Main menu

Background

Tuesday, 30 Nov 2010

 တရုတ်နယ်စပ်အပြင် မြိတ်ကလည်း တင်ပို့           မြန်မာတရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်စခန်းများအပြင် ယခုအပတ် ( နိုဝင်ဘာ ၁၇ မှ ၂၃) မှာ မြန်မာထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်မှလည်း တင်ပို့နိုင်ခဲ့ပါတယ်။ နယ်စပ်စခန်းအလိုက် ရော်ဘာတင်ပို့မှုတွေ ကတော့ မူဆယ်မှ ရော်ဘာအဆင့်စုံ ၁ဝ၈၄ တန်၊ ကန်ဒေါ်လာ ၃ ဒသမ ၄ဝ၉ သန်း၊ ချင်းရွှေဟော်မှ RSS (3) တန် ၂၄ဝ ကျော်နဲ့ မြိတ်နယ်စပ် မှRSS (3)  တန် ၁ဝဝ၊ စုစုပေါင်းနယ်စပ်မှ ရော်ဘာ ၁၄၂၅ တန်ခန့် တန်ဖိုး ကန်ဒေါ်လာ ၄ ဒသမ ၅၁ သန်းဖိုး ယခုအပတ်မှာ တင်ပို့နိုင်ပါတယ်။ မူဆယ်နယ်စပ်မှ တင်ပို့ခဲ့တဲ့ ရော်ဘာအမျိုး အစားတွေကတော့ RSS (1) ၁၆ တန်ကျော်၊ RSS (3)၇၁၁ တန်ကျော်၊RSS (5) ၆၄ တန်၊MSR (20)  ၁၃၇ တန် နဲ့MSR (50)၁၅၅ တန် အသီးသီးဖြစ်ပါတယ်။ မိမိဘက်ရော တစ်ဖက်နိုင်ငံမှာပါ ရော်ဘာဈေးအနည်းငယ်မြင့်သော်လည်း အရောင်းအဝယ်မှာ ပုံမှန်သာရှိနေပါတယ်။ ယခင် အပတ်နဲ့ နှိုင်းယှဉ်လျှင် ချင်းရွှေဟော်မှ တန် ၇ဝ ကျော် တင်ပို့မှုပိုမိုခဲ့သော်လည်း မူဆယ်မှ တန် ၈ဝ နီးပါး တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ ဒါပေမဲ့ ယခုအပတ်မှာ မြိတ်နယ်စပ်ကတင်ပို့မှု ရှိလာတဲ့အတွက် ယခင်အပတ်ကထက်၉၄ တန် တင်ပို့မှု ပိုမိုခဲ့တယ်လို့သိရပါတယ်။မူဆယ်နယ်စပ်ရှိ ယခင်အပတ်နဲ့ ယခုအပတ်ရော်ဘာဈေးပြောင်းလဲမှုများကို အသိပေးလိုက် ရပါတယ်-                                        မိမိဘက်(ကျပ်/တန်)                      တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                  ယခု           ယခင်       ပြောင်းလဲမှု      %        ယခု      ယခင်    ပြောင်းလဲမှု      %RSS(3)    ၃၃ဝ၁၄၈၈     ၃၂၈၈ဝဝဝ      ၁၃၄၈၈      ဝ .၄      ၃၆၃၆     ၃၆၁၆      ၂ဝ            ဝ .၆RSS(5)    ၃၁၆၃၄၇၂     ၃၁၅၁ဝဝဝ      ၁၂၄၇၂      ဝ .၄      ၃၄၈၄     ၃၄၆၅      ၁၉            ဝ .၆MIRT (DOBT)

Tuesday, 30 Nov 2010

 ဒီတစ်ပတ် ပင်လယ်ရေကြောင်းက တန် ၄ဝဝ ကျော်ပို့          နိုဝင်ဘာ ၁၅ ရက်မှ ၂၁ ရက်ထိကာလအတွင်းပင်လယ်ရေကြောင်းမှ ရော်ဘာတန်ချိန် ၄၅၃ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၃၉၆ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ၃၇၇ တန် တင်ပို့ခဲ့တာကြောင့် ယခု ရက် သတ္တပတ်မှာ ၇၆ တန်ပိုမိုတင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံများကတော့ ကိုးရီးယားကိုMSR-20  ၂ဝ၉ တန်၊ တရုတ်ကို RSS-3 တန် ၁ဝဝ၊ မလေးရှားကို RSS-3 ၁၂၄ တန်နRSS-5 တန် ၂ဝ အသီးသီးတင်ပို့ခဲ့တာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။ KZW

Monday, 29 Nov 2010

ပဲစင်းငုံဈေးလည်းမာနေ       ယခုတစ်ပတ် ပဲစင်းငုံဈေး မာနေပါတယ်။ မိုးနှောင်းရွာသွန်း ပေမဲ့ ပြည်တွင်းပဲအထွက်ကောင်းမယ်လို့ မျှော်လင့်ထားကြတာ ကြောင့် အိန္ဒိယဝယ်လက်များဟာ မြန်မာကုန်သည်များနဲ့ စာချုပ် အသစ်ချုပ်ဆိုဖို့ တုံ့ဆိုင်းနေကြတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြန်မာ နိုင်ငံမှာ ပဲစင်းငုံလက်ကျန် တန်ချိန် ၂ ဒသမ ၅ သန်းကျန်ရှိတယ်လို့ ခန့်မှန်းချက်များကြောင့်လည်း ဈေးထပ်မံကျဆင်းမယ်လို့ မျှော်လင့် လျက်ရှိပါတယ်။ လက်ရှိ ပြည်တွင်းဈေးကွက်တွေမှာ မြန်မာပဲစင်းငုံ ကို အဝယ်သွက်နေတာကြောင့် ဈေးနှုန်းခိုင်မာနေခြင်းဖြစ်တယ်လို သိရပါတယ်။ ပဲစင်းငုံအဓိကစိုက်ပျိုးတဲ့ ဒေသများမှာ မိုး အဆက်မပြတ်ရွာသွန်းတာကြောင့် အထွက်နှုန်းကို ထိခိုက်နိုင်တယ်လို့ ခန့်မှန်း ကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံ ဈေးနှုန်းတွေကို ဇယား(၄)နဲ့ ဖော်ပြထားပါတယ် ဇယား-၄                                                                                                       ဒေါ်လာ/တန် ဈေးကွက်                           ၂၅ .၁၁ .၁ဝ               ၂၄ .၁၁ .၁ဝ               ၂၃ .၁၁ .၁ဝ              ၂၂ .၁ဝ .၁ဝမွန်ဘိုင်း(မြန်မာပဲစင်းငုံ)          ၇၂၄                            ၇၁၇                         ၇၂၉                       ၇၂၉ဒေလီ(မြန်မာပဲစင်းငုံ)             ၇၂၄                            ၇၂၈                      ၇၂၉-၇၃၄                 ၇၃၄ချန်နိုင်း(မြန်မာပဲစင်းငုံ)          ၇၁၃                            ၇၁၂                          ၇၁၃                      ၇ဝ၉Source: agriwatch.com , MIRT (Yangon)

Monday, 29 Nov 2010

ပဲတီစိမ်း ဈေးတည်ငြိမ်နေ         အိန္ဒိယပြည်တွင်း ဈေးကွက်အများစုမှာ ဒေစီပဲတီစိမ်းကို ဝယ်လိုအားရှိနေတာကြောင့် ယခုတစ်ပတ်ပဲတီစိမ်း ဈေးတည်ငြိမ်နေ ပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း မိုးရွာသွန်းမှု တွေကြောင့် ဈေးကွက်ကိုပဲဝင်ရောက်မှု ကျဆင်းခဲ့ပါတယ်။ ဝင်ရောက် လာတဲ့ ပဲများမှာလည်း အရည်အသွေးနိမ့်များဖြစ်တဲ့အတွက် ဝယ် လက်များက အရည်အသွေးကောင်းပဲတီစိမ်းကို ဈေးမြင့်ပေးဝယ်ယူ လာကြတယ်လို့ သိရပါတယ်။ ကာလတိုအတွင်း ပဲတီစိမ်းဈေး ခိုင်မာ ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ် အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်းဈေးတွေကို ဇယား(၃)နဲ့ ဖော်ပြလိုက် ပါတယ် -  ဇယား-၃                                                                                                              ဒေါ်လာ/တန် ်ဈေးကွက်                ၂၅ .၁၁ .၁ဝ                  ၂၄ .၁၁ .၁ဝ              ၂၃ .၁၁ .၁ဝ                ၂၂ .၁ဝ .၁ဝချန်နိုင်း(ပဲတီရွှေဝါ)     ၉၄၃-၉၅၄                     ၉၄၂-၉၅၃                  ၉၄၃                         ၉၄၉-၉၆ဝဒေလီ                            ၉၈၇                            ၉၈၆                      ၉၈၇                          ၁ဝ၃၈အင်ဒိုရီ                          ၉၂၁                            ၈၉၈                    ၈၁၁-၈၉၉                     ၉၂၇  

Monday, 29 Nov 2010

်ကုလား ပဲဈေးခိုင်မာနေ           အိန္ဒိယပြည်တွင်းဈေးကွက်များမှာ လက်ကျန်လျော့ကျခြင်းနဲ့ လက်ထပ်ရာသီအတွက် ဝယ်လိုအားကောင်းနေခြင်းတို့ကြောင့် ယခု တစ်ပတ်ကုလားပဲဈေး ခိုင်မာနေပါတယ်။ ရာဂျက်စသန်မှာ ကုလားပဲ စိုက်ဧရိယာ တိုးတက်နေတယ်လို့ သိရပါတယ်။ အချို့ကုန်သည်များ က ၂ဝ၁ဝ-၂ဝ၁၁ အတွင်း ဈေးကွက်အတွင်း လက်ကျန် ပမာဏ ဟာ လုံလောက်မှုရှိတယ်လို့ခန့်မှန်းကြပါတယ်။ အင်ဒရာပရာဒေ့ရှ် မှာ မိုးအဆက်မပြတ်ရွာသွန်းနေခြင်းက ပဲရိတ်သိမ်းမှုကို နှောင့်နှေးစေတာကြောင့် ပဲအသစ်များ ဒီဇင်ဘာနောက်ဆုံးပတ်မှ ဝင်ရောက် ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ကာလတိုအတွင်းမှာလည်း ကုလားပဲဈေး ဆက်လက်ခိုင်မာဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူလုံးကြီး ဈေးတွေကို ဇယား(၂)နဲ့ ဖော်ပြထားပါတယ် ဇယား-၂                                                                                                                                    ဒေါ်လာ/တန်  ဈေးကွက်         ၂၅ .၁၁ .၁ဝ       ၂၄ .၁၁ .၁ဝ         ၂၃ .၁၁ .၁ဝ             ၂၂ .၁ဝ .၁ဝမွန်ဘိုင်း          ၅၅၉-၅၆၁              ၅၅၉                    ၅၅၉                    ၅၆၃ဒေလီ                ၅၄၃                 ၅၄၂                      ၅၃၇               ၅၃ဝ-၅၃၅ကန်ပါ           ၅၄၂-၅၄၃               ၅၄၁                     ၅၃၇               ၅၃၅-၅၃၇

Monday, 29 Nov 2010

အိန္ဒိယနိုင်ငံရဲ့ နိုဝင်ဘာလ ၁၃ ရက်မှာ ကုန်ဆုံးတဲ့ သီတင်းပတ်အတွင်း စားနပ်ရိက္ခာဈေးနှုန်း ဖောင်းပွမှုဟာ သီတင်းပတ် ၆ ပတ်ဆက်တိုက်အကျဘက်ကို ဆင်းနေသလို ၃ လအတွင်း အနိမ့်ဆုံးနီးပါးဖြစ်လာတယ်လို့ သိရပါတယ်။ အခြေခံစားသောက်ကုန်များ ဖြစ်တဲ့ ပဲမျိုးစုံဈေးနှုန်းက ၈ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ဟင်းသီးဟင်းရွက် ဈေးက ၄ ရာခိုင်နှုန်း ကျဆင်းခဲ့တာကြောင့် ယခင်သီတင်းပတ်က စားနပ်ရိက္ခာဖောင်းပွမှု ၁ဝ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုတစ် ပတ်မှာ ၁ဝဒသမ ၁၅ ရာခိုင်နှုန်းကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲဈေး ပြန်ဆင်းလာ      အိန္ဒိယပြည်တွင်းဈေးကွက်အများစုမှာ ဒေစီမတ်ပဲကို အဝယ် အနည်းငယ်ရှိပေမဲ့ မြန်မာနိုင်ငံက တင်သွင်းပဲများရောက်ရှိလာခြင်းက ရောင်းအားများစေတာကြောင့် ယခုတစ်ပတ် မတ်ပဲဈေးဆင်းလာ ခဲ့ပါတယ်။ ဒါ့အပြင် ပြည်တွင်းဈေးကွက်များဖြစ်တဲ့ အတ္တရာပရာ ဒေ့ရှ်နဲ့ မဒ္ဒရာပရာဒေ့ရှ်တို့မှ ပဲအသစ်များ ဝင်ရောက်နေခြင်းကလည်း ဈေးနှုန်းကို ထိန်းခုျပ်စေပါတယ်။ အတ္တရာပရာဒေ့ရှ်မှ ပဲအသစ်များ ဈေးကွက်ကို ဝင်ရောက်ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ကာလတို အတွင်း မတ်ပဲဈေး အားပျော့နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ မြန်မာမတ်ပဲ FAQ  ဈေးနှုန်းတွေကို ဇယား(၁)နဲ့ ဖော်ပြထားပါတယ်ဇယား-၁                                                                                                              ဒေါ်လာ/တန်  ဈေးကွက်          ၂၅ .၁၁ .၁ဝ         ၂၄ .၁၁ .၁ဝ         ၂၃ .၁၁ .၁ဝ           ၂၂ .၁ဝ .၁ဝမွန်ဘိုင်း               ၉၁၇                  ၉၂ဝ                     ၉၃၇                   ၉၄၉ဒေလီ                  ၉၂၁                  ၉၉၁                 ၉၉၂-၉၉၈               ၁ဝဝ၅ချန်နိုင်း          ၉၅၉-၁၂ဝဝ           ၉၆၉-၁၁၉၄          ၉၇၆-၁၂ဝဝ             ၉၈၈-၁၂၁၄

Monday, 29 Nov 2010

နို့ဆီနို့စိမ်းအဝင်ပျောက်             နိုဝင်ဘာ ဒုတိယရက်သတ္တပတ် အတွင်း ပြည်တွင်းကို ရေကြောင်းလမ်း နဲ့ နို့ဆီရော နို့စိမ်းပါ အဝင်မရှိခဲ့တာ တွေ့ရပါတယ်။ ယခင်သီတင်းပတ်တွေ ကလည်း နယ်စပ်ကအသွင်းရှိပေမဲ့ ပင်လယ်လမ်းက အနည်းငယ်ပါးခဲ့ပြီး မူလ ဖောက်သည်ဖြစ်တဲ့ စင်ကာပူဘက်က အဝင်ပါးခဲ့သလို ဈေးကွက်ငယ်အဖြစ် သွင်းခဲ့တဲ့ တရုတ်ကလည်း အဝင် ပျောက်ခဲ့တာ တွေ့ရပါတယ်။                                                                                             MIRT (DOT) နို့ဆီ၊ နို့စိမ်း ဈေးမပြောင်း               ကော့သောင်းနယ်စပ်မှာ မိမိဘက် နဲ့ တစ်ဖက်နိုင်ငံနို့ဆီ၊ နို့စိမ်းဈေးများ ပြောင်းလဲမှုမရှိဘူးလို့ သိရပါတယ်။ ရာသီဥတုအနေအထား ကောင်းမွန် သော်လည်း တစ်ဖက်နိုင်ငံမှ အမှာစာ ပေးပို့ထားပြီး လက်ကျန်မရှိတဲ့အတွက် ယခုအပတ် နို့ဆီ၊ နို့စိမ်း တင်သွင်းနိုင်ခြင်းမရှိဘူးလို့သိရပါတယ်။ မိမိဘက် နဲ့ တစ်ဖက်နိုင်ငံနို့ဆီ၊ နို့စိမ်းဈေးများကို အသိပေးလိုက်ပါရစေ                    မိမိဘက်              တစ်ဖက်နိုင်ငံ           (ကျပ်/ကာတွန်း)           (ဘတ်/ကာတွန်း)နို့ဆီ            ၃ဝ၂ဝဝ                    ၅၁ဝနို့စိမ်း           ၃ဝဝဝဝ                    ၅ဝဝ         နိုဝင်ဘာလဝက်ထိ နို့ဆီ ၁၄၉၇၃ ကာတွန်းနဲ့ နို့စိမ်း ၁၄၄၂၇ ကာတွန်း ကော့သောင်းမှ တင်သွင်းထားပြီးဖြစ်ပါတယ်။ နယ်စပ်မှ ဧပြီကနေ အောက်တိုဘာလကုန်ထိ နို့ဆီနို့စိမ်း ၁၁၁၈၈၂ ကာတွန်း တင်သွင်းထားတဲ့အတွက် တစ်လပျှမ်းမျှ ၁၅၉၈ဝ ကာတွန်းနှုန်းနဲ့ တင်သွင်းမှုရှိနေတာဖြစ်ပါတယ်။ နိုဝင်ဘာလဝက်ထိ ၂၉၄ဝဝ ကာတွန်း တင် သွင်းပြီးဖြစ်တဲ့အတွက် ယခုအပတ်တင်သွင်းမှုမရှိသော်လည်း တစ်လ ပျမ်းမျှ တင်သွင်းမှုကို ကျော်လွန်တင်သွင်း ထားပြီးတာကို တွေ့ရပါတယ်။                                                                                                                 MIRT(DOBT) ပြည်တွင်းနို့ဆီလက်ကားဈေး                       ကျပ်/ တစ်ဘူး                                    ရန်ကုန်       မန္တလေးဒွန်း( နို့ဆီ )                        ၆၃၅           ၆၅၅ဒွန်း( နို့စိမ်း)                       ၆၂ဝ           ၆၃၅မာရီဂိုး(နို့ဆီ)                      ၅၈ဝ           ၅၉၅လပ်ကီးကောင်း( နို့စိမ်း)         ၅၃ဝ            ၅၄၅      နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် နို့ဆီလက်လီဈေး       ကျပ်/တစ်ဘူး                         ရန်ကုန်    မန္တလေးဒွန်း( နို့ဆီ )           ၆၇ဝ         ၆၈၅ဒွန်း( နို့စိမ်း)           ၆၅ဝ         ၆၆၅ၤFalcon  နို့ဆီ         ၆ဝဝ          ၆၁၅Happy Cow          ၅၈ဝ         ၅၉၅ဝမ်းတီးနို့ဆီ           ၆၅ဝ         ၆၆၅ယူကေနို့ဆီ           ၆ဝဝ          ၆၁၅MIRT(DOBT) 

Monday, 29 Nov 2010

ပွင့်လင်းရာသီ ရေကြောင်းက ဘိလပ်မြေအဝင်ပို            ပင်လယ်ရေကြောင်းကနေ နိုဝင်ဘာ ၁၅ ရက်မှ ၂၁ ရက် တာကာလအတွင်း ဘိလပ်မြေ ၁၂၆၁ဝ ဒသမ ၉၂၈ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ဝ၇၂ဝဝဝ ကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့နိုင်ငံတွေကတော့ ထိုင်းနိုင်ငံမှ ဆင် တံဆိပ်နဲ့ စိန်တံဆိပ်ဘိလပ်မြေ ၉၇၁၉ ဒသမ ၂၅ တန် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၈၂၆၇၇၃ ဒသမ ၁၇၅ ဖိုးနဲ့ ပါကစ္စတန်နိုင်ငံဘက်မှ ဘိလပ်မြေတန်ချိန် ၂၅၉၁၆၇၈ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂၄၅၆၂၄ ဒသမ ၉၆၂ ဖိုးကိုတင် သွင်းခဲ့ပါတယ်။           ဘိလပ်မြေအသွင်းမှာ ပွင့်လင်းရာသီဖြစ်တဲ့အတွက် အပတ်စဉ်တန်ချိန် တစ် သောင်းကျော်ကျော်ဝန်းကျင် တင်သွင်းနေသလို ထိုင်းနိုင်ငံဘက်မှအပြင် ပါကစ္စတန် ဘက်ကပါ အဝင်အင်အားကောင်းလာတာတွေ့ရပါတယ်။                                                                                                                                                   MIRT (DOT) နယ်စပ်ကလည်း အဝင်ပိုမို          နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ မူဆယ်၊ ကန်ပိုက်တီး၊ လွယ်ဂျယ်၊ တာချီလိတ်၊ မြိတ်နဲ့ ကော့သောင်းနယ်စပ်များမှ ယခုအပတ်မှာ ဘိလပ်မြေ ၁၂၅၅ဝ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၅၈ သန်းဖိုး တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၄၄၄၅ တန်သာ တင်သွင်းခဲ့တာမို့ တန်ချိန် ၈၁ဝဝ ကျော် ယခု အပတ်မှာတင်သွင်းမှု ပိုမိုခဲ့ပါတယ်။ ပွင့်လင်းရာသီဖြစ်တာမို့ ဆောက်လုပ်ရေး လုပ်ငန်းများလည်း တွင်တွင်ကျယ်ကျယ် ပြန်လည်လုပ်ဆောင်လာကြတာကြောင့် ဘိလပ်မြေ ပိုမိုတင်သွင်းလာခြင်းဖြစ်တယ်လို့ သိရပါတယ်။ နယ်စပ်အလိုက် ဘိလပ်မြေ တင်သွင်းမှုများကတော့ မူဆယ်မှ ၂၇၅ တန်၊ ကန်ပိုက်တီးမှ ၉၄၃၂ တန်၊ လွယ်ဂျယ်မှ ၆ဝ၈ တန်၊ တာချီလိတ်မှ ၁၁၉၅ တန်နဲ့မြိတ်မှ ၉၈၉ တန်ကျော်နဲ့ ကော့သောင်းမှ တန် ၅ဝ အသီးသီးဖြစ်ပါတယ်။ မူဆယ်မှတင်သွင်းတဲ့ ဘိလပ်မြေက ဆင်၊ ကမ္ဘာလုံးနဲ့စွန်၊ လွယ်ဂျယ်မှ XiLin Po၊ တာချီလိတ်နဲ့ ကော့သောင်းမှ ငှက်တံဆိပ်တို့ဖြစ်တယ်လို့ သိရပါတယ်။                MIRT(DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း        ပြည်တွင်းဘိလပ်မြေဖြန့်ဈေးများမှာ အောက်ပါအတိုင်းဖြစ်ပါတယ် - တိုင်းဒေသကြီး/ပြည်နယ်               အမျိုးအစား                     ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး                 ဘိလပ်မြေ(ဆင်)ထိုင်း                    ၅ဝဝဝ(လက်ကား)                            ဘိလပ်မြေ(Blue Lion)                    ၄၇ဝဝ                                          ဘိလပ်မြေ (စိန်)                           ၄၈၅ဝမန္တလေးတိုင်းဒေသကြီး                ဘိလပ်မြေ(ဆင်)ထိုင်း                     ၆၄ဝဝ                                          ဘိလပ်မြေ(AAA)                          ၅၇ဝဝ                                          ဘိလပ်မြေ(မြန်မာဆင်)                   ၅၃ဝဝ                                          ဘိလပ်မြေ(TPI)ထိုင်း                    ၅၉ဝဝ                                          ဘိလပ်မြေ(ဆင်မင်း)                     ၅ဝဝဝ                                          ဘိလပ်မြေ(မြင်းခေါင်း)                   ၅ဝဝဝတောင်ငူ                                ဘိလပ်မြေ(ကြံ့)ထိုင်း                      ၆ဝဝဝ                                          ဘိလပ်မြေ(ဆင်)ထိုင်း                     ၆၈ဝဝ                                          ဘိလပ်မြေ(မြင်းခေါင်း)                    ၅၂ဝဝ                                          ဘိလပ်မြေ(Lucky)ပါကစ္စတန်            ၆၄ဝဝတောင်ကြီး                              ဘိလပ်မြေ(စိန်)ထိုင်း                     ၆၈ဝဝ                                          ဘိလပ်မြေ(ခြင်္သေ့)                       ၅၆ဝဝမော်လမြိုင်                              ဘိလပ်မြေ(ဆင်)ထိုင်း                   ၅၇၅ဝ                                          ဘိလပ်မြေ(ကြံ့)မြိုင်ကလေး              ၅ဝဝဝ                                          ဘိလပ်မြေ(စိန်)ထိုင်း                      ၅၈၅ဝ                                          ဘိလပ်မြေ(မြင်းခေါင်း)                    ၄၃ဝဝမကွေးတိုင်းဒေသကြီး                  ဘိလပ်မြေ(ဆင်)ထိုင်း                    ၆၈ဝဝ                                           ဘိလပ်မြေ(စိန်)ထိုင်း                     ၆ဝဝဝ                                           ဘိလပ်မြေ(မြင်းခေါင်း)                   ၆ဝဝဝMIRT (MAPT)

Monday, 29 Nov 2010

ဆောင်းသီးနံှ စိုက်ပျိုးချိန်အမီ ဓာတ်မြေသြဇာအဝင် အားကောင်းနေ          နိုဝင်ဘာ ၁၅ ရက်မှ ၂၁ ရက်တာ ကာလအတွင်း ဓာတ်မြေသြဇာတန်ချိန် ၁၇၄၆ ဒသမ ၁၁၄ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၅ဝ၁၈၈၅ ဖိုးကို ပင်လယ် ရေကြောင်းလမ်းကနေ တင်သွင်းခဲ့ပါတယ်။ ဒီရက်သတ္တပတ်အတွင်း မလေးရှား နိုင်ငံဘက်က ဓာတ်မြေသြဇာ ၆ ဒသမ ၁၁၄တန်၊ ထိုင်းနိုင်ငံမှ ကွန်ပေါင်း ဓာတ်မြေသြဇာ ၁ဝ၈ဝ တန်နဲ့ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံမှ ယူရီးယား ဓာတ်မြေသြဇာ ၆၆ဝ တန်တို့ကို တင်သွင်းလာတာ တွေ့ရပါတယ်။ ယခင်သီတင်းပတ်မှာ ဓာတ်မြေသြဇာအဝင် ၁ဝ၆၄ ဒသမ ၇ဝ တန်ရှိခဲ့ပြီး ယခုသီတင်းပတ်မှာ ၆၈၁ ဒသမ ၄၁၄ တန်အဝင်ပိုခဲ့ပါတယ်။ မြေဆီအဝင်တွေက ဆက်တိုက်အဝင်ရှိပြီး ဆောင်းသီးနံှစိုက်ပျိုးချိန်အမှီအသွင်း အင်အားကောင်းလျက်ရှိတာ တွေ့ရပါတယ်။                                                                            MIRT (DOT)နယ်စပ် ဓာတ်မြေသြဇာတင်သွင်းမှု လျော့ကျလျက်ရှိ          ယခုအပတ်မှာ နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ မူဆယ်၊ ရိဒ်၊ တာချီလိတ်နဲ့ ကော့သောင်းနယ်စပ်စခန်းများမှ ဓာတ်မြေသြဇာ ၉၇၈၆ တန်ကျော် ကန်ဒေါ်လာ ၂ သန်းဖိုးခန့် တင်သွင်းခဲ့ပါတယ်။ နယ်စပ်စခန်းအလိုက် တင်သွင်းတဲ့ ဓာတ်မြေသြဇာ တန်ချိန်တွေကတော့ မူဆယ်မှ ၉၂၄၅ တန်ကျော်၊ ရိဒ်မှ တန်ချိန် ၄၃ဝ၊ တာချီလိတ်မှ ၁၆ တန်၊ ကော့သောင်းမှာ ၉၅ တန် အသီးသီးဖြစ်ပါတယ်။ မူဆယ်မှ အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာကတော့ ယူရီးယား၊ Compound Seed (NPK 10:10:5)၊ Single Super Phosphate (SSP) တို့ဖြစ်ပြီး ကော့သောင်း မှ ကွန်ပေါင်းနဲ့ ရိဒ်မှ ပိုတက်ရှ်နဲ့ ယူရီးယားတို့ဖြစ်ကြပါတယ်။ ယခင်အပတ်က ၁၄၁၉ဝ တန်တင်သွင်းခဲ့တာမို့ ယခုအပတ်မှာ တန်ချိန် ၄၄ဝဝ ခန့် လျော့နည်းတင် သွင်းခဲ့ပါတယ်။ ကော့သောင်းမှ တန် ၂၈ဝဝ ကျော်နဲ့ မူဆယ်မှ ၁၈ဝဝ ကျော်၊ တာချီလိတ်မှ တန် ၁၄ တန်ကျော် တင်သွင်းမှုလျော့ခဲ့ပြီး ရိဒ်မှ တန်ချိန် ၂၇၅ တန်တင်သွင်းမှု ပိုမိုခဲ့တယ်လို့ သိရပါတယ်။MIRT(DOBT) ဈေးကွက်က ဈေးနှုန်း        ပြည်တွင်းသုံး ဓာတ်မြေသြဇာအမျိုးမျိုး၏ ဒေသအသီးသီးရှိ ဈေးကွက်ပေါက် ဈေးများကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ် - တိုင်းဒေသကြီး/ပြည်နယ်                 အမျိုးအစား                                     ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး(မာလာမြိုင်)                              ယူရီးယား(တရုတ်)ရွှေတောင်                       ၂၁ဝဝဝ                                             ယူရီးယား(တရုတ်)ကမ္ဘာလုံး                          ၂ဝ၇ဝဝ                                             တီစူပါ(မျှား-တရုတ်)                                   ၂ဝ၈ဝဝ                                             တီစူပါ(သံကွင်း-တရုတ်)                              ၂၁ဝဝဝ                                              ပိုတက်(ကနေဒါ)                                        ၂၂ဝဝဝ                                              ပိုတက်(အိန္ဒိယ)                                         ၂၂ဝဝဝမန္တလေးတိုင်းဒေသကြီး             ယူရီးယား(တရုတ်)ရွှေတောင်                        ၁၇၈ဝဝ                                             ယူရီးယား(တရုတ်)ပန်းဖူး                                   ၁၈၂ဝဝ                                             တီဆူပါ GTSP 46%                                         ၁၉၇ဝဝ                                             တီဆူပါ GSSP 16%                                           ၈၄ဝဝ                                             တီဆူပါ GSSP 12%                                           ၇၈ဝဝ                                            ကွန်ပေါင်း(တရုတ်) 15:15:15                           ၂၅၅ဝဝ                                             အာမို (ဒိုင်းမွန်းစတား)                                      ၄ဝဝဝဝတောင်ငူ                                  ယူရီးယား-ပုလဲ(ယူအေအီး)                             ၁၈၅ဝဝ                                            ယူရီးယား (ရွှေတောင်-တရုတ်)                           ၂ဝဝဝဝ                                            ယူရီးယား (ကမ္ဘာလုံး-တရုတ်)                            ၂ဝဝဝဝ                                             ကုလားအုတ် (တရုတ်)                                     ၂ဝဝဝဝတောင်ကြီး                               ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်)                    ၁၉၅ဝဝ                                            ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်)                          ၁၉၅ဝဝ                                            ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်)                    ၁၉၅ဝဝ                                              တီဆူပါ-(တရုတ်) 12%                                      ၉၅ဝဝ                                              တီဆူပါ-(တရုတ်) 16%                                     ၉၈ဝဝ                                              တီဆူပါ 15:15:15 (တရုတ်)                              ၃၇ဝဝဝ                                              တီဆူပါ 10:10:5 (တရုတ်)                                ၁၂၈ဝဝမော်လမြိုင်                              ပုလဲ(သေး)(ရွှေတုံး ၄၆% တရုတ်)                       ၂၁ဝဝဝ                                             ပုလဲ(သေး)(ရွှေပြား ၄၆% တရုတ်)                      ၂၁ဝဝဝ                                             ပုလဲ(သေး)(ရွှေတောင် ၄၆% တရုတ်)                  ၂၁ဝဝဝ                                            ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15                        ၄၁ဝဝဝ                                            ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15                   ၃၆၅ဝဝ                                            ကွန်ပေါင်း(မြင်းပံျ)ထိုင်း 16:16:8                           ၃၄ဝဝဝ                                             တီစူပါ (တရုတ်)သံကွင်း 46%                              ၂၂ဝဝဝ                                             တီစူပါ (တရုတ်) မျှား 46%                                  ၂၁ဝဝဝMIRT (MAPT)

Monday, 29 Nov 2010

 ရွှေထည်ဆိုင်များ အထူးအစီအစဉ်များဖြင့် ရောင်းချလာ         လအတန်ကြာ အရောင်းအဝယ် အေးနေသည့် ရွှေထည်ဈေးကွက် အတွင်း အထူးအစီအစဉ်အဖြစ် အရောင်းမြှင့်တင်ရေး ပုံစံအမျိုးမျိုးဖြင့် ရောင်းချလာကြောင်း သိရသည်။          ''ရွှေထည်စ္စည်းရောင်းတဲ့ ဆိုင် တွေအနေနဲ့ အရောင်းအေးအေးနဲ့ သွား နေတာကြာပါပြီ။ အခုချိန်က ပွင့်လင်း ရာသီချိန်လဲဖြစ်တော့ အထူးအစီအစဉ် တွေကို တစ်ဆိုင်တစ်မျိုးနဲ့ အရောင်းမြှင့် တင် ရောင်းချလာတာ တွေ့ရတယ်။ တချို့ဆိုင်တွေဆိုရင် ကျပ် ၅ သိန်းဖိုး ဝယ်ယူရင် ထီးအသေးနဲ့ဓာတ်ဘူး၊ ကျပ် ၅ သိန်းကနေ ၁၅ သိန်းဖိုးအတွင်း ဝယ် ရင် ဖန်စီထီးနဲ့ တီရှပ်၊ ကျပ်သိန်း ၅ဝ ဖိုးအထက်ဝယ်ယူရင် ပန်ကာ၊ ဟော့ပေါ့၊ ပေါင်းအိုးနဲ့ ထမင်းပေါင်းအိုး၊ တချို့လက်ကားရွှေဆိုင်ကြီးတွေကျတော့ ဝယ်ယူမှုအရေအတွက် ၁ဝဝ ပြည့်တိုင်း အလျော့တွက် ၁ဝ ပဲ လျော့ပေးတာမျိုး တွေ၊တချို့ဆိုင်တွေကျတော့ Mamber Card ပေးတာမျိုးတွေနဲ့ ရောင်းချလာ ကြပါတယ်'' ဟု မဟာဗန္ဓုလလမ်းပေါ် ရှိ ရွှေထည်လုပ်ငန်းရှင်တစ်ဦးက ပြော ပြသည်။             နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ၁၆ ပဲရည် တစ်ကျပ်သားလျှင် (၆၆၅၄ဝဝ- ၆၆၄၄ဝဝ) ဖြစ်ပေါ်ခဲ့ပြီး ကမ္ဘာ့ ရွှေဈေး မှာ တစ်အောင်စလျှင် ၁၃၇၃ ဒေါ်လာ ဖြစ်ပေါ်ခဲ့သည်။ ခင်မျိုးသွယ်

Pages