Background
အိန္ဒိယသကြားရောင်းချမှု အခြေအနေပေါ်မူတည်ပြီး သကြားကြမ်းဈေးနှုန်း ပြန်မြင့်လာ ကမ္ဘာမှာ ဒုတိယသကြားထုတ်လုပ်မှုအများဆုံး အိန္ဒိယရဲ့ သကြား ရောင်းချနိုင်မှု အခြေအနေအရ သကြားဈေးနှုန်း ၃ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယရဲ့ သန့်စင်ပြီး သကြားထုတ်လုပ်မှုအများဆုံး မဟာရပ်တရာ ပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရိတ်သိမ်းမှုနှောင့်နှေးခဲ့ကာ အောက်တိုဘာလ ၁ ရက်မှ နိုဝင်ဘာလ ၂ဝ ရက်အတွင်း သကြားထုတ်လုပ်မှုဟာ ၂၉ ရာခိုင်နှုန်းကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ဘရာဇီးနိုင်ငံက သကြားအများဆုံး ထုတ်လုပ်သူဖြစ်ပြီး မိုးခေါင်ခြောက်သွေ့မှုကြောင့် ဘရာဇီးသီးနံှများ ပျက်စီးခဲ့တဲ့ အတွက်လည်း ယခုနှစ်မေလမှာ အနိမ့်ဆုံး ရောက်ရှိခဲ့တဲ့ သကြားဈေးဟာ ၂ ဆကျော်မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ နယူးယောက် ICE ကြိုပွိုင့်ဈေးကွက်မှာ မတ်လပို့ရမယ့် သကြားကြမ်း ဈေးဟာ ၃ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ပြီး တစ်ပေါင်ကို ကန်ဒေါ်လာ ၂၇ ဒသမ ၃၃ ဆင့် (တစ်တန်ကို ကန်ဒေါ်လာ ၆ဝ၂) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အစောပိုင်းသကြားဈေးဟာ ၄ ရာခိုင်နှုန်းထိ ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ဥရောပြွေကးမြီ ပြဿနာဆိုးဝါးခြင်းနဲ့ တောင်နဲ့မြောက်ကိုရီးယားနှစ်နိုင်ငံအကြား တင်းမာမှု ပြင်းထန်လာခြင်းက ကမ္ဘာ့စီးပွားရေးကို ကျဆင်းစေကာ ကုန်ကြမ်းသီးနံှ ဝယ်လိုအားကို လျော့ကျစေခဲ့တာကြောင့် ဈေးကျဆင်းခဲ့ခြင်းဖြစ်တယ်လို့ သိရပါ တယ်။ လန်ဒန်မှာ မတ်လပို့ရမယ့် သန့်စင်ပြီး သကြားကြိုပွိုင့်ဈေးဟာ ၁ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ပြီး တစ်တန်ကို ကန်ဒေါ်လာ ၆၈၁ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ နယူးယောက်မှာ မတ်လပို့ရမယ့် အာရေဘီကာကော်ဖီ ကြိုပွိုင့်ဈေး ဟာလည်း ၁ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်ပြီးတစ်ပေါင်ကို ကန်ဒေါ်လာ ၂ ဒသမ ၁ဝ၅၅ (တစ်တန်ကို ကန်ဒေါ်လာ ၄၆၄ဝ )ဈေးဖြစ်ခဲ့လို့ ယခုနှစ်အတွင်း ၅၅ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ယမုံံနံနာ၊ှSources: bloomberg.com
ဈေးကောင်း၊ စီးဆင်းမှုကောင်းနေတဲ့ စစ်ကိုင်းပြောင်း နိုဝင်ဘာ ဒုတိယပတ်အတွင်းက တစ်တင်း ၄၉ဝဝ ကျပ်၊ ၅၁ဝဝ ကျပ် သာဈေးရှိတဲ့ ပြောင်းဈေးဟာ နိုဝင်ဘာ စတုတ္ထပတ်အတွင်းမှာတော့ တစ်တင်းကို ၅၂ဝဝ ကျပ်၊ ၅၄ဝဝ ကျပ်အထိ ဈေးမြင့်လာခဲ့ပါတယ်။ ဈေးမြင့်ဈေးကောင်းသလို စီးဆင်းမှုသွက်ခဲ့တဲ့အတွက် နိုဝင်ဘာ စတုတ္ထပတ်အတွင်းက မန္တလေးကို ပြောင်း တင်းရေ ၉ဝဝဝ ကျော် စီးထွက်ခဲ့ကြောင်း သိရပါတယ်။ အောင်မင်း
အဝင်လျော့လို့ ဈေးမော့လာတဲ့ မုံရွာပြောင်း မုံရွာကုန်စည်ဒိုင်ရဲ့ နိုဝင်ဘာလ တတိယပတ်ပြောင်းဖူးစေ့ ဈေးကွက်မှာ နယ်ပစ္စည်းဝင်ရောက်မှုလျော့ခဲ့လို့ တစ်တင်း ၅၄ဝဝ ကျပ်ထိ ဈေးမော့လာခဲ့ပါတယ်။ နယ်စုံကနေ မုံရွာဈေးကွက်အတွင်း တစ်ရက်အိတ် ၁ဝဝဝ ဝန်းကျင်သာ ဝင်ရောက် ခဲ့သလို ဝင်သမျှ ပစ္စည်းအားလုံး အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဈေးကွက်က ဆိုပါတယ်။ တိုးခဲျ့လာတဲ့ ဒေသတွင်း မွေးမြူရေးလုပ်ငန်းများရဲ့ လိုအပ်ချက်မြင့်မား လာမှုကြောင့် အစာစပ်လိုင်းသမားတွေ ဝယ်လိုအားကောင်းခဲ့ပြီး ပစ္စည်းအဝင် လျော့ကျခဲ့လို့ ယခုလို ဈေးမော့ခဲ့ရခြင်းဖြစ်တယ်လို့ ဈေးကွက်ကဆိုပါတယ်။ ပြောင်းဖူးစေ့နည်းတူ အစာစပ်လုပ်ငန်းသုံးပစ္စည်းအတွက် ဆန်ကွဲအစားထိုး ပြောင်းနီရဲ့ ဆန်ပြောင်းဈေးလည်း တစ်တင်း ၅ဝဝဝ ကျပ်ဈေးမှာ ဆက်လက်မာနေတယ် လို့ သိရပါတယ်။ ထွန်းလှိုင်
နယ်စပ်အပို့လည်း ကောင်းနေ ယခုအပတ်မှာ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ပြောင်းတန်ချိန် ၂၃၁၃ဝ ကျော် ကန်ဒေါ်လာ ၅ ဒသမ ၈ သန်းဖိုးခန့်တင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်မှ တန်ချိန် ၂၂၆၈၁ တန်နဲ့ လွယ်ဂျယ်မှ တန် ၄၅ဝတင်ပို့နိုင်ခဲ့ပြီး ယခင်အပတ်နဲ့နှိုင်းယှဉ်လျှင် မူဆယ်မှ တန် ၁၇၂ဝ ကျော်နဲ့ လွယ်ဂျယ်မှတန် ၁၉ဝ တင်ပို့မှု ပိုမိုခဲ့တယ်လို့သိရပါတယ်။ မိမိဘက် ဈေး မြင့်တက်နေပြီး တစ်ဖက်နိုင်ငံမှာတော့ အနည်းငယ်မျှသာကျလျက်ရှိပါတယ မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၆၁၁၂၆ ၂၄၇၈ဝ၃ ၁၃၃၂၃ ၅ ၂၈၉ ၂၉၈ ၉ ၃MIRT (DOBT)
ပင်လယ်ရေကြောင်း ပြောင်းအပို့ အရှိန်ရ နိုဝင်ဘာ ၁၅ ရက်မှ ၂၁ ရက်ထိကာလအတွင်းပင်လယ်ရေကြောင်းမှ ပြောင်း တန်ချိန် ၁၂၃၇ တန်၊ တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၃ဝ၉ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ၅၄၇ တန်တင်ပို့ ခဲ့တာကြောင့် တန်ချိန် ၆၉ဝ တန် ပိုမိုတင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံများကတော့ စင်္ကာပူကို ၁ဝ၄၅ တန် နဲ့ တရုတ်ကို ၁၉၂ တန် အသီးသီးဖြစ်ကြောင်း သတင်းရရှိပါတယ်။ KZW
သီရိလင်္ကာမှ ပို့ကုန်အခွန်တိုးမြှင့်မည် သီရိလင်္ကာအစိုးရဟာ ၂ဝ၁ဝ ဘတ်ဂျက်အတွက် လက်ဖက်နဲ့ရော်ဘာကုန်ကြမ်းတင်ပို့မှုတွေမှာ အခွန်မြှင့်တင်ကောက်ခံမှာဖြစ်ပြီး ဒီလိုဆောင်ရွက်ခြင်းကြောင့်ဈေးကွက်အတွင်း တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ဖို့ အတွက် အထောက်အပံ့ဖြစ်စေမှာဖြစ်ကြောင်းသိရပါတယ်။ သီရိလင်္ကာသမ္မတက ပို့ကုန်ပစ္စည်းတွေနဲ့ ဈေးကွက် တွေအမျိုးမျိုးရှိနေပေမယ့် တန်ဖိုးမြှင့်ထုတ်ကုန်ကတော့ လုံလောက်မှုမရှိကြောင်း ပါလီမန်မှာပြောကြားပါတယ်။ ပို့ကုန်ကုန်ကြမ်းတွေနဲ့ တစ်ဝက်တစ်ပျက်ကုန်ချော(Semi Finished) တွေကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် အကောင်အထည်ဖော်နိုင်ဖို့ အဆိုပြုကြောင်းသမ္မတကပြောကြားခဲ့ပါတယ်။ လက်ဖက်ကဏ္ဍမှာ အလွန်တန်ဖိုး ရှိတဲ့ ထုတ်ကုန်အမျိုးအစားတွေ သီရိလင်္ကာကနေထွက်ရှိအောင် ကြိုးစားရမှာဖြစ်ကြောင်းနဲ့ လက်ဖက်ကုန်ကြမ်း ကို တစ်ကီလိုဂရမ်ကို ၁ဝ ရူပီးနှုန်းအခွန်ကောက်ခံမှာဖြစ်ကြောင်းသမ္မတက ဆက်လက်ပြောကြားခဲ့ပါတယ်။ အသင့်သုံးပို့ကုန်ပစ္စည်းများဟာ အခွန်ကင်းလွတ်ခွင့်ရမှာဖြစ်ကြောင်း သိရပါတယ်။ ရော်ဘာထုတ်လုပ်မှုရဲ့ ၃၅ ရာခိုင်နှုန်းကို ကုန်ကြမ်းအဖြစ်ဆက်လက်တင်ပို့ခွင့်ပြုမှာဖြစ်ပြီး တန်ဖိုးမြှင့်ထုတ်ကုန်တွေ အကောင်အထည် ဖော်နိုင်ဖို့ ရော်ဘာကုန်ကြမ်းတစ်ကီလိုဂရမ်ကို အခွန် ၄ ရူပီးမှ ၈ ရူပီးအထိ တိုးမြှင့်ကောက်ခံဖို့ အဆိုပြုထားကြောင်းသမ္မတ က ပြောကြားခဲ့ပါတယ်။ ပို့ကုန်အများစုဖြစ်တဲ့ လက်ဖက်၊ အထည်၊ သားရေ၊ ရော်ဘာ၊ ကျောက်မျက်ရတနာများနဲ့ အမွှေးအကြိုင်အမျိုးမျိုးဟာ တန်ဖိုးမြှင့်ထုတ်လုပ်မှုမရှိဘဲ ကုန်ကြမ်း အဖြစ်တင်ပို့နေကြောင်းသမ္မတက ပြောကြားခဲ့ပါတယ်။ ပို့ကုန်အခွန်ဟာ ဈေးကွက်အတွင်းမှာ ကုန်ကြမ်း ထုတ်လုပ်သူတွေကို တင်းကျပ်မှုဖြစ်စေပြီး တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်သူတွေကိုတော့ အခွင့်အလမ်းရစေမှာ ဖြစ်ပါတယ်။ ကုန်ကြမ်းထုတ်လုပ်သူတွေ၊ အသင့်သုံးပစ္စည်းထုတ်လုပ်သူတွေနဲ့ လက်လီရောင်းချသူတွေရဲ့ မတူညီတဲ့လုပ်ငန်းသဘာဝများအရ ကျွမ်းကျင်မှုများရှိဖို့ လိုအပ်ပါတယ်။ Source: Business Standard ,KZW
မွန်ရော်ဘာ ဈေးအမြင့်မှာရှိ ရော်ဘာစေးထွက်ရှိမှု ပိုများသောကာလဖြစ်တဲ့ ဆောင်းရာသီအဝင် နိုဝင်ဘာလရောက်လာပြီဆိုတာနဲ့ မွန်ပြည်နယ်အတွင်း ရော်ဘာခြံလုပ်သားများ မနားမနေလှုပ်ရှားဆောင်ရွက်နေကြတာတွေ့ရပါတယ်။ အစေးထွက်ရှိမှု များပြားတာနဲ့အမျှ ရော်ဘာပြည်တွင်းဈေးနှုန်းမှာလည်း ပြီးခဲ့တဲ့ အောက်တိုဘာနောက်ဆုံးပတ်ကRSS-3 တစ်ပေါင် ၁၃၂ဝ ကျပ်၊RSS-5 တစ်ပေါင် ၁၂ဝဝ ကျပ်ရှိရာက နိုဝင်ဘာ ၁၁ ရက်နေ့မှာတော့RSS-3 တစ်ပေါင် ၁၄ဝဝ ကျပ်နဲ့RSS-5 တစ်ပေါင် ၁၃ဝဝ ကျပ်ထိမြင့်တက်လာတာကို တွေ့ရပါတယ်။ ယခု နိုဝင်ဘာ နောက်ဆုံးပတ်မှာRSS-3 တစ်ပေါင် ၁၄၁ဝ ကျပ်၊RSS-5 တစ်ပေါင် ၁၃၁ဝ ကျပ်ကို ဆက်လက်မြင့်တက် လာတာတွေ့ရပါတယ်။ ပြည်ပဝယ်လိုအား မြင့်တက်လာခြင်း ကြောင့် ပြည်တွင်းဈေးနှုန်းတိုးမြှင့်ဝယ်ယူရပါကြောင်း အဝယ်ဒိုင်လုပ်ငန်းရှင်များ ပြောကြားချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလအနေနဲ့ ရန်ကုန်မြို့ကို ၁၈၅ဝ တန်ခန့်၊ မန္တလေးမြို့ကို ၁၉၉၅ တန်ခန့်၊ စုစုပေါင်း ၃၈၄၅ တန်ခန့် စီးထွက်ခဲ့ပါကြောင်း သိရပါတယ်။ အောင်လွင်
ရော်ဘာကုန်ကြမ်းပိုရဖို့ ဈေးတိုးပေးပြီးဝယ် တနင်္သာရီတိုင်းဒေသကြီးရဲ့ ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလနောက်ဆုံးပတ် ရော်ဘာဈေးကွက်မှာ ကုန်ကြမ်း ဝင်ရောက်မှုနည်းနေလို့ ရော်ဘာကုန်ကြမ်းပိုမိုရရှိစေဖို့ ယခင်အပတ်ဈေးထက် တစ်ပိဿာကို ၂ဝဝ ကျပ်တိုး ပေးပြီးဝယ်တယ်လို့ သိရပါတယ်။ ယခင်အပတ်က ရော်ဘာအဆင့် -၃ တစ်ပိဿာ ၄၆ဝဝ ကျပ်၊ အဆင့် -၅ တစ်ပိဿာ ၄၄ဝဝ ကျပ်နဲ့ ဝယ်ယူခဲ့ရာက ယခုအပတ်မှာ ရော်ဘာအဆင့် -၃ တစ်ပိဿာ ၄၈ဝဝ ကျပ်၊ အဆင့် -၅ တစ်ပိဿာ ၄၆ဝဝ ကျပ်နဲ့ ဝယ်ယူခဲ့ကြတယ်လို့ သိရပါတယ်။ အစေးခြစ်ကာလ အောက်တိုဘာလကစပြီး နိုဝင်ဘာနောက်ဆုံးပတ်ထိ ဈေးကွက်မှာ ရော်ဘာကုန်ကြမ်း ၂၂၆ တန်ဝယ်ပြီးကြောင်း သိရပါတယ်။ ဝင်းစိန်