Background
ကမ္ဘာ့ရေနံစိမ်းဈေးကွက်မှာ ရေနံစိမ်းဈေးတွေ ခပ်ပျော့ပျော့နဲ့ အကျဘက်ကိုရောက်နေပါ တယ်။ စီးပွားရေးအညွှန်းကိန်းများအရ ရေနံစိမ်းဈေးမကျလောက်ပေမဲ့ ဆီဈေးတွေက ကျနေပါ တယ်။ အမေရိကန်မှာ တစ်ချို့လက်လီ အရောင်းအဝယ်သမားများက သူတို့ရဲ့ ဝယ်လိုအားကို ဆက်မတိုးခဲျ့ပဲစောင့်ကြည့်နေကြပါတယ်။ ကယ်လီဖိုးနီးယားဒေသမှာ ပန့်ဈေးအဖြစ် ဓါတ်ဆီ တစ်ဂါလံကို ပျမ်းမျှ ၂ ဆင့်ခန့်ဈေးကျခဲ့ပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ်ကျော်က တစ်ဂါလံ ၃ ဒသမ ဝ၂၆ ဒေါ်လာခန့်ရှိခဲ့တာပါ။ စွမ်းအင်ဌာနရဲ့ အပတ်စဉ် လေ့လာချက်အစီရင်ခံစာအရ ဓါတ်ဆီ တစ်ဂါလံ ပျမ်းမျှဈေးက ပုံမှန်ထက် ၁ ဒသမ ၂ ဆင့်လျော့ပြီး တစ်ဂါလံ ၂ ဒသမ ၇၃၉ ဒေါ်လာ ရှိကြောင်း၊ တစ်နိုင်ငံလုံးရဲ့ ဝယ်ယူမှုအင်အားအပေါ်အခြေခံကာ တွက်ချက်ပြီး ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။ ဇန်နဝါရီ နောက်ဆုံးအပတ်အတွင်း တိုးခဲျ့တင်သွင်းခဲ့မှုကြောင့် ရေနံစိမ်း လက်ကျန် ရော ဓါတ်ဆီလက်ကျန်ပါ မြင့်မားနေပါတယ်။ ''ရေနံစိမ်းတွေကို သန့်စင်ဖို့ရာ အဝယ်နည်းသွား တဲ့အတွက် နည်းနည်းတုံ့ဆိုင်းသွားနိုင်တယ်။ ရေနံစိမ်းကနေရရှိတဲ့ ဓါတုပစ္စည်းတွေရဲ့ဈေးလည်း ရေနံစိမ်းဈေးနဲ့အတူ တစ်တန်းတည်း ဝယ်အားနည်းနေတယ်'' လို့ သုတေသီ Fadel Gheit က ပြောပါတယ်။ ရေနံစိမ်းဈေးက ၅၅ ဒေါ်လာအောက် မရောက်သင့်ဘူး၊ သန့်စင်တဲ့အခါမှာ ကုန်ကျ စရိတ်တွေကို လျှော့ချဖို့နဲ့ စီမံခန့်ခွဲမှု ကောင်းဖို့လိုကြောင်း ၎င်းက ဆက်လက်ပြောခဲ့ပါတယ်။ WWN
၂ဝ၁ဝ ခုနှစ် နှစ်စက မြင့်တက်ခဲ့တဲ့ ဒီဇယ်ဈေးနှုန်းများမှာ ယခုအခါတွင် ပြန်လည်ကျဆင်း လာတယ်လို့ ဒီဇယ်ရောင်းဝယ်သူများထံက စုံစမ်းသိရပါတယ်။
ဇန်နဝါရီ-၂ဝ၁ဝ ဓာတ်ဆီ(ကျပ်) ဒီဇယ်(ကျပ်)ရက် ရန်ကုန် မန္တလေး ရန်ကုန် မန္တလေး၂၅ ၃၂ဝဝ ၃၂ဝဝ ၃၂ဝဝ ၃၄ဝဝ၂၆ ၃၂ဝဝ ၃၂ဝဝ ၃၂ဝဝ ၃၄ဝဝ၂၇ ၃၂ဝဝ ၃၂ဝဝ ၃၂ဝဝ ၃၄ဝဝ၂၈ ၃၂ဝဝ ၃၂ဝဝ ၃၂ဝဝ ၃၄ဝဝ၂၉ ၃၂ဝဝ ၃၂ဝဝ ၃၂ဝဝ ၃၄ဝဝ
ဇန်နဝါရီ-၂ဝ၁ဝ ဓာတ်ဆီ(ကျပ်) ဒီဇယ်(ကျပ်)ရက် တရုတ် ထိုင်း တရုတ် ထိုင်း၂၂ ၃၄ဝဝ ၃ဝဝဝ ၃၃ဝဝ ၃ဝဝဝ ၂၅ ၃၄ဝဝ ၃ဝဝဝ ၃၃ဝဝ ၃ဝဝဝ၂၆ ၃၄ဝဝ ၃ဝဝဝ ၃၃ဝဝ ၃ဝဝဝ၂၇ ၃၄ဝဝ ၃ဝဝဝ ၃၃ဝဝ ၃ဝဝဝ၂၈ ၃၄ဝဝ ၃ဝဝဝ ၃၃ဝဝ ၃ဝဝဝ
Price Change Change %Brent Crude Futr (USD/bbl) 72.470 0.240 0.33Gas Oil Fut (ICE) (USD/MT) 593.750 -10.250 -1.70Gasoline Rbob Fut (Cent/gal) 193.550 -0.370 -0.19Heating Oil Futr (Cent/gal) 192.560 0.880 0.46Natural Gas Futr (USD/MMBtu) 5.194 -0.030 -0.57WTI Crude Future (USD/bbl.) 73.990 0.320 0.43
ဇန်နဝါရီ-၂ဝ၁ဝ (1US$) ရက် တရုတ် ထိုင်း ဘင်္ဂလားဒေ့ရှ် အိန္ဒိယ (ယွမ်) (ဘတ်) (တာကာ) (ရူပီး)၂၄ ၆ .၈၃ ၃၂ .၉၈ ၆၉ .ဝဝ ၄၆ .၂၁၂၅ ၆ .၈၃ ၃၂ .၉၉ ၆၉ .ဝဝ ၄၆ .၁၇၂၆ ၆ .၈၃ ၃၃ .ဝ၅ ၆၉ .၃၅ ၄၆ .၅၄၂၇ ၆ .၈၃ ၃၃ .ဝ၅ ၆၉ .ဝ၅ ၄၆ .၃၆၂၈ ၆ .၈၃ ၃၃ .ဝ၈ ၆၉ .၃၅ ၄၆ .၂၇
ယခုအခါစိန်ဈေးကွက်တွင် စိန်ရောင်းဝယ်သူများမှာ အမြတ်နည်းနည်းဖြင့် အရေအတွက် များများ ရောင်းချရေးကိုသာ ဦးစားပေးလာတယ်လို့ စိန်ရောင်းဝယ်သူတစ်ဦးက ဆိုပါတယ်။
Date Silver/Oz Zinc/Ton Aluminium/Ton Copper/Ton Platinum/Oz24-Jan 17.11 2348.45 2219.17 7426.72 1561.0025-Jan 17.20 2384.03 2219.17 7436.80 1563.0026-Jan 16.97 2317.95 2203.94 7437.70 1527.0027-Jan 16.83 2326.69 2203.94 7473.31 1510.0028-Jan 16.60 2208.64 2127.78 7193.98 1515.00Source:Bloomberg.com/kitco.com
အမေရိကန်ဒေါ်လာလဲလှယ်မှု ခပ်ငြိမ်ငြိမ်ဖြစ်နေတဲ့အတွက် နယူးယောက်ဈေးကွက်မှာ ရွှေဈေးက ခပ်ငြိမ်ငြိမ်ပဲဖြစ်နေပါတယ်။