Background
ယခုတစ်ပတ်အတွင်း အတက်ပြ လာခဲ့သည့်မြန်မာ့ရွှေဈေးသည် ပြန် လည်ကျဆင်းစပြုလာခဲ့ကြောင်း ရွှေ ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။မြန်မာ့ရွှေဈေးကွက်သည် ပြီးခဲ့ သည့်ရက်သတ္တပတ်အတွင်းက ကျပ် ၆၇၀၀၀၀ အထိကျဆင်းခဲ့ပြီးမှ ယခု တစ်ပတ်အတွင်းတွင် ကျပ် ၆၉၂၀၀၀ ဖြင့် အတက်ပြကာ ဈေးဖွင့်ခဲ့သည်ကို တွေ့ရသည်။
ဇူလိုင် ၇ ရက် မှ ဇူလိုင်လ ၁၃ ရက်အတွင်း ဓာတ်ဆီ တန်ချိန် လေးထောင် သုံးဆယ့်ကိုးတန်နဲ့ ဒီဇယ်တန်ချိန် သုံးသောင်းတစ်ထောင်ခုနှစ်ရာ သုံးဆယ့်ခုနှစ် တန်ကို တင်သွင်းခွင့်လိုင်စင်လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ် ဓာတ်ဆီအဝင်က တန်ချိန်တစ်ထောင်သာရှိခဲ့ပြီး ဒီတစ်ပတ်အဝင်က တန်ချိန် လေးထောင်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ဓာတ်ဆီတန်ချိန် သုံးထောင်ကျော် အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာ့ရွှေဈေးသည် ယခုတစ် ပတ်အတွင်း အဖွင့်ဈေးမြင့်၍ ဖွင့်လှစ် ခဲ့သော်လည်း ပြန်လည်၍ ကျရိပ်ပြလာ ခဲ့ကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။
ဇွန်လ ၂၃ ရက်မှ ဇွန်လ ၂၉ ရက်အတွင်း ဓာတ်ဆီတန်ချိန်ငါးရာကိုသာတင် သွင်းခွင့်လိုင်စင်လျှောက်ထားခဲ့ပြီး ဒီဇယ်က အဝင်မရှိဘူးလို့သိရပါတယ်။ ယခင် တစ်ပတ် ဓါတ်ဆီအဝင်က တန်ချိန် တစ်သောင်းနှစ်ထောင်ကျော်ရှိခဲ့ပြီး ၊ ဒီတစ်ပတ် အဝင်က တန်ချိန် ငါးရာသာရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ဓါတ်ဆီတန်ချိန် တစ် သောင်းတစ်ထောင်ကျော် အဝင်နည်းခဲ့ဲ့တယ်လို့ သိရပါတယ်။MIRT-DOT
ပြည်တွင်းကို ဇွန်လ ၁၆ ရက်မှ ၂၂ ရက်နေ့တာကာလအတွင်း ကန်ဒေါ်လာ နှစ်သိန်းငါးသောင်း ကျော်တန်ဖိုး ရှိ နို့ဆီ ၂၄၈ ဒသမ ၄၀ တန်ကို ပင်လယ်ရေကြောင်း လမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်း ပတ်နို့ဆီအဝင်က တန်ချိန် ငါးရာ ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ နို့ဆီတင်သွင်းမှုလျော့နည်းခဲ့ပါတယ်။ နို့မှုန့်က စင်ကာပူနိုင်ငံမှ ၉ ဒသမ ၁၄ တန်နဲ့ မလေးရှားနိုင်ငံမှ သုည ဒသမ ၃၂၄ တန်တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် နို့မှုန့်တင်သွင်းမှုမှာ ၂၅ တန်နီးပါးအဝင် လျော့နည်းခဲ့တယ်လို့ သိရပါတယ်။ MIRT (DOT)
ယခုတစ်ပတ်အတွင်း မြန်မာ့ရွှေ ဈေးသည် နေ့စဉ်ဆက်တိုက်ကျဆင်းနေ ကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။ ရွှေဈေးကျဆင်းနေသော် လည်းရွှေရောင်းလိုအားမှာပုံမှန်အတိုင်း ပင်ရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။ ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း က မြန်မာ့ရွှေဈေးသည် ကျပ် ၇၁၀၀၀၀ တွင် ရှိခဲ့သော်လည်း ယခုတစ်ပတ် အတွင်းတွင် ကျပ် ၆၆၈၀၀၀အထိကျဆင်းခဲ့သည်။
ဇွန်လ ၂၈ရက်နေ့က ပြင်ပငွေလဲ ဈေးကွက်တွင် အမေရိကန်တစ်ဒေါ် လာလျှင် ကျပ် ၁၀၀၄ ကျပ်သို့ သုံးနှစ် အတွင်း အမြင့်ဆုံးမြင့်တက်ခဲ့ပြီးမှ ထို နေ့ ညနေပိုင်းမှာပင် ကျပ် ၁၀၀၀သို့ ပြန်လည်ကျဆင်းခဲ့သည်။
နေပြည်တော်တွင်ကျင်းပလျက် ရှိသည့်ကျောက်မျက်ပြပွဲကြောင့် ပြည် တွင်းတွင် ဒေါ်လာဈေးများမြင့်တက်ခဲ့ ရကြောင်း၊ တရားဝင်ဖွင့်လှစ်လျက်ရှိ သည့်ငွေလဲစင်တာများတွင်မူ ရောင်း ဈေး ၉၇၇ကျပ်၊ ဝယ်ဈေး ၉၇၀ဖြင့် ဝယ်ရောင်းပြုလုပ်နေကြသော်လည်း ပြင်ပငွေလဲဈေးကွက်တွင်မူ ရောင်းဈေး ကျပ် ၁၀၀၄ကျပ်၊ ဝယ်ဈေး ၉၉၉ကျပ် ဖြင့် ဝယ်ရောင်းပြုလုပ်နေကြကြောင်း ငွေလဲဈေးကွက်အတွင်းမှ စုံစမ်းသိရှိရ သည်။ ဇွန်လ ၂၇ရက်နေ့က ကျောက် မျက်ပြပွဲပြီးဆုံးခဲ့ရာ ယင်းပြပွဲပြီးဆုံးသည် နှင့် ဒေါ်လာဈေးများလည်း ပြန်လည် ကျဆင်းလာခြင်းဖြစ်ကြောင်း၊ ငွေလဲ ဈေးကွက်အတွင်းမှသိရှိရသည်။ပြင်ပ ဈေးကွက်နှင့် စင်တာမှ ငွေဈေးများ ကွာဟနေသော်လည်း စင်တာများတွင် မူ အဝယ်ကောင်တာကိုဖွင့်လှစ်ထားပြီး အရောင်းကောင်တာကိုမူ ပိတ် ထားကြောင်း ငွေလာရောက်လဲလှယ် သူတစ်ဦးက ဆိုသည်။ ယင်းကဲ့သို့အမေရိကန်ဒေါ်လာ ဈေး ကျပ် ၁၀၀၀သို့ရောက်ရှိလာခြင်း သည် ဗဟိုဘဏ်မှ နိုင်ငံခြားငွေကြေး ဈေးကွက်ကို နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲ လုပ်ဆောင်ခဲ့သည့် ၂၀၁၂ခုနှစ် နောက် ပိုင်း ပထမဆုံးအကြိမ် အမြင့်ဆုံးနှုန်းကို ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ "အခု ငွေဈေးတက်တာက ကျောက်မျက်ပြပွဲကြောင့်ဖြစ်မယ်။ အဲဒီ ပွဲအတွက် လိုတဲ့ငွေကိုဝယ်နေကြတော့ ဈေးကတက်လာတယ်။ နိုင်ငံတကာမှာ ကလည်း ဒေါ်လာဈေးက တက်နေ တော့ တိုက်ဆိုင်သွားတာကြောင့် အခု လောက်အထိ တက်သွားရတာပါ။ ဒါ ပေမယ့် အဲဒီကျောက်မျက်ပြပွဲက ရလာ တဲ့ဒေါ်လာတွေကို ဈေးကွက်ထဲပြန် ရောက်လာရင်တော့ ဈေးက ပြန်ကျ သွားမှာပါ"ဟု ဝါရင့်ငွေလုပ်ငန်းကျွမ်း ကျင်သူတစ်ဦးက ဆိုသည်။ဒေါ်လာ ဈေးတက်လာခြင်းကြောင့်ငွေလဲ မှောင်ခိုလုပ်ငန်းများ ပြန်လည်ခေါင်း ထောင်လာကြကြောင်း သိရသည်။ မယ်သီတာ
ပင်လယ် ရေကြောင်းလမ်းမှ ဓာတ်ဆီ/ဒီဇယ်တန်ချိန် တစ်သိန်း တစ်သောင်း ကျော်ဝင်
ဇွန်လ ၁၆ ရက်မှ ဇွန်လ ၂၂ ရက်အတွင်း ဓာတ်ဆီတန်ချိန် တစ်သောင်း နှစ်ထောင်ကိုးဆယ့်ငါးတန်ကျော် ၊ ဒီဇယ်တန်ချိန် စုစုပေါင်း တန်ချိန် သုံးသောင်း နှစ်ရာလေးဆယ့်ကိုးတန်ကျော်ကို တင်သွင်းခွင့်လိုင်စင်လျှောက် ထားခဲ့တယ်လို့ သိရ ပါတယ်။ ယခင်တစ်ပတ်ဓာတ်ဆီအဝင်က တန်ချိန်နှစ်သောင်းတစ်ထောင် ကျော်ရှိခဲ့ ပြီး ၊ဒီဇယ်အဝင်က တန်ချိန် ကိုးသောင်း နှစ်ထောင်ကျော်သာရှိခဲ့တာကြောင့် ဒီ တစ်ပတ်မှာ ဓါတ်ဆီတန်ချိန် ကိုးထောင့် လေးရာကျော် အဝင်နည်းသလို ဒီဇယ် တန်ချိန် ခြောက်သောင်းနှစ်ထောင်ကျော် အဝင်လျော့ခဲ့ဲ့တယ် လို့ သိရပါတယ်။
ယခုတစ်ပတ်အတွင်း မြန်မာ့ရွှေ ဈေးသည် ကျပ်တစ်သောင်းကျော်ကျ ဆင်းခဲ့ကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
ယခုတစ်ပတ်အတွင်း ငွေလဲနှုန်း များမြင့်တက်လာခဲ့ကြောင်း သိရသည်။ နေပြည်တော် တွင် ပြုလုပ်လျက်ရှိ သည့် ကျောက်မျက်ရတနာပြပွဲကြောင့် ငွေလဲ နှုန်းများ မြင့်တက်နေရကြောင်း ငွေလဲ စင်တာမှ တာဝန်ရှိသူတစ်ဦးက ဆို သည်။
"ဒီတစ်ပတ်ထဲမှာ ဗဟိုဘဏ်ရဲ့ ငွေလဲနှုန်းရည်ညွှန်းကိန်းကလည်း နှစ် ရက်ဆက်တိုက် နှစ်ကြိမ်တက်တယ်။ ဗဟိုဘဏ်က ရည်ညွှန်းငွေလဲနှုန်းတက် ပြီဆိုမှတော့ စင်တာတွေက ငွေလဲနှုန်း လည်းတက်တော့တာပေ့ါဗျာ။ နောက် ပြီးနေပြည်တော်မှာလုပ်နေတဲ့ကျောက် မျက်ပြပွဲကြောင့်လည်း ငွေလဲနှုန်းတွေ တက်ရတာပါ။ နေပြည်တော် က ကျောက်မျက်ကုန်သည်တွေက လေလံ အောင်သွားတာနဲ့ ပစ္စည်းဖိုးတွေ ချေရ တော့ လိုတဲ့နိုင်ငံခြားငွေကို စင်တာတွေ ကနေပဲ ဝယ်ရတာဖြစ်တဲ့အတွက် ငွေ လဲနှုန်းတက်ရတာ အဲဒါလည်းတစ်ချက် အပါအဝင်ပေါ့"ဟု ပုဂ္ဂလိက ငွေလဲစင် တာမှတာဝန်ရှိသူတစ်ဦးက ဆိုသည်။ပြင်ပငွေဈေးကွက်တွင်လည်း ဈေးနှုန်းများမြင့်တက်လျက်ရှိရာ ပြီးခဲ့ သည့်ရက်သတ္တပတ်များက အရောင်း အဝယ်ပါးသဖြင့် အလုပ်မလုပ်ကြတော့ သည့် မှောင်ခိုသမားများမှာ မဟာဗန္ဓု လပန်းခြံတစ်ဝိုက်တွင် ပြန်လည်ကျက် စားလာခဲ့သည်။ဇွန်လ ၂၁ရက်နေ့က ပြင်ပငွေ ဈေးကွက်တွင် အမေရိ ကန်တစ်ဒေါ် လာလျှင် ရောင်းဈေး ၉၈၁ ကျပ်၊ ဝယ် ဈေး ၉၇၈ကျပ်ရှိပြီး ငွေလဲစင်တာများ တွင်မူ ရောင်းဈေး ၉၆၁ကျပ်၊ ဝယ်ဈေး ၉၅၁ကျပ်သာရှိခဲ့ သည်။ ထိုကဲ့သို့ ပြင်ပ ငွေဈေးနှင့် စင်တာများ၏ငွေဈေးနှုန်း များ လွန်စွာကွာဟနေခြင်းသည် မှောင် ခိုများကို အားပေးရာရောက်နေ ကြောင်း ငွေလဲသူတစ်ဦးက သုံးသပ် ပြောကြားခဲ့သည်။ဗဟိုဘဏ်၏ရည်ညွှန်းငွေလဲနှုန်း မှာ ဇွန်လ ၁၇ရက်နေ့က ၉၅၂ကျပ်ရှိခဲ့ ပြီး ဇွန်လ ၁၈ရက်နေ့တွင် ၉၅၃ကျပ် သို့ မြင့်တက်ခဲ့သည်။