Background
ပင်လယ်ရေကြောင်းမှနို့စိမ်းပြန်ပြီးဝင် ဒီသီတင်းပတ်နိုဝင်ဘာ ၈ ရက်မှ ၁၄ရက်တာကာလအတွင်း ပင်လယ်ရေ ကြောင်းလမ်းကနေ ဒွန်းတံဆိပ် နို့စိမ်း တန်ချိန် ၂၂၂ ဒသမ ၅၃ တန်၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ၂၂၇၇ဝ၉ ဒသမ ၈၃ ဒေါ်လာဖိုးကို စင်ကာပူနိုင်ငံ က တင်သွင်းလာခဲ့ပါတယ်။ ဒီတစ်ပတ် မှာတော့ နို့စိမ်းကိုသာတင်သွင်းလာတာ တွေ့ရပြီး နို့ဆီအဝင်မရှိခဲ့ပါဘူး။ နို့စိမ်း က အဝင်မရှိခဲ့တာ ရက်သတ္တနှစ်ပတ် ကျော်သုံးပတ်နီးပါးခန့်ရှိပြီး ဒီတစ်ပတ်မှ ပြန်လည်တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ နို့မှုန့်အဝင်ကတော့ ဒီတစ်ပတ်မှာ ၆ ဒသမ ၄၃ဝ တန်၊ တန်ဖိုးအားဖြင့် ၂၄ဝဝဒသမ ဝ၁ဒေါ်လာဖိုးကို စင်ကာပူ နိုင်ငံမှ တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ်က နို့မှုန့်အဝင် ၁၄၃ ဒသမ ၁၇၉ တန်ရှိခဲ့ပြီး ယခုသီတင်းပတ်မှာ တော့ ၆ ဒသမ ၄၃ဝ တန် ရှိခဲ့တာ ကြောင့် တန်ချိန်တော်တော် လျော့ နည်းကာ တင်သွင်းလာတာ တွေ့ရပြီး ယခင်ဝင်နေကျ နယူးဇီလန်ဘက်က အဝင်မရှိခဲ့ကြောင်း တွေ့ရပါတယ်။ MIRT (DOT) နယ်စပ် နို့ဆီ၊ နို့စိမ်း တင်သွင်းမှုကျ၊ နို့မှုန့် တင်သွင်းမှုပို နိုဝင်ဘာလ ၁ဝ ရက်မှ ၁၆ ရက်ထိ ကာလအတွင်း မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်းနယ်စပ်မှ နို့ဆီ ၇၁၇၃ ကာတွန်း (၁၃၆) တန်နဲ့ နို့စိမ်း ၄၄၂၇ ကာတွန်း (၈၄)တန် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၈၈၁၉ဝ ဖိုး တင်သွင်း နိုင်ခဲ့ပါတယ်။ ယခင်အပတ်နဲ့ နှိုင်းယှဉ် ပါက နို့ဆီ ၁၂ တန်ကျော်နဲ့ နို့စိမ်း တန်၁ဝဝ ကျော်တင်သွင်းမှု လျော့နည်းခဲ့ ပါတယ်။ တစ်ဖက်နိုင်ငံမှာ ပစ္စည်းပြတ် လပ်မှုကြောင့် တင်သွင်းမှု လျော့နည်းရတာလို့ ကုန်သည်အချို့ထံမှ သိရပါတယ်။ ကော့သောင်းဘက်မှာ နို့ဆီ ၁ ကာတွန်းကို ၃ဝ၂ဝဝ ကျပ်နဲ့ နို့စိမ်း ၁ ကာတွန်းကို ၃ဝဝဝဝ ကျပ်အသီးသီး ဈေးပေါက်လျက်ရှိပါတယ်။ မြန်မာတရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ယခုအပတ်မှာ နို့မှုန့် တန် ၂ဝ ကျော် တန်ဖိုးအားဖြင့် ကန် ဒေါ်လာ ၅၇ဝဝဝ ကျော်ဖိုး တင်သွင်းနိုင်ခဲ့ပြီးယခင်အပတ်က ၁ တန်ခွဲသာ တင်သွင်းခဲ့တဲ့အတွက် နို့မှုန့်တင်သွင်းမှု သိသိသာသာ ပိုခဲ့ပါတယ်။ MIRT (DOBT) ပြည်တွင်းနို့ဆီ လက်ကားဈေး ကျပ်/ တစ်ဘူး ရန်ကုန် မန္တလေးဒွန်း( နို့ဆီ ) ၆၅ဝ ၆၅၅ဒွန်း( နို့စိမ်း) ၆၂ဝ ၆၃၅မာရီဂိုး(နို့ဆီ) ၅၈ဝ ၅၉၅လပ်ကီးကောင်း( နို့စိမ်း) ၅၃ဝ ၅၄၅
ပွင့်လင်းရာသီရောက်ပြီဖြစ်၍ ဘိလပ်မြေတင်သွင်းမှုပိုမို ပုဂ္ဂလိကဆောက်လုပ်ရေးလုပ်ငန်းများနဲ့ စီမံကိန်းများအတွက် ဘိလပ်မြေများ တင်သွင်းမှုကို နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် ဆောင်ရွက်လျက်ရှိရာ ယခုအပတ်မှာ မူဆယ်၊ လွယ်ဂျယ်၊ ကန်ပိုက်တီးနဲ့ ကော့သောင်း၊ တာချီလိတ်နယ်စပ် ကုန်သွယ်ရေးစခန်းများမှာ ဘိလပ်မြေတန်ချိန် ၄၄၄၅ ကျော် တန်ဖိုးအားဖြင့် ကန် ဒေါ်လာ ၄၇၄၃၅ဝ နီးပါး တင်သွင်းနိုင်ခဲ့ပါတယ်။ နယ်စပ်စခန်းအလိုက် တင်သွင်း မှုများကတော့ မူဆယ်မှ ၁၆၄ တန်၊ ကန်ပိုက်တီးမှ ၂၂ဝ၈ တန်၊ လွယ်ဂျယ် မှ တန် ၆ဝဝ ၊ ကော့သောင်းမှ ၂၅ တန်နဲ့ တာချီလိတ်မှ တန် ၁၄၅ဝ အသီးသီးဖြစ်ပါတယ်။ ယခင်အပတ်က တန်ချိန် ၂၆၃ဝ နီးပါး တင်သွင်းခဲ့တဲ့အတွက် ယခုအပတ်မှာ တန်ချိန် ၁၈ဝဝ ကျော်တင်သွင်းမှု ပိုမိုခဲ့ပါတယ်။ တရုတ်နယ်စပ်မှ တင်သွင်းတဲ့ ဘိလပ်မြေတံဆိပ်တွေကတော့ ဆင်၊ ကမ္ဘာလုံး၊ စွန် ၊ Xin Lin Po တို့ဖြစ်ပြီး ထိုင်းနယ်စပ် တာချီလိတ်ကတင်သွင်းတဲ့ တံဆိပ်တွေကတော့ ကျားနဲ့ ဆင်ဖြစ်ပါ တယ်။MIRT(DOBT)ပြည်တွင်းဈေးကွက် ဈေးနှုန်းပြည်တွင်းဘိလပ်မြေဖြန့်ဈေးများမှာ အောက်ပါအတိုင်းဖြစ်ပါတယ် -တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅၂ဝဝ(လက်ကား) ဘိလပ်မြေ(နှင်းတောင်) ၅၁ဝဝ ဘိလပ်မြေ (စိန်) ၅ဝဝဝမန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၄ဝဝ ဘိလပ်မြေ(AAA) ၅၇ဝဝ ဘိလပ်မြေ(မြန်မာဆင်) ၅၄ဝဝ ဘိလပ်မြေ(TPI)ထိုင်း ၆ဝဝဝ ဘိလပ်မြေ(ဆင်မင်း) ၅ဝဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၁ဝဝတောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၆ဝဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၇ဝဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၃ဝဝ ဘိလပ်မြေ (Lucky)ပါကစ္စတန် ၆၅ဝဝတောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၆၈ဝဝ ဘိလပ်မြေ(ခြင်္သေ့) ၅၆ဝဝမော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၈၅ဝ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၅၁၅ဝ ဘိလပ်မြေ(စိန်)ထိုင်း ၅၈၅ဝ ဘိလပ်မြေ(မြင်းခေါင်း) ၄၃ဝဝမကွေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၈ဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၆ဝဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၆ဝဝဝMIRT (MAPT)
တန် ၁ဝဝဝ ကျော် ပင်လယ်ရေကြောင်းကဝင် နိုဝင်ဘာလရဲ့ ဒုတိယပတ်ဖြစ်တဲ့ နိုဝင်ဘာ ၈ ရက်မှ ၁၄ ရက်တာကာလ အတွင်း ဓာတ်မြေသြဇာတန်ချိန် ၁ဝ၆၄.၇ဝ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃၂၅၁၂၅ ဒသမ ၅ဝ တန်ဖိုးကို တင်သွင်းခဲ့တာ တွေ့ရပါတယ်။ ဒီရက်သတ္တပတ် အတွင်း အဝင်ကတော့ ဓာတ်မြေသြဇာထုတ်လုပ်တဲ့ နိုင်ငံနှစ်နိုင်ငံမှ ခွဲခြားတင် သွင်းခဲ့တာတွေ့ရပြီး ထိုင်းနိုင်ငံမှ ကွန်ပေါင်းဓာတ်မြေသြဇာ ၅၅၂ ဒသမ ၂ တန် နဲ့ ဗီယက်နမ်နိုင်ငံမှ သြဂဲနစ်မြေသြဇာ ၅၁၂ ဒသမ ၅ တန်တို့ကို တင်သွင်းလာခဲ့ ပါတယ်။ ပွင့်လင်းရာသီဆောင်းအစမှာ ဆောင်းသီးနံှစိုက်ဖို့က ယခင် သီတင်းပတ် များကလိုပဲ ကုန်းလမ်းကသာမက အရည်အသွေးမြင့်မြေဆီအမိုျးမိုျးကို ရေကြောင်း ကပါ စဉ်ဆက်မပြတ်အဝင်ရှိနေပါတယ်။ ယခင်သီတင်းပတ်မှာ ဓာတ်မြေသြဇာ အဝင်တန်ချိန် ၆ဝ၄ ဒသမ ဝ၄၆ တန်ရှိခဲ့ပြီး ဒီသီတင်းပတ်မှာတော့ ဓာတ်မြေသြဇာ အဝင်တန်ချိန် ၁ဝ၆၄ ဒသမ ၇ဝတန်ရှိခဲ့တာကြောင့် တန်ချိန် ၄၆ဝ ကျော် အဝင် ပိုခဲ့ပြီး ဈေးကွက်ဖြန့်ခဲ့ပါတယ်။MIRT(DOBT) နယ်စပ်အသွင်းပို စိုက်ပျိုးရေးသွင်းအားစု ဓာတ်မြေသြဇာများကို မူဆယ်၊ တာချီလိတ်၊ ကော့သောင်းနဲ့ ရိဒ်နယ်စပ်များမှ ပုံမှန်တင်သွင်းလျက်ရှိပါတယ်။ နိုဝင်ဘာလ ၁ဝ ရက်မှ ၁၆ ရက်ထိကာလအတွင်း ဓာတ်မြေသြဇာ ၁၄၁၉ဝ တန်ခန့် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂ ဒသမ ၉၅ သန်းဖိုး တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်ကလည်း ဒီနယ်စပ်စခန်း လေးခုကပဲ တန်ချိန် ၇၁ဝဝ တင်သွင်းခဲ့တာဖြစ်တဲ့အတွက် ယခုအပတ်မှာ ယခင်အပတ်ကထက် နှစ်ဆနီးပါး ပိုမိုတင်သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။ ယခင်အပတ်နဲ့ ယခုအပတ်စခန်းအလိုက် တင်သွင်းမှုများကိုကြည့်လျှင် မူဆယ်နဲ့ ကော့သောင်းနယ်စပ်များမှ တင်သွင်းမှု သိသိသာသာပိုမိုခဲ့တာ တွေ့ရပါတယ်။ စခန်း ယခု (မက်တန်) ယခင် (မက်တန်)မူဆယ် ၁၁ဝ၈၁ ၆၉၂ဝတာချီလိတ် ၃ဝ ၂ရိဒ် ၁၆၅ ၉၉ကော့သောင်း ၂၉၁၄ ၈၃စုစုပေါင်း ၁၄၁၉ဝ ၇၁ဝ၄မူဆယ်နယ်စပ်က အများဆုံးတင်သွင်းခဲ့တဲ့ ဓာတ်မြေသြဇာတွေကတော့ ယူရီးယား၊ Triple Super Phosphate နဲ့ Compound Seed တို့ဖြစ်ပြီး ရိဒ် နယ်စပ်မှ ပိုတက်ရှ်နဲ့ ယူရီးယားတို့ဖြစ်ပါတယ်။ MIRT(DOBT)ဈေးကွက်က ဈေးနှုန်းပြည်တွင်းသုံး ဓာတ်မြေသြဇာအမိုျးမိုျး၏ ဒေသအသီးသီးရှိ ဈေးကွက်ပေါက် ဈေးများကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ် -တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး(မာလာမြိုင်) ယူရီးယား(တရုတ်)ရွှေတောင် ၂ဝ၂ဝဝ ယူရီးယား(တရုတ်)ကမ္ဘာလုံး ၂ဝ၃ဝဝ တီစူပါ(မြှား-တရုတ်) ၂၁၃ဝဝ တီစူပါ(သံကွင်း-တရုတ်) ၂၁၅ဝဝ ပိုတက်(ကနေဒါ) ၂၁ဝဝဝ ပိုတက်(အိန္ဒိယ) ၂၁ဝဝဝမန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်)ရွှေတောင် ၁၇၉ဝဝ ယူရီးယား(တရုတ်)ပန်းဖူး ၁၇၇ဝဝ တီဆူပါ GTSP 46% ၁၈၇ဝဝ တီဆူပါGSSP 16% ၈၃ဝဝ တီဆူပါGSSP 12% ၇၇ဝဝ ကွန်ပေါင်း(တရုတ်) 15:15:15 ၂၃ဝဝဝ အာမို(ဒိုင်းမွန်းစတား) ၃၉၅ဝဝတောင်ငူ ယူရီးယား-ပုလဲ(ယူအေအီး) ၁၈၅ဝဝ ယူရီးယား (ရွှေတောင်-တရုတ်) ၁၈၅ဝဝ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၁၈၅ဝဝ ကုလားအုတ် (တရုတ်) ၁၈၅ဝဝတောင်ကြီး ယူရီးယား-ပုလဲ(ကမ္ဘာလုံး-တရုတ်) ၁၉၅ဝဝ ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်) ၁၈၇ဝဝ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) ၁၈၇ဝဝ တီဆူပါ-(တရုတ်) 12% ၉၅ဝဝ တီဆူပါ-(တရုတ်) 16% ၉၇ဝဝ တီဆူပါ 15:15:15 (တရုတ်) ၃၇ဝဝဝ တီဆူပါ10:10:5 (တရုတ်) ၁၂၈ဝဝ ပိုတက်(တရုတ်) ၂၁ဝဝဝ ဓာတ်ဆား (တရုတ်) ၁၂၈ဝဝMIRT (MAPT)
ရွှေဈေးကွက်အတွင်း ပစ္စည်းအဝင်များကာ ဈေးကွက် ခပ်အေးအေးသွားနေ ရန်ကုန် အခေါက်ရွှေဈေးကွက် အတွင်း မန္တလေးဘက်မှ အခေါက်ရွှေ များ အဝင်များကာ ဈေးကွက် ခပ်အေးအေးဖြင့် သွားနေကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။ ''ပြီးခဲ့တဲ့အပတ် နိုဝင်ဘာလ ၈ ရက် ကနေ ၁၃ ရက်အတွင်း ရန်ကုန်ဈေးကွက်မှာ အခေါက်ရွှေဈေး ဖြစ်ပေါ်မှု ဟာ ကမ္ဘာ့ရွှေဈေးနဲ့အတူ လိုက်တက် ခဲ့တဲ့အပြင် ပြည်တွင်းရွှေဈေးက ၁ ကျပ်သားကို ၅ဝဝဝ ကျပ်ခန့် ပိုအမြင့်နဲ့ သွားခဲ့ပါတယ်။ အဲဒါကြောင့် မန္တလေးဘက်က ရွှေအဝင်များခဲ့တယ်။ အရပ် ဝယ်လက်တွေလဲ ရွှေအဝယ်ရှိခဲ့တယ်။ ဒီအပတ်မှာ နိုဝင်ဘာလ ၁၅ ရက်က ၁၉ ရက်အတွင်း ပြီးခဲ့တဲ့အပတ်က ဝင် ထားတဲ့ ရွှေတွေနဲ့ ဈေးကွက်ထဲမှာ လည်ပတ်ရောင်းဝယ်နေကြတယ်။ အခုချိန် အထိ အရပ်ဝယ်လက်က ပြန်ရောင်းတဲ့ အနေအထား မမြင်ရသေးပါဘူး။ ရွှေဈေး ခပ်ငြိမ်ငြိမ်၊ ခပ်အေးအေးမှာ ရှိနေပါတယ်။ ဒီပုံနဲ့ဆို ရွှေဈေးပြန်ဆင်းသွားနိုင်ပါတယ်''ဟု ယင်းအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ နိုဝင်ဘာလ ၁၈ ရက်က အခေါက် ရွှေ ၁ ကျပ်သားလျှင် ၆၆ဝဝဝဝ- ၆၆၁ဝဝဝ ရှိခဲ့ပြီး၊ ကမ္ဘာ့ရွှေဈေးမှာ ၁ အောင်စ လျှင် ၁၃၄၅-၁၃၅၇ ဒေါ်လာ ဖြစ်ပေါ်လာခဲ့သည်၊ ခင်မျိုးသွယ်
စိန်များ ပြန်လည်ရောင်းချရာတွင် ရာခိုင်နှုန်းဖြတ်မှု မြင့်တက်လာ ရန်ကုန်မြို့ စိန်ဈေးကွက်အတွင်း အရောင်းအဝယ်များ အေးနေသောကြောင့် စိန်ပိုင်ရှင်များမှ စိန်များကို ဆိုင်များသို့ ပြန်လည်ရောင်းချရာတွင် ရာခိုင်နှုန်းဖြတ် မှုများ ယခင်ထက် ပိုမိုမြင့်တက်လာကြောင်း စိန်ရောင်းဝယ်သူတစ်ဦးက ပြောကြား သည်။ ''အရင်က စိန်ပြန်ရောင်းမယ်ဆိုရင် ၃ဝ ရာခိုင်နှုန်းဝန်းကျင်လောက်ပဲ ဈေးနှုန်း ဖြတ်ပြီး ပြန်ဝယ်တယ်။ အခု အရောင်းအဝယ်က မရှိသလောက် အေးနေတော့ ပြန်ရောင်းမယ်ဆိုရင် ၃၅ ရာခိုင် နှုန်းအထိဈေးဖြတ်လာတယ်။ စိန်ဝယ် တဲ့သူတွေ ကလည်း ပြန်ရောင်းတဲ့သူက အရမ်းနည်းပါတယ်။ တချို့ မရောင်းမဖြစ်လိုအပ်နေတဲ့ သူတွေလောက်ပဲ ပြန်ရောင်းနေကြတာ၊ အခု ဆိုင်သမား တော်တော်များများက ဖောက်သည်လည်းမပျက်အောင်၊ တွက်ခြေလည်းကိုက်အောင် ဈေးကိုချိန်ပြီးရောင်း နေကြတာ ဈေးကပြည်ပမှာ တက်နေပေမယ့် ပြည်တွင်းမှာ အရောင်းအဝယ်အေး နေတော့ မတက်ရဲကြဘူး၊ ချိန်ပြီးရောင်းနေရတာ''ဟု ၎င်းကပြောကြားသည်။ ယခုအခါတွင် ဆိုင်သမားအများစုမှာ ပြည်ပတွင် စိန်ဈေးမြင့်တက်ခြင်း၊ ပြည်တွင်းတွင် ဈေးငြိမ်နေခြင်း၊ အရောင်းအဝယ် အေးနေခြင်းများကြောင့် ပြည်ပမှ အသစ်မှာယူမှုနည်းနေပြီး လက်ကျန်စိန်များကိုသာ ရောင်းချလျက်ရှိကြောင်းနှင့် အများစုမှာ စိန်ဈေးကွက် ပြန်လည်ကောင်းမွန်လာရေးကိုသာ မျှော်လင့်နေကြ ကြောင်း သိရသည်။ မင်းသန့်
အိန္ဒိယရဲ့ ဝယ်လိုအားမြင့်မှုကြောင့် ရွှေဈေးမြင့်ခဲ့ ၂ဝ၁ဝ ခုနှစ် တတိယလေးလပတ်ကာလအတွင်း အိန္ဒိယရဲ့ ယခင်နှစ်အလား တူကာလက အဝယ်တန်ချိန် ၁၃၅ တန်ကျော်ရှိခဲ့ပြီး ဒီနှစ်ကာလမှာ ၁၈၄ တန်ကျော် ဝယ်ခဲ့တဲ့အတွက် ဝယ်လိုအားသာလွန်ခဲ့ကြောင်း သိရပါတယ်။ ဒီလိုသာလွန်ခဲ့ ကြောင့် နိုဝင်ဘာလ ၉ ရက်နေ့ ကမ္ဘာ့ရွှေဈေးအမြင့်တန်း ရောက်ခဲ့မှုကို ပံ့ပိုးခဲ့ ကြောင်း ကမ္ဘာ့ရွှေကောင်စီက သုံးသပ်ဖော်ပြခဲ့ပါတယ်။ နိုဝင်ဘာလ ၁၇ရက်မှာတော့ ဒေါ်လာရဲ့ တစ်ကျော့ပြန် အနည်းငယ် ခိုင်မာမှုနဲ့ ဥရောပဇုန် စီးပွားရေးဖိအားများအပေါ် ပူပန်မှုတွေ လျော့ပါးသွားမယ်လို့ ထင်မြင်ယူဆချက်တွေပေါ်လာပြီး ရွှေဈေး အနိမ့်ပိုင်းပြန်ရောက်ခဲ့ပါတယ်။ စင်ကာ ပူဈေးကွက်မှာ ဒီဇင်ဘာလအရောက်ပို့ ရွှေဈေးက တစ်အောင်စကို ကန်ဒေါ်လာ ၁၃၅၆ ဒသမ ၈၁ နဲ့စာချုပ်ခဲ့ပြီး သုည ဒသမ ၇ ရာခိုင်နှုန်းဈေးကျခဲ့ပါတယ်။ ငွေ ဈေးကတော့ သုည ဒသမ ၈ ရာခိုင်နှုန်းအတက်နဲ့ တစ်အောင်စကို ကန်ဒေါ်လာ ၂၅ ဒသမ ၆၇၁ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ သုံးသပ်သူများက ဥရောပဇုန် အဖွဲ့ဝင် အိုင်ယာလန်နိုင်ငံဘက်က နိုင်ငံရဲ့ဘဏ္ဍာရေးအခြေအနေကောင်းကြောင်း အချက်ပြ ပြောဆိုမှုတွေ ရရှိခဲ့ပြီးနောက်မှာ ဒေါ်လာဈေးက သုည ဒသမ ၂ ရာခိုင်နှုန်း ပြန်လည်ဈေးမာခဲ့တယ်လို့ဆိုပါတယ်။ အမေရိကန်ဒေါ်လာနဲ့ ရွှေက အမြဲတမ်း ပြောင်းပြန်ဆက်စပ်နေတာမို့ ဒီနှစ်အတွင်း ဒေါ်လာအားပျော့မှုကြောင့် ရွှေဈေး ၂၄ ရာခိုင်နှုန်းခန့် ဈေးမြင့်ခဲ့ရပါတယ်။ နိုဝင်ဘာလ ၉ ရက်နေ့က ၁၄၂ ဒသမ ၆၈ ဒေါ်လာနဲ့ မှတ်တမ်းတင်မြင့်ခဲ့ပြီးနောက် ဒေါ်လာ အားပြန်ကောင်းမှု ကြောင့် ယခုသီတင်းပတ်အတွင်း သုည ဒသမ ၃ ရာခိုင်နှုန်းဈေးပြန်ကျခဲ့ပါတယ်။ ''အိန္ဒိယရဲ့ ဝယ်လိုအားကလည်း ဒီတတိယလေးလပတ်မှာမြင့်ခဲ့တယ်။ ၂ဝဝ၉ တစ်နှစ်လုံး အိန္ဒိယအနေနဲ့ ၅၅၉ တန် တင်သွင်းခဲ့ပြီး ဒီ ၂ဝ၁ဝ နှစ်မကုန်မီမှာ အဝယ် ၆၂၄ တန်တင်သွင်းပြီး ဖြစ်နေပြီး မနှစ်က အဝယ်ထက်ဈေးမြင့်ခဲ့ပေ မဲ့လည်း အသွင်းပိုခဲ့တယ်။ ဒါကြောင့် အိန္ဒိယရဲ့ ရွှေနဲ့ လက်ဝတ်ရတနာလုပ်ဖို့၊ ရင်းနှီးမြူပ်နံှဖို့ ဝယ်လိုအားက ၃၆ ရာခိုင်နှုန်း တိုးလာခြင်းကြောင့်ပဲ ကမ္ဘာ့ရွှေဈေးက အမြင့်တန်း ၁၄၂၄ ဒေါ်လာကျော်ကို ချဉ်းကပ်ခဲ့ခြင်းဖြစ်တယ်လို့ ကမ္ဘာ့ရွှေကောင်စီ က သုံးသပ်ခဲ့ပါတယ်။ Source:Bloomberg.com, WWN
ဒီဇယ်ပီပါ သုံးသိန်းနှစ်သောင်းကျော်ဝင် ပြည်တွင်းလုပ်ငန်းသုံး၊ စက်ရုံသုံး စက်သုံးဆီများကို ပင်လယ်ရေကြောင်းလမ်းကနေ နိုဝင်ဘာ ၈ ရက်မှ ၁၄ ရက်တာကာလအတွင်း ဒီဇယ်ပီပါ သုံးသိန်းနှစ်သောင်း ကျော်၊ တန်ချိန်အားဖြင့် လေးသောင်းသုံးထောင်ကျော်ကို တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ဒီဇယ်ဆီအဝင်တန်ချိန် တစ်သောင်းခုနစ်ထောင်ကျော် ရှိခဲ့ပြီး ယခုသီတင်းပတ်တွင်း ဒီဇယ်အဝင်တန်ချိန် လေးသောင်းသုံးသောင်းကျော် ရှိခဲ့တာကြောင့် အဝင်တန်ချိန် သုံးဆနီးပါး ပိုမိုတင်သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။ MIRT-DOTဒီဇယ်ဆီတင်သွင်းမှု သိသိသာသာပို နိုဝင်ဘာလ ၁ဝရက်မှ ၁၆ ရက်ထိကာလအတွင်းနယ်စပ်စခန်းများမှ ဓာတ်ဆီ နဲ့ ဒီဇယ်ဆီတင်သွင်းမှုများ ပိုမိုခဲ့ပါတယ်။ ဓာတ်ဆီ ၇၅၂၅ဝ ဂါလန် ကန်ဒေါ်လာ ၁၃၈၉ဝ၅ ဖိုး တာချီလိတ်နယ်စပ်မှ တင်သွင်းမှုရှိခဲ့ပြီး ဒီဇယ်ဆီကိုတော့ ကန်ပိုက်တီး၊ တာချီလိတ်နဲ့ ကော့သောင်းနယ်စပ်များမှာ ၂၆၄ဝ၂ဝဂါလန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၄၂၆၆ဝဝ ကျော်ဖိုး တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်ကထက် ဓာတ်ဆီ ဂါလန် ၃၅၂ဝ နဲ့ ဒီဇယ်ဆီ ၁ဝ၈၉၅၂ ဂါလန် တင်သွင်းမှု ပိုမိုတင်သွင်းနိုင်ခဲ့ပြီး သဘာဝဓာတ်ငွေ့ရည် တင်သွင်းနိုင်ခြင်းတော့ မရှိပါဘူး။ မိမိဘက်မြေပြင်ပေါက်ဈေး ကတော့ ဒီဇယ်ဆီ ၁ ဂါလန် ၂၃၅၂ ကျပ်နဲ့ ဓာတ်ဆီ ၁ ဂါလန် ၂၃ဝဝ ဈေးပေါက် လျက်ရှိရာ ပုံမှန်အနေအထားမှာ ရှိနေသော်လည်း ပို့ကုန်သွင်းကုန် စီးဆင်းမှုများတဲ့ အတွက် ရောင်းအားသွက်လျက်ရှိနေတယ်လို့ တာချီလိတ် နယ်စပ်ကုန်သည် အသင်းမှ သတင်းရရှိပါတယ်။ MIRT (DOBT) လက်လီအရောင်းအဝယ်ဈေး ပြည်တွင်းစက်သုံးဆီ လက်လီအဝယ် တစ်ဂါလန်ဈေးကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်- နိုဝင်ဘာ ၂ဝ၁ဝ ဝယ်ဈေးဓာတ်ဆီ(ကျပ်) ဝယ်ဈေးဒီဇယ်(ကျပ်)ရက် ရန်ကုန် မန္တလေး ရန်ကုန် မန္တလေး၁၅ ၃၂ဝဝ ၃၃ဝဝ ၂၈ဝဝ ၂၉ဝဝ၁၆ ၃၂ဝဝ ၃၃ဝဝ ၂၈ဝဝ ၂၉ဝဝ၁၇ ၃၃ဝဝ ၃၃ဝဝ ၂၈ဝဝ ၂၉ဝဝ၁၈ ၃၃ဝဝ ၃၃ဝဝ ၂၈ဝဝ ၂၉ဝဝ၁၉ ၃၃ဝဝ ၃၃ဝဝ ၂၈ဝဝ ၂၉ဝဝMIRT-DOT
ပဲစင်းငုံဈေး သိသိသာသာဆင်းလာ အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်များမှာ ပဲခွဲစက်များမှ အဝယ်မရှိတာကြောင့် ဈေးကွက်အများစုမှာ ပဲစင်းငုံဈေး သိသိသာသာ ကျဆင်းခဲ့ပါတယ်။ ဈေးကွက်တွေမှာ ပဲအလွယ်တကူရရှိနေ တာကြောင့်လည်း ဈေးကျဆင်းလာခြင်း ဖြစ်ပါတယ်။ အင်ဒရာပရာဒေ့ရှ်မှာ အောက်တိုဘာလ ၂၇ ရက်နေ့ စာရင်းအရ ပဲစင်းငုံ စိုက်ဟက်တာ ဝ ဒသမ ဝ၁၃ သိန်းသာရှိလို့ ယခင်နှစ်ကာလတူ စိုက်ဟက်တာ ဝ ဒသမ ၈ဝ သိန်းထက် သိသိသာသာ ကျဆင်း ခဲ့ပါတယ်။ ဒါပေမဲ့ ပဲစင်းငုံ အဓိကစိုက်ပျိုးတဲ့ ဒေသများမှာတော့ သီးနံှအခြေအနေ ကောင်းမွန်နေတယ်လို့ သိရပါတယ်။ ကာလတို အတွင်း ဈေးလျော့ကျဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံဈေးနှုန်းတွေကို ဇယား (၄)နဲ့ ဖော်ပြထားပါတယ် ဇယား-၄ ဒေါ်လာ/တန် ဈေးကွက် ၂၈ .၁ဝ .၁ဝ ၂၇ .၁ဝ .၁ဝ ၂၆ .၁ဝ .၁ဝ ၂၅ .၁ဝ .၁ဝမွန်ဘိုင်း(မြန်မာပဲစင်းငုံ) ၆၈၆-၆၉၇ ၇ဝ၂-၇ဝ၃ ၇ဝ၉-၇၁၅ ၇၂၄-၇၂၆ဒေလီ(မြန်မာပဲစင်းငုံ) ၇ဝ၈ ၇ဝ၈ ၇၃၁ ၇၃၃ချန်နိုင်း(မြန်မာပဲစင်းငုံ) ၆၉၇ ၆၉၆-၇ဝ၈ ၆၉၈ ၆၉၉Source: agriwatch.com , MIRT (Yangon)
်ပဲတီစိမ်း ဈေး ကျဆင်းလာ ယခုတစ်ပတ်အတွင်း ပဲတီစိမ်း လက်ကားဈေးကွက်တွေမှာ ဝင်ရောက်လာတဲ့ အရည်အသွေးကောင်း ပဲအသစ်များကို အဝယ်ပုံမှန်ရှိနေပေမဲ့ ရောင်းလိုအားများတာကြောင့် ပဲတီစိမ်းဈေး ကျဆင်း လာပါတယ်။ အထွက်ပိုမိုခြင်းကြောင့် ပဲဝင်ရောက်မှု တိုးတက်ကာ ရာဂျက်စသန်ကို ပဲဝင်ရောက်မှုဟာ တစ်နေ့ကို အိတ် ၃ဝဝဝဝ ခန့် ရှိတယ်လို့သိရပါတယ်။ ကာလတိုအတွင်း ဈေးကျဆင်းမယ်လို့ မျှော် မှန်းလျက် အရောင်းအဝယ် အေးနေတယ်လို့လည်း သိရပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်း ဈေး တွေကို ဇယား(၃)နဲ့ ဖော်ပြလိုက်ပါတယ် - ဇယား-၃ ဒေါ်လာ/တန်ဈေးကွက် ၂၈ .၁ဝ .၁ဝ ၂၇ .၁ဝ .၁ဝ ၂၆ .၁ဝ .၁ဝ ၂၅ .၁ဝ .၁ဝချန်နိုင်း ၁ဝ၁၁ ၁ဝ၃၃ ၁ဝ၃၅ ၁ဝ၄၈ဒေလီ ၉၈၉ ၉၈၈ ၉၉ဝ ၁ဝ၃၇-၁ဝ၆ဝအင်ဒိုရီ ၈၉၉ ၈၉၈ ၉ဝဝ ၁ဝ၁၄-၁ဝ၃၇
ဈေးကွက်အများစုမှာ ကုလားပဲဈေးကျ ယခုတစ်ပတ်အတွင်း အိန္ဒိယလက်ငင်း ဈေးကွက်အချို့မှာ ဈေးမြင့်ခဲ့သော်လည်း ဈေးကွက်အများစုမှာ ဈေးကျခဲ့ပါတယ်။ ပဲခွဲ စက်များမှ ဝယ်လိုအားနည်းခြင်းနဲ့ အဆက်မပြတ် ရောင်းချမှုများ ရှိခြင်းတို့ကြောင့် ဈေးကျလာတာဖြစ်ပါတယ်။ ဒါ့အပြင် ဆောင်း ရာသီ အထွက်မြင့်တတ်မယ့် အလားအလာကောင်းခြင်းကလည်း ဈေးနှုန်းကျဆင်းဖို့ ဖိအားဖြစ်စေပါတယ်။ အင်ဒရာပရာဒေ့ရှ်မှာ အောက်တိုဘာလ ၂၇ ရက်နေ့အထိ စာရင်းအရ ကုလားပဲစိုက်ပျိုးပြီး ဧရိယာဟာ ဟက်တာ ၂ ဒသမ ၂၃၁ သိန်းသာရှိလို့ ယခင်နှစ်ကာလတူစိုက်ဟက်တာ ၃ ဒသမ ၅၉ သိန်းထက် လျော့ကျခဲ့ပါတယ်။ ကာလတိုအတွင်း ဈေးနှုန်းလျော့ကျဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါ တယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူ လုံးကြီး ဈေးတွေကို ဇယား(၂)နဲ့ ဖော်ပြထားပါတယ် ဇယား-၂ ဒေါ်လာ/တန် ဈေးကွက် ၂၈ .၁ဝ .၁ဝ ၂၇ .၁ဝ .၁ဝ ၂၆ .၁ဝ .၁ဝ ၂၅ .၁ဝ .၁ဝမွန်ဘိုင်း ၅၆ဝ-၅၆၂ ၅၅၆-၅၅၇ ၅၅၆-၅၅၇ ၅၅၇-၅၅၉ဒေလီ ၅၂၈-၅၃၃ ၅၃၃ ၅၃၆-၅၄ဝ ၅၃၄-၅၄၁ကန်ပါ ၅၃ဝ-၅၃၂ ၅၃၂-၅၃၃ ၅၃၆ ၅၃၅