Main menu

Background

Monday, 29 Nov 2010

 နှစ်ကုန်သည့ ်တိုင်အောင် ရွှေဈေးဆက်လက်ဦးမော့ နိုင်            နိုဝင်ဘာလ ဒုတိယပတ်က တစ်အောင်စကို ၁၃၅ဝ ဒေါ်လာအထိ ကျဆင်း သွားတဲ့ ကမ္ဘာ့ရွှေဈေးနှုန်းက နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ပြန်လည်မြင့်မားလာရာ ဆိုးလ်မြို့စံတော်ချိန် နေ့ခင်း ၂ နာရီက ချက်ချင်းအရောက် ပို့ရွှေဈေးနှုန်းက သုည ဒသမ ၇ ရာခိုင်နှုန်းမြင့်မားပြီး တစ်အောင်စကို ၁၃၆၁ ဒသမ ၈ဝ ဒေါ်လာနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ နယူးယောက် ကုန်စည်ရောင်းဝယ်ရေး တွင် ဒီဇင်ဘာအရောက်ပို့ ရွှေဈေးနှုန်းက သုည ဒသမ ၆ ရာခိုင်နှုန်း မြင့်မားကာ တစ်အောင်စကို ၁၃၆၁ ဒေါ်လာနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။           အိုင်ယာလန်ပြဿနာကို ဖြေရှင်းမပြီးသေးသော်လည်း သဘောတူဆွေးနွေး ပြီးစီးမှုများက စိုးရိမ်ပူပန်မှုများကို သက်သာစေပြီး ယူရိုငွေတန်ဖိုး ပြန်လည်မြင့်မား လာပြီး ဒေါ်လာတန်ဖိုး ပြန်လည်ကျဆင်းသွားကြောင်း၊ ဒေါ်လာတန်ဖိုး ကျဆင်း သွားခြင်းက ရွှေတန်ဖိုးကို မြင့်မားလာစေကြောင်း၊ နှစ်ကုန်တဲ့အထိ ရွှေဈေး ဆက် လက်ဦးမော့နိုင်ကြောင်း ဆိုးလ်မြို့ရှိ ုKorea Exchange Bank Futures Co., မှ ဝါရင့်ကုန်သည်တစ်ဦးက ဆိုပါတယ်။                       Source:bloomberg.com,  ပပ 

Monday, 29 Nov 2010

 ဓာတ်ဆီအစားအောက်တိန်းဆီများကို ပိုမိုအသုံးပြုလာ         ယခုအခါတွင် မော်တော်ယာဉ်အများစုမှာ ဓာတ်ဆီထက် အရည် အသွေးပိုမြင့်သော အောက်တိန်းဆီများကို ပိုမိုအသုံးပြုလာကြောင်း သူရိယ စွမ်းအင် စက်သုံးဆီအရောင်းဆိုင်မှ မန်နေဂျာ ဦးသူရကပြောကြားသည်။          ''အခု ဓာတ်ဆီပြင်ပပေါက်ဈေးက အောက်တိန်းဆီဈေးနဲ့ သိပ်ပြီး ကွာခြားမှုမရှိတာကြောင့် အောက်တိန်းဆီကို ပြောင်းပြီးသုံးစွဲလာကြတယ်။ အောက်တိန်းဆီက ဓာတ်ဆီအသုံးပြုယာဉ်တွေမှာလည်း အစားထိုး အသုံး ပြုလို့ရတယ်။ ဆီစားနှုန်းလည်း သက်သာတဲ့အပြင် အင်ဂျင်ဆွဲအားလည်း ကောင်းတယ်။           အခုဆို အောက်တိန်းဆီက ရောင်းအားလည်း မြင့်တက်လာတယ်။ အရင်ရောင်းအားထက် နှစ်ဆကျော်လောက်ကိုတက် လာတယ်။ အရင် တစ်ရက်ကို ဂါလန်လေးငါးရာ ရောင်းရရင်၊ အခုဆို တစ်ရက်ကို ဂါလန် တစ်ထောင်ကျော်လောက်ရောင်းလာရတယ်''ဟု ၎င်းက ပြောကြားသည်။              အဆိုပါ အောက်တိန်းဆီများကို ပြောင်းလဲအသုံးပြုရာတွင် ဆီစား သက်သာ၍ အင်ဂျင်ပါဝါသက်သာသော်လည်း ကြာရှည်စွာ အသုံးပြုပြီး ပါက ဓာတ်ဆီကို ပြန်လည်အသုံးပြုမည်ဆိုပါက အင်ဂျင်ကို များစွာထိခိုက် စေနိုင်ကြောင်းနှင့် အောက်တိန်းဆီဈေးနှုန်းမှာလည်း ယခင်တစ်ဂါလန် ၃၁ဝဝ ကျပ်သာရှိရာမှ ယခုအခါတွင် တစ်ဂါလန် ၃၂ဝဝ ကျပ်အထိ မြင့် တက်လာကြောင်း သိရသည်။ မင်းသန့်

Monday, 29 Nov 2010

ရေကြောင်းမှ ဒီဇယ်အဝင်မရှိ           ဒီသီတင်းပတ်မှာ ရေကြောင်းလမ်းနဲ့ ဒီဇယ်ဆီ အသွင်းမရှိတာ တွေ့ရပါတယ်။ အောက်တိုဘာလအတွင်းက ဒီဇယ်ဆီရက်သတ္တပတ်ကို ပျမ်းမျှ တန်ချိန် နှစ်သောင်း သုံးထောင်ကျော်ဝင်ခဲ့ပြီး နိုဝင်ဘာလမှာတော့တစ်ပတ်ကိုပျမ်းမျှတန်ချိန် သုံးသောင်း ခန့် အဝင်ရှိခဲ့ပါတယ်။                                                                                           MIRT-DOT ယခုအပတ် ဓာတ်ဆီနဲ့ ဒီဇယ်ဆီ ထိုင်းနဲ့ တရုတ်နယ်စပ်မှသွင်း      ယခုအပတ်မှာ ဒီဇယ်ဆီကို ကန်ပိုက်တီးနယ်စပ်မှ ၅၃ဝ၂၅ ဂါလန်နဲ့ တာချီ လိတ်နယ်စပ်မှ ၁၅၅ဝ၆၈ ဂါလန် တင်သွင်းခဲ့တာတွေ့ရပြီး ဓာတ်ဆီကိုတော့ တာချီလိတ်နယ်စပ်မှ ၆၆၁ဝဝ ဂါလန် တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်နဲ့ နှိုင်းယှဉ်လျှင်ဒီဇယ်ဆီ ဂါလန် ၅၆ဝဝဝခန့်နဲ့ ဓာတ်ဆီ ဂါလန် ၉၁ဝဝ ကျော် တင်သွင်းမှုကျဆင်း ခဲ့ပါတယ်။        တာချီလိတ်နယ်စပ်မှာ ဓာတ်ဆီ ၁ ဂါလန်ကို ၂၃ဝဝ ကျပ်နဲ့ ဒီဇယ် ၁ ဂါလန်ကို ၂၃၅၂ ကျပ်ဈေးပေါက်လျက်ရှိပြီး တစ်ဖက်နိုင်ငံ ဈေး တွေက ၃ ဒေါ်လာ နီးပါးနဲ့ ၃ ဒေါ်လာကျော် ဈေးပေါက်လျက်ရှိတယ်လို့ သိရပါ တယ်။                                                                                                                              MIRT(DOBT)   လက်လီအရောင်းအဝယ်ဈေး              ပြည်တွင်းစက်သုံးဆီ လက်လီအဝယ် တစ်ဂါလန်ဈေးကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်-                                                                                                        နိုဝင်ဘာ ၂ဝ၁ဝ             ဝယ်ဈေးဓာတ်ဆီ(ကျပ်)     ဝယ်ဈေးဒီဇယ်(ကျပ်)ရက်       ရန်ကုန်      မန္တလေး          ရန်ကုန်      မန္တလေး၂၂         ၃၄ဝဝ       ၃၄ဝဝ            ၂၇ဝဝ          ၂၈ဝဝ၂၃         ၃၄ဝဝ       ၃၄ဝဝ            ၂၇ဝဝ         ၂၈ဝဝ၂၄         ၃၄ဝဝ       ၃၄ဝဝ            ၂၇ဝဝ         ၂၈ဝဝ၂၅         ၃၄ဝဝ       ၃၄ဝဝ           ၂၇ဝဝ          ၂၈ဝဝ၂၆         ၃၄ဝဝ       ၃၄ဝဝ           ၂၇ဝဝ         ၂၈ဝဝMIRT-DOT

Thursday, 25 Nov 2010

တက်ဈေးမှာရှိနေတဲ့ ပြည်သကြားဈေးကွက်         ကမ္ဘာ့ဈေးကွက်တွင် သကြားဈေးနှုန်းများ မြင့်တက်နေတဲ့ အချိန် ဖြစ်ပါတယ်။ သကြားဈေးတက်လာတဲ့အတွက် ကြံစိုက်တောင်သူများ ကြံ ပေါ်ချိန်မှာတက်ဈေး မျှော်မှန်းနေကြောင်း သိရပါတယ်။ ယခင်နှစ်ကကြံ တစ်တန်ကို ၁၃၅ဝဝ ကျပ်ဈေးသာ ရှိခဲ့ပြီး ယခုနှစ်တွင် ကြံတစ်တန်ကို ၁၈ဝဝဝ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းတွင် ပေါက်ခေါင်းမြိုု့နယ်မှ ကြံ အများဆုံး စိုက်ပျိုးကြပါတယ်။ ထွက်ရှိလာတဲ့ ကြံများကို အင်းငါးခွသကြားစက်နဲ့ နဝဒေး (မြရွာ) သကြားစက်တို့မှ ဝယ်ယူကြောင်းသိရပါတယ်။ ပြည်ဈေးကွက် အနေဖြင့် သြဂုတ်လမှစလို့ သကြားတစ်ပိဿ ၁၂ဝဝ ကျပ်၊ စက်တင်ဘာလတွင် ၁၆ဝဝ ကျပ်ဈေးရှိပြီး ယခုအောက်တိုဘာလ တတိယပတ်တွင် ၁၈ဝဝ ကျပ်ဈေးထိ ဈေးမြင့်လာခဲ့ကြောင်း သိရပါတယ်။ စိုးစိုးနိုင် 

Thursday, 25 Nov 2010

ပြောင်းလှိုင်လှိုင်ထွက် တင်ပို့မှုအားကောင်း                 အောက်တိုဘာလ ၂ဝ ရက်မှ ၂၆ ရက်ထိကာလအတွင်းမြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်၊ လွယ်ဂျယ်နဲ့ကန်ပိုက်တီးနယ်စပ် ကုန်သွယ်ရေး စခန်းများမှ ပြောင်းဖူးစေ့ တန် ၁၂၄၇၂ တန်ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃ ဒသမ ၁၂ဝ၄ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်နဲ့နှိုင်းယှဉ် လျှင် လွယ်ဂျယ်နဲ့ကန်ပိုက်တီးနယ်စပ်စခန်းများမှ တင်ပို့မှုဟာ ၁၄၈ တန်လျော့နည်း ခဲ့သော်လည်း မူဆယ်မှတင်ပို့မှုမှာ တန်ချိန် ၂ဝဝဝ နီးပါး ပိုမိုတင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ပြောင်းလှိုင်လှိုင်ထွက်နေပြီဖြစ်လို့ ပြောင်းဈေးဟာ ယခင်အပတ်က ထက် ၃ ဒေါ်လာခန့်ကျဆင်းသွားပေမဲ့လည်း သိုလှောင်ထားခြင်းမပြုဘဲ တစ်ဘက် နိုင်ငံသို့ တင်ပို့နေတဲ့အတွက် ပြောင်းတင်ပို့မှု ပမာဏသိသိသာသာ ပိုမိုလာတာ ဖြစ်ပါ တယ်။ မိမိဘက်နဲ့တစ်ဘက်နိုင်ငံ ပြောင်းဈေးများကို နှိုင်းယှဉ်ဖော်ပြပေး လိုက်ပါတယ် -                                              မိမိဘက်(ကျပ်/တန်)                    တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                         ယခု         ယခင်      ပြောင်းလဲမှု  %      ယခု       ယခင်    ပြောင်းလဲမှု     %ပြောင်းဖူးစေ့     ၂၃၉၇ဝ၆    ၂၂၉၇၂၂      ၉၉၈၄       ၄     ၂၆၅        ၂၆၈            ၃                 ၁နံှစားပြောင်း     ၃၁၅၆၅၉     ၃ဝ၅၇၄၄     ၉၉၁၅       ၃     ၃၃၄       ၃၃၃              ၁                ဝ .၃MIRT (DOBT)

Thursday, 25 Nov 2010

ပြောင်းတင်ပို့မှု တိုးတက်                အောက်တိုဘာ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်း ပင်လယ်ရေ ကြောင်းမှ ပြောင်းတန်ချိန် ၁၆၃၄ တန်၊ တန်ဖိုးကန်ဒေါ်လာ ဝ ဒသမ ၄၁ဝ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ၁ဝ၅၄ တန် တင်ပို့ခဲ့တာကြောင့် ယခုအပတ်မှာ တန်ချိန် ၅၈ဝ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ အောက်တိုဘာလအတွင်း ပြောင်း တင်ပို့မှုဟာ တစ်ပတ်ထက်တစ်ပတ် ပိုမိုတိုးတက်တင်ပို့နိုင်တာလဲတွေ့ရပါ တယ်။ ယခုအပတ်မှာ တရုတ်ကို ၁၉၂ တန်နဲ့ စင်္ကာပူကို ၁၄၄၂ တန် တင်ပို့ခဲ့တာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။ KZW 

Thursday, 25 Nov 2010

 ဗီယက်နမ်ရော်ဘာ တင်ပို့မှု အခြေအနေကောင်း          ဗီယက်နမ်နိုင်ငံရဲ့ ရော်ဘာတင်ပို့မှုဟာ ယခုနှစ်မှာ ၂ဝဝ၉ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် တန်ချိန် ၂ ဒသမ ၃ ရာခိုင်နှုန်းနဲ့ တန်ဖိုး ၉၂ ဒသမ ၄ ရာခိုင်နှုန်းတိုးတက်ပြီး အခြေအနေကောင်းတဲ့ အနေအထားမှာရှိကြောင်း သိရပါတယ်။ တရုတ်က သွင်းကုန် တင်သွင်းဖို့အတွက် ရောင်းလိုအားတွေကို ဈေးကွက်တွင်းမှာရှာဖွေနေသလို တစ်ချိန် တည်းမှာပဲ မလေးရှား၊ တောင်ကိုရီးယား၊ တရုတ်(တိုင်ပေ)နဲ့ အိန္ဒိယတို့နဲ့လည်း ရော်ဘာတင်သွင်းမှုအတွက် ဈေးကွက်များရှာဖွေနေပါတယ်။ ရော်ဘာ ထုတ်လုပ်တဲ့ နိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ဗီယက်နမ်တို့ရဲ့ အထွက်နှုန်းကလည်း ရာသီဥတု မကောင်းတာကြောင့် ကျဆင်းနေပြီး ရော်ဘာဈေးနှုန်းကလည်း အဆက်မပြတ် တက်နေတယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံ ဟာ ဗီယက်နမ်နိုင်ငံရဲ့ ရော်ဘာအများဆုံး တင်သွင်းတဲ့နိုင်ငံဖြစ်ပြီး တရုတ် နိုင်ငံဈေးကွက်ဝေစု ၆ဝ ရာခိုင်နှုန်းလောက် နေရာယူထားပါတယ်။ တရုတ်နိုင်ငံရဲ့ နယ်စပ်ကုန်သွယ်ရေးနဲ့ ပို့ကုန်မူဝါဒတွေက ရော်ဘာရောင်းချခြင်းကို ကန့်သတ်ထား ကြောင်း သိရပါတယ်။ ဇူလိုင်လမှာ ဗီယက်နမ်ရဲ့ ရော်ဘာပို့ကုန်တန်ချိန် (၈၅ဝဝဝ) ရှိပြီး တန်ဖိုး ဒေါ်လာ (၂၃၇) သန်းရှိကာ ပမာဏ ၄၆ ဒသမ ၇ ရာခိုင်နှုန်းနဲ့ တန်ဖိုး ၄၄ ဒသမ ၅ ရာခိုင်နှုန်းဇွန်လကထက် ပိုမိုခဲ့ကြောင်း သိရပါတယ်။ ယခုနှစ် ပထမ (၇) လမှာ ရော်ဘာ ပို့ကုန်တန်ချိန် (၃၂၄ဝဝဝ) တန်ရှိပြီး တန်ဖိုးဒေါ်လာ (၈၉၃) သန်းရှိကြောင်း စက်မှုနဲ့စီးပွားကူးသန်း ဝန်ကြီးဌာနရဲ့ စာရင်းများအရ သိရပါတယ်။ ယခင်နှစ်အလားတူကာလထက် အရေအတွက်က ၃ ဒသမ ၄ ရာခိုင်နှုန်းတိုးခဲ့ပေမဲ့ တန်ဖိုးအနေနဲ့ ၈၅ ရာခိုင်နှုန်းတိုးခဲ့ကြောင်း သိရပါတယ်။ ယခုနှစ်မှာ ရော်ဘာကုန်ကြမ်းတွေ တင်ပို့တာကို အဓိကထား ဆောင်ရွက်မယ်လို့ ဗီယက်နမ်ရော်ဘာအသင်းကလျာထားပါတယ်။ ဗီယက်နမ်ကနေ တရုတ်ကို နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတစ်လျှောက် တင်ပို့မှုက စုစုပေါင်းရော်ဘာပို့ကုန်ရဲ့၈ဝ ရာခိုင်နှုန်း ရှိပေမယ့် တရုတ်နိုင်ငံရဲ့နယ်စပ်ကုန်သွယ်ရေး မူဝါဒတွေက အဟန့်အတားဖြစ်စေကြောင်း ဗီယက်နမ်ရော်ဘာ အသင်းရဲ့ အထွေထွေအတွင်းရေးမှူးက ပြောကြားခဲ့ပါတယ်။ တရုတ်ရဲ့နယ်စပ်ကုန်သွယ်ရေး မူဝါဒများက မခန့်မှန်းနိုင်တဲ့ အပြောင်းအလဲများရှိတာကြောင့် ဗီယက်နမ်ရော်ဘာအသင်းက စီးပွားရေးလုပ်ငန်းများကိုကုန်ပစ္စည်း အရည် အသွေးမြှင့်တင်ရန်နဲ့ တရုတ်ကိုတင်ပို့တဲ့ရော်ဘာခွဲတမ်းများ တိုးမြှင့်နိုင်ရန် အကြံပေးခဲ့ပြီးတရုတ်ကဲ့သို့ ဥရောပ၊ အမေရိက၊ အခြားအာရှနိုင်ငံများသို့ ဈေးကွက်ခဲျ့ထွင်တင်ပို့နိုင်ဖို့ တွန်းအားပေးခဲ့ကြောင်း သိရပါတယ်။ ဗီယက်နမ်ထံက ရော်ဘာ ဝယ်ယူလိုတဲ့ နိုင်ငံများကတော့ မလေးရှား၊ တရုတ်(တိုင်ပေ) ကိုရီးယား၊ ဂျာမနီ၊ အမေရိကန်၊ ရုရှားနဲ့ အိန္ဒိယတို့ပဲဖြစ်ပါတယ်။ တဖက်ကလည်း ဗီယက်နမ်ရော်ဘာအသင်းက တရုတ်မှာရှိတဲ့ ဗီယက်နမ် ကုန်သွယ်ရေးရုံးကို တရုတ်ရဲ့ နယ်စပ်ကုန်သွယ်ရေး မူဝါဒများကို စီးပွားရေးလုပ်ငန်းများက အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်နိုင်ဖို့ အတွက် နည်းလမ်းရှာ ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ကြောင်း သတင်းရရှိပါတယ်။ Source : bussiness news ,KZW

Thursday, 25 Nov 2010

ရော်ဘာဈေး ၁ တန် ယွမ် ၃ဝဝဝဝ ကျော်ထိ ရောက်ရှိမည်       ရှန်ဟိုင်းရဲ့ရော်ဘာဈေးနှုန်း အလားအလာကတော့ တစ်တန်ကို ယွမ် ၃ဝဝဝဝ (၄၅၄၅ ဒေါ်လာ) အထိရောက်ရှိ နိုင်ကြောင်း တရုတ်နေ့စဉ်သတင်းစာရဲ့ အစီရင်ခံစာမှာ ဖော်ပြထားကြောင်း သိရပါတယ်။ တာယာထုတ်လုပ်မှု ကုန်ကျစရိတ် အားလုံးရဲ့ ၅ဝ ရာခိုင်နှုန်းက ရော်ဘာဝယ်ယူစရိတ်ဖြစ်နေပါတယ်။ ယူနန်မှာ မိုးခေါင်မှုနဲ့ ဟိုင်နန်မှာမိုးကြီးတာကြောင့် တရုတ်ရဲ့ အဓိကရော်ဘာစိုက်ပျိုးတဲ့ ဒေသနှစ်ခုကိုထိခိုက်ခဲ့ပြီး ပြည်တွင်းရော်ဘာ ထုတ်လုပ်မှုလျော့ကျကာ တရုတ်ရဲ့ ဝယ်လိုအားက တဖြည်းဖြည်းမြင့်တက်လာကြောင်း အမည် မဖော်လိုတဲ့ သုတေသီတစ်ဦးကပြောကြားပါတယ်။ မော်တော်ယာဉ် ထုတ်လုပ်မှုနဲ့ ရောင်းချမှုပမာဏက ၃၆ ဒသမ ၁ဝ ရာခိုင်နှုန်းနဲ့ ၃၅ ဒသမ ၉၇ ရာခိုင်နှုန်းကို တိုးတက်လာပြီး ၂ဝ၁ဝ ရဲ့ ပထမ ၃ လပတ်မှာ အစီးရေ ၁၃ ဒသမ ၈ သန်းထုတ်လုပ်ပြီး ၁၃ ဒသမ ၁၄ သန်းရောင်းချခဲ့ကြောင်း တရုတ်မော်တော်ယာဉ် ထုတ်လုပ်ရေး အသင်းရဲ့ စာရင်းများအရ သိရပါတယ်။ ဒါ့အပြင် စက်မှုနဲ့သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက ရော်ဘာဈေးနှုန်း တစ်ရှိန်ထိုး တက်လာတာကြောင့် တာယာထုတ်လုပ်ရေး မူဝါဒအသစ်ကို ကြေညာခဲ့ပါတယ်။ ှSource: capital vae ,KZW

Thursday, 25 Nov 2010

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရာဘာစိုက်ဧက တိုးခဲျ့ စိုက်ပျိုးလျက်ရှိ         ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ လယ်ယာထွက်ကုန်သီးနံှ၊ ရေထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ လက်မှု လုပ်ငန်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ ဒေသထွက်ကုန် အမယ်မိုျးစုံက နှစ်စဉ်ပြည်ပဝင်ငွေရှာဖွေတဲ့ အပြင် နှစ်ရှည်သီးနံှ ရာဘာစိုက်ခင်းများမှလည်း ပြည်ပသို့ ရာဘာပိုမိုတင်ပို့နိုင်အောင် စိုက်ဧကများ တိုးခဲျ့ စိုက်ပျိုးလျက်ရှိပါတယ်။ ရာဘာအများဆုံးစိုက်ပျိုးလျက်ရှိတဲ့ ပုသိမ်ခရိုင်မှာ ယခင်စိုက်ဧက ၁ဝ၁၄၈ မှ ယခု ၁၃၄၈ဝ ဧက၊ မြောင်းမြခရိုင် စိုက်ဧက ၄၈၄၁ မှ ၅ဝဝဝ ဧက၊ လပွတ္တာခရိုင်စိုက်ဧက ၇၇ဝ မှ ၁၂၇ဝ ဧက၊ ဟင်္သာတခရိုင် စိုက်ဧက ၃၂၉ဝ ၊ ဧရာဝတီတိုင်း ဒေသကြီးအတွင်း ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ်မှာ စုစုပေါင်း ရာဘာစိုက်ဧက ၁၉ဝ၅ဝ သာ စိုက်ပျိုးနိုင်ခဲ့သော်လည်း ၂ဝ၁ဝ- ၂ဝ၁၁ ဘဏ္ဍာနှစ်တွင် စိုက်ဧက ၂၃ဝ၅ဝ ထိ တိုးခဲျ့စိုက်ပျိုးလျက်ရှိကြောင်း သိရပါတယ်။ မင်းမင်းဦး

Thursday, 25 Nov 2010

တရုတ်မှ ရော်ဘာကုန်ကြမ်းဝယ်လိုအား မြင့်တက်       ရော်ဘာဈေးနှုန်းများ သိသိသာသာကြီး ပြောင်းလဲမှုမရှိဘဲတည်ငြိမ်လျက်ရှိပါတယ်။ တစ်ဖက်တရုတ်နိုင်ငံ မှာ ရော်ဘာ ကုန်ကြမ်းဝယ်လိုအား မြင့်မားလျက်ရှိတဲ့အတွက် တင်ပို့မှုမြင့်တက်ဖွယ်ရှိတယ်လို့ ရော်ဘာတင်ပို့သူ အများစုက သုံးသပ် လျက်ရှိပါတယ်။ အောက်တိုဘာလ ၂ဝ ရက်မှ ၂၆ ရက်ထိကာလအတွင်း မြန်မာတရုတ်နယ်စပ် စခန်းများဖြစ်တဲ့ မူဆယ်နဲ့ ချင်းရွှေဟော်တို့မှ ရော်ဘာဖြတ်စအပါအဝင် ရော်ဘာအဆင့်စုံ ၈၈၅ တန်ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂ ဒသမ  ၆၉၄ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ရော်ဘာ ၇၄၈ ဒသမ ၄၅ တန်တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ ၁၃၇ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ အဆင့်လိုက်ရော်ဘာ တင်ပို့နိုင်မှုများကတော့ မူဆယ်နယ်စပ်မှ RSS (1) ၉၇တန် ၊ RSS (3) ၃၆၁ တန်ကျောRSS (5) တန် ၆ဝ၊ MSR (20) ၇၇တန် ၊ MSR (50) ၉၅တန်နဲ့ဖြတ်စ ၂၅ တန်၊ ချင်းရွှေဟော်မှ RSS (3)တန် ၁၇ဝ အသီးသီးဖြစ်ပါတယ်။ ယခင်အပတ်ရော်ဘာဈေးများနဲ့ယခုအပတ် ရော်ဘာပေါက်ဈေးများကိုနှိုင်းယှဉ် ဖော်ပြ ပေးလိုက်ပါတယ် -                                          မိမိဘက်(ကျပ်/တန်)                                တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                     ယခု            ယခင်        ပြောင်းလဲမှု      %       ယခု       ယခင်    ပြောင်းလဲမှု        %RSS(3)      ၃၃ဝ၇၃၁ဝ     ၃၂၆၂၂၃၆     ၄၅ဝ၇၄         ၁        ၃၅၈၂     ၃၅၇၆           ၆          ဝ .၂RSS(5)      ၃၁၅၅၆၉ဝ      ၃၁၁၁၆၃ဝ     ၄၄ဝ၆ဝ     ၁ .၄      ၃၄၃၁      ၃၄၂၅           ၆          ဝ .၂MIRT (DOBT)

Pages