃ ရက်အတွင်း နနွင်းဝင်ရောက်မှု ကျဆင်းလာခြင်းကြောင့် နနွင်းဈေးအနည်းငယ် တိုးတက် လာခဲ့ပါတယ်။ ဒီဇင်ဘာလ ၈ ရက်နေ့မှာ နနွင်းတစ်တန်ကို ရူပီး ၂ဝဝဝ (ကန်ဒေါ်လာ ၄၄ ဒသမ ၃၉) မြင့်တက်ခဲ့ပါတယ်။ ယခင်နှစ်ကာလတူက နနွင်းဝင် ရောက်မှုရော၊ ရောင်းချမှုပါ မြင့်တက်နေပေမဲ့ ယခုနှစ်မှာတော့ အကန့်အသတ်သာ ရှိတယ်လို့ ဆိုပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ ဈေးအတိုင်းလာမယ့် သီတင်းပတ်ကုန်တဲ့အထိ ဆက်ရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဒီဇင် ဘာလ ၈ ရက် အီရော့နနွင်းကုန်သည်များ အသင်းဈေးဝန်းမှာ နနွင်းလက်ချောင်းဈေးက တစ်တန်ကို ရူပီး ၉၄၁၃ဝ-၁၆၁၄၉ဝ (ကန်ဒေါ်လာ ၂ဝ၉ဝ-၃၅၈၅)၊ နနွင်းဥဈေးက တစ်တန်ကို ရူပီး ၉၁၁၃ဝ-၁၅၉ဝဝဝ (ကန်ဒေါ်လာ ၂ဝ၂၃- ၃၅၃ဝ) ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး အီရော့သမဝါယဈေးကွက်မှာ နနွင်းလက်ချောင်း တစ်တန်ကို ရူပီး ၁၅၅၅၆ဝ- ၁၆၁ဝဝဝ (ကန်ဒေါ်လာ ၃၄၅၃-၃၅၇၄)၊ နနွင်းဥဈေးက တစ်တန်ကို ၁၅၇၅၆ဝ-၁၅၈၅၅ဝ (ကန်ဒေါ်လာ ၃၄၉၈-၃၅၂ဝ) နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။                                                          ယမုံနာ၊ှSources: businessline 

Tuesday, 14 Dec 2010

နိုဝင်ဘာလမှာ ပင်လယ်ရေကြောင်းက မန်ကျည်းအတင်မရှိ             မန်ကျည်းကို ရေကြောင်းကတင်ပို့မှု နိုဝင်ဘာလအတွင်း အပို့ပျောက်ခဲ့ပါတယ်။ ယခင် ၂ဝဝ၉ နိုဝင်ဘာလတုန်းက ရာသီချိန် မဟုတ်ပေမဲ့ အဝယ်အဆွဲ ရှိတာကြောင့် ၂၄ တန်ခန့် တင်ပို့နိုင်ခဲ့သော်လည်း ဒီနှစ်တော့ အပို့လျော့ခဲ့ပါတယ်။ ဒါပေမဲ့ အောက်တိုဘာလ အတွင်းက နိုင်ငံအစုံကို ၆၆ တန်တင်ပို့ခဲ့ပြီးတဲ့နောက် ဒီလမှာ နယ်စပ်ဘက်ကသာ လှည့်ပြီး တင်ပို့နိုင်ခဲ့တာမျိုးရှိပြီး အာရှနိုင်ငံများဘက်ကို မပို့နိုင်ခဲ့ပါဘူး။                                                       MIRT (DOT)

Tuesday, 14 Dec 2010

နိုဝင်ဘာမှာ ကိုရီးယားနဲ့ ယီမင်ကို ပိုခဲ့              ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်း နနွင်းတင်ပို့နိုင်မှုက တန်ချိန် ၁၂၃ ဒသမ ၄၇ တန်၊ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၁၉ သန်း ဝန်းကျင်တင်ပို့နိုင်ခဲ့ပါတယ်။ ဒီနှစ်နနွင်းအပို့က ယခင်နှစ်အလားတူလနဲ့ယှဉ်ရင် အပို့တော်တော်လေး လျော့သွား တာ တွေ့ရ ပါတယ်။ ယခင်နှစ်နဲ့ယှဉ်ရင် ယခုနှစ်နိုဝင်ဘာလအတွင်း နနွင်းတင်ပို့ခဲ့ တဲ့ကုန်သွယ်ဖက်နိုင်ငံအသစ်နဲ့ တင်ပို့မှုက ကိုရီးယားဈေးကွက်ကို ၅ ဒသမ ၁၈ တန်တင်ပို့နိုင်ခဲ့ပြီး ယီမင်ဈေးကွက်ကို ၁၆ ဒသမ ၂၄ တန်တင်ပို့နိုင်ခဲ့ပါတယ်။ ပုံမှန်တင်ပို့နေ ကြနိုင်ငံတွေဖြစ်တဲ့ ပါကစ္စတန်၊ စင်ကာပူ၊ မလေးရှားဈေးကွက်များကို လဲတင်ပို့နိုင်ခဲ့ပါတယ်။ ရက်သတ္တပတ်အတွင်း တင်ပို့နိုင်မှု ကတော့ အာရပ်စော်ဘွားများနိုင်ငံကို တန်ချိန် ၃ဝ ကန်ဒေါ်လာ ၄၅၉ဝဝ ဖိုးတင်ပို့ခဲ့ပါတယ်။                                                                                                         MIRT (DOT) 

Tuesday, 14 Dec 2010

လက်ကျန်နည်းသလို ဈေးအေးတဲ့ ရှမ်းနနွင်း                 ဟိုပုံးနနွင်းတွေကလည်း ချင်းနဲ့သိပ်မကွာလှပဲ၊ ၂ဝ၁၁ ခုနှစ်ဆန်းပိုင်း လောက်မှ သာစပြီးဖော်မှာဖြစ်ပါတယ်။ ဒါပေမဲ့ နနွင်းကချင်းလို ချက်ချင်းရောင်းလို့ မရတာကြောင့် အစိုကိုအခြောက်ခံ၊ ပြန်ပြုတ်ပြီးမှသာ ဈေးကွက်ကို ဝင်မှာဖြစ်ပါ တယ်။ နနွင်းအစိုကို ဝယ်သမားနည်းပါတယ်။ ပေါ်ကာစမှာ နနွင်းအစိုက တစ် ပိဿာ ၃၅ဝ ကျပ်ဈေးရှိပါတယ်။ ဖေဖော် ဝါရီလမှာ နနွင်းအစို ၇ ပိဿာပြုတ်ရင် အခြောက်တစ်ပိဿာရပါတယ်။ စပေါ်ကာစ နနွင်းမှာ အစိုဓါတ်တွေများနေတာ ကြောင့် ၇ အချိုး ၁ သာ ထွက်တယ်လို့ သိရပါတယ်။ မတ်လဆိုရင် နနွင်းကလည်း နည်းနည်းခြောက်လာပြီး အစိုဓါတ်လည်း နည်းလာတာကြောင့် ၅ ပိဿာ ပြုတ်ရင် ၁ ပိဿာ၊ ဒီထက်ခြောက်သွေ့တဲ့ ဧပြီလမှာဆိုရင်တော့ ၄ ပိဿာပြုတ်ရင် ၁ ပိဿာရပါတယ်။ ဒီနှစ် နနွင်းအဖွင့်ဈေးကလည်း မနှစ်ကလိုပဲ တစ်ပိဿာ ၂၄ဝဝ ကျပ်- ၂၅ဝဝ ကျပ်ဈေးနဲ့ စဖွင့်နိုင်တယ်လို့ ဒေသခံကုန်သည်တွေထံက သိရပါတယ်။ လက်ကျန်နနွင်းကလည်း နည်းနေပြီ ဖြစ်တာကြောင့် နနွင်းဈေးကလည်း အနည်းငယ် အေးနေပါတယ်။ ယခုလတ်တလော နနွင်းဈေးကွက်ကတော့ နနွင်းသန့်တစ်ပိဿာ ၃၅ဝဝ ကျပ်၊ နနွင်းညံ့က တစ်ပိဿာ ၃၂ဝဝ ကျပ်ဈေး ရှိပါတယ်။                                                                                                        ဧဧခိုင် 

Pages