Background
သြင်္ကန်ပြီးကာလအတွင်းတွင် ပြည်တွင်းရွှေဈေးများ ဆက်တိုက်ကျ ဆင်းနေ မှုကြောင့် ရွှေအဝယ်လိုက်နေ ကြောင်း သိရသည်။ သြင်္ကန်ပြီးဆုံးချိန် တွင် မြန်မာ့ရွှေဈေးသည် ကျပ် ၆၉၆၀၀၀အထိ ကျဆင်းခဲ့ပြီးနောက် ရုံး များပြန်ဖွင့်ချိန်တွင် မြန်မာ့ရွှေဈေးသည် ကျပ် ၇၁၄၅၀၀သို့ ပြန်လည်မြင့်တက် လာခဲ့သည်။
ယင်းကဲ့သို့ အနည်းငယ်ပြန်လည် မြင့်တက်လာခဲ့သော်လည်း မြန်မာ့ရွှေ ဈေးကွက်တွင် ဒုံးရော အထည်ပါ အ ဝယ်လိုက်နေကြောင်း သိရသည်။ ယင်း ကဲ့သို့ အဝယ်လိုက်လာမှုကြောင့် ပြည် တွင်းရွှေဈေးကွက်၏ ဈေးကွက်လိုအပ် ချက်များအာ တရုတ်နိုင်ငံမှ ရွှေများကို ဝယ်ယူ၍ ဖြေရှင်းပေးနေရကြောင်း သိ ရသည်။"ဒီနှစ်ကတော့ ထူးခြားတယ်ဆို ရမယ်။ သြင်္ကန်ပြီးတာနဲ့ ရွှေဈေးက ဝုန်း ဆို ကျသွားတာ။ ရုံးတွေ ပြန်ဖွင့်မှ နည်း နည်းလေးတက်လာတာ။ ရွှေဈေးကျ နေတော့ ရွှေဝယ်စုတဲ့သူတွေရော၊ အထည်ဝယ်တဲ့သူတွေရော အဝယ် လိုက်နေလို့ ပြည်တွင်းရွှေဈေးကွက်မှာ လိုအပ်ချက်တွေ ရှိလာတယ်။ အဲဒီလို အပ်ချက်တွေကို ပြည်ပကနေတင်သွင်း ပြီးတော့ ဖြေရှင်းပေးနေရတယ်"ဟု ရွှေ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ထို့ပြင် ပြည်တွင်းမှ ရွှေထုတ်လုပ် သူများအနေဖြင့်လည်း ပြည်တွင်းထုတ် လုပ်မှုစရိတ်မှာ ကျဆင်းသွားခြင်း မရှိဘဲ ရွှေဈေးကျဆင်းသွားသဖြင့် ထုတ်လုပ် ပြီးသမျှ ရွှေများကို ထုတ်ရောင်းခြင်းမရှိ သဖြင့် ပြည်တွင်းဝယ် လိုအားကို ဖြည့် ဆည်းရန် ယခုကဲ့သို့ ပြည်ပမှရွှေတင် သွင်း၍ဖြေရှင်းပေးနေရခြင်းဖြစ်ကြောင်း ၎င်း က ထပ်မံပြောကြားခဲ့သည်။ထို့ပြင် ဆိုက်ပရပ်စ်နိုင်ငံ၏ ဘဏ္ဍာရေး အကျပ်အတည်းကြောင့် အရန်ရွှေများကို ထုတ်ရောင်းချခဲ့သဖြင့် လည်း ကမ္ဘာ့ရွှေဈေးမှာ ကျဆင်းခဲ့ရ သဖြင့် မြန်မာ့ရွှေဈေးမှာလည်းကျဆင်း ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။မြန်မာ့ရွှေဈေးသည် ဧပြီလ ၂၂ ရက်နေ့တွင် ကျပ် ၇၁၄၅၀၀ ရှိခဲ့ရာမှ ဧပြီလ ၂၃ရက်နေ့တွင်ကျပ် ၇၀၅၀၀၀ သို့ နေ့ချင်း ကျပ်တစ်သောင်းကျော် ကျ ဆင်းခဲ့သည်။ ဧပြီလ ၂၄ရက်နေ့တွင် ကျပ် ၇၀၄၃၀၀၊ ဧပြီလ ၂၅ရက်နေ့တွင် ကျပ် ၇၀၅၅၀၀ ဖြစ်လာကာ ဧပြီလ ၂၆ ရက်နေ့တွင် ကျပ် ၇၁၁၅၀၀ သို့ တစ်ရက်အတွင်း ကျပ် ၆၀၀၀ကျော် ပြန်လည်မြင့်တက်လာခဲ့သည်။ကမ္ဘာ့ရွှေဈေးသည်လည်း ဧပြီလ ၂၂ရက်နေ့တွင် ၁၄၂၃ဒေါ်လာရှိခဲ့ရာမှ ဧပြီလ ၂၃ရက်နေ့တွင် ၁၄၁၁ဒေါ်လာ၊ ဧပြီလ ၂၄ရက်နေ့တွင် ၁၄၂၅ဒေါ်လာ၊ ဧပြီလ ၂၅ရက်နေ့တွင် ၁၄၄၅ဒေါ်လာ ရှိခဲ့ရာမှ ဧပြီလ ၂၆ရက်နေ့တွင် ၁၄၆၂ ဒေါ်လာသို့ ပြန်တက်လာခဲ့သည်။မယ်သီတာ
ဧပြီလ ၇ ရက် မှ ၁၃ ရက် အတွင်း ဓာတ်ဆီ တန်ချိန် သုံးထောင့်ငါးရာ၊ ဒီဇယ် တန်ချိန် နှစ်ထောင်၊ စုစုပေါင်း တန်ချိန် ငါးထောင့်ငါးရာကို တင်သွင်းခွင့် လိုင်စင် လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။ ဧပြီလပထမအပတ် အတွင်းမှာ ဓါတ်ဆီအဝင်မှာ တန်ချိန် တစ်သောင်းတစ်ထောင်ကျော်ရှိခဲ့ပြီး ဒီဇယ်အဝင်မှာ တန်ချိန် နှစ်သောင်း ခုနှစ်ကျော် စုစုပေါင်း ဓါတ်ဆီ၊ ဒီဇယ် အဝင်တန်ချိန်မှာ တန်ချိန် သုံးသောင်းရှစ်ေ ထာင်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် သုံးသောင်း နှစ်ထောင်ကျော် အဝင်လျော့ခဲ့ တယ်လို့ သိရပါတယ်။
ပြည်တွင်းကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ မတ်လ ၂၄ ရက်မှ ၃၀ ရက်နေ့အတွင်း နို့ဆီ ကန်ဒေါ်လာ နှစ်သိန်းငါးသောင်းတန်ဖိုးရှိ အိုကေနို့ဆီ ၂၄၈ ဒသမ ၄၀ တန် ကို တင်သွင်းခဲ့ ပါတယ်။ ယခင်သီတင်းပတ်အဝင်က တန်ချိန် လေးရာကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာတန်ချိန်တစ်ရာ့ခြောက် ဆယ်အဝင် နည်းခဲ့ပါတယ်။
မြန်မာ့ရွှေဈေးသည် ယခုတစ် ပတ်အတွင်း ကျပ်ငါးထောင်ကျော် ကျ ဆင်းသွားကြောင်း သိရသည်။ ယခင် ရက်သတ္တပတ်အတွင်းကတည်းက ကျ ဆင်းလျက်ရှိသည့် မြန်မာ့ရွှေဈေးသည် ယခုတစ်ပတ်တွင်လည်းနေ့စဉ်အတက် အကျများဖြင့် အကျဖက်သို့သာ ဦး တည်နေခဲ့ကြောင်းသိရသည်။
ရွှေဈေးကျဆင်းနေမှုကြောင့် ရွှေ ဝယ်ရောင်းသမားများ ငြိမ်နေပြီး အထည်သမားများသာ အလုပ်ဖြစ်ခဲ့ ကြကြောင်း သိရသည်။ မြန်မာ့ရွှေဈေး သည် ကမ္ဘာ့ရွှေဈေးကျဆင်းမှုကြောင့် ကျဆင်းခဲ့ရသည်ဟုဆိုသော်လည်း ရွှေ ဝယ်လိုအားများ ကျဆင်းနေမှုကြောင့် မြန်မာ့ရွှေဈေးနှုန်းများ ကျဆင်းနေရ ခြင်းဖြစ်ကြောင်း သိရသည်။"ဒီတစ်ပတ်ထဲမှာ မြန်မာ့ရွှေဈေး က အကျဖက်ကို ဦးတည်နေတယ်။ ရွှေဈေးကျနေတော့ အထည်သမား တွေပဲ အဝယ်လိုက်နေတာ။ အရင်က ၅ ယောက်ပဲလာဝယ်ရင် အခုဆို ၁၀ ယောက်လောက် တစ်နေ့ကို ဝယ်အား ရှိတယ်။ ဈေးကျတဲ့အချိန် စပါးပေါ်၊ ပဲပေါ်တဲ့အချိန်ဆိုတော့ အထည်သမား တွေ ပိုပြီးအလုပ်ဖြစ်တာပေါ့။ ကမ္ဘာ့ ရွှေဈေးကလည်း အကျဖက်မှာပဲရှိနေ တာ။ တက်မယ်လို့ အတက်ပြပြီးမှ ပြန် ကျတာဆိုတော့ ရွှေဝယ်ေ ရာင်းသမား တွေ ငြိမ်နေကြတာပေါ့"ဟု ရွှေဘုံသာ လမ်းအတွင်းမှ ရွှေကုန်သည်တစ်ဦးက သုံးသပ်ပြခဲ့သည်။မြန်မာ့ရွှေဈေးသည် ဧပြီလ ၁ ရက်နေ့က ကျပ် ၇၄၂၅၀၀ ရှိခဲ့ပြီး ဧပြီ လ ၃ ရက်နေ့တွင် ၇၃၇၀၀၀ သို့ ကျဆင်းခဲ့သည်။ ဧပြီလ ၅ရက်နေ့တွင် ကျပ် ၇၃၇၀၀၀ ဖြစ်လာခဲ့သည်။ကမ္ဘာ့ရွှေဈေးသည်လည်း ဧပြီ လ ၁ ရက်နေ့က ၁၅၉၅ ဒေါ်လာရှိခဲ့ပြီး ဧပြီလ ၄ ရက်နေ့တွင် ၁၅၄၂ ဒေါ်လာ၊ ဧပြီလ ၅ ရက်နေ့တွင် ၁၅၅၁ ဒေါ်လာ သို့ ပြန်လည်မြင့်တက်ခဲ့သည်။"တောင်ကိုရီးယားနဲ့မြောက်ကိုရီး ယားရဲ့ အခြေအနေက ကမ္ဘာ့ရွှေဈေး ကျဆင်းနေတာကို ပိုပြီးကျသွားေ အာင် ထောက်ပံ့ပေးလိုက်သလိုပဲ။ အဲဒီနှစ် နိုင်ငံရဲ့ မတည်ငြိမ်မှုက ကမ္ဘာ့စီးပွားရေး ကို အထိအခိုက်ေ တွ ဖြစ်လာနိုင်တယ်။ ဒီ မှာကလည်း သြင်္ကန်နဲ့ဆိုတော့ ရွှေ ဈေးက တက်ဖို့ဆိုတာထက် အကျဖက် ကိုပဲ သွားဖို့များနေတယ်"ဟု ၎င်းက ထပ်မံသုံးသပ်ပြခဲ့သည်။မယ်သီတာ
ယခုတစ်ပတ်အတွင်း ပြင်ပငွေ ကြေးဈေးကွက်တွင် စင်တာများ၏ ပေါက်ဈေးထက် ဈေးလျှော့၍ ရောင်း ချခြင်း ဝယ်ယူခြင်းများကို ပြုလုပ်လျက် ရှိကြောင်း သိရသည်။
ယခုအခါတွင် ငွေလဲသူများသည် ပြင်ပငွေဈေးကွက်အတွင်း သွားရောက် လဲလှယ်ခြင်းမပြုတော့ဘဲ စင်တာများ တွင်သာ အများအားဖြင့် လဲလှယ်နေ ကြခြင်းကြောင့်ပြင်ပငွေဈေးကွက်အတွင်း ၌ ဒေါ်လာစီးဆင်းမှုနည်းပါးလျက် ရှိ ကြောင်း သိရသည်။ ယင်းကဲ့သို့ နည်းပါးနေမှုကြောင့် ဒေါ်လာများကို ဝယ်ရောင်းပြုလုပ်ရာ တွင် စင်တာများထက် ဈေးပိုပေး၍ ဝယ်ယူခြင်း၊ ဈေးလျှော့၍ ရောင်းချခြင်း များကို ပြုလုပ်လျက်ရှိကြောင်း သိရ သည်။ဧပြီလ ၅ရက်နေ့က ငွေလဲ စင် တာများတွင် အမေရိကန်တစ်ဒေါ်လာ လျှင် ရောင်းဈေး ၈၈၅ကျပ် ဝယ်ဈေး ၈၈၄ ကျပ်ရှိသော်လည်း ပြင်ပငွေလဲ ဈေးကွက်တွင်မူ ရောင်းဈေး ၈၈၀ကျပ်၊ ဝယ်ဈေး ၈၇၉ ကျပ်ဖြင့် ဈေးမြှင့်ကာ ဝယ် ရောင်းပြုလုပ်နေကြကြောင်းသိရ သည်။"ကျွန်တော်တို့ ငွေဈေးကွက်မှာ ငွေလဲတဲ့သူတွေက အရင်တုန်းကလို လာပြီးမလဲကြတော့ဘူး။ စင်တာတွေ ကလည်း တော်တော်များများဖွင့်လာ ကြတော့ အဲဒီစင်တာတွေမှာပဲ လဲကြ တာများတယ်။ ဒါကြောင့် ကျွန်တော် တို့ဆီမှာ ငွေက နည်းလာတယ်။ ဒါ ကြောင့် ကျွန်တော်တို့ဈေးကွက်အတွင်း မှာ ရောင်းဈေးကိုရော ဝယ်ဈေးကိုပါ စင်တာကဈေးထက် ပိုပြီး ပေးထားတာ ပါ"ဟု ငွေလဲဈေးကွက်အတွင်းမှ ကိုဦး ကဆိုသည်။ယခုတစ်ပတ်အတွင်း ဗဟိုဘဏ် ၏ဧပြီလ ၃ရက်နေ့က သတ်မှတ်လိုက် သည့် ရည်ညွှန်းငွေလဲနှုန်းသည် ၈၈၁ ကျပ် ဖြစ်ကြောင်း သိရသည်။မယ်သီတာ
မတ်လ ၂၄ ရက်မှ မတ်လ ၃၀ ရက်အတွင်း ဓာတ်ဆီတန်ချိန် ခြောက်ထောင်၊ ဒီဇယ်တန်ချိန် ကိုးထောင်သုံးရာ၊ စုစုပေါင်းတန်ချိန် တစ်သောင်းငါးထောင်သုံးရာ ကို တင်သွင်းခွင့်လိုင်စင် လျှောက်ထားခဲ့တယ် လို့ သိရပါတယ်။ ယခင်နှစ်ပတ် ဆက် တိုက်အဝင်ပျောက်ခဲ့ပြီး ဒီတစ်ပတ်မှ ပြန်လည်တင်သွင်းလာခဲ့တယ်လို့ သိရပါတယ်။ လချုပ်အနေနဲ့ ကြည့်မယ်ဆိုရင် ဖေဖော်ဝါရီလအတွင်း ဓာတ်ဆီ၊ ဒီဇယ်အဝင်မှာ တန်ချိန် သုံးသောင်းနှစ်ေ ထာင်ကျော်ရှိခဲ့ပြီး မတ်လအတွင်း အဝင်ကတန်ချိန် လေး သောင်းကျော်ရှိခဲ့တာကြောင့် မတ်လမှာ တန်ချိန်တစ်သောင်းသုံးထောင်ကျော် အဝင်ပိုခဲ့ပါတယ်။
ပြည်တွင်းပုဂ္ဂလိက စက်သုံးဆီဆိုင်များတွင် ဧပြီလ ၁ ရက်နေ့မှ ၅ ရက်နေ့ အတွင်း ပြင်ပမှာ လက်လီရောင်းချနေသော ဒီဇယ်ဈေးများ တောင်ကြီး၊ မော်လမြိုင်၊ မန္တလေး၊ ရန်ကုန်တွင်ဈေးငြိမ်နေပါတယ်။ ဒီဇယ်ဈေးငြိမ်နေပေမယ့် ဓာတ်ဆီမှာ ရန်ကုန်၊ မန္တလေး၊ တောင်ကြီးတို့မှာ ဈေးအနည်းငယ်မြင့်လာကြောင်း သိရှိရပါ တယ်။ စက်သုံးဆီဆိုင်ဈေးများမှာ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်တို့တွင် ဈေးငြိမ်နေကြောင်း သိရပါတယ်။ ဒီတစ်ပတ် ဓာတ်ဆီ/ဒီဇယ်အရောင်းအဝယ်အခြေအနေများမှာ- ရန်ကုန်ဈေးကွက်တွင် ပုဂ္ဂလိက စက်သုံးဆီဆိုင်များတွင် ရောင်းချနေသော ဓာတ်ဆီ၊ ဒီဇယ်ဈေးမှာ ပြောင်းလဲမှုမရှိ ယခင်ဈေးနဲ့ရောင်းချတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိက စက်သုံး ဆီဆိုင်မှာ ရောင်းချနေတဲ့ဈေးမှာ ဓာတ်ဆီ တစ်လီတာ ၈၁၄ ကျပ်၊ ဒီဇယ်၈၆၀ ကျပ်၊ အောက်တိန်း ၈၇၀ ကျပ်နဲ့ အဆင့်မြင့်ဒီဇယ် ၈၉၀ ကျပ်ဖြင့် ရောင်းချတယ်လို့ သိရပါတယ်။ ယခင်တစ်ပတ် ဈေးနဲ့ယှဉ်ရင် ဒီတစ်ပတ် မှာ ဒီဇယ်ဝယ်ဈေး၊ ရောင်းဈေးတစ်ပီပါ တစ်ထောင်ကျပ်၊ နှစ်ထောင်ကျပ်ဝန်းကျင် ဈေးမြင့်ပေမဲ့ တစ်ဂါလန်ဈေး မှာတော့ ယခင်ဈေးနဲ့ဘဲ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဓာတ်ဆီက ဝယ်ဈေး တစ်ပီပါတစ်သောင်းငါးေ ထာင်ကျော် ဈေးမြင့် အဝယ်ရှိခဲ့ပြီး ရောင်းဈေး တစ်ပီပါ တစ်သောင်းသုံးထောင်နီးပါး ဈေးမြင့်အဝယ်ရှိခဲ့ တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဓာတ်ဆီဈေးက ဝယ်ဈေးတစ်ဂါလန် ၄၇၀၀ ကျပ်ဖြစ်ပြီး ရောင်းဈေး ၅၀၀၀ကျပ်၊ ဒီဇယ်တစ်ဂါလန် ၃၅၀၀ ကျပ်ဝယ်ပြီး ၃၈၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်တယ်လို့ ဓာတ်ဆီ၊ ဒီဇယ်အရောင်းအဝယ်သမား တစ်ဦးထံမှ စုံစမ်းသိရှိခဲ့ပါတယ်။ မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိနေတယ်။ မန္တလေးဘက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဈေးက မပြောင်းပေမဲ့ ပြင်ပ လက်လီ ဆိုင်များရဲ့ ဈေးမှာတော့ ဒီဇယ်ဈေးငြိမ်နေပေမဲ့ ဓာတ်ဆီဈေးက တစ်ရာ ဝန်းကျင် တက်လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဈေးမှာ ယခင်တစ်ပတ်ဈေးဖြစ်တဲ့ ဓာတ်ဆီတစ်ဂါလန် ၃၈၀၀ ကျပ်၊ ဒီဇယ် တစ်ဂါလန် ၃၉၀၀ ကျပ်နဲ့ ရောင်းချနေပါတယ်။ ပြင်ပလက်လီဆိုင်များတွင် ဒီဇယ်က ယခင်တစ်ပတ် ဈေးအတိုင်းငြိမ်နေပေမဲ့ ဓါတ်ဆီဈေးက ဝယ်ဈေး၊ ရောင်းဈေး တစ်ရာကျပ် ဈေးတက်လာပါတယ်။ ဓာတ်ဆီက ရောင်းချသူထံဆီ လက်ကျန်နည်း နေတာကြောင့် အရောင်းအဝယ်မဖြစ်ဘူးလို့လည်း သိရပါတယ်။ ဒီတစ်ပတ်လက်လီ ဆိုင်များရဲ့ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးက ဓာတ်ဆီတစ်ဂါလန် ဝယ်ဈေး ၄၀၀၀ ကျပ် ရောင်း ဈေး ၄၂၀၀ ကျပ်ဖြစ်ပြီး ဒီဇယ်က ဝယ်ဈေး ၃၆၀၀ ကျပ် ၊ ရောင်း ဈေး ၃၈၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်တယ်လို့ ဓာတ်ဆီ၊ ဒီဇယ်ဝယ်ရောင်း သမားတစ်ဦးမှ ပြောပါတယ်။ တောင်ကြီးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ဖြစ် တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီ၊ ဒီဇယ် ဈေးငြိမ်နေပေမဲ့ ပြင်ပလက်လီဆိုင်များရဲ့ ဈေးမှာ ဓာတ်ဆီဈေး အနည်းငယ်မြင့် လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဈေးမှာ ဓာတ်ဆီ ၃၉၀၀ ကျပ်၊ ဒီဇယ် ၃၉၀၀ ကျပ်၊ အောက်တိန်း ၃၉၅၀ ကျပ်နဲ့ ရောင်းချပါတယ်။ ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးများမှာ ဓာတ်ဆီ တစ် ဂါလန် ၄၁၀၀ ကျပ်၊ ဒီဇယ် ၄၀၀၀ ကျပ်၊ အောက်တိန်း ၄၀၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ သိရှိရပါတယ်။ မော်လမြိုင်ဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီ၊ဒီဇယ်ဈေးမှာ ဒီဇယ်ဈေးကျပြီး အောက်တိန်းဈေး အနည်းငယ်မြင့်လာတယ်လို့ သိရပါတယ်။ ပြင်ပလက်လီရောင်းဝယ်မှုမှာ ဓာတ်ဆီ၊ အောက်တိန်းဈေး ငြိမ်နေပေမဲ့ ဒီဇယ်ဈေးက အနည်းငယ်ကျလာပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်ဈေးက ဓာတ်ဆီ ၃၈၀၀ ကျပ်၊ ဒီဇယ် ၃၉၀၀ ကျပ် ၊အောက်တိန်း ၄၀၀၀ ကျပ်နဲ့ ရောင်းချပြီး ပြင်ပလက်လီ ဆိုင်များမှာ ဓာတ်ဆီတစ်ဂါလန် ၄၂၀၀ ကျပ်၊ ဒီဇယ် ၄၁၀၀ ကျပ်၊ အောက်တိန်း ၄၁၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရှိရပါတယ်။ MIRT-DOT
Energy NYMEX
Energy NYMEX 5-4-2012
Price
Change
Change%
WTI Crude Future (USD/bbl.)
93.15
-0.07
0.16
Brent Crude Futr (USD/bbl)
106.34
0.04
0.08
Gasoline Rbob Fut (Cent/gal)
289.85
-0.02
-0.02
Natural Gas Futr (USD/MMBtu)
3.95
0.00
0.03
Heating Oil Futr (Cent/gal)
296.93
0.02
0.03
-
World Metal Price (US$)
Date
Sliver/Oz
Zinc/Ton
Aluminum/Tom
Copper/Ton
Platinum/Oz
1- April
27.91
1897.36
1881.82
7609.50
1575.00
2- April
28.02
1873.54
1872.19
7547.01
1590.00
3- April
28.69
1873.92
1850.46
7503.10
1562.00
4- April
26.95
1894.79
1844.64
7475.10
1523.00
နယ်စပ်ငွေလဲလှယ်နှုန်း
ဧပြီ ၂၀၁၃ (1US$)
ရက်
တရုတ်
ထိုင်း
ဘင်္ဂလားဒေ့ရှ်
အိန္ဒိယ
(ယွမ်)
(ဘတ်)
(တာကာ)
(ရူပီး)
1
6.20
29.36
78.12
54.44
2
6.20
29.38
78.14
54.37
3
6.20
29.36
78.09
54.29
4
6.20
29.31
78.13
54.29
World Gold Price
April 2013 (USD/OZ)
Date
NY
Landon
Zurich
1
1596
1596
1597
2
1598
1598
1600
3
1565
1566
1566
4
1549
1550
1550
5
1548
1550
1550
Domestic Gold Price
Kyats(Thousand)
Date
Yangon
Mandalay
1-4-2013
742.00
741.50
2-4-2013
744.00
743.00
3-4-2013
737.00
736.20
4-4-2013
735.00
734.30
5-4-2013
735.50
734.90