Background
ယခုတစ်ပတ်အတွင်း မြန်မာ့ရွှေ ဈေးသည် ကျဆင်းနေရာမှ တက်ဈေး ဖြင့် ဈေးပိတ်ခဲ့ကြောင်း သိရသည်။မြန်မာ့ရွှေဈေးသည် ငြိမ်သက်မှု မရှိဘဲ အတက်အကျများဖြင့် ရှိနေခဲ့ရာ ယခုတစ်ပတ်တွင်လည်း အတက်အကျ များရှိနေခဲ့ပြီး တက်ဈေးဖြင့်ပိတ်ခဲ့သည်။
"ရွှေဈေးက ဒီရက်ထဲမှာ အတက် ပြလိုက် ကျသွားလိုက်နဲ့။ အထည်တွေ ကတော့ တော်တော်ရောင်းရတယ်။ ဝယ်ရောင်းသမားတွေအတွက်ကတော့ တကယ့်ကို အလုပ်မဖြစ်ဘူး။ ဈေးက တက်လိုက် ကျလိုက်နဲ့ဆိုတော့ တစ်ခါ တစ်ခါ တစ်နေ့တည်းမှာတင် မနက် အဖွင့်ဈေးနဲ့ ညနေအပိတ်ဈေးတင် မတူဘူး။ တစ်နေ့တည်း ဈေးက အတက် အကျများနေရင် ဝယ်ရောင်း သမားတွေ အလုပ်မဖြစ်ဘူးပေါ့။ အ ထည်ဝယ်တဲ့သူတွေ ကတော့ ဈေးကျ နေတယ် ဆိုပြီးတော့ ဝယ်ကြတာများ တယ်။ အထည်အဝယ်များတော့လည်း ဈေးက လိုက်တက်လာတာပဲ။ ကမ္ဘာ့ ရွှေဈေး တက်တာလည်း ပါတာပေါ့။ ကမ္ဘာ့ရွှေဈေးက မနေ့ကနဲ့ ဒီနေ့ဆိုရင် ၂၃ဒေါ်လာလောက် တက်လာတယ်။ ဒါကြောင့်လည်း မြန်မာ့ရွှေဈေးတက် လာတာပဲ"ဟု ရွှေကုန်သည်တစ်ဦးက ဆိုသည်။မြန်မာ့ရွှေဈေးသည် ဧပြီလ ၂၉ ရက်နေ့က ကျပ် ၇၁၁၅၀၀ ရှိခဲ့ရာမှ မေလ ၂ရက်နေ့တွင် ကျပ် ၇၀၈၀၀၀ သို့ ကျဆင်းသွားခဲ့ပြီး မေလ ၃ရက်နေ့ တွင် ကျပ် ၇၁၁၄၀၀ သို့ ပြန်လည်မြင့် တက်လာခဲ့သည်။ကမ္ဘာ့ရွှေဈေးသည်လည်း ဧပြီလ ၂၉ရက်နေ့က ၁၄၇၂ဒေါ်လာရှိခဲ့ပြီး မေလ ၂ရက်နေ့တွင် ၁၄၅၃ဒေါ်လာ ရှိခဲ့ရာမှ မေလ ၃ရက်နေ့တွင် ၁၄၇၆ ဒေါ်လာသို့ ပြန်လည်မြင့်တက်ခဲ့သည်။မယ်သီတာ
ပင်လယ်ရေကြောင်းလမ်းမှ ဓာတ်ဆီ/ဒီဇယ် တန်ချိန် ငါးထောင့်ငါးရာ ကျော်သာဝင် ဧပြီလ ၇ ရက် မှ ၁၃ ရက် အတွင်း ဓာတ်ဆီ တန်ချိန် သုံးထောင့်ငါးရာ၊ ဒီဇယ်တန်ချိန် နှစ်ထောင်၊ စုစုပေါင်း တန်ချိန် ငါးထောင့်ငါးရာကို တင်သွင်းခွင့် လိုင်စင် လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။ ဧပြီလပထမအပတ် အတွင်းမှာ ဓာတ်ဆီအဝင်မှာ တန်ချိန် တစ်သောင်းတစ်ထောင်ကျော်ရှိခဲ့ပြီး ဒီဇယ်အဝင်မှာ တန်ချိန် နှစ်သောင်း ခုနှစ်ကျော် စုစုပေါင်း ဓာတ်ဆီ၊ ဒီဇယ် အဝင်တန်ချိန်မှာ တန်ချိန် သုံးသောင်းရှစ်ထောင်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် သုံးသောင်း နှစ်ထောင်ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။
ဒီတစ်ပတ် ဓာတ်ဆီ/ဒီဇယ်အရောင်းအဝယ်အခြေအနေများမှာ- ရန်ကုန်ဈေးကွက်တွင် ပုဂ္ဂလိက စက်သုံးဆီဆိုင်များတွင် ရောင်းချနေသော ဓာတ်ဆီ၊ ဒီဇယ်ဈေးမှာ ယခင်ဈေးနဲ့ဘဲ ရောင်းချနေပြီး အောက်တိန်းမှာတစ်လီတာ ၁၀ကျပ်နဲ့အဆင့်မြင့်ဒီဇယ်ဈေးမှာ တစ်လီတာ ၁၀ ကျပ် ဈေးကျလာကြောင်း သိရပါ တယ်။ ဒီတစ်ပတ် ပုဂ္ဂလိက စက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ဈေးမှာ ဓါတ်ဆီ တစ်လီတာ ၈၁၄ ကျပ်၊ ဒီဇယ်၈၆၀ ကျပ်၊ အောက်တိန်း ၈၆၀ ကျပ်နဲ့ အဆင့်မြင့် ဒီဇယ် ၈၈၀ ကျပ်ဖြင့် ရောင်းချတယ်လို့ သိရပါတယ်။ ပြင်ပလက်လီ ရောင်းချနေတဲ့ ဆိုင်များမှာ ဒီဇယ်၊ ဓါတ်ဆီ က ဈေးအတက်အကျ သိပ်မရှိဘူးလို့ သိရပါတယ်။ဒီတစ်ပတ်ဓာတ်ဆီဈေးက ဝယ်ဈေး တစ်ဂါလန် ၄၂၀၀ ကျပ်ဖြစ်ပြီး ရောင်းဈေး ၄၅၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၃၂၀၀ ကျပ်ဝယ်ပြီး ၃၅၀၀ ကျပ်ဖြင့် အရောင်း အဝယ်ဖြစ် တယ်လို့ ဓာတ်ဆီ၊ ဒီဇယ် အရောင်းအဝယ်သမားတစ်ဦးထံမှ စုံစမ်းသိရှိခဲ့ ပါတယ်။ မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန် အရောင်းအဝယ်ရှိနေတယ်။ မန္တလေးဘက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဈေးကမပြောင်းသလို ပြင်ပ လက်လီ ဆိုင်များရဲ့ ဈေးမှာလည်း မပြောင်းလဲဘဲငြိမ်နေ တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဈေးမှာ ယခင်တစ်ပတ်ဈေးဖြစ်တဲ့ ဓါတ်ဆီ တစ်ဂါလံ ၃၈၀၀ ကျပ်၊ ဒီဇယ် တစ်ဂါလန် ၃၉၀၀ ကျပ်နဲ့ ရောင်းချနေပါတယ်။ ဒီတစ်ပတ် လက်လီဆိုင်များရဲ့ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးက ဓာတ်ဆီ တစ်ဂါလန် ဝယ်ဈေး ၃၈၀၀ ကျပ်၊ ရောင်းဈေး ၄၀၀၀ ကျပ် ဖြစ်ပြီး ဒီဇယ်က ဝယ်ဈေး ၃၃၀၀ ကျပ် ၊ ရောင်းဈေး ၃၅၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်တယ်လို့ ဓာတ်ဆီ၊ ဒီဇယ် ဝယ်ရောင်း သမားတစ်ဦးမှ ပြောပါတယ်။ မုံရွာဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီ၊ ဒီဇယ်ဈေးမပြောင်း လဲပေမဲ့ ပြင်ပ လက်လီဆိုင်မှာ ဓာတ်ဆီဈေးအနည်း ငယ်မြင့်လာတယ်လို့ သိရပါ တယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ဈေးမှာ ဓာတ်ဆီ ၃၈၅၀ ကျပ်၊ ဒီဇယ် ၃၅၀၀ ကျပ်နဲ့ ရောင်းချပါတယ်။ ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေ တဲ့ ဈေးများမှာ ဓာတ်ဆီ တစ်ဂါလန် ၄၄၀၀ ကျပ်၊ ဒီဇယ် ၄၀၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ သိရှိရပါတယ်။ မကွေးဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီ၊ ဒီဇယ် ဈေးမြင့်လာ တယ်လို့သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်ဈေးကဓာတ်ဆီ ၃၉၀၀ ကျပ်၊ ဒီဇယ် ၃၉၉၅ ကျပ်နဲ့ ရောင်းချတယ်လို့ သိရပါတယ်။ ပြင်ပ လက်လီဆိုင်မှာ ဓာတ်ဆီဈေး အနည်းငယ်မြင့်လာပေမဲ့ ဒီဇယ်ဈေး အနည်းငယ်ကျလာတယ်လို့သိရပါတယ်။ ပြင်ပ လက်လီဆိုင်များမှာဓာတ်ဆီတစ်ဂါလန် ၄၄၀၀ ကျပ်၊ ဒီဇယ် ၃၆၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်နေတယ်လို့ သိရှိရပါတယ်။
တရုတ်-မြန်မာနယ်စပ်ရှိ ကြယ် ခေါင်မှာ မြန်မာပြည်ထွက် အင်ကြင်း ကျောက်များကို ဧည့်ခန်းအလှဆင် ပစ္စည်း အဖြစ် ပြုပြင်အချောကိုင်ကာ ပြည်မကြီးသို့ တင်ပို့ရောင်းချတဲ့ လုပ်ငန်းတွေ တွင်ကျယ်နေတာနဲ့အမျှ လိုအပ်တဲ့ အချောကိုင်လုပ်သားတွေကို မြန်မာနိုင်ငံတစ်ဝန်းက ခေါ်ယူခန့်ထား လျက်ရှိတယ်လို့ သိရပါတယ်။
အင်ကြင်းကျောက်အသုံးပြုရာမှာ မြေပြင်ပေါ်ရှိကျောက်ထက် နွားထိုးကြီး နယ်ကထွက်တဲ့ တွင်းအောင်း အင်ကြင်း ကျောက်က အရည်အသွေးပိုကောင်းပြီး ဈေးကွက်မှာမျက်နှာပန်းလှတယ်လို့ ဆိုပါတယ်။ မြန်မာေ ကျာက် သွေးလုပ် သားတွေအနေနဲ့ မိမိကျွမ်းကျင်တဲ့ လုပ်ငန်းအလိုက် ဝင်ငွေကွာခြားမှုရှိပြီး ပုံမှန်အားဖြင့် အလုပ်ချိန် နံနက် ၇ နာရီမှ ညနေ ၅ နာရီအထိ ကျောက်သွေးခ တစ်ရက်အနိမ့်ဆုံး ၂၀ ယွမ်မှ အမြင့်ဆုံး ၆၀ ယွမ်ထိ ရရှိကြတယ် လို့ ဆိုပါတယ်။ ပုံဖော်အချောကိုင်သမားတွေကတော့ တစ်ရက်ယွမ် ၁၀၀ ထိ ဝင်ငွေကောင်း မွန် နေကြောင်း လုပ်သားတစ်ဦးက ပြောပါ တယ်။ကြယ်ခေါင်ရှိ အဆိုပါ အင်ကြင်း ကျောက်အလှဆင်လုပ်ငန်းကို စစ်ကိုင်း တိုင်းဒေသကြီး၊ မုံရွာခရိုင်အတွင်းက ပုလဲ၊ ယင်းမာပင်နဲ့ ဘုတလင်မြို့နယ် တွေက ကျေးရွာနေလူငယ်အများစု သွား ရောက်လုပ်ကိုင်လျက်ရှိပြီး၊ စားစရိတ် ငြိမ်းလုပ်ကိုင်ရတဲ့အတွက် တစ်လကျပ် တစ်သိန်းမှ နှစ်သိန်းထိအိမ်ကို ပြန်ပို့နိုင် ကြတယ်လို့ ကြယ်ခေါင် မှာ ကျောက်သွေး လုပ်ငန်းလုပ်ပြီး နှစ်သစ်ကူးမှာ ခေတ္တ ပြန်လာတဲ့ ဘုတလင်မြို့နယ် ရဲထွက်ရွာ က ကျောက်သွေး လုပ်သား တစ်ဦးက ပြောပြလို့ သိရပါတယ်။ထွန်းလှိုင် - မုံရွာ
World Gold Price
April 2013 (USD/OZ)
Date
NY
Landon
Zurich
22
1418
1418
1421
23
1420
1423
1427
24
1424
1424
1424
25
1441
1442
1441
26
1470
1470
1472
Domestic Gold Price
Kyats(Thousand)
Date
Yangon
Mandalay
22-4-2013
714.00
714.20
23-4-2013
710.00
709.70
24-4-2013
706.50
707.00
25-4-2013
706.50
706.00
26-4-2013
711.10
712.20
Energy NYMEX
Energy NYMEX 26-4-2012
Price
Change
Change%
WTI Crude Future (USD/bbl.)
93.00
-0.64
-0.68
Brent Crude Futr (USD/bbl)
102.91
-0.50
-0.48
Gasoline Rbob Fut (Cent/gal)
280.28
-0.90
-0.32
Natural Gas Futr (USD/MMBtu)
4.14
-0.03
-0.60
Heating Oil Futr (Cent/gal)
289.54
-0.63
-0.22
-
နယ်စပ်ငွေလဲလှယ်နှုန်း
ဧပြီ ၂၀၁၃ (1US$)
ရက်
တရုတ်
ထိုင်း
ဘင်္ဂလားဒေ့ရှ်
အိန္ဒိယ
(ယွမ်)
(ဘတ်)
(တာကာ)
(ရူပီး)
22
6.18
29.71
78.09
54.13
23
6.18
29.79
78.32
54.35
24
6.18
29.87
78.96
54.22
25
6.17
29.14
78.98
54.28
World Metal Price (US$)
Date
Sliver/Oz
Zinc/Ton
Aluminum/Tom
Copper/Ton
Platinum/Oz
22- April
23.49
1869.50
1856.82
6925.18
1433.00
23- April
23.12
1866.59
1858.53
6933.47
1428.00
24- April
23.24
1890.11
1884.06
7101.92
1426.00
25- April
23.16
1901.54
1892.13
7142.69
1466.00
Currency Exchange Rate
April 26, 2012
Base Currency is
United States Dollar - USD
Currency Unit Units per
USD
AUD Australia Dollars
0.97
BDT Bangladesh Taka
78.06
CAD Canada Dollars
1.02
CNY China Yuan Renminbi
6.17
EUR Euro
0.77
HKD Hong Kong Dollars
7.76
INR India Rupees
54.28
IDR Indonesia Rupiahs
9715.00
JPY Japan Yen
98.75
MYR Malaysia Ringgits
3.04
PKR Pakistan Rupees
98.45
PHP Philippines Pesos
41.23
RUB Russia Rubles
31.24
SGD Singapore Dollars
1.24
KRW South Korea Won
1111.66
LKR Sri Lanka Rupe
126.75
THB Thailand Baht
29.38
GBP United Kingdom Pounds
0.65
VND Vietnam Dong
20881.88
Source : xe.com
သီတင်းတစ်ပတ်ဖြစ်တဲ့ ဧပြီလ ၇ရက်မှ ၁၃ ရက်နေ့တာ ကာလအတွင်း နို့ဆီ ၅၀၀ ဒသမ ၉၄၀ တန်၊တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ငါးသိန်းကျော် ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် မှာ စင်ကာပူနိုင်ငံမှ နို့ဆီများသာ တင် သွင်းလာတယ်လို့ သိရပါတယ်။ ယခင် သီတင်းပတ်ဖြစ်တဲ့ ဧပြီလပထမပတ် အတွင်းမှာ နို့ဆီအဝင်က တန်ချိန်သုံး ရာကိုးဆယ်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ နို့ဆီတန်ချိန် တစ်ရာ့ကိုး ဆယ်ကျော်အဝင်ပိုခဲ့ပါတယ်။ သြင်္ကန် ပိတ်ရက်ရှည်များကြောင့် နို့ဆီ၊ နို့စိမ်း များကို အင်တိုက်အားတိုက် သွင်းလာ တာ တွေ့ရပါတယ်။
ထိုင်း၊ မလေး၊ စင်ကာပူမှ ဘိလပ်မြေများဝင် ပြည်တွင်းကို ပင်လယ်ရေကြောင်းလမ်းမှ ဧပြီ ပထမ သီတင်းပတ်အတွင်းမှာ တန်ချိန် သုံးသောင်းခြောက်ေ ထာင်ကျော် တင်သွင်းလာခဲ့ပြီး ဧပြီဒုတိယပတ် အတွင်းမှာ ကန်ဒေါ်လာ တစ်ဆယ့်ခုနှစ်သိန်း ကျော်တန်ဘိုးရှိ ဘိလပ်မြေ ၂၀၄၄၂ ဒသမ ၆၄ တန်ကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် ဝင်လာခဲ့တဲ့ ဘိလပ်မြေများမှာ ထိုင်းနိုင်ငံမှ ဘိလပ်မြေ ၂၀၃၅၂ တန်၊ မလေးရှားနိုင်ငံမှ ၂၅ ဒသမ ၆၀တန်၊ စင်ကာပူနိုင်ငံမှ ဘိလပ်မြေ ၆၅ ဒသမ ၀၄ တန်ဝင်လာခဲ့တယ်လို့ သိရပါတယ်။ယခင်သီတင်းပတ်မှာ ဘိလပ်မြေအဝင်က တန်ချိန် သုံးသောင်းခြောက်ေ ထာင် ကျော်ရှိတာကြောင့် ဒီတစ်ပတ်အဝင် တန်ချိန်နဲ့ ယှဉ်ရင် တန်ချိန် တစ်သောင်း ခြောက်ေ ထာင်ကျော် အဝင်လျော့ခဲ့ပါတယ်။