Main menu

Background

Thursday, 25 Nov 2010

 ရော်ဘာအပို့လျော      အောက်တိုဘာ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာတန်ချိန် ၅၅၉ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၆၈ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က တန်ချိန် ၉၃၆ တန် တင်ပို့ခဲ့တာကြောင့် ယခု တစ်ပတ် ၃၇၇ တန ် လျောန့ ည်း တင်ပို့ခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံများကတော့ တရုတ်ကို  RSS -3 တန ် ၁ဝဝ ၊ ကိုရီးယားကို MSR (20)  ၂ဝ၁ တန်၊ မလေးရှားက RSS -3 ၁၃၈တန်နဲ့ RSS -5  တန် ၁၂ဝ အသီးသီး တင်ပို့ခဲ့ကြောင်း သတင်းရရှိပါတယ်။ KZW

Wednesday, 24 Nov 2010
Wednesday, 24 Nov 2010
Wednesday, 24 Nov 2010
Wednesday, 24 Nov 2010
Tuesday, 23 Nov 2010

ပဲစင်းငုံဈေး ဆင်းလာ      အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်များမှာ ယခုတစ်ပတ် အတွင်း လက်ရှိဈေးနဲ့ အဝယ်မရှိခြင်းကြောင့် ဈေးကျဆင်းခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက ပုံမှန်အရောင်းရှိခြင်းနဲ့ ပြည်တွင်းပဲအထွက် ကောင်းမယ်လို့ မျှော်လင့်နေခြင်းတို့ကြောင့် အရောင်းအဝယ် ပါးနေ တယ်လို့သိရပါတယ်။ စက်တင်ဘာလအတွင်း မြန်မာနိုင်ငံက ပဲစင်းငုံ တန်ချိန် ၉၁၃၇ သာတင်သွင်းခဲ့လို့ သြဂုတ်လထက် ၁၆ ရာခိုင်နှုန်း ဝန်းကျင် လျော့ကျခဲ့တယ်လို့သိရပါတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ် အတွင်း မဟာရပ်ရှတရာ၊ အတ္တရာပရာဒေ့ရှ်နဲ့ ကာနာတာကာတို့မှာ မိုးအဆက်မပြတ် ရွာသွန်းခဲ့ပေမဲ့ သီးနံှပျက်စီးမှုမရှိနိုင်ဘူးလို့ ဈေးကွက်က ခန့်မှန်းကြပါတယ်။ လာမယ့်ရက်တွေမှာလည်း ပဲစင်းငုံအဆင်းဘက်ကို ဦးတည်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက် တွေမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံဈေးနှုန်းတွေကို ဇယား (၄)နဲ့ ဖော်ပြထားပါတယ် -ဇယား-၄                                                                                                               ဒေါ်လာ/တန် ဈေးကွက်                       ၁၈ .၁၁ .၁ဝ          ၁၆ .၁၁ .၁ဝ             ၁၅ .၁၁ .၁ဝ            ၁၃ .၁ဝ .၁ဝမွန်ဘိုင်း(မြန်မာပဲစင်းငုံ)        ၆၉၃                ၇၁၆-၇၁၉                     ၇၂ဝ                       ၇၃၅ဒေလီ(မြန်မာပဲစင်းငုံ)           ၆၈၂                     ၇ဝ၈                    ၇၁၄-၇၂ဝ                   ၇၄ဝချန်နိုင်း(မြန်မာပဲစင်းငုံ)         ၆၉၃                     ၇ဝ၈                         ၇၂ဝ                      ၇၁၈Source: agriwatch.com , MIRT (Yangon)

Tuesday, 23 Nov 2010

ပဲတီစိမ်းဈေးလျော့လာ     အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်တွေမှာ ယခုတစ်ပတ် ပဲတီစိမ်းဈေးအေးလာပါတယ်။ ဈေးကွက်များကို ဝင်ရောက်လာတဲ့ ပဲတီစိမ်းများမှာ အစိုဓာတ်ပါဝင်မှုများတာကြောင့် အရောင်းအဝယ် ပါးဈေးလျော့ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ရာဂျက်စသန်က ပဲအထွက်ကောင်းမယ့် ခန့်မှန်းချက်များကြောင့်လည်း ဈေးလျော့ လာခြင်းဖြစ်ပါတယ်။ အတ္တရာပရာဒေ့ရှ်မှာ ဆောင်းပဲတီစိမ်း စတင် စိုက်ပျိုးနေပြီဖြစ်ပြီး လက်ရှိအချိန်ထိ ဟက်တာ ဝ ဒသမ ၁၃ သိန်း စိုက်ပျိုးပြီးပြီလို့ သိရပါတယ်။ ကာလတိုအတွင်းမှာလည်း ဈေးလျော့ ကျမယ်လို့ ခန့်မှန်းထားပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ် အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်းဈေးတွေကို ဇယား (၃) နဲ့ ဖော်ပြလိုက် ပါတယ် -ဇယား-၃                                                                                                                         ဒေါ်လာ/တန် ဈေးကွက်                 ၁၈ .၁၁ .၁ဝ             ၁၆ .၁၁ .၁ဝ               ၁၅ .၁၁ .၁ဝ             ၁၃ .၁ဝ .၁ဝချန်နိုင်း(ပဲတီရွှေဝါ)       ၉၅၇                           ၉၇၃                       ၉၇၅                       ၉၈၇ဒေလီ                       ၁ဝ၃၄                        ၁ဝ၆၁                     ၁ဝ၆၃                     ၁ဝ၇၇အင်ဒိုရီ                      ၉၂၄                       ၈၈၅-၉ဝ၇                   ၉၃ဝ                       ၉၄၂ 

Tuesday, 23 Nov 2010

ကုလားပဲဈေးခိုင်မာနေ         အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်များမှာ ကုလားပဲ လက်ကျန်နည်းလာပြီဖြစ်လို့ ယခုတစ်ပတ် ကုလားပဲဈေး ခိုင်မာနေပါတယ်။ ဈေးကွက်တွေကို ပဲဝင်ရောက်မှုကျဆင်းနေခြင်းနဲ့ အဝယ်ရှိနေ ခြင်းတို့က ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေပါတယ်။ ဒါပေမဲ့ ဈေး သက်သာတဲ့ ပဲလုံးတွေ ဈေးကွက်မှာရရှိနေခြင်းက ကုလားပဲဈေးကို ကျဆင်းစေနိုင်တယ်လို့ ဈေးကွက်က ဆိုပါတယ်။ ယခုနှစ်အတွင်း ရာဂျက်စသန်အစိုးရက ကုလားပဲဟက်တာ ၁၃ ဒသမ ၇၅ သိန်း စိုက်ဖို့ ရည်မှန်းထားပြီး နိုဝင်ဘာလ ၁၁ ရက်နေ့အထိ ဟက်တာ ၈ ဒသမ ၇၉ သိန်းစိုက်ပျိုးပြီးပြီလို့ သိရပါတယ်။ ကာလတိုအတွင်း ဈေးအေးနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ် အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူလုံးကြီး ဈေးတွေကို ဇယား(၂)နဲ့ ဖော်ပြထားပါတယ်ဇယား-၂                                                                                                                         ဒေါ်လာ/တန် ဈေးကွက်         ၁၈ .၁၁ .၁ဝ              ၁၆ .၁၁ .၁ဝ                ၁၅ .၁၁ .၁ဝ                    ၁၃ .၁ဝ .၁ဝမွန်ဘိုင်း            ၅၅၅-၅၅၆                    ၅၅၈                          ၅၅၆                             ၅၅၅ဒေလီ                   ၅၂၃                     ၅၂၅-၅၃၁                 ၅၁၅-၅၂၁                     ၅၂၇-၅၃၃ကန်ပါ                   ၅၂၆                    ၅၂၄-၅၂၅                  ၅၂၅-၅၂၆                     ၅၃၂-၅၃၃ 

Tuesday, 23 Nov 2010

အိန္ဒိယနိုင်ငံရဲ့ စားနပ်ရိက္ခာဈေးနှုန်းညွှန်းကိန်းဟာ ယခင်တစ် ပတ်က ၁၂ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ရာက သီးနံှ၊ ဟင်းသီးဟင်းရွက်နဲ့ ပဲမျိုးစုံဈေးနှုန်းကျဆင်းခဲ့တာကြောင့် နိုဝင်ဘာလ ၆ ရက်မှာ ကုန်ဆုံး တဲ့ သီတင်းပတ်အတွင်း ၁ဝ ဒသမ ၃ ရာခိုင်နှုန်းကို သိသိသာသာ ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲဈေးက ၄ ရာခိုင်နှုန်း၊ ဘာလီဈေး ၃ ရာခိုင်နှုန်း၊ နွားနို့နဲ့ ပဲစင်းငုံဈေးက ၁ ရာခိုင်နှုန်းစီကျဆင်းခဲ့ပြီး ပဲတီစိမ်းဈေးကတော့ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲဈေးအေး      ယခုတစ်ပတ်အတွင်း အိန္ဒိယမှာ ဘာသာရေးပွဲတော်ရှိလို့ အရောင်းအဝယ်နည်းသလို ဈေးဖွင့်ရက်မှာလည်း ကုန်သည်များ အဝယ်နည်းတာကြောင့် မတ်ပဲဈေးအေးနေပါတယ်။ ဒါ့အပြင် ဝင်ရောက်လာတဲ့ မတ်ပဲရဲ့ အရည်အသွေးအရလည်း ဝယ်လိုအားနည်းတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံက မတ်ပဲ ပုံမှန်အရောင်းရှိနေတာကြောင့် ဈေးကွက်တွေမှာ ပဲရရှိမှုများနေတဲ့အပြင် မိုးပဲအထွက် ကောင်းတယ်ဆိုတဲ့ ခန့်မှန်းချက်တွေက ဈေးနှုန်းမမြင့်အောင် ထိန်းထားပါတယ်။ စက်တင်ဘာလအတွင်းမှာ မြန်မာနိုင်ငံက မတ်ပဲ တန်ချိန် ၄၆၈၅၇ တင်သွင်းခဲ့လို့ သြဂုတ်လတင်သွင်းမှုထက် ၁၁ ဒသမ ၅ ရာခိုင်နှုန်းဝန်းကျင်မြင့်တက် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ကာလတိုအတွင်း ဈေးအေးနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ဈေးကွက် အသီးသီးမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ မြန်မာမတ်ပဲ FAQ ဈေးနှုန်းတွေကို ဇယား(၁)နဲ့ ဖော်ပြထားပါတယ်ဇယား-၁                                                                                                    ဒေါ်လာ/တန် ဈေးကွက်     ၁၈ .၁၁ .၁ဝ          ၁၆ .၁၁ .၁ဝ           ၁၅ .၁၁ .၁ဝ         ၁၃ .၁ဝ .၁ဝမွန်ဘိုင်း         ၉၅၂                      ၉၇၃                    ၉၆၄                   ၉၉၈ဒေလီ           ၉၅၇                       ၉၇၃                    ၉၈ဝ                   ၉၉၈ချန်နိုင်း        ၉၈၅-၁၂၁ဝ            ၉၉၅-၁၂၁၆           ၁ဝဝ၂-၁၂၂၄           ၁ဝ၂၁-၁၂၃၄ 

Pages