Background
အိန္ဒိယနိုင်ငံက မကြာမီ သကြားတန်ချိန် ၂ သန်းတင်ပို့သွားနိုင် ဘရာဇီးနိုင်ငံမှာ အထွက်လျော့ကျဖွယ်ရှိတဲ့အတွက် မြင့်တက်နေတဲ့ ကမ္ဘာ့ ဝယ်လိုအားကို ဖြည့်ဆည်းနိုင်ဖို့ မကြာမီ အိန္ဒိယက သကြားတင်ပို့ ခွင့်ပြုဖွယ်ရှိတယ်လို့ သိရပါတယ်။ အိန္ဒိယအစိုးရအနေနဲ့ သကြားတင်ပို့မှု ပိတ်ပင် ထားခြင်းကို ဖယ်ရှားဖွယ်ရှိပြီး Open General Licence (OGL) အရ သကြားတန်ချိန် ၂ သန်း တင်ပို့ သွားနိုင်တယ်လို့ အိန္ဒိယသကြားစက် လုပ်ငန်း ရှင်များအသင်းက ပြောကြားပါတယ်။ ရာသီဥတုဆိုးဝါးတာကြောင့် ပါကစ္စတန်၊ အင်ဒိုနီးရှားနဲ့ ရုရှားတို့လို နိုင်ငံတွေမှာ သကြားထုတ်လုပ်မှု ထိခိုက်ခဲ့ပါတယ်။ ကမ္ဘာမှာ အများဆုံးထုတ်လုပ်တဲ့ ဘရာဇီးကလည်း ရာသီဥတုဆိုးဝါးမှုကြောင့် ယခုရာသီအတွင်း ခန့်မှန်းထုတ်လုပ်မှု ထက် လျော့ကျမယ်လို့ ဆိုပါတယ်။ နယူးယောက်မှာ မေလ ၇ ရက်က သကြားကြိုပွိုင့်တစ်ပေါင်ကို အခြေခံ ဈေး ကန်ဒေါ်လာ ၁၃ ဆင့်ရှိခဲ့ရာမှ ဘရာဇီးကရောင်းချမှုနည်းခြင်းနဲ့ အိန္ဒိယရဲ့ မသေချာတဲ့ တင်ပို့မှုအခြေအနေတွေကြောင့် နိုဝင်ဘာလ ၉ ရက်နေ့မှာ ၁၅ဝ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ ကြံနဲ့ သကြားထုတ်လုပ်မှုဟာ ပုံမှန် အားဖြင့် ၆ နှစ်မှ ၈ နှစ်တစ်ကြိမ် ပြောင်းလဲမှုရှိနေပါတယ်။ ၂ဝဝ၇-၂ဝဝ၈ နဲ့ ၂ဝဝ၈-၂ဝဝ၉ ၂ နှစ်ဆက်တိုက် သကြားထုတ်လုပ်မှုကျဆင်းခဲ့ပြီးနောက် ၂ဝဝ၉- ၂ဝ၁ဝ မှာ ထုတ်လုပ်မှု မြင့်တက်ခဲ့သလို လာမယ့် ၂ဝ၁ဝ-၂ဝ၁၁ မှာလည်း တိုးမြှင့် ထုတ်လုပ်ဖို့ ရည်ရွယ်ထားပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ မှာ စိုက်ဧရိယာရော အထွက်နှုန်းပါ တိုးတက်မယ်လို့ မျှော်လင့်ထားလို့ အိန္ဒိယနိုင်ငံရဲ့ သကြားစုစုပေါင်း ထုတ်လုပ်မှုဟာ ၂ဝဝ၉-၂ဝ၁ဝ ခုနှစ်ထက် ၂၇ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၂၄ ဒသမ ၇ သန်း ထွက်ရှိမယ်လို့ ဆိုပါတယ်။ ယမင်းခင်၊ှSources: commodityonline
တွက်ချေလည်းကိုက် ဝယ်လိုအားလည်းကောင်းလို့ ပြောင်းဖူးစေ့တင်ပို့မှုပို တစ်ဖက်နိုင်ငံပြောင်းဈေးအနည်းငယ်မြင့်တက်နေတဲ့အတွက် တွက်ချေ ကိုက်မှုရှိသလို ဝယ်လိုအားရှိတဲ့အတွက် ယခုအပတ်ပြောင်းတင်ပို့မှု သိသိ သာသာ မြင့်တက်လျက် ရှိတယ်လို့ မူဆယ်နယ်စပ်ကုန်သည်အသင်းမှ သတင်းရရှိပါ တယ်။ ယခုအပတ်မှာ မူဆယ်မှပြောင်းဖူးစေ့ ၁၈ဝ၅၂ တန်၊ လွယ်ဂျယ်မှ တန် ၁၃ဝ စုစုပေါင်း ၁၈၁၈၂ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၄ ဒသမ ၅၅ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် မူဆယ်မှ တန်ချိန်၆ဝဝဝ ကျော်တင်ပို့မှု ပိုမို ခဲ့သော်လည်း လွယ်ဂျယ်မှ တန် ၆ဝဝ နီးပါး လျော့နည်းခဲ့ပါတယ်။ မူဆယ်၊ လွယ်ဂျယ်နဲ့ ကန်ပိုက်တီးနယ်စပ်စခန်း (၃)ခုရဲ့ယခင်အပတ် တင်ပို့မှုထက် တန်ချိန် ၅၂၈ဝ နီးပါး တင်ပို့မှုပိုမိုခဲ့ပါတယ်။ ယခုအပတ်နဲ့ ယခင်အပတ်မြန်မာ-တရုတ် နယ်စပ် မူဆယ်နဲ့ ရွှေလီပေါက် ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၄၂၇ဝ၆ ၂၃၈၅၃၆ ၄၁၇ဝ ၂ ၂၇၄ ၂၇ဝ ၄ ၂နံှစားပြောင်း ၂၄၂၆၂၉ ၂၅၈၅၄၄ ၁၅၉၁၅ ၇ ၂၇၁ ၂၈၆ ၁၅ ၆ MIRT (DOBT)
ပြောင်းတင်ပို့မှု စဉ်ဆက်မပြတ် နိုဝင်ဘာလ ၁ ရက်မှ ၇ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်းတန်ချိန် ၃၇၈ တန်၊ တန်ဖိုးကန်ဒေါ်လာ ဝ ဒသမ ဝ၉၄ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ၁၄၇၇ တန်တင်ပို့ခဲ့တာကြောင့် ၁ဝ၉၉ တန် လျော့နည်းတင်ပို့ခဲ့ပါတယ်။ တင်ပို့မှုလျော့နည်းသွားပေမဲ့ ယခင်လများနဲ့ နှိုင်းယှဉ် ရင် စဉ်ဆက်မပြတ် တင်ပို့နိုင်တာတွေရှိရပါတယ်။ တင်ပို့တဲ့နိုင်ငံများက တော့ တရုတ်ကို ၄၂ တန်နဲ့ စင်ကာပူကို ၃၃၆ တန် အသီးသီးတင်ပို့ခဲ့တာ ဖြစ် ကြောင်းသတင်းရရှိပါတယ်။ KZW
မုန်တိုင်းကြောင့် ရော်ဘာဈေးတက် ပြင်းထန်တဲ့မုန်တိုင်းများဟာ ကမ္ဘာ့ရော်ဘာထုတ်လုပ်တဲ့ဒေသတွေကိုဖြတ်သန်းတိုက်ခတ်ပြီးနောက်ပိုင်း ကုန်ပစ္စည်းတော် တော်များများရဲ့ ဈေးနှုန်းမြင့်တက်နေကြောင်းသိရပါတယ်။ ပထမဦးစွာ မိုးခေါင်ရေရှားဖြစ်ပြီး နောက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် အာရှစိုက်ပျိုးရေးဒေသရှိ ရော်ဘာပင်တွေရဲ့အစေးထုတ်လုပ်မှု ကိုထိခိုက်ခဲ့ရကြောင်း သုတေသီများက ပြောကြားခဲ့ပါတယ်။ ဒီအခြေအနေများက ကမ္ဘာ့ထုတ်လုပ်မှုကို ထိခိုက် ပေမဲ့ ဝယ်လိုအားတက်လာပြီး ကမ္ဘာ့စီးပွားရေး ကာမိစေပါတယ်။ ရော်ဘာဈေးတက်တာနဲ့အမျှ ထုတ်ကုန်တွေဖြစ်တဲ့ ကွန်ဒုံး၊ တာယာနဲ့ လက်အိတ်တို့ရဲ့ကုန်ကျစရိတ်ကလည်း လာမယ့် (၂) နှစ်လောက်အထိမြင့်တက်ဖွယ်ရှိကြောင်း သိရပါတယ်။ ကမ္ဘာ့ထုတ်လုပ်မှုအများဆုံး ထိုင်းနိုင်ငံက ၅ ရာခိုင်နှုန်း မိုးများပြီး ရော်ဘာအစေး ထွက်ထိခိုက်တာကြောင့် ထုတ်လုပ်မှုကျဆင်းပြီး ယခုနှစ်မှာတန်ချိန် ၃ သန်းခန့်သာ ထုတ်လုပ်နိုင်မှာ ကို သုတေသီများက စိုးရိမ်နေကြပါတယ်။ ဒုတိယအများဆုံးရော်ဘာစိုက်ပျိုးတဲ့ အင်ဒိုနီးရှားကတန်ချိန် ၂ ဒသမ ၄ သန်း ထုတ်လုပ်နိုင်ဖွယ်ရှိပြီး အစောပိုင်းခန့်မှန်းချက်ထက် လျော့နည်းနိုင်ကြောင်းသိရပါတယ်။ ရော်ဘာရောင်းချ ရမှုဟာ (၆) နှစ်အတွင်း အများဆုံးရောက်ရှိလာပြီး ဒီအခြေအနေက ၂ဝဝ၇ ကစတွက်ရင် ကမ္ဘာ့ စီးပွားရေးတိုးတက်မှု အမြန်ဆုံးနှုန်း ဖြစ်ကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က ပြောကြားခဲ့ပါတယ်။ ယခုနှစ် မှာ ကမ္ဘာ့ကားရောင်းချရနှုန်း ၈ ရာခိုင်နှုန်း တိုးလာပြီး ရေရှည်မှာရော်ဘာသုံးစွဲမှုပါ တိုးတက်လာမှာဖြစ်ကြောင်း သုတေသီများကခန့်မှန်းကြပါတယ်။ နှစ်ကုန်ချိန်အထိ ရာသီဥတုဆိုးရွားမှာကို စိုးရိမ်ကြောင်းနဲ့ထိုင်းနိုင်ငံ စိုက်ပိုျးဧရိယာ ၆၈ ရာခိုင်နှုန်းရှိတဲ့ တောင်ပိုင်းမှာသာမန်ထက်ပိုတဲ့ မိုးရွာသွန်းမှုက ပျက်စီးမှုဖြစ်စေတာကြောင့် သုတေသီများကစိုးရိမ်ကြောင်း ပြောကြားပါတယ်။ Source: UKPA,KZW
ရှန်ဟိုင်း၊ စင်ကာပူ၊ ထိုင်းနိုင်ငံများ၌ ရော်ဘာဈေးနှုန်း မှတ်တမ်းတင်လောက်အောင် မြင့်တက်လျက်ရ အာရှရဲ့ရော်ဘာ အဓိကထုတ်လုပ်တဲ့နိုင်ငံများမှာ မိုးရွာပြီးရေလံျှတာကြောင့် ရှန်ဟိုင်း၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံတို့မှာ ရော်ဘာ ဈေးနှုန်းများ မှတ်တမ်းတင်လောက်အောက် မြင့်တက်ပြီး တိုကိုျရဲ့အလားအလာကတော့နှစ် ၃ဝ အတွင်းမှာ အမြင့်ဆုံး ဖြစ်နိုင်ပါတယ်။ ရှန်ဟိုင်းကုန်စည်ဒိုင်မှာမေလအတွက် ရော်ဘာဈေးနှုန်း ၃ ဒသမ ၅ ရာခိုင်နှုန်းတက်ပြီး တစ်တန်ကို ၃၇ဝ၇ဝ ယွမ် ( ၅၅၅၈ ဒေါ်လာ)အထိ ရောက်ရှိခဲ့ပြီး စင်ကာပူကုန်စည်ဒိုင်ရဲ့ ရော်ဘာဈေးနှုန်းက ၂ ဒသမ ၈ ရာခိုင်နှုန်းမြင့် တက်ခဲ့ပါတယ်။ဒီဇင်ဘာလအတွက် ဈေးနှုန်းက တစ်ကီလိုဂရမ်ကို ၄ ဒသမ ၃၄ ဒေါ်လာရှိကြောင်း သိရပါတယ်။ ရေကြီးမှု ကြောင့် ရော်ဘာထုတ်လုပ်ရေးမှာ ပျက်စီးမှုတွေများလာပြီး ထိုင်းနိုင်ငံရဲ့ ဈေးနှုန်း ထပ်မံတက်ဖွယ်ရှိကြောင်း အဂရိုဝဲသ့်ကုမ္ပဏီမှ ကုန်ပစ္စည်း သုတေသီတစ်ဦးကပြောကြားခဲ့ပါတယ်။ ဇွန်လအတွက် ထိုင်းနိုင်ငံရဲ့ ကုန်စည်ဒိုင်ဈေးနှုန်းက ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ကီလိုဂရမ်ကို ၁၃၁ ဘတ် (၄ ဒသမ ၄ဒေါ်လာ) ရှိကာ ၂ဝဝ၄ ခုနှစ် စာချုပ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက အမြင့်ဆုံးဈေး ဖြစ်နေကြောင်း သိရပါတယ်။ လက်ငင်းဈေးကတော့ ဝ ဒသမ ၂ ရာခိုင်နှုန်းတိုးလာပြီး တစ်ကီလိုဂရမ်ကို ၁၂၅ ဘတ် ( ၄ ဒသမ ၂ ဒေါ်လာ) ရှိကြောင်း ထိုင်းရော်ဘာ သုတေသနဌာနက ပြောကြားခဲ့ပါတယ်။ ဆွန်ခလာမှာ ရှိတဲ့ရော်ဘာရောင်းဝယ်ရေး ဌာနကို နိုဝင်ဘာပထမပတ်ကရေကြီးမှုကြောင့် ပိတ်ထားခဲ့ရပါတယ်။ရောင်းလိုအား အခက် အခဲကြောင့် ရော်ဘာကတော့ ဆက်လက်ဈေးတက်ဦးမှာဖြစ်ပြီး အင်ဒိုနီးရှားမှာ မိုးကြီးမှုကြောင့် ရော်ဘာအထွက်နှုန်း ကန့်သတ်မှု ရှိနေပြီး မီးတောင် ပေါက်ကွဲမှုကြောင့်လည်း ရောင်းလိုအား အကြပ်အတည်း ဖြစ်နိုင်ဖွယ်ရှိကြောင်းသုတေသီများက ပြောကြားခဲ့တယ်လို့ သတင်းရရှိပါ တယ်။ Source: Bloomberg,KZW
အချို့ဈေးကွက်များမှာ ပဲစင်းငုံဈေးမာလာ အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်အချို့မှာ ဝယ်လိုအားနည်းတာကြောင့် ဈေးငြိမ်နေပေမဲ့ အချို့ဈေးကွက် များမှာတော့ ဝယ်လိုအားတက်လာတာကြောင့် ဈေးမြင့်လာပါတယ်။ ဈေးကွက် တွေမှာ လက်ကျန်များနေခြင်းနဲ့ မြန်မာနိုင်ငံ၊ တန်ဇန်းနီးယားနိုင်ငံ တွေက တင်သွင်းပဲတွေရောက်ရှိလာခြင်းကြောင့် ရောင်းအားများနေ ပါတယ်။ ဒါ့အပြင် ကာနာတာကာက ပဲစင်းငုံအသစ်များ ဒီဇင်ဘာ ပထမပတ်မှ စတင်ဝင်ရောက်လာဖွယ်ရှိတယ်လို့ သိရပါတယ်။ လာမယ့်ရက်များမှာ ဈေးလျော့ကျလာဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံဈေးနှုန်းတွေ ကို ဇယား(၄)နဲ့ ဖော်ပြထားပါတယ် - ဇယား-၄ ဒေါ်လာ/တန် ဈေးကွက် ၁၁ .၁၁ .၁ဝ ၁ဝ .၁၁ .၁ဝ ၉ .၁၁ .၁ဝ ၈ .၁ဝ .၁ဝမွန်ဘိုင်း(မြန်မာပဲစင်းငုံ) ၇၁၂ ၆၉၈ ၆၉၃ ၆၈၅ဒေလီ(မြန်မာပဲစင်းငုံ) - ၆၇၆ ၆၇၆ ၆၇၈ချန်နိုင်း(မြန်မာပဲစင်းငုံ) - ၆၈၇ ၆၇၆ ၆၇၈ှ Source: agriwatch.com , MIRT (Yangon)
ပြည်တွင်းပဲတီစိမ်းဈေး မြင့်တက်လာ အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပဲခွဲစက်များနဲ့ ကုန်သည် များက ဒေသပဲတီစိမ်းအသစ်တွေကို ဝယ်လိုအားကောင်းလာတာ ကြောင့် ဒီတစ်ပတ်ဈေးမြင့်လာခဲ့ပေမဲ့ ပဲတီရွှေဝါဈေးကတော့ ငြိမ်နေ တာ တွေ့ရပါတယ်။ ဒါပေမဲ့မဟာရပ်ရှတရာမှာတော့ အရည်အသွေး ညံ့ပဲတွေကို ဝယ်လိုအားကျနေတယ်လို့ သိရပါတယ်။ ယခင်နှစ်ထက်ယခုနှစ်မှာ အထွက်ပိုမိုမယ်လို့ ခန့်မှန်းထားပေမဲ့ မြန်မာနိုင်ငံက ပဲ ရရှိနိုင်မှု အကန့်အသတ်သာရှိခြင်းက ဈေးနှုန်းကို မြင့်တက်စေနိုင်တယ်လို့ ဆိုပါတယ်။ ကာလတိုအတွင်း ဈေးခိုင်မာဖွယ်ရှိတယ်လို့ သုံးသပ်ကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်း ဖြစ်ပေါ် ခဲ့တဲ့ ပဲတီစိမ်းဈေးတွေကို ဇယား(၃)နဲ့ ဖော်ပြလိုက်ပါတယ် ဇယား-၃ ဒေါ်လာ/တန် ဈေးကွက် ၁၁ .၁၁ .၁ဝ ၁ဝ .၁၁ .၁ဝ ၉ .၁၁ .၁ဝ ၈ .၁ဝ .၁ဝချန်နိုင်း(ပဲတီရွှေဝါ) ၉၉၄ ၉၉၁ ၉၉၁ ၉၉၄ဒေလီ ၁ဝ၈၅ ၁ဝ၃၆-၁ဝ၅၉ ၁ဝ၁၄-၁ဝ၃၆ ၁ဝ၁၇-၁ဝ၃၉အင်ဒိုရီ ၉၇၂ ၉၄၆ ၉၄၆ ၉၂၆-၉၄၉
ကုလားပဲဈေး အပြောင်းအလဲနည်း အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်တွေမှာ ယခုတစ်ပတ် ကုလားပဲဈေးက အပြောင်းအလဲနည်းပြီး ငြိမ်သလောက်ဖြစ်နေပါ တယ်။ အချို့ဈေးကွက်တွေမှာ လက်ကျန်လျော့နည်းလာပြီဖြစ်လို့ ဈေးမြင့်တက်ဦးမယ်လို့ ခန့်မှန်းသူတွေရှိသလို အချို့ဈေးကွက်လက်ကျန်ပမာဏများက ပဲအသစ်ဝင်ရောက်တဲ့ထိ လုံလောက်မယ်လို့ ခန့် မှန်းကြပါတယ်။ သြစတြေးလျနဲ့ ကနေဒါတို့မှာ ရာသီဥတု အခြေအနေမကောင်းခြင်းက ကုလားပဲဖြူလုံးကြီး အရည်အသွေးပျက်စီးမှု ရှိသလို အထွက်လည်းထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။ ပြည်တွင်း ပဲစိုက်တဲ့ အဓိကဒေသတွေမှာ ကုလားပဲစိုက်ပျိုးမှု တိုးတက်နေတဲ့ သတင်းများကတော့ ဈေးနှုန်းကို အကန့်အသတ် ဖြစ်စေနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ ဒါပေမဲ့ ဝယ်လိုအားကောင်းလာရင်တော့ ဈေးနှုန်းထပ်တက်နိုင်တယ်လို့ အချို့က ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူလုံးကြီးဈေးတွေကိုဇယား(၂)နဲ့ ဖော်ပြထားပါတယ်- ဇယား-၂ ဒေါ်လာ/တန် ဈေးကွက် ၁၁ .၁၁ .၁ဝ ၁ဝ .၁၁ .၁ဝ ၉ .၁၁ .၁ဝ ၈ .၁ဝ .၁ဝမွန်ဘိုင်း ၅၇၆ ၅၇၂-၅၇၄ ၅၇၄-၅၈ဝ ၅၇၆ဒေလီ ၅၄၂-၅၄၈ ၅၄၁ ၅၄၈-၅၅ဝ ၅၄၇-၅၄၈ကန်ပါ ၅၄၂ ၅၄၁ ၅၃၈-၅၄၁ ၅၃၈-၅၃၉
အိန္ဒိယနိုင်ငံရဲ့ စားနပ်ရိက္ခာဖောင်းပွမှုဟာ ပဲမျိုးစုံဈေးနှုန်း သက်သာလာတာကြောင့် ယခင်တစ်ပတ်က ၁၂ ဒသမ ၈၅ ရာခိုင် နှုန်းရှိရာမှ အောက်တိုဘာလ ၃ဝ ရက်မှာ ကုန်ဆုံးတဲ့ သီတင်းပတ် အတွင်း ၁၂ ဒသမ ၃ ရာခိုင်နှုန်းကို လျော့ကျလာတယ်လို့ သိရပါတယ်။ ဈေးကွက်တွေမှာ ကုလားပဲဈေးက ၁ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ပေမဲ့ ပဲနီလေးမှာ ၃ ရာခိုင်နှုန်း၊ ပဲစင်းငုံ၊ ပဲတီစိမ်းနဲ့ မတ်ပဲတို့ကတော့၂ ရာခိုင်နှုန်းစီ ကျဆင်းလာတယ်လို့ သိရပါတယ်။ မတ်ပဲအမြင့်ဈေးနဲ့ပိတ် အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်တွေမှာ သီတင်းပတ် အစပိုင်းက မတ်ပဲဈေးငြိမ်နေခဲ့ရာမှ သီတင်းပတ် နောက်ဆုံးရက်မှာ တော့ အမြင့်ဈေးနဲ့ ပိတ်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ကန်ပါဈေးကွက်ကို ပဲအဆက်မပြတ် ဝင်ရောက်နေခြင်းက ဈေးနှုန်းကျဆင်းဖို့ ဖိအားဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ မဟာရပ်ရှတရာ၊ ကာနာတာကာနဲ့ အင်ဒါပရာဒေ့ရှ်တို့မှာ မတ်ပဲ ၇ဝ ရာခိုင်နှုန်း ခန့်ပျက်စီးမှုရှိတယ်လို့ သိရပါတယ်။ ဒါပေမဲ့ မဒ္ဒရာပရာဒေ့ရှ်နဲ့ ဂူဂျာရတ်တို့လိုအခြားဒေသတွေမှာ အထွက်ကောင်းခြင်းက လျော့ကျတဲ့အထွက်ကိုပြန်ကာမိနိုင်တယ်လို့ဆိုပါတယ်။ ကာလတိုအတွင်း မတ်ပဲဈေး ခိုင်မာဖွယ်ရှိတယ်လို့ သုံးသပ်ကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ မြန်မာမတ်ပဲ FAQ ဈေးနှုန်းတွေကို ဇယား(၁)နဲ့ ဖော်ပြထားပါတယ် ဇယား-၁ ဒေါ်လာ/တန် ဈေးကွက် ၁၁ .၁၁ .၁ဝ ၁ဝ .၁၁ .၁ဝ ၉ .၁၁ .၁ဝ ၈ .၁ဝ .၁ဝမွန်ဘိုင်း ၉၈၃ ၉၅၇-၉၆၃ ၉၅၇ ၉၆ဝဒေလီ - ၉၅၇ ၉၅၇ ၉၆ဝချန်နိုင်း - ၁ဝဝ၂-၁၁၈၃ ၉၉၂-၁၁၇၁ ၉၉၄-၁၁၇၅
ပြည်တွင်းနို့ဆီလက်ကားဈေး ကျပ်/ တစ်ဘူး ရန်ကုန် မန္တလေးဒွန်း( နို့ဆီ ) ၆၄ဝ ၆၅၅ဒွန်း( နို့စိမ်း) ၆၁ဝ ၆၂၅မာရီဂိုး(နို့ဆီ) ၅၈ဝ ၅၉၅လပ်ကီးကောင်း( နို့စိမ်း) ၅၃ဝ ၅၄၅MIRT (DOT)