Main menu

Background

Thursday, 11 Nov 2010

အဟောင်းကုန် အသစ်ဝင်ချိန်ဖြစ်လို့ ချင်းအပို့နည်း        ပင်လယ်ရေကြောင်းလမ်းနဲ့ ချင်းတင်ပို့မှုက အောက်တိုဘာလအတွင်း တန်ချိန် ၂၂ ဒသမ ၁၁၇ တန်နဲ့ ကန်ဒေါ်လာ ၃၁ဝဝဝ ကျော်ဖိုး ပို့ကုန်ဝင်ငွေရရှိခဲ့ပါတယ်။ ချင်းအသစ်အဝင် ချင်းအဟောင်းလက်ကျန်လျော့ စပ်ကူးမတ်ကူးကာလမှာ အပို့က ပြီးခဲ့တဲ့ ၂ လ ၃ လက ခပ်အေးအေးပဲရှိနေပါတယ်။ ဒီလအတွင်း ချင်းခြောက်ကို စင်ကာပူဈေးကွက်က တစ်တန်လျှင် အက်ဖ်အိုဘီ ကန်ဒေါ်လာ ၁၄၂၄ ဈေးနဲ့ တင်ပို့ခဲ့တာဖြစ်ပြီး လာမဲ့ ပွင့်လင်းရာသီမှာ အရောင်းအဝယ်ပိုလာဖွယ်ရှိတယ်လို့ ပြောပါတယ်။                                                                                                                                 MIRT (DOT) 

Wednesday, 10 Nov 2010

ပြောင်းထုတ်လုပ်မှုကျဆင်းသော်လည်း ဝယ်လိုအားတက်         အမေရိကန်နိုင်ငံရဲ့ ဒေသတွေမှာ ရာသီဥတုပူပြင်းပြီး နောက်ပိုင်း မိုးများတာကြောင့် ယခုနှစ်မှာ ပြောင်းစိုက်ပိုျးထုတ်လုပ်မှုမှာ ပျက်စီးမှု များ ပြားခဲ့ပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ဘဏ္ဍာနှစ်စက်တင်ဘာလ သီးနံှစတင်ရိတ်သိမ်းပြီး နောက် ဘူရှယ် (၁၂ ဒသမ ၇) ဘီလီယံလောက်ရရှိပြီး ဒီပမာဏဟာ လျာထားချက်ထက် ၄ ရာခိုင်နှုန်း လျော့နည်းပြီး ယမန်နှစ်ထုတ်လုပ်မှုထက် ၃ ရာခိုင်နှုန်းလျော့နည်းခဲ့ကြောင်း USDA မှ ပြောကြားခဲ့ပါတယ်။ ယခုသီတင်း၂ ပတ်အတွင်း ပြောင်းဈေးနှုန်း ဟာ ၂၅ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပါတယ်။ အမေရိကန်က ပြောင်းထုတ် လုပ်မှုဟာ ကမ္ဘာ့ပြောင်း ထုတ်လုပ်မှုရဲ့ ငါးပုံနှစ်ပုံရှိပြီး ကမ္ဘာ့ပို့ကုန်ရဲ့ ၆ဝ ရာခိုင်နှုန်းနီးပါး ရှိကြောင်း USDA  ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အဓိက ပြောင်းထုတ်လုပ်တဲ့ နိုင်ငံများ ဖြစ်တဲ့ ရုရှား၊ ယူကရိန်း၊ ကာဇစ်စတန်နဲ့ တောင်အမေရိကားတို့မှာ မိုးခေါင်မှု တွေ ဖြစ်ပွားနေဆဲ ဖြစ်ပြီး ဂံျု၊ ပဲပုပ်နဲ့ ပြောင်းသီးနံှတွေ ထုတ်လုပ်မှု ကျဆင်း နေပါတယ်။            ရုရှားကတော့ ယခုနှစ်ဇူလိုင် ၁ ရက်နေ့ကစပြီး ပြောင်းတန်ချိန် မက်ထရစ် တန် ၂ သန်းကို ယူကရိန်း ကတင်သွင်းဖွယ်ရှိပြီး ဒါဟာ USDA  က ခန့်မှန်း ထားတဲ့သွင်းကုန်ထက် ၂ ဆရှိကြောင်းသိရပါတယ်။ အမေရိကန်ကနေ ရုရှား တင်သွင်းမယ့် ပြောင်းတန်ချိန် ရာထောင်ချီရှိနိုင်ပြီး ၂ဝ၁၁ မတိုင်မီ တင်သွင်းမှာ ဖြစ်ကြောင်း သိရပါတယ်။ ရုရှားအတွက် သွင်းကုန်တွေတက်လာခြင်းကတော့ ရုရှားရဲ့သီးနံှအထွက်နှုန်းဟာ ယခင်နှစ်ထက် ၂၄ ရာခိုင်နှုန်း ကျဆင်းပြီး တန်ချိန် ၃ သန်းခန့်သာထွက်ရှိမှာဖြစ်ကြောင်း သိရပါတယ်။ ကမ္ဘာ့စတုတ္ထအများဆုံး ပြောင်းတင်ပို့တဲ့ ယူကရိန်းနိုင်ငံဟာ ယခုနှစ်ကုန်မတိုင်မှီ တန်ချိန် ( ၂ )သန်း တင်ပို့မှာဖြစ်ကြောင်း အစိုးရရဲ့ Website မှာ ဖော်ပြထားပါတယ်။                                   ယခုလက်ရှိရာသီဥတုပြောင်းလဲမှုက တရုတ်ရဲ့ ၂ဝ၁ဝ ပြောင်းထုတ်လုပ်မှု ကို ၁ ရာခိုင်နှုန်းကျဆင်းစေခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်က မိုးခေါင်မှုကြောင့် တရုတ်ရဲ့ ပြောင်းထုတ်လုပ်မှု ၁၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ခန့်မှန်း တွက်ချက်မှုထက် တန်ချိန် ၂၅ သန်းဆုံးရှုံးခဲ့ပြီး လေးနှစ်မြောက် ကျဆင်းခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလမှာ တရုတ်က ပထမဆုံးအကြိမ်အနေနဲ့ ပြောင်း တန်ချိန် (၁၁၅ဝဝဝ)ကို အမေရိကန်ထံမှ ဝယ်ယူခဲ့ကြောင်းသိရပါတယ်။                                                                                                              Source: Bloomberg.com ,KZW

Wednesday, 10 Nov 2010

ပြောင်း ဖူးစေ့သာမက ပြောင်းကြိတ်ဖတ်များ တင်ပို့နိုင်           မြန်မာ-တရုတ်နယ်စပ်ရှိမူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် ယခုအပတ်မှာ ပြောင်းဖူးစေ့ တန်ချိန် ၁၂ဝဝဝ ကျော်နဲ့ ပြောင်းကြိတ်ဖတ်အမှုန့် တန် ၁ဝဝ နှင့်ကြိတ်ဖတ်အကျစ် ၂၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃ ဒသမ ဝ၁၅ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ လွယ်ဂျယ်နယ်စပ်မှလည်း ၇၂၆ တန်နဲ့ ကန်ပိုက်တီးနယ်စပ်မှ ပြောင်း ၁၈ဝ တန် တင်ပို့နိုင် ခဲ့တဲ့အတွက် ယခုအပတ်မှာ နယ်စပ်စခန်းများမှ ပြောင်းဖူးစေ့တန်ချိန် ၁၂၉ဝ၆ တန်၊ ပြောင်းကြိတ် ဖတ်အမှုန့် တန် ၁ဝဝ၊ အကျစ် ၂၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃ ဒသမ ၂၅၃ သန်း ဖိုး တင်ပို့နိုင်တဲ့အတွက်ယခင်အပတ်ကထက် ပြောင်းဖူးစေ့ တန်ချိန် ၅၈ဝ ကျော်ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ရွှေလီပေါက်ဈေးများကို ကြည့်တဲ့အခါ ပြောင်းဖူးစေ့ဈေးတစ်တန်ကို ၃၂၅ဝ ကျပ် ပိုမိုခဲ့တာတွေ့ရပါတယ်။ ယခင်အပတ်နဲ့ ယခုအပတ်ပြောင်းဈေးများကိုနှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ်                   မိမိဘက်(ကျပ်/တန်)                           တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                       ယခု       ယခင်       ပြောင်းလဲမှု    %      ယခု      ယခင်      ပြောင်းလဲမှု        %ပြောင်းဖူးစေ့ ၂၃၈၅၃၆    ၂၃၅၂၈၆       ၃၂၅ဝ       ၁ .၄    ၂၆၉     ၂၆၄                  ၅           ၂                                                                                                                             MIRT (DOBT)

Wednesday, 10 Nov 2010

ပင်လယ်ရေကြောင်း ပြောင်း အပို့ တိုးတက်လာ               အောက်တိုဘာ နောက်ဆုံးပတ်အတွင်း ပင်လယ်ရေကြောင်းမှပြောင်း တန်ချိန် ၁၄၇၇ တန် တန်ဖိုးကန်ဒေါ်လာ ဝ ဒသမ ၃၇၁ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က ၁၆၃၄ တန်တင်ပို့ခဲ့တာကြောင့် တင်ပို့မှု အနည်း ငယ် ကျဆင်းခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံများကတော့ မလေးရှားကို ၅၄၂ တန်နဲ့ စင်ကာပူကို ၉၃၅ တန် အသီးသီးတင်ပို့ခဲ့ပါတယ်။ လအလိုက်တင်ပို့မှုများကို နှိုင်းယှဉ်ပါက ၂ဝ၁ဝ အောက်တိုဘာလ တစ်လလုံးမှာ ၄၉၇၁ တန် တင်ပို့နိုင်ခဲ့ပြီး စက်တင်ဘာလမှာ ၁၈၉ တန်သာ တင်ပို့ခဲ့တဲ့အတွက် ပြောင်းတင်ပို့မှု တိုးတက် လာကြောင်းတွေ့ရပါတယ်။ ၂ဝဝ၉ အောက်တိုဘာလမှာ ၈၉၈ တန်တင်ပို့ခဲ့တာ ကြောင့် ယခင်နှစ်နဲ့နှိုင်းယှဉ်ရင် တင်ပို့မှုတိုးတက်လာကြောင်း တွေ့ရှိရပါတယ်။                                                                                                                                                KZW 

Wednesday, 10 Nov 2010

အိန္ဒိယကားထုတ်လုပ်မှုမြင့်တက်လို့ တာယာထုတ်လုပ်မှုလည်းမြင့်            ဧပြီလမှသြဂုတ်လအတွင်း ရော်ဘာအထွက်နှုန်း တိုးတက်သလို အိန္ဒိယရဲ့မော်တော်ကား ထုတ်လုပ်မှုလည်း တိုးတက်လျက်ရှိပါတယ်။ ၎င်းကာလအတွင်း ယခင်နှစ်ကထက် ရော်ဘာ ၂၉ ရာခိုင်နှုန်း ပိုမိုထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဧပြီလကနေ သြဂုတ်လအထိကာလတွင်းမှာ တာယာကုမ္ပဏီများအားလုံးရဲ့ ထုတ်လုပ်မှုဟာ စုစုပေါင်းတာယာ ၄၇ ဒသမ ၁ သန်းရှိကြောင်း သိရပါတယ်။ မော်တော်ယာဉ်ထုတ် လုပ်ရေးတွေက ဆိုင်ကယ်အစိတ်အပိုင်းအပါအဝင် ၆၅ ရာခိုင်နှုန်း တိုးတက်ထုတ်လုပ်နိုင်ခဲ့ပြီး သုံးဘီးကားတာယာ ၄၄ ရာခိုင်နှုန်းနဲ့ ခရီးသည်တင်ကားအတွက်၄၃ ရာခိုင်နှုန်းထုတ်လုပ်နိုင်ကြောင်း မော်တော်ကားတာယာ ထုတ်လုပ်သူများအသင်း ATMA  ရဲ့ စာရင်းများအရ သိရပါတယ်။ စီးပွားရေးလုပ်ငန်း သုံး ကားဈေးနှုန်း များတက်တာကြောင့် ရော်ဘာ ဈေးနှုန်းမြင့်တက်နေပေမဲ့လည်း ကားထုတ်လုပ်မှုတိုးတက် လျက်ရှိပါတယ်။ ယခုနှစ်ဧပြီမှစက်တင်ဘာအထိ စီးပွားရေးလုပ်ငန်းသုံးကားထုတ်လုပ်ရေးဟာ ၄၁ ဒသမ ၅၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အိန္ဒိယမော်တော်ယာဉ် ထုတ်လုပ်သူများ အဖွဲ့ SIAM ပြောကြားခဲ့ပါတယ်။ ရိုးရိုးကားဈေးနှုန်းက ၃၃ ဒသမ ၅၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး နှစ်ဘီးတပ် ယာဉ်ဈေးနှုန်းက ၂၅ ဒသမ ၈၆ ရာခိုင်နှုန်း တိုးမြင့်ခဲ့ပါတယ်။                                                                                                       Source: commodity online, KZW

Wednesday, 10 Nov 2010

ယွမ်ဈေးကျဆင်းပြီး တရုတ်တာယာထုတ်လုပ်မှု အရှိန်မြှင့်၍ ရော်ဘာဈေးမြင့်တက်လာ          ကမ္ဘာ့ရော်ဘာသုံးစွဲမှုအများဆုံးတရုတ်နိုင်ငံမှ တာယာထုတ်လုပ်မှု အရှိန်မြှင့်တင်လိုက်တာကြောင့် ရော်ဘာ ဝယ်လိုအားတွေ တက်လာပြီး ဈေးနှုန်းတွေလဲမြင့်တက်လာကြောင်း စာရင်းများအရသိရပါတယ်။ တိုကျိုကုန်စည်ဒိုင်ရဲ့ ဈေးနှုန်း က ဝ ဒသမ ၉ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ကီလိုဂရမ်ကို ၃၂၉ ယန်း ( တစ်တန်ကို ၄ဝ၈၄ ဒေါ်လာ) ရှိပါတယ်။ ဝယ်လိုအား မျှကိန်းက အောက်တိုဘာလမှာ ၅၄ ဒသမ ၇ ကို တိုးလာပြီး ယခင်လက ၅၃ ဒသမ ၈ ရှိကြောင်း စီးပွားရေးပညာရှင် (၁၃) ဦးကကွင်းဆင်းလေ့လာပြီး ဖော်ထုတ်ခဲ့ကြောင်း သိရပါတယ်။ ဒီလိုကိန်းဂဏန်းတွေက တရုတ်ရဲ့စက်မှုကုန်ထုတ်လုပ်မှု စွမ်းအား ကို ဖော်ပြကြောင်း တိုကျိုအခြေစိုက် ဖူဂျီကုမ္ပဏီရဲ့ သုတေသီကပြောကြားခဲ့ပါတယ်။ မေလအတွက် ရှန်ဟိုင်းကုန်စည်ဒိုင်ရဲ့ ဈေးနှုန်းက ၃ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ပြီး တစ်တန်ကို ၃၁၉၅ဝ ယွမ် ( ၄၇၈၇ ဒေါ်လာ) ဖြစ်လာကြောင်းသိရပါတယ်။ အောက်တိုဘာလ ကုန်ပိုင်းမှာ ရှန်ဟိုင်းကုန်စည်ဒိုင်ရဲ့ဈေးနှုန်းက ၅ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်ပြီး ၃၃၃၂ဝ ယွမ် ( ၄၉၇၃ ဒေါ်လာ) ကို စံချိန်တင်ရောက်ရှိခဲ့ပါတယ်။ ရော်ဘာရဲ့အလားအလာက ဂျပန်ယန်းငွေကဒေါ်လာ ဈေးထက် နိမ့်ကျသွားခဲ့ပြီး ယန်းနဲ့ပေးချေမဲ့စာခုျပ်တွေရဲ့ ရော်ဘာဈေးနှုန်းမြင့်တက်သွားရခြင်းဖြစ်ပါတယ်။ ယန်းဈေးနှုန်းဟာ လွန်ခဲ့တဲ့ ရက်သတ္တပတ်မှာ တစ်ဒေါ်လာကို ၈ဝ ဒသမ ၄ဝ ယန်းကနေ ၈ဝ ဒသမ ၆၇ ကို ရောက်ရှိခဲ့ကြောင်း သိရပါတယ်။ လက်ငင်းဈေးကွက်မှာ ထိုင်း တင်ပို့သူတေaွက RSS-၃ အမိုျးအစားရဲ့ ဒီဇင်ဘာ သင်္ဘောတင်ဈေးကို တစ်ကီလိုဂရမ်ကို ၃ ဒသမ ၉၄ ဒေါ်လာကနေ ၃ ဒသမ ၉၈ ဒေါ်လာကို မြှင့်တင်ခဲ့ပါတယ်။ ရော်ဘာရောင်း လိုအားအကြပ်အတည်းကတော့ အဓိကထုတ်လုပ်တဲ့နိုင်ငံတွေမှာ စတုတ္ထသုံးလပတ်မှာ အချိန်အခါမဟုတ်မိုးကြီး တာကြောင့်ထုတ်လုပ်မှုကို ထိခိုက်ခဲ့ရကြောင်း ရော်ဘာထုတ်လုပ်သော နိုင်ငံများ အသင်း ANRPC က ပြောကြားပါတယ်။                ယခုနှစ်ရဲ့ ကမ္ဘာ့ရော်ဘာထုတ်လုပ်မှုကတော့ ၅ ဒသမ ၃ ရာခိုင်နှုန်းတိုးလာပြီး တန်ချိန်အားဖြင့် ၉ ဒသမ ၄ သန်းရှိပါတယ်။ မလေးရှား၊ ထိုင်းနဲ့ အိန္ဒိယတို့မှာ ရော်ဘာအစေးထွက်ရှိမှု အဟန့်အတားကြောင့် ထုတ်လုပ်မှုလျော့နည်းနေဦး မှာဖြစ်ကြောင်း အသင်းမှ ပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။                                                                                                             Source: Bloomberg.com , KZW

Wednesday, 10 Nov 2010

တစ်ဘက်နိုင်ငံရော်ဘာပေါက်ဈေး မပြောင်းလဲ        နိုဝင်ဘာလ ၂ရက်နေ့မှာ ရွှေလီရော်ဘာပေါက်ဈေးများက RSS(၃) တစ်တန်ကို ယွမ် ၂၃၈ဝဝ ( ၃၅၇၄ ဒေါ်လာ)နဲ့ RSS(၅) တစ်တန်ကို ယွမ် ၂၂၈ဝဝ ( ၃၄၂၆ ဒေါ်လာ ) ဈေး ပေါက်လျက်ရှိပါတယ်။ အောက်တိုဘာ လ ၂၇ ရက်ဈေးနဲ့ နှိုင်းယှဉ်လျှင် ယွမ်ရောင်းဈေးအနေနဲ့ ပြောင်းလဲမှုမရှိဘဲ ဒေါ်လာဈေးနဲ့တော့ ၂ ဒေါ်လာ ၃ဒေါ်လာခန့်သာ လျော့ကျတာ တွေ့ရပါတယ်။ မူဆယ်မှရော်ဘာတင်ပို့မှုကတော့ ယခင်အပတ်ကထက် ၄၁ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ယခုအပတ်မှာမူဆယ် ရော်ဘာအဆင့်အလိုက်တင်ပို့နိုင်မှုတွေကတော့ RSS(၁) ၃၂ တန်ကျော် ၊ RSS(၃) ၄ဝ၃ တန်ကျော်၊ RSS(၅)တန် ၆ဝ၊ MSR(၂ဝ) ၁၁၄ တန် ၊ MSR(၅ဝ) ၆၄ တန်နဲ့ရော်ဘာဖြတ်စ ၈၂ တန်ကျော်အသီးသီးဖြစ်ပါတယ်။ မိမိဘက်နဲ့တစ်ဘက်နိုင်ငံ ရော်ဘာပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ် -                                 မိမိဘက်(ကျပ်/တန်)                           တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)               ယခု               ယခင်       ပြောင်းလဲမှု       %       ယခု       ယခင်        ပြောင်းလဲမှု        %RSS(၃) ၃၂၃၆၈ဝဝ    ၃၃ဝ၇၃၁ဝ        ၇ဝ၅၁ဝ        ၂         ၃၅၇၄      ၃၅၇၆        ၂               ဝ .၁၅RSS(၅) ၃၁ဝဝ၈ဝဝ    ၃၁၅၅၆၉ဝ        ၅၄၈၉ဝ        ၂         ၃၄၂၃      ၃၄၂၆        ၃                ဝ .၁၈MIRT (DOBT)

Wednesday, 10 Nov 2010

အောက်တိုဘာမှာ ရော်ဘာအပို့လျော့      အောက်တိုဘာ ၂၅ ရက်မှ ၃၁ ရက်ကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ တန်ချိန် ၄၈၅ တန် တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၄၇ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ၅၅၉ တန်တင်ပို့ခဲ့တာကြောင့်ယခုရက်သတ္တပတ်မှာ ၇၄ တန်လျော့နည်းတင်ပို့ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံများကတော့ တရုတ်ကို    MSER-၂ဝ ၂ဝ၁ တန်၊     RSS-၅ ၅၄ တန်၊ မလေးရှားကို  RSS -၃ ၂၃ဝ တန် အသီးသီးဖြစ်ပါတယ်။ လအလိုက်တင်ပို့ မှုကိုကြည့်မယ်ဆိုရင်ယခုနှစ် အောက်တိုဘာလ တစ်လလုံးမှာ ၃၂၃၃ တန်တင်ပို့ခဲ့ပြီး စက်တင်ဘာလက ၄၂၁၂ တန်တင်ပို့ခဲ့တာကြောင့်တင်ပို့မှုလျော့နည်းသွားခဲ့ပါတယ်။ ၂ဝဝ၉ အောက်တိုဘာတုန်းက ၄၄၅၂ တန်တင်ပို့ခဲ့တာကြောင့် ယခင်နှစ်ကာလတူထက်လည်းလျော့နည်း တင်ပို့ခဲ့ကြောင်း တွေ့ရှိရပါတယ်။                                                                                           KZW

Wednesday, 10 Nov 2010

ပဲစင်းငုံဈေး တည်ငြိမ်        ယခင်သီတင်းပတ်များက ပဲစင်းငုံဈေးနှုန်း အဆင်းဘက်ကို ဦးတည်နေရာမှ ယခုတစ်ပတ်မှာတော့ အရောင်းအဝယ်ဖြစ်မှု နည်းသလို ဈေးလည်း တည်ငြိမ်သလောက် ရှိနေပါတယ်။ လက်ရှိရာသီအတွင်း ယခင်နှစ် လက်ကျန်များရှိနေခြင်းနဲ့ ပဲစိုက်ပျိုးမှု အလားအလာကောင်းရှိခြင်းတို့က ဈေးနှုန်းကျဆင်းဖို့ ဖိအားဖြစ်စေပါတယ်။ ပြည်တွင်းပဲများ ရရှိနေတာကြောင့် ပြည်ပက တင်သွင်းပဲ ဝယ်လိုအား မရှိပေမဲ့ တန်ဇန်းနီးယားက တင်သွင်းပဲတွေ အဆက်မပြတ် ဝင် ရောက်နေခြင်းက ရောင်းအားပိုများလာစေပါတယ်။ လာမယ့်ရက် တွေမှာလည်း ဈေးနှုန်းလျော့ကျဖွယ်ရှိနေတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံဈေးနှုန်းတွေ ကို ဇယား(၄)နဲ့ ဖော်ပြထားပါတယ် - ဇယား-၄                                                                                                                 ဒေါ်လာ/တန်ဈေးကွက်                         ၃ .၁၁ .၁ဝ                ၂ .၁၁ .၁ဝ                  ၁ .၁၁ .၁ဝ             ၃ဝ .၁ဝ .၁ဝမွန်ဘိုင်း(မြန်မာပဲစင်းငုံ)         ၆၆၅                        ၆၅၈-၆၅၉                   ၆၄၇                      ၆၅၁ဒေလီ(မြန်မာပဲစင်းငုံ)            ၆၆၅                            ၆၅၃                       ၆၅၃                     ၆၅၁ချန်နိုင်း(မြန်မာပဲစင်းငုံ)          ၆၆၅                             ၆၆၄                       ၆၆၄                     ၆၇၄Source: agriwatch.com , MIRT (Yangon)

Wednesday, 10 Nov 2010

်ပဲတီစိမ်း ဈေးလည်း မာလာ       ယခုတစ်ပတ်အတွင်း ဈေးကွက်တွေကို ပဲဝင်ရောက်မှုနည်း လာလို့ ပဲတီစိမ်းဈေးမာလာတာ တွေ့ရပါတယ်။ ယခင်နှစ်ထက် ပဲတီစိမ်းအထွက်ပိုမိုမယ်လို့ မျှော်လင့်ထားပေမဲ့ လတ်တလော အင် ဒရာပရာဒေ့ရှ်ကို ပဲဝင်ရောက်မှုကတော့ အိတ် ၃ဝဝ-၄ဝဝသာ ဝင် ရောက်နေတယ်လို့ သိရပါတယ်။ ရာဂျက်စသန်ရဲ့ အဓိက ဈေးကွက် များမှာ ပဲဝင်ရောက်မှု အိတ် ၂ဝဝဝဝ-၂၅ဝဝဝ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ ကာလတိုအတွင်းမှာလည်း ဈေးနှုန်းဆက်လက်ခိုင်မာ ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ် အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်း ဈေးတွေကို ဇယား (၃) နဲ့ ဖော်ပြလိုက် ပါတယ် -ဇယား-၃                                                                                                           ဒေါ်လာ/တန်ဈေးကွက်      ၃ .၁၁ .၁ဝ             ၂ .၁၁ .၁ဝ                ၁ .၁၁ .၁ဝ                   ၃ဝ .၁ဝ .၁ဝချန်နိုင်း            ၁ဝ၁၄                   ၁ဝဝ၂                    ၁ဝဝ၂                           ၁ဝ၁ဝဒေလီ         ၁ဝ၁၄-၁ဝ၃၇           ၁ဝ၁၃-၁ဝ၃၅                 ၉၉၁                            ၉၈၈အင်ဒိုရီ               ၉၂၄                     ၉ဝဝ                      ၉၂၃                            ၉၄၃

Pages