Background
အခေါက်ရွှေဈေး ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိလာ ရန်ကုန်ဈေးကွက်တွင် အခေါက် ရွှေဈေးနှုန်းများ ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိလာပြီ ဖြစ်ကြောင်း ရွှေဘုံသာလမ်းရှိ ရွှေလုပ်ငန်းရှင်များ ထံက ကြားသိရသည်။ ''ဈေးကွက်အတွင်းမှာ အရင်က အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ခြောက်သိန်းခုနစ်သောင်းကျော် အထိ ရှိခဲ့ရာက အခု ကျပ်ခြောက်သိန်း ငါးသောင်းကျော်မှာပဲ ရှိနေပါတယ်။ အရင်ပေါက်ဈေးတွေထက်စာရင် တစ်ကျပ်သားကို ကျပ် တစ်သောင်းခွဲဝန်း ကျင်လောက် ကျဆင်းသွားပြီး ပုံမှန် အနေအထားလေးဖြစ်လာပါပြီ။ မြန်မာ့ရွှေဈေးက ကမ္ဘာ့ရွှေဈေးနဲ့ နိုင်ငံတကာ ငွေကြေး အပြောင်းအလဲ ပေါ်မူတည်ပြီး အတက်အကျ မြန်ဆန် သဖြင့် ဒီနှစ်မှာ ဝယ်ယူစုဆောင်းသူ နည်းသွားပါတယ်။ အချို့လည်း ရွှေလုပ်ငန်းအစား အခြားလုပ်ငန်းတွေဘက်မှာ လုပ်ကိုင်လာကြတာလဲ ရှိလာပါတယ်'' လို့ ရွှေကုန်သည်တစ်ဦးက ပြောကြား သည်။ ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလ ၄ ရက် တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် (၆၆၂၅ဝဝ-၆၅၉၅ဝဝ) ကျပ် ဖြစ်ပေါ်ခဲ့ ပြီး ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် ၁၃၅၅ ဒေါ်လာတို့ ဖြစ်ပေါ်ခဲ့သည်။ ခင်မျိုးသွယ်
ဒီနှစ်အတွင်း ရွှေဈေး ၂၄ ရာနှုန်းမြင့်တက် ဒီနှစ်အတွင်းရွှေဈေးက၂၄ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့သလို ငွေစင်သတ္တု ဈေးကလည်း တစ်အောင်စကို ကန်ဒေါ်လာ၂၅ ဒေါ်လာ ကျော်လွန်သွားနိုင် ကြောင်း လန်ဒန် သတ္တုဒြပ်စင်ရင်းနှီးမြူပ်နံှမှုအဖွဲ့က သုံးသပ်ခဲ့ပါတယ်။ ပလေဒီယမ် ဒြပ်စင်မှာ ကိုးနှစ်အတွင်း အမြင့်ဆုံးဈေးနှုန်း တစ်အောင်စကို ကန်ဒေါ်လာ ၆၅၃ ဒသမ ၃၈ သို့ ရောက်ရှိခဲ့သလို ငွေသတ္တုဈေးကလည်း နှစ် ၃ဝ ကျော်ကာလအတွင်း အမြင့်ဆုံးဈေးဖြစ်ခဲ့ပါတယ်။''တချို့ရင်းနှီးမြုပ်နံှသူတွေက ရွှေထက်ဈးသက်သာ တဲ့ ငွေနဲ့ ပလေဒီယမ်ကို ဝယ်ရင်းကြတယ်။ ဒေါ်လာလဲလှယ်နှုန်းကလည်း ဆက် တိုက်အားနည်းနေတယ်။ ဒီအခြေအနေကြောင့် ငွေနဲ့ပလေဒီယမ် ဝယ်လိုအားက အရမ်းတိုးလာတယ်'' လို့ ဆိုးလ်အခြေစိုက် N H Investment &Security အဖွဲ့မှ သုံးသပ်သူ C .S. Oh က ဆိုပါတယ်။ ရွှေဈေးက ဒီနှစ် ၂ဝ၁ဝမှာ ၂၄ ရာခိုင်နှုန်း တိုးလာခဲ့ပြီး ငွေစင်သတ္တုဈေးက ၄၇ ရာခိုင်နှုန်းဈေးမြင့် လာတယ်။ ပလေဒီယမ်က ၅၉ ရာခိုင်နှုန်းဈေးတက်တယ်။ အမြင့်ဆုံးရွှေဈေးအဖြစ် ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်နေ့က တစ်အောင်စကို ကန်ဒေါ်လာ ၁၃၈၇ ဒသမ ၃၅ ဒေါ်လာ အထိချဉ်း ကပ်ခဲ့တယ်။ အမေရိကန်ရဲ့ အတိုးနှုန်းထားက ၂ဝဝ၈ ခုနှစ် ဒီဇင်ဘာလ ကတည်းက စတင်ကာ သုညရာခိုင်နှုန်းနီးပါး သုည ဒသမ ၂၅ ရာခိုင်နှုန်း ကိုလျော့ချခဲ့ပြီးတဲ့ နောက် ဒီလိုအားနည်းမှုတွေဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင်သုံးသပ်သူများ ရဲ့ အဆိုအရ အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ထရီလီယံကို ဝယ်လိုအားမြှင့်တင်ရေး အစီအမံများအတွက် ပံပိုးပေးခဲ့ခြင်းများ ပြုလုပ်ခဲ့ပေမဲ့လည်း အလုပ်လက်မဲ့နှုန်းကသိသိသာသာကျဆင်းသွားခြင်းမရှိဘဲ အောက်တိုဘာမှာ ၁ဝ ရာခိုင်နှုန်းဝန်းကျင် အထိရှိနေခြင်းကပင် ရွှေဈေးတက်ခြင်းအတွက် အကြောင်းအရင်းဖြစ်ခဲ့ကြောင်း ဘလွန်း ဘတ်သတင်းက သုံးသပ်ဖော်ပြခဲ့ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ နိုင်ငံခြားငွေအရန်နိုင်ငံခြားငွေကို ဒေါ်လာအစား ရွှေကို တိုးမြှင့်ဝယ်ယူရင်းနှီးမြုပ်နံှရန် လှုံ့ဆော်မှု အစီအမံများကြောင့်လည်း ရွှေဈေးက နှစ်အတွင်း ၂၄ ရာခိုင်နှုန်းမြင့်ခဲ့ကြောင်းဖော်ပြခဲ့ပါတယ်။ Source Bloombearg.com, WWN
ရေနံစိမ်းဈေးဆက်မြင့် အမေရိကန်ဒေါ်လာလဲလှယ်နှုန်း ကျဆင်းခြင်းကြောင့် ရေနံစိမ်းဈေးဆက်မြင့် ခဲ့ကြောင်း သိရပါတယ်။ ရေနံစိမ်းအများဆုံးသုံးစွဲတဲ့ အမေရိကန်နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုတုံ့နှေးခြင်း၊ ပိုင်ဆိုင်ပစ္စည်းများရဲ့ဝယ်လိုအား ဆက်လက်ပြီး ကျဆင်းမြဲကျ ဆင်းလျက်ရှိနေခြင်း စတဲ့ဖိအားတွေကြောင့် လန်ဒန်ဈေးကွက် ဒီဇင်ဘာအရောက်ပို့ ရေနံစိမ်းဈေးမှာ တစ်စည်ကို ကန်ဒေါ်လာ ၈၅ ဒသမ ၆၆ ဈေးနဲ့ ချုပ်ဆိုအရောင်း အဝယ်ပြုခဲ့ကြောင်း သိရပါတယ်။ တရုတ်နိုင်ငံရဲ့ အောက်တိုဘာလအတွက်ထုတ်ပြန်တဲ့ ကိန်းဂဏန်း အချက် အလက်များအရ အောက်တိုဘာလက စီးပွားရေးဖွံ့ဖြိုးမှု အမြင့်ဆုံးလဖြစ်ခဲ့ပြီး၊ ရေနံစိမ်းဈေးမြင့်တက်မှုကို ပံပိုးပေးခဲ့ကြောင်း အမေရိကန်ရဲ့ သုံးလပတ်ကာလ ဂျီဒီပီတိုးတက်မှုမှာ ၂ ရာခိုင်နှုန်းသာရှိကြောင်း ဗဟိုဘဏ်ကထုတ်ပြန်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ သီတင်းပတ်တွင်းက ခန့်မှန်းချက်များအရ အမေရိကန်ဒေါ်လာငွေလဲလှယ် နှုန်းက သုည ဒသမ ၆ ရာခိုင်နှုန်းခန့် အားနည်းနေမှုအပေါ် ရေနံစိမ်းဈေးက ဆက်ပြီးမြင့်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ ှSource Bloombearg.com WWN
လက်လီအရောင်းအဝယ်ဈေး ပြည်တွင်းစက်သုံးဆီ လက်လီအဝယ် တစ်ဂါလန်ဈေးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်- နိုဝင်ဘာ ၂ဝ၁ဝ ဝယ်ဈေးဓာတ်ဆီ(ကျပ်) ဝယ်ဈေးဒီဇယ်(ကျပ်)ရက် ရန်ကုန် မန္တလေး ရန်ကုန် မန္တလေး၁ ၂၈ဝဝ ၂၅ဝဝ ၂၆ဝဝ ၂၈ဝဝ၂ ၂၈ဝဝ ၂၅ဝဝ ၂၆ဝဝ ၂၈ဝဝ၃ ၂၈ဝဝ ၂၅ဝဝ ၂၆ဝဝ ၂၈ဝဝ၄ ၂၈ဝဝ ၂၅ဝဝ ၂၆ဝဝ ၂၈ဝဝ MIRT-DOT
နယ်စပ်မှ ဓာတ်ဆီဒီဇယ်ဆီတင်သွင်းမှုလျော့ အောက်တိုဘာလ ၂၇ရက်မှ နိုဝင်ဘာလ ၂ ရက်ထိကာလအတွင်းမှာ တာချီလိတ်နယ်စပ်မှ ဒီဇယ်ဆီ ၁၃၅ဝဝဝ ဂါလန်နဲ့ ဓာတ်ဆီ ၂၅၁ဝဝ ဂါလန်၊ ကန်ပိုက်တီး မှ ဒီဇယ်ဆီ ၁၃၇၉၄၂ ဂါလန်၊ ကော့သောင်းမှ ၉၉၁ဝ ဂါလန် အသီးသီး တင်သွင်း ခဲ့ပါတယ်။ စုစုပေါင်း ယခုအပတ်မှာ ဒီဇယ်ဆီ ၂၇၂၉၄၂ ဂါလန်နဲ့ ဓာတ်ဆီ ၃၅ဝ၁ဝ ဂါလန် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၈၃၈ သန်းဖိုး တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ စိုက်ပျိုးရေးရာသီချိန်ကုန်ဆုံးပြီးဖြစ်တဲ့ လယ်ယာသုံး စက်ကိရိယာ များ အတွက် စက်သုံးဆီလိုအပ်မှု လျော့နည်းလာခြင်း၊ ပုဂ္ဂလိကနှင့် MPPE တို့ တင် သွင်းမှု လျော့နည်း ခြင်းတို့ကြောင့် ယခုအပတ်မှာ ဓာတ်ဆီဒီဇယ်ဆီများတင်သွင်းမှု လျော့နည်းလျက်ရှိတယ်လို့ တာချီလိတ် နယ်စပ်ကုန်သည် အသင်းမှ သိရပါတယ်။ MIRT (DOBT)
ဒီဇယ်တန်ချိန် ၂၆ဝဝဝကျော်ဝင် ပြည်တွင်းစက်သုံးဆီများကို ပင်လယ်ရေကြောင်းမှ အောက်တိုဘာ ၂၅ ရက်မှ ၃၁ ရက်တာကာလအတွင်း ဒီဇယ် ၁၉၉၂၇၆ ပီပါ၊ တန်ချိန်အားဖြင့် ၂၆၅၇ဝ တန်ကို တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ဒီဇယ်ဆီအဝင်မှာ ၃၂၇၂၅ တန် ရှိခဲ့ပြီး ယခုသီတင်းပတ် ဒီဇယ်ဆီအဝင်နဲ့ကြည့်ရင် ၆၁၅၅ တန်လျော့ပြီး တင်သွင်းခဲ့တာ တွေ့ရပါတယ်။ အောက်တိုဘာတစ်လလုံးရဲ့ ဒီဇယ်အဝင်တန်ချိန်မှာ တစ်သိန်းနှစ်သောင်း နီးပါးရှိခဲ့ပြီး စက်တင်ဘာလရဲ့ တန်ချိန်ခြောက်သောင်းကျော် ရှိခဲ့တာကြောင့် အောက်တိုဘာလမှာ ခြောက်သောင်းကျော် ပိုမိုတင်သွင်းခဲ့တာ တွေ့ရပါတယ်။ MIRT-DOT
အောက်တိုဘာလအတွင်း အိန္ဒိယပဲစင်းငုံ တောက်လျှောက်ဆင်း အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ အောက်တိုဘာလဆန်းပိုင်းကတည်း ကလက်ရှိအချိန်ထိ ပဲစင်းငုံဈေးက တောက်လျှောက်ဆင်းခဲ့ပါတယ်။ ပဲစင်းငုံစိုက်ပျိုး တဲ့ ဒေသတွေမှာ ရာသီဥတုအခြေအနေပေးလို့ သီးနံှအလားအလာ ကောင်းတဲ့ အပြင် ဈေးကွက်တွေကို အခြားပဲအသစ်တွေ ဝင်ရောက်လာမှုများလာတဲ့အတွက် အခြား ပဲဈေးနဲ့အတူ ပဲစင်းငုံဈေးလည်း ကျဆင်းလာတာဖြစ်ပါတယ်။ ပြည်တွင်းမှာ လက်ကျန် အသင့်အတင့်ရှိနေတဲ့အပြင် တန်ဇန်းနီးယားက တင်သွင်းပဲများလည်း ရောက်ရှိလာတာကြောင့် ရောင်းအားများနေတယ်လို့ သိရပါတယ်။ အောက်တိုဘာ လ အတွင်း ပြောင်းလဲလာတဲ့ ဈေးနှုန်းများ ဖော်ပြလိုက်ပါတယ်- ေါ်ါ်လာ/တန် မွန်ဘိုင်းဈေးကွက် မွန်ဘိုင်း(C&F) ၂၈-၁ဝ-၁ဝ ၆၈၆-၆၉၇ ၇၆ဝ-၇၈ဝ ၁-၁ဝ-၁ဝ ၇၉၅ ၈၂၅MIRT(MAPT)
တန်ချိန် ၂ဝဝဝ ကျော်နဲ့ ပုံမှန်တင်နေသေးတဲ့ ပဲစင်းငုံ ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုဟာ ယခုတစ်ပတ် (အောက်တို ဘာလ ၂၁ ရက်မှ ၂၇ ရက်)အတွင်းမှာလည်း တန်ချိန် ၂ဝဝဝ ကျော်နဲ့ ယခင် တစ်ပတ်လိုပဲ ပုံမှန်တင်ပို့နေသေးတာတွေ့ရပါတယ်။ အိန္ဒိယဈေးကွက်တွေမှာ လက်ကျန်ရှိနေသေးလို့ ပြည်ပပဲစင်းငုံ အဝယ်နည်းတယ်ဆိုပေမဲ့ မြန်မာ ပဲစင်းငုံ ကိုတော့ အနည်းငယ်စီဝယ်ယူမှုရှိနေသေးတာတွေ့ရပါတယ်။ ပြည်တွင်း လှောင် လက်သမားများကလည်း အမြင့်ဈေးနဲ့ ဝယ်ယူထားတဲ့အတွက် လက်ရှိဈေးအနိမ့်မှာ မရောင်းနိုင်ကြသလို ပြည်ပဝယ်လက်များကလည်း အနိမ့်ဈေးနဲ့သာ ဝယ်လိုကြတာ ကြောင့် အရောင်းအဝယ်ဖြစ်မှုနည်းတယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးများကို ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် ပဲစင်းငုံနီ ပဲစင်းငုံဖြူနီ/ အဖြူ၂၉-၁ဝ-၁ဝ ၇ဝဝ-၇၁ဝ ၆ဝဝ-၆၁ဝ၂၂-၁ဝ-၁ဝ ၇၃ဝ-၇၄ဝ ၆၃ဝ-၆၄ဝMIRT(MAPT)
ကုလားပဲဈေးမြင့်လာ အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်များမှာ အဆက်မပြတ် ဝယ်ယူမှုတွေရှိလို့ ကုလားပဲဈေး မြင့်တက်လာပါတယ်။ လက်ငင်း အဝယ်တွေရှိနေတာကြောင့်လည်း သိုလှောင်လက်ကျန်များ ကျဆင်း လာကာ ဈေးနှုန်းကိုအထောက်အပံ့ဖြစ်စေပါတယ်။ ဒါ့အပြင် ကမ္ဘာ့ ဈေးကွက်မှာ ကုလားပဲဖြူလုံးကြီး အထွက်လျော့ကျမယ့် မျှော်လင့် ချက်များကလည်း ဈေးနှုန်းကို ပိုမိုမြင့်တက်လာစေပါတယ်။ လက်ရှိ ရာသီအတွင်း မြေဆီလွှာအစိုဓာတ် ရရှိနေခြင်းက ဆောင်းသီးနံှ အတွက် အလားအလာကောင်းများရှိသလို ကုလားပဲအတွက် အနိမ့် ဆုံးထောက်ပံ့ဈေးနှုန်းကို တိုးမြှင့်လိုက်ခြင်းကလည်း ဈေးကွက်ဈေးနှုန်း ကို ခိုင်မာစေပါတယ်။ ကာလတိုအတွင်း ဈေးနှုန်းပိုမိုလာဦးမယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူ လုံးကြီးဈေးတွေကို ဇယား(၂)နဲ့ဖော်ပြထားပါတယ် ဇယား-၂ ဒေါ်လာ/တန် ဈေးကွက် ၂၁ .၁ဝ .၁ဝ ၂ဝ .၁ဝ .၁ဝ ၁၉ .၁ဝ .၁ဝ ၁၈ .၁ဝ .၁ဝမွန်ဘိုင်း ၅၅၇-၅၅၉ ၅၅၈-၅၆ဝ ၅၅၁ ၅၄၈ဒေလီ ၅၄၁ ၅၃၆ ၅၂၅-၅၂၆ ၅၃၁ကန်ပါ ၅၃၉ ၅၃၇-၅၄ဝ ၅၃၆ ၅၃၈
အိန္ဒိယနိုင်ငံဟာ ပြည်တွင်းပဲလိုအပ်ချက် မြင့်တက်နေခြင်းနဲ့ ပြည်ပတင်သွင်းမှု မှီခိုနေရခြင်းမှ လျော့ပါးစေဖို့ ပြည်တွင်း ထုတ်လုပ် မှုကို အစိုးရက မြှင့်တင်လျက်ရှိပါတယ်။ မိုးပဲမျိုးစုံအတွက် အနိမ့်ဆုံး ထောက်ပံ့ဈေးနှုန်း(MSP)များကို စိုက်ပျိုးချိန်မတိုင်မီ သိသိသာသာ တိုးမြှင့်ပေးခဲ့သလို လက်ရှိဆောင်းသီးနံှ စိုက်ပျိုးကာနီးမှာလည်း တောင်သူတွေ အားထည့်စိုက်ဖို့ ကုလားပဲနဲ့ပဲနီလေးအတွက် MSP ကို မြှင့်တင်ပေးခဲ့ပါတယ်။ ဒီလိုထောက်ပံ့ဈေးနှုန်းမြှင့်တင်ခြင်းကထုတ်လုပ်မှုတိုးတက်ဖို့ အထောက်အကူဖြစ်စေနိုင်မှာဖြစ်သလို တစ် ဖက်မှာလည်း ပဲမျိုးစုံရဲ့ အခြေခံဈေးအမြင့်မှာ ရှိနေစေဖို့ ဖန်တီးသလို ဖြစ်နေတယ်လို့ သုံးသပ်ကြပါတယ်။မတ်ပဲဈေး ဆက်တိုက်ဆင်းလာ အိန္ဒိယ ပြည်တွင်းဈေးကွက်တွေမှာ ယခုတစ်ပတ် မတ်ပဲဈေး ဆက်လက်လျော့ကျခဲ့ပါတယ်။ ပြုပြင်ပြီးမတ်ပဲကို ဝယ်လိုအားမရှိခြင်း နဲ့ အဓိကဈေးကွက်များကို ပဲအသစ်တွေ ဝင်ရောက်နေခြင်းတို့ ကြောင့် ဈေးကျဆင်းနေတာ ဖြစ်ပါတယ်။ ပြည်တွင်း ဈေးကွက်တွေ မှာ မိုးပဲအသစ်တွေရရှိနေလို့ ပြည်ပက တင်သွင်းပဲများကိုလည်း ဝယ်လိုအား နည်းပါးသလောက်ဖြစ်နေပါတယ်။ အင်ဒရာပရာဒေ့ရှ် မှာ ပဲအထွက်နှုန်း ထိခိုက်မှုရှိပေမဲ့ တစ်နိုင်ငံအတိုင်းအတာ အနေနဲ့ တော့ ထွက်ရှိမှုမြင့်တက်နေဦးမယ်လို့ ခန့်မှန်းကြပါတယ်။ ကာလတို အတွင်း ဈေးအကျဘက်ကို သွားဦးမယ်လို့ ကုန်သည်များ က ခန့်မှန်း ကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ မြန်မာမတ်ပဲ FAQ ဈေးနှုန်းတွေကို ဇယား(၁)နဲ့ ဖော်ပြထားပါတယ်ဇယား-၁ ဒေါ်လာ/တန် ဈေးကွက် ၂၁ .၁ဝ .၁ဝ ၂ဝ .၁ဝ .၁ဝ ၁၉ .၁ဝ .၁ဝ ၁၈ .၁ဝ .၁ဝမွန်ဘိုင်း ၉၂၄ ၉၃၁ ၉၃၃ ၉၃၈ဒေလီ ၉၃၆ ၉၃၇ ၉၃၉-၉၄၅ ၉၄၉ချန်နိုင်း ၉၆၉-၁၁၂၇ ၉၈၂-၁၁၄ဝ ၉၉ဝ-၁၁၄၇ ၉၉၄-၁၁၅၂