Background
ဈေးကွက်လိုအပ်ချက်ကြောင့် ပဲတီစိမ်း အရောင်းတက် မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှတဆင့် တစ်ဖက်တရုတ်နိုင်ငံသို့ ပဲတီစိမ်းတင်ပို့မှု ဟာ ပြီးခဲ့တဲ့ အပတ်ကထက် တန်ချိန် ၁၃၁၄ တန်ပိုမိုတင်ပို့နိုင်ခဲ့တဲ့အပြင် ယခင်အပတ်က တင်ပို့နိုင်ခဲ့ခြင်းမရှိတဲ့ ပဲတီစိမ်းလုံးခြမ်း ကို ယခုအပတ်မှာတင်ပို့နိုင်ခဲ့ပါတယ်။အောက်တိုဘာလ ၂ဝ ရက်မှ ၂၆ ရက်ထိ ကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ပဲတီစိမ်း ၃၃၇၁ ဒသမ ၆ဝ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃ ဒသမ ၁၅၈ သန်း၊ ပဲတီစိမ်း အခြမ်း ၂၂၆ ဒသမ ၄၃၈ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၂၇၁ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ပဲတီစိမ်း ဈေးဟာတစ်ဖက်နိုင်ငံမှာ တစ်တန်လျှင် ယွမ် ၈၁၁၃ (၁၂၂ဝ ဒေါ်လာ) ထိမြင့်တက်လာတဲ့အတွက် ယခင်အပတ်ကထက် ဒေါ်လာ ၁၂ဝ နဲ့ ၁၃ဝကြား မြင့်တက်လျက်ရှိတာ တွေ့ရပါတယ်။ ဒါ့အပြင် တရုတ်ဘက်မှာကျရောက်တဲ့ ဆိုးရွားတဲ့ ရာသီဥတုဒဏ်များကြောင့် ပဲဈေးကွက် လိုအပ်ချက်ရှိနေတဲ့အတွက် ယခင် အပတ်ကထက်အရောင်းအဝယ် ပိုမိုဖြစ်လျက် ရှိတယ်လို့ သိရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု ရာခိုင်နှုန်း ယခု ယခင် ပြောင်းလဲမှု ရာခိုင်နှုန်းပဲတီစိမ်း ၁ဝ၆၁၇၇၃ ၉၄၂၄၁၃ ၁၁၉၃၆ဝ ၁၁ ၁၂၁၆ ၁ဝ၇၉ ၁၃၇ ၁၁ MIRT (DOBT)
အောက်တိုဘာ အိန္ဒိယပဲတီစိမ်းဈေး အပြောင်းအလဲနည်း အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပဲတီစိမ်းဈေးက အောက်တိုဘာလဆန်းမှ လကုန်ပိုင်းအထိ အပြောင်းအလဲ နည်းတာတွေ့ရပါတယ်။ လဆန်းပိုင်းက အိန္ဒိအချို့ဒေသတွေမှာ မိုးရွာသွန်းနေလို့ ပဲအသစ်အချို့ အရည်အသွေးပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ဈေးကွက်တွေကို ဝင်ရောက်လာတဲ့ အရည်အသွေးကောင်းပဲတွေကို အဝယ်ပုံမှန်ရှိနေခြင်းက ပဲတီစိမ်းဈေးကို အပြောင်းအလဲနည်းစေခဲ့ပါတယ်။ လက်ရှိဈေးကွက်တစ်ခိုျ့ကို ပဲအသစ်ဝင်ရောက်မှု တိုးတက်လာသလို ပြည်ပမှ တင်သွင်းပဲများ လည်း ရောက်လာမှာဖြစ်လို့ ကာလတိုအတွင်းတော့ ရောင်းအားများပြီး ဈေးအေးနိုင်တယ်လို့ ခန့်မှန်းကြ ပါတယ်။ လဆန်းပိုင်းနဲ့ လကုန်ပိုင်းပဲတီစိမ်းဈေးများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် မွန်ဘိုင်းဈေးကွက် မွန်ဘိုင်း(C&F)၂၈-၁ဝ-၁ဝ ၁ဝ၁၁ ၉၃၅၁-၁ဝ-၁ဝ ၁ဝဝ၇ ၉၆၅ MIRT(MAPT)
ပါကစ္စတန်နဲ့ အိန္ဒိယကိုတင်ဖို့ အဝယ်အချို့ရှိလို့ ပဲတီစိမ်းတန် ၂၄ဝဝ ခန့်တင် ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပါကစ္စတန်နဲ့ အိန္ဒိယကိုတင်ပို့ဖို့ ပြည်ပ ဝယ်လက်အဝယ်အချို့ ရှိတာကြောင့် ယခု တစ်ပတ် (အောက်တိုဘာ ၂၁ ရက်မှ ၂၇ ရက်)အတွင်းမှာလည်း တန်ချိန် ၂၄ဝဝ ခန့် တင်ပို့မှုရှိခဲ့ပါတယ်။ အသစ် ထွက်နေတဲ့ မကွေး၊ ပခုက္ကူဘက်က ပဲတီစိမ်းများဟာ ရန်ကုန်ဈေးကွက်ကို အဝင်နည်းပြီး မန္တလေးဘက်ကို အတက်များနေပြီး တရုတ်ဘက်ကို သွားနေတယ်လို့ သိရပါတယ်။ လတ်တလောအိန္ဒိယ ဈေးကွက်တွေမှာလည်း ပဲတီစိမ်းအသစ်တွေ ပေါ်နေတာ ဖြစ်လို့ ကာလတို အတွင်းမှာတော့ ပြည်ပအတင်က လက်ရှိပမာဏဝန်းကျင်မှာပဲ တင်ပို့နေရအုံးမယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ ရန်ကုန် FOB ဈေးမှာ ယခင်တစ်ပတ်ဈေးအတိုင်း ပြောင်းလဲမှုမရှိဘဲ ပဲတီစိမ်း(အညာ) တစ်တန်ကို ကန်ဒေါ်လာ ၉၃ဝ-၉၄ဝ၊ ပခုက္ကူတစ်တန်ကို ကန်ဒေါ်လာ ၁၂ဝဝ-၁၂၂ဝ ဖြစ်ကြောင်း သိရပါတယ်။ MIRT- MAPT
ပဲအထွက်မြင့်တက်တဲ့တိုင် အိန္ဒိယပဲတင်သွင်းမှု ဆက်လက် မြင့်တက်နေအုံးမယ်လို့ ကုန်သည်များကဆို ယခုနှစ် အိန္ဒိယရဲ့ ပဲထုတ်လုပ်မှု မြင့်တက်မယ်လို့ ခန့်မှန်းထား တဲ့တိုင် ပြည်တွင်းဝယ်လိုအား မြင့်တက်နေဆဲမို့ ပြည်ပက တင်သွင်းမှု ကျဆင်းနိုင်မှာ မဟုတ်ဘူးလို့ ကုန်သည်များက ဆိုပါတယ်။ ကမ္ဘာမှာ စားသုံးမှု အများဆုံး အိန္ဒိယဟာ နှစ်စဉ်ပဲတန်ချိန် ၃ သန်း- ၄ သန်းခန့် တင်သွင်းနေရပါ တယ်။ ထုတ်လုပ်မှုအနေနဲ့ လွန်ခဲ့တဲ့နှစ် အနည်းငယ်အတွင်း တန်ချိန် ၁၃ သန်း- ၁၄ သန်းမှာ တန့်နေပြီး ဝယ်လို အားကတော့ တန်ချိန် ၁၈ သန်း- ၁၉ သန်းနီးပါး ဖြစ်နေပါတယ်။ ပြည်တွင်းထုတ်လုပ်မှု မြင့် တက်လာပါတယ်။ ဒါပေမဲ့ ဝယ်လိုအားတိုးတက်မှုနှုန်း မြန်ဆန်နေတဲ့အတွက် တစ်နိုင်ငံလုံး ဝယ်လိုအားကိုတော့ ဖြည့် ဆည်းနိုင်မှာမဟုတ်လို့ ပြည်ပက တင်သွင်းဖို့သာ ရှိပါတော့တယ်လို့ ပဲမျိုးစုံတင်သွင်းသူများအသင်း ဥက္ကဌ ကေစီ ဘာတီယာက ပြောကြားကြောင်း သိရ ပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ် အတွင်း ပဲမျိုးစုံတင်သွင်းမှုက မနှစ်က ပမာဏလိုပဲ တန်ချိန် ၃ ဒသမ ၅ သန်း ခန့်ရှိနေအုံးမှာပါ။ ဒေါ်လာတန်ဖိုး လျော့ကျခြင်းကလည်း ပဲတင်သွင်းမှု မကျအောင် အထောက်အပံ့ ဖြစ်စေပါ တယ်လို့ ဆိုပါတယ်။ အစိုးရရဲ့ ခန့်မှန်းချက်အရ ဇွန်လမှ စက်တင်ဘာလအတွင်း မိုးရာ သီ ပဲမျိုးစုံ ထုတ်လုပ်မှုကို ယခင်နှစ်က တန်ချိန် ၄ ဒသမ ၃ သန်းထက်ပိုပြီး တန်ချိန် ၆ သန်းရှိမယ်လို့ ခန့်မှန်းထား ပေမဲ့ ထုတ်လုပ်သူတွေခန့်မှန်းတာတော့ တန်ချိန် တစ်သန်းခန့်သာ မနှစ်ကထက် မြင့်တက်နိုင်တယ်လို့ ဆိုပါတယ်။ ပြည် တွင်းတိုးမြှင့်ရောင်းချနိုင်ဖို့ အစိုးရက ပြည်ပမှ တင်သွင်းမှုကိုလည်း အားပေး လျက်ရှိရာ ဆိပ်ကမ်းအရောက် တန်ဖိုး နဲ့ အာမခံကြေး ကုန်ကျစရိတ်ရဲ့ ၁ ဒသမ ၂ ရာခိုင်နှုန်း ဝန်ဆောင်မှုစရိတ်နဲ့ အများပြည်သူဖြန့်ဝေရေး (PSUs ) နဲ့ ဖြန့်ဖြူးရာမှာ ဆုံးရှုံးမှုအတွက် ၁၅ ရာခိုင်နှုန်း ထောက်ပံ့မှုများ ဆောင်ရွက် ပေးလျက် ရှိပါတယ်။ ယခင် ၂ဝဝ၉ - ၂ဝ၁ဝ အတွင်း တောင်သူများ ဈေးအမြင့်ရရှိခဲ့ တာကြောင့် ပဲမိုျးစုံစိုက်ဧရိယာ တိုး တက်ခဲ့တဲ့အပြင် အစိုးရမှ ပြည်တွင်းပဲ တန်ချိန် ၄ သန်းခန့် လုံလောက်မှုကို ဖြည့်ဆည်းနိုင်ဖို့ တောင်သူများကို အားပေးတဲ့အနေနဲ့ ထောက်ပံ့ ဈေးနှုန်း ကို သိသိသာသာ တိုးမြှင့်ပေးခဲ့တာ ဖြစ် ပါတယ်။ ယမင်းခင်၊ Sources: P T I
လက်ရှိဘဏ္ဍာနှစ်အတွင်း ပဲတန်ချိန် ၄ သိန်းကျော်တင်သွင်းဖို့ အိန္ဒိယစာချုပ်ပြီး အိန္ဒိယနိုင်ငံပိုင် အေဂျင်စီများဖြစ်တဲ့ PEC ၊ MMTC ၊ STC နဲ့ NCCF ကုမ္ပဏီများဟာ ယခု ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်အတွင်း ပြည်ပမှ ပဲမျိုးစုံတန်ချိန် ၄ ဒသမ ၈၄ သိန်းတင်သွင်းဖို့ စာချုပ်ချုပ်ပြီးဖြစ်ကြောင်း သိရပါတယ်။ ယင်းပမာဏထဲက တန်ချိန် ၃ ဒသမ ၁၉ သိန်းမှာ ပြည်တွင်းကို ရောက်ရှိပြီး တန်ချိန် ၁ ဒသမ ၆၈ သိန်းကို အောက်တိုဘာလ ၂၅ ရက်နေ့အတွင်း အေဂျင်စီများရဲ့ သိုလှောင်ရုံများမှာ ထားသိုပြီးဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင်အောက်တိုဘာ ၂၅ ရက်နေ့အထိ ကာလအတွင်း ပဲတန်ချိန် ၁ ဒသမ ၅၆ သိန်းကို အင်ဒရာပရာဒေ့ရှ်၊ တမီလ်နာဒူး၊ ရာဂျက်စသန်၊ မဟာရပ်ရှတရာ၊ ကီရာလာ၊ အတ္တရာပရာဒေ့ရှ်၊ ဟာရာနာ၊ ဟီမာချယ်ပရာဒေ့ရှ်နဲ့ ပန်ဂျပ် ပြည်နယ်များမှ ပြည်သူ့ရိက္ခာ ဖြန့်ဖြူးရေးဌာနများကို ပို့ဆောင်ပြီးဖြစ်တယ်လို့ သိရပါတယ်။ ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ် ပြည်ပမှ တင်သွင်းပဲ တန်ချိန် ၂ ဒသမ ၅ သိန်းကို ယင်းပြည်နယ်များရှိ အစိုးရပိုင် ရိက္ခာဖြန့်ဖြူးရေးဌာနများမှ တစ်ဆင့် အများပြည်သူများကို ရောင်းချပေးခဲ့ကြောင်း သိရပါတယ်။ Sources: commoditycontrol
ဈေးဆက်ကျနေတဲ့ ဟင်္သာတမတ်ပဲ မတ်ပဲဈေးကတော့ ဟင်္သာတဈေးကွက်မှာ ဆက်ပြီးကျနေပါတယ်။ ယခင်တစ်ပတ်က ပိဿာ ၂ဝ မတ်ပဲတစ် တင်းကို ၂၆ဝဝဝ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်ခဲ့ပြီး၊ ယခုတစ်ပတ်မတ်ပဲဈေးမှာ ၂၃၆ဝဝ ကျပ်ကို ဈေးဆက်ကျ နေပါတယ်။ ပဲ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ မတ်ပဲဈေးကျဆင်းနေသော်လည်း ရန်ကုန် ဝယ် လက်မှာပုံမှန်ရှိနေပြီး၊နေ့စဉ်ဖြစ်ပေါ်နေတဲ့ဈေးများ နဲ့ ဘုရင့်နောင်ဈေးကွက်သို့ ပျမ်းမျှ တစ်တင်းခွဲဝင်အိတ် ၈ဝဝ ခန့် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ အေးအေးခိုင်
ဝယ်လိုအားရှိသော်လည်း ရောင်းသူနည်းတဲ့ ပြည်မတ်ပဲဈေးကွက် ပြည်မြို့ရဲ့ ပဲဈေးကွက်မှာ မတ်ပဲဈေးကတော့ အေးလျက်ရှိနေပါတယ်။ မတ်ပဲစိုက်ရာသီလည်း နီးလာပြီဖြစ်သလို အချို့ဒေသများတွင် စတင်စိုက်ပျိုးနေ ကြပြီဖြစ်ပါတယ်။ ယခင်တစ်ပတ်က မတ်ပဲတစ်တင်းကို ၂၅၅ဝဝ ကျပ်ဈေးရှိပြီး ယခုတစ်ပတ်မှာတော့ ၂၃၅ဝဝ ကျပ်ကိုဈေးလျော့သွားတာကို တွေ့ရပါတယ်။ မြို့ တွင်း ရောင်းဝယ်မှုအနေနဲ့ကတော့ ပဲဝယ်လိုအားရှိသော်လည်း ကြိုက် ဈေး မရတာကြောင့် ရောင်းသူမရှိသလောက် နည်းနေတယ်လို့ ပဲကုန်သည်တစ်ဦးက ပြောပါတယ်။ အောက်တိုဘာ နောက်ဆုံးပတ်ရဲ့ ပဲတင်ပို့မှုကတော့ ပြည်မှရန်ကုန်ကို မတ်ပဲတစ်တင်းခွဲအိတ် ၇၅ဝ သာ တင်ပို့ပြီး တိုင်းတွင်း အခြားမြို့နယ်များမှ မတ်ပဲ အိတ် ၃၆ဝဝ ခန့်သာ တင်ပို့နိုင်တယ်လို့ သိရပါတယ်။ မိမိအေး
အောက်တိုဘာလအတွင်း အိန္ဒိယမတ်ပဲဈေးတစ်တန်ကို ကန်ဒေါ်လာ ၁ဝဝ ကျော်ကျ အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ လက်ရှိဈေးကွက်တွေထဲ ဝင်လာနေတဲ့ မိုးပဲအထွက်က ၂၅-၃ဝ ရာခိုင်နှုန်းခန့် မြင့်တက်မယ့်မျှော်လင့်ချက် ရှိနေတဲ့အပြင် ဈေးကွက်တွေကို ပဲဝင်ရောက်မှုတိုးလာတဲ့အတွက် အောက်တိုဘာလ အတွင်း မတ်ပဲတစ်တန်ကို ကန်ဒေါ်လာ ၁ဝဝ ကျော်လျော့ကျခဲ့ပါတယ်။ ဒါ့အပြင် ဈေးထပ်မံကျဆင်းမယ့် ခန့်မှန်းချက်တွေကြောင့်လည်း အရောင်းအဝယ်အေး တယ် လို့သိရပါတယ်။ ဒါပေမဲ့ယခုသီတင်းပတ်မှာတော့အချို့ဈေးကွက်တွေကိုပဲဝင်ရောက် မှု နှေးကွေးလာတယ်လို့ သိရပါတယ်။ အောက်တိုဘာလအတွင်း ဖြစ်ပေါ်တဲ့ ဈေးကို နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် မွန်ဘိုင်းဈေးကွက် မွန်ဘိုင်း(C&F)၂၈-၁ဝ-၁ဝ ၈၈၈-၈၉၉ ၉၆ဝ-၁ဝ၆ဝ၁-၁ဝ-၁ဝ ၁ဝဝ၇-၁ဝ၃ဝ ၁ဝ၁ဝ-၁၁၁ဝ MIRT(MAPT)
ပုံမှန်ဝယ်ယူမှုရှိနေလို့ မတ်ပဲ ပမာဏနည်းပေမဲ့ ပုံမှန်အတင်ရှိ ပြည်ပဝယ်လက်များရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပမာဏ မများ ပေမဲ့ ပုံမှန်ဝယ်ယူမှုရှိနေလို့ ပင်လယ်ရေကြောင်းတင်ပို့မှု ပုံမှန်ရှိနေပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၈၅ဝဝ ခန့်တင်ပို့မှုရှိခဲ့သလို ယခုတစ်ပတ် (အောက်တိုဘာ ၂၁ ရက်မှ ၂၇ ရက်)အတွင်းမှာလည်း တန်ချိန် ၈၅ဝဝ ကျော်တင်ပို့မှုရှိခဲ့ပါတယ်။ ယခုသီတင်းပတ်အစပိုင်းကပို့ကုန်ဝင်ငွေဒေါ်လာ တစ်ယူနစ်တန်ဖိုး အနိမ့်ဆုံးကို ကျဆင်းခဲ့တဲ့ အချိန် မတ်ပဲ FAQ ၊ SQ ဈေးများ ကျဆင်းခဲ့ရာမှ ယခု ရက်ပိုင်း ဒေါ်လာတစ်ယူနစ်တန်ဖိုး ပြန်လည်မြင့်တက်လာလို့ မတ်ပဲဈေး ပြန်မာလာခဲ့ပါတယ်။ ရန်ကုန် FOB ဈေးမှာလည်း ယခင်တစ်ပတ် အောက်တိုဘာလ ၂၂ ရက်ဈေးအတိုင်း အောက်တိုဘာလ ၂၉ ရက်မှာလည်း မတ်ပဲ FAQ တစ်တန်ကို ကန်ဒေါ်လာ ၉၄ဝ-၉၅ဝ ၊ SQ တစ်တန်ကို ကန်ဒေါ်လာ ၁၁၁ဝ- ၁၁၂ဝ ဖြစ်ကြောင်း သိရပါတယ်။ MIRT- MAPT
မုံရွာပဲစင်းငုံဈေးကွက် ကျဈေးနဲ့ အရောင်းသွက် မုံရွာကုန်စည်ဒိုင် အောက်တိုဘာစတုတ္ထပတ်မှာ ပဲစင်းငုံနီဈေးဟာ တစ်တင်း ၁၆၅ဝဝ ကျပ်ထိ အနိမ့်ဆုံး ကျဈေးဖြစ်ပေါ် ခဲ့ပါတယ်။ ဒီတစ်ပတ်ထဲမှာ မန္တလေးအဝယ်အနည်းငယ်ရှိခဲ့ပြီး ကုန်သည်အချင်းချင်း လဆိုင်းနဲ့ အရောင်းအဝယ် အသင့်အတင့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံလုံးကြီးဖြူကြားကတော့ ဈေးကွက် တင် ရောင်းချမှုမရှိပေမဲ့ ပစ္စည်းလက်ဝယ်ရှိသူထံက ကြာဇံစက်သမားတွေ တစ်တင်း ၁၅ဝဝဝ ကျပ်မှ ၁၅၂ဝဝ ကျပ် ဈေးများနဲ့ ဝယ်ယူမှုရှိခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ကြားသိရပါ တယ်။ ပဲဈေးချိုသာခြင်း၊ ရာသီအေးချိန်မှာ အသုံးတည့်ခြင်းတို့ကြောင့် ပဲစင်းငုံလုံးကြီးကို စက်သမားတွေ ဝယ်ယူနေခြင်း ဖြစ်တယ်လို့ သိရပါတယ်။ မုံရွာကုန်စည်ဒိုင် ပဲစင်းငုံရောင်းဝယ်မှုအနေနဲ့ တစ်ရက်ပျမ်းမျှ တင်း ၅ဝဝ ဝန်းကျင် ရှိခဲ့ပြီး ယခုရက်ပတ်မှာ မန္တလေးကို တင်း ၃ဝဝဝ ကျော်နဲ့ ရန်ကုန်ကို တင်း ၁ဝဝဝ ကျော်တင်ပို့ စီးဆင်းသွားခဲ့ကြောင်း သိရပါတယ်။ ထွန်းလှိုင်