Background
ယခုသီတင်းပတ်အတွင်း မြန်မာ့ ရွှေဈေးသည် တစ်ပတ်အတွင်း ကျပ် ၆၀၀၀ နီးပါး ပြန်လည်မြင့်တက်လာခဲ့ ကြောင်း သိရသည်။
ဒေါ်လာမှောင်ခိုဈေးကွက်မှ လိမ်လည်လှည့်ဖျားနေသူများအား ထိရောက်စွာ အရေးယူသင့်ပြီဖြစ်ေ ကြာင်း ပြည်သူ တစ်ဦးက ပြောကြားခဲ့သည်။အဆိုပါ ဒေါ်လာမှောင်ခိုရောင်းဝယ်သူများသည် မဟာဗန္ဓုလပန်းခြံအနီး တစ်ဝိုက်နှင့် ဧမာ နွေလဘုရားကျောင်းရှေ့တို့တွင် လှုပ်ရှားနေကြပြီး ထိုနေရာသို့ရောက်လာကြ သည့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များအား ငွေလဲလှယ်ပေးရာတွင် လိမ်လည်ကာ လုပ်ဆောင်နေကြကြောင်း သိရသည်။
ပင်လယ်ရေကြောင်းလမ်းမှ စက်သုံးဆီ တန်ချိန် ၂၆၀၀၀ ကျော်ဝင် ဇန်နဝါရီ ၆ ရက်မှ ၁၂ ရက်အတွင်း ဓာတ်ဆီတန်ချိန် ၃၅၀၀၊ ဒီဇယ် ၂၂၆၁၇ တန်၊ စုစုပေါင်း၂၆၁၁၇ တန်ကို ကုမ္ပဏီ ၁၄ ခုမှ တင်သွင်းခွင့်လိုင်စင်လျှောက်ထား ခဲ့တယ်လို့သိရပါတယ်။ ယခင်သီတင်းပတ် ဓာတ်ဆီ၊ ဒီဇယ်အဝင်မှာ တန်ချိန် ငါး သောင်းသုံးသောင်းကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ဓာတ်ဆီ၊ ဒီဇယ် တန်ချိန် နှစ်သောင်းခြောက်ထောင်ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ပြည်တွင်းပုဂ္ဂလိက စက်သုံးဆီဆိုင်များတွင် ရောင်းချနေသော ဓာတ်ဆီ၊ ဒီဇယ် ဈေးများသည် ရန်ကုန်၊ တောင်ကြီး ၊ မန္တလေးမြို့များတွင် ဈေးငြိမ်နေသော်လည်း မော်လမြိုင်မြို့တွင် ဓာတ်ဆီနှင့် အောက် တိန်းဈေးများ အနည်းငယ်မြင့်လာတယ် လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များတွင် ဓာတ်ဆ၊ီ ဒီဇယ်ဈေးများ ဇန်နဝါရီ ၁၄၊ ၁၅ ရက်များတွင် အနည်းငယ်ကျလာပေမဲ့ နောက်ရက်များတွင် ဈေးပြန်မြင့် လာပါတယ်။ ယခုလိုဈေးကျလာတာ ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင်သာ ကျ လာပြီး ကျန်မြို့များတွင် ဈေးငြိမ်နေကြောင်း သိရပါတယ်။
ဒီတစ်ပတ် ဓာတ်ဆီ/ဒီဇယ် အရောင်းအဝယ်အခြေအနေများမှာ- ရန်ကုန်ဈေးကွက်တွင် ပုဂ္ဂလိက စက်သုံးဆီဆိုင်များရဲ့ ရောင်းချနေတဲ့ဈေးက ပြောင်းလဲမှုမရှိဘူးလို့ သိရပါတယ်။ ဓာတ်ဆီတစ်လီတာ ၈၁၄ ကျပ်၊ ဒီဇယ်၈၆၀ ကျပ်၊ အောက်တိန်း ၈၈၀ကျပ်နဲ့ အဆင့်မြင့်ဒီဇယ် ၈၈၀ ကျပ်ဖြင့်ရောင်းချတယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီဈေးက ဝယ်ဈေးတစ်ဂါလန် ၄၂၀၀ ကျပ်ဖြစ်ပြီး ရောင်းဈေး၄၅၀၀ကျပ်၊ ဒီဇယ်တစ်ဂါလန် ၃၂၀၀ကျပ်ဖြင့်ဝယ်ပြီး ၃၅၀၀-၃၆၀၀ ကျပ်ဖြင့် ပုံမှန်လေးပဲ အရောင်းအဝယ်ဖြစ်တယ်လို့ ဓာတ်ဆီ၊ ဒီဇယ် အရောင်း အဝယ်သမားတစ်ဦးမှ ပြောပြခဲ့ပါတယ်။ မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန် အရောင်းအဝယ်ရှိနေတယ်။ ပုဂ္ဂလိက စက်သုံးဆီဆိုင်မှာ ဓာတ်ဆီတစ်ဂါလန် ၃၈၀၀ ကျပ်ဖြစ်ပြီး ဒီဇယ်တစ်ဂါ လန် ၃၉၀၀ ကျပ်နဲ့ ရောင်းချနေတယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီဝယ်ဈေးကငြိမ်နေပြီး ရောင်းဈေးကအနည်းငယ်ကျလာပါတယ်။ ဒီဇယ်ဈေး က အရောင်းရောအဝယ်ပါ ဈေးကျလာတယ်လို့ သိရပါတယ်။ လက်လီဆိုင်များရဲ့ အရောင်းအ ဝယ်ဖြစ်နေတဲ့ ဈေးက ဓာတ်ဆီတစ်ဂါလန် ၄၂၀၀ကျပ် ဝယ်ပြီး ၄၃၀၀-၄၄၀၀ ကျပ်ရောင်းပါတယ်။ ဒီဇယ်က ဝယ်ဈေး ၃၅၀၀ ကျပ်ရောင်းဈေး ၃၇၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်တယ်လို့ ဓာတ်ဆီဒီဇယ် ဝယ်ရောင်းသမားတစ်ဦးမှ ပြောပါတယ်။ မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်လေးပဲ အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီနဲ့အောက်တိန်းက အနည်းငယ်ဈေးမြင့်လာတယ်လို့ သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဈေးမှာ ဓာတ်ဆီ ၃၈၀၀ ကျပ်၊ ဒီဇယ် ၃၉၀၀ ကျပ်၊ အောက်တိန်း ၄၀၀၀ ကျပ်နဲ့ ရောင်းချပါ တယ်။ ပြင်ပလက်လီဆိုင်မှာတော့ ဓာတ်ဆီ၊ ဒီဇယ်ဈေးငြိမ်နေပြီး အောက်တိန်းက ယခင်ဈေးထက် တစ်ရာကျပ်ဈေးမြင့်ပြီး အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလန် ၄၂၀၀ ကျပ်၊ ဒီဇယ် ၄၀၀၀ ကျပ်၊ အောက်တိန်းက ၄၁၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရှိရ ပါတယ်။ တောင်ကြီးဈေးကွက်မှာ ပြင်ပလက်လီဆိုင်ရော ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဈေးမှာ အတက်အကျမရှိဘဲ ငြိမ်နေတယ်လို့ စက်သုံးဆီ ရောင်းဝယ်သူတစ်ဦးမှ ပြောပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်ဈေးက ဓာတ်ဆီ ၃၉၀၀ ကျပ်၊ ဒီဇယ် ၃၈၅၀ ကျပ် ရောင်းချပြီး ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလန် ၄၂၀၀ ကျပ်၊ ဒီဇယ် ၄၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရှိရပါတယ်။MIRT-DOT
ဖြေလျော့တင်သွင်းခွင့်ပြုထားတဲ့ စားသောက်ကုန်များအနက် နယ်စပ်မှ အများဆုံးတင်သွင်းတဲ့ စားသောက် ကုန်ကတော့ အချိုမှုန့်ပဲဖြစ်ပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်း ရွှေဟော်နယ်စပ်များမှ ကန်ဒေါ်လာ ၁ ဒသမ ၁၁၄ သန်း တန်ဖိုးရှိ အချိုမှုန့် ၁၁၁၃ တန်ကျော်ကို ဇန်နဝါရီ ၂ ရက်မှ ၈ ရက်ထိကာလအတွင်းမှာ တင်သွင်း ခဲ့တာဖြစ်ပါတယ်။ တင်သွင်းမှုတွေက တော့ ချင်းရွှေဟော်မှ ၈၄၉ တန်ကျော် နဲ့ မူဆယ်မှ ၂၆၄ တန် တင်သွင်းခဲ့ပါ တယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံ ၁ ကီလို မြေပြင်ပေါက်ဈေးများကို နှိုင်း ယှဉ် ဖော်ပြပေးလိုက်ရပါတယ်-ကျပ်/ကီလို မူဆယ် ရွှေလီ ၁၃၀၀ ၁၁၂၈တင်တင်ထွန်း
ဒွန်းနို့စိမ်းနဲ့ အိုကေနို့ဆီ တင်သွင်းပြည်တွင်းကို ဒီဇင်ဘာ ၃၀ ရက်မှ ၂၀၁၃ ဇန်နဝါရီ ၅ ရက်နေ့တာကာလ အတွင်း ဒွန်းနို့စိမ်း ၅၀၅ ဒသမ ၀၈ တန်နဲ့ အိုကေနို့ဆီ ၂၁၈ ဒသမ ၈၈ တန်တင်သွင်းခဲ့ပါတယ်။နိုဝင်ဘာလရဲ့ နို့ဆီ/နု့ိစိမ်းအဝင်က တန်ချိန်တစ်ထောင့်ခုနစ်ရာနီးပါးရှိခဲ့ပြီး ဒီဇင်ဘာလမှာ တန်ချိန် နှစ်ေ ထာင် ကျော်တင်သွင်းခဲ့တာကြောင့် ဒီဇင်ဘာ လမှာ တန်ချိန် သုံးရာကျော် အဝင်ပိုခဲ့ ပါတယ်။ နို့မှုန့်က ဒီဇင်ဘာလမှာ တန် ချိန် ၂၀ ကျော် လျော့နည်းပြီး အဝင် ရှိခဲ့တယ်လို့ သိရပါတယ်။
မြန်မာ့ရွှေဈေးသည် ယခုတစ်ပတ် အတွင်း အတက်အကျများရှိနေခဲ့ကာ မတည်မငြိမ်ဖြစ်နေခဲ့ကြောင်း ရွှေဈေး ကွက်အတွင်းမှ စုံစမ်းသိရှိရသည်။မြန်မာ့ရွှေဈေးသည် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက အတက်ဘက် သို့ ဦးတည်ခဲ့သော်လည်း ဇန်နဝါရီလ ၅ရက်နေ့မှစကာ ပြန်လည် ကျဆင်း လာခဲ့သည်။ နောက်ပိုင်းရက်များတွင် အကျဖက်သို့ဦးတည်ခဲ့ရာ ဇန်နဝါရီလ ၉ရက်နေ့တွင် အနည်းငယ်ပြန်လည်မြင့် တက်လာခဲ့သည်။
ပင်လယ်ရေကြောင်းလမ်းမှ စက်သုံးဆီ တန်ချိန် ငါးသောင်းကျော်ဝင်ဒီဇင်ဘာ ၃၀ ရက်မှ ၂၀၁၃ ဇန်နဝါရီ ၅ ရက်အတွင်း ဓာတ်ဆီ ၇၀၆၃ တန်၊ ဒီဇယ် ၄၅၉၇၁ တန်ကို တင်သွင်းခွင့်လိုင်စင်လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။
Energy NYMEX
Energy NYMEX 4-1-2013
Price
Change
Change%
Brent Crude Futr (USD/bbl)
92.17
-0.75
-0.81
Gasoline Rbob Fut (Cent/gal)
111.41
-0.73
-0.65
Heating Oil Futr (Cent/gal)
278.03
-1.74
-0.62
Natural Gas Futr (USD/MMBtu)
3.21
0.01
0.34
WTI Crude Future (USD/bbl.)
300.48
-2.10
-0.69
World Metal Price (US$)
Date
Sliver/Oz
Zinc/Ton
Aluminum/Tom
Copper/Ton
Platinum/Oz
31-December
30.13
2073.57
2054.53
8046.98
1525.00
1-January
-
-
-
-
-
2-January
30.57
2099.33
2076.48
8146.11
1551.00
3-January
30.85
2155.78
2160.70
8298.08
1563.00
4-January
29.55
2056.54
2071.10
8131.42
1546.00
နယ်စပ်ငွေလဲလှယ်နှုန်း
ဇန်နဝါရီလ ၂၀၁၃ (1US$)
ရက်
တရုတ်
ထိုင်း
ဘင်္ဂလားဒေ့ရှ်
အိန္ဒိယ
(ယွမ်)
(ဘတ်)
(တာကာ)
(ရူပီး)
31
6.24
30.59
79.79
54.77
1
6.24
30.64
79.55
54.81
2
6.24
30.42
79.84
54.40
3
6.23
30.34
79.83
54.50
4
6.23
30.43
79.83
54.88