Background
World Gold Price
November 2013 (USD/OZ)
Date
NY
Landon
Zurich
31
1659
1659
1662
1
-
-
-
2
1678
1678
1681
3
1681
1681
1682
4
1648
1647
1652
Domestic Gold Price
Kyats(Thousand)
Date
Yangon
Mandalay
31-12-2012
758.30
757.60
1-1-2013
760.00
759.60
2-1-2013
763.50
763.50
3-1-2013
767.60
766.50
Currency Exchange Rate
January 7, 2012
Base Currency is
United States Dollar - USD
Currency Unit Units per
USD
AUD Australia Dollars
0.95
BDT Bangladesh Taka
79.83
CAD Canada Dollars
0.99
CNY China Yuan Renminbi
6.23
EUR Euro
0.77
HKD Hong Kong Dollars
7.75
INR India Rupees
54.88
IDR Indonesia Rupiahs
9645.00
JPY Japan Yen
87.75
MYR Malaysia Ringgits
3.03
PKR Pakistan Rupees
97.41
PHP Philippines Pesos
40.90
RUB Russia Rubles
30.28
SGD Singapore Dollars
1.23
KRW South Korea Won
1064.86
LKR Sri Lanka Rupe
127.35
THB Thailand Baht
30.43
GBP United Kingdom Pounds
0.62
VND Vietnam Dong
20829.69
Source : xe.com
နှစ်သစ်ကူးအပြီးတွင် မြန်မာ့ရွှေဈေးသည် ကျပ် ရှစ်ထောင်ကျော် ပြန်လည်မြင့်တက်လာခဲ့ကြောင်း သိရသည်။မြန်မာ့ရွှေဈေးသည် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ကျဆင်း လာခဲ့ရာ ကျပ် ၇၅၇၀၀၀ အထိ ကျဆင်းခဲ့သည်။ ဒီဇင်ဘာလအတွင်း မြန်မာ့ရွှေဈေးသည် ကျပ် ၇၇၂၀၀၀အထိ အမြင့်ဆုံးဈေးနှုန်းတွင် ရှိခဲ့သော် လည်း ဒီဇင်ဘာ ၄ ရက်မှစကာ ကျဆင်းခဲ့သည်။ ဒီဇင်ဘာလ ဒုတိယပတ် တွင် အမြင့်ဆုံးဈေး ကျပ် ၇၆၈၀၀၀ အထိရှိခဲ့သော်လည်း တတိယပတ်မှ စတင်ကာ ကျဆင်းခဲ့သည်။ နှစ်တစ်နှစ်၏ နောက်ဆုံးရက်ဖြစ်သည့် ဒီဇင် ဘာ ၃၁ ရက်တွင် မြန်မာ့ရွှေဈေးသည် ၇၅၈၃၀၀ ကျပ်အထိ ကျဆင်းခဲ့ သည်။နှစ်သစ်ကူးပွဲတော်မတိုင်မီ မြန်မာ့ရွှေဈေးသည် ကျဆင်းခဲ့သော် လည်း နှစ်သစ်ကူးပွဲတော်အပြီးတွင် မြန်မာ့ရွှေဈေးသည် ပြန်လည်မြင့် တက်ခဲ့ရာ ဇန်နဝါရီ ပထမပတ်အတွင်းမှာပင် ကျပ် ရှစ်ထောင်ကျော် မြင့်တက်ခဲ့သည်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်များမှ ကန်ဒေါ် လာ သုည ဒသမ ၃၆၉ သန်း တန်ဖိုးရှိ အချိုမှုန့် ၃၆၇ တန်ကျော်ကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၁ ရက်ထိ ကာလအတွင်းမှာ တင်သွင်းခဲ့ပါတယ်။
ဒွန်းနဲ့ မာရီဂိုးနို့ဆီများ အဝင်ရှိသီတင်းတစ်ပတ်ဖြစ်တဲ့ ဒီဇင်ဘာ ၂၃ ရက်မှ ၂၉ ရက်တာကာလအတွင်း နို့ဆီ ၇၇၅တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ရှစ်သိန်းကျော်ဖိုးကို ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုလမ်းမှ မှာယူတင် သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ဒွန်းနို့ဆီ ၁၂၆ တန်၊ မာရီဂိုးနို့ဆီ ၁၅၂ တန်နဲ့ အခြားတံဆိပ် နို့ဆီများက ၄၉၆ ဒသမ ၈၀ တန် ဝင်လာခဲ့တယ်လို့ သိရပါတယ်။နို့မှုန့်က ဒီတစ်ပတ်မှာ စင်ကာပူနိုင်ငံ မှသာ တင်သွင်းခဲ့တာတွေ့ရပါတယ်။ MIRT (DOT)
အမေရိကန်နိုင်ငံအနေနဲ့ ဒီဇင်ဘာ လ ၃၁ ရက်မတိုင်မီ ဖြေရှင်းရမယ့် ဘဏ္ဍာရေးချောက်ကမ်းပါး (အခွန်တိုး မြှင့်ပြီး အသုံးစရိတ် လျှော့ချခြင်း) ကို ကျော်လွန်ရေးအတွက် ညှိနှိုင်းဆွေးနွေး နေဆဲဖြစ်ပြီး ကမ္ဘာ့ရေနံစိမ်းဈေးနှုန်း တွေဟာ အတက်အကျရှိနေပြီး တည် ငြိမ်မှုမရှိတာတွေ့ရတယ်။ အပြီးသတ် ဆွေးနွေး ညှိနှိုင်းရမယ့်အတွင်းမှာပဲ ဒီမိုကရက်ပါတီနဲ့ ရီပတ်ပလစ်ကန် ပါတီဝင်များအနေနဲ့ သဘောထားကွဲ ပြားမှုတွေရှိနေဆဲ ဖြစ်တယ်လို့ အမေ ရိကန် ဥပဒေပြုအထက်လွှတ်တော် အမတ် ခေါင်းဆောင် Aarry Reid က ပြောကြားတယ်။ ဒီလို အမေရိကန် ဘဏ္ဍာရေးမူဝါဒညှိနှိုင်းမှု အဆုံးမသတ် နိုင်ခြင်းဟာ ရေနံစိမ်းဝယ်လိုအား ကျ ဆင်းစေပြီး ဈေးနှုန်းကို ဆွဲချသလိုဖြစ် နေတယ်လို့ သိရတယ်။
ဒီဇင်ဘာ ၃၁ ရက် စင်ကာပူစံတော် ချိန် နေ့ခင်း ၂း၃၀ နာရီက နယူး ယောက်ကုန်စည်ရောင်းဝယ်ရေးမှ ဖေ ဖော်ဝါရီလအရောက်ပို့ရမယ့် ရေနံစိမ်း (WIT Oil) က တစ်စည်ကို ၉၀ ဒသမ ၈၁ ဒေါ်လာနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ တယ်။လန်ဒန်အခြေစိုက် ICE Futures Europe Exchange မှာလည်း ဖေ ဖော်ဝါရီလငွေချေရမယ့် ဘရန့်အမျိုး အစား ရေနံစိမ်းက တစ်စည်ကို ၁၁၀ ဒသမ ၃၉ ဒေါ်လာနဲ့ အရောင်းအဝယ် ဖြစ်ခဲ့တယ်။ ယခုနှစ်အတွင်း အမေရိ ကန်မှာ ရေနံထုတ်လုပ်မှုနဲ့ ချက်လုပ်မှု မြင့်မားခဲ့ရာWTI Oil ရေနံစိမ်းအမျိုး အစားဈေးနှုန်းလည်း ၈ ဒသမ ၂ ရာ ခိုင်နှုန်းကျဆင်းခဲ့တယ်။ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်က ကုန် ဆုံးတဲ့သီတင်းပတ်အတွင်း အမေရိကန် ရဲ့ ရေနံစိမ်းထုတ်လုပ်မှုဟာ တစ်ရက်ကို စည်ပေါင်း ၆ ဒသမ ၉၈၄ သန်းအထိ ရောက်ရှိခဲ့ရာ ၁၉၉၃ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးထုတ်လုပ်မှု နှုန်းဖြစ်တယ်လို့ အမေရိကန်စွမ်းအင်ဌာနက ဒီဇင်ဘာ ၂၈ ရက်မှာ သတင်းထုတ်ပြန်ခဲ့တယ်။ Source: the rubber association.com, ပပ
မြန်မာ့ရွှေဈေးနှုန်းမှာ ကမ္ဘာ့ရွှေဈေးထက်ဈေးမြင့်နေလို့ ပြည်တွင်းကို ရွှေများ ပြန်ဝင်နေကြောင်း သိရပါတယ်။ မန္တလေးမြို့ရှိ ရွှေဆိုင်ကြီးတစ်ဆိုင်မှ ရွှေဆိုင်ပိုင် ရှင်က "ရွှေဈေးက ကမ္ဘာ့ဈေးနဲ့ယှဉ်ရင် ပြည်တွင်း ဈေးမြင့်တော့ နယ်စပ်က ပြန်ဝင် လာတာ။ ခုက ဈေးကျပေမယ့် ကျသင့်တဲ့ဈေးကို မရောက်သေးဘူး။ ရွှေရှားတဲ့ အခြေအနေမို့ ပုံမှန်ဈေးမှာ တန့်နေတာ။ ကမ္ဘာ့ဈေးနဲ့ယှဉ်ရင်တော့ ကျတယ် ပြောရမယ်။ ဒီနှစ်မှာလည်း ရွှေဈေးနှုန်းက ထပ်တက်နိုင်တယ်။ ရွှေရှားတဲ့ အခြေ အနေရှိတာကြောင့် ယခုဈေးထက် တက်နိုင်တယ်။ ရွှေဈေးက ကမ္ဘာ့ရွှေဈေးနဲ့မှီပြီး ပြောင်းလဲ ပေမယ့် ပြည်တွင်းထွက်နှုန်းနဲ့ ငွေဈေးနဲ့ ကွာခြားတယ်။ ပြည်တွင်းဈေးက ကမ္ဘာ့ရွှေဈေးထက် မြင့်နေရင် ပြန်ဝင်လာမှာဘဲ။ နိမ့်နေရင် ပြန်ထွက်မှာပဲ။ အများ အားဖြင့်တော့ တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းက ထွက်တာများတယ်။ ပြည်တွင်းမှာ ထွက်တဲ့ရွှေကို ပြည်တွင်းမှာပဲသုံးဖို့ အဆင်မပြေနိုင်ဘူး။ ဒါကြောင့် တရားဝင် အရောင်း အဝယ်လုပ်ခွင့်ပေးသင့်တယ်။ တရားမဝင်ပို့နေကြတော့ ငွေလွှဲ တာလည်း စနစ်မကျဘူး"လို့ ပြောပါတယ်။
ဒီဇင်ဘာ ၂၃ ရက်မှ ၂၉ ရက်အတွင်းမှာ ကုမ္ပဏီ သုံးခုမှ ဓာတ်ဆီတန်ချိန် ၄၇၀ နဲ့ ဒီဇယ် ၆၁၃၅ ဒသမ ၈၄၈ တန်အတွက် သွင်းကုန်လိုင်စင်လျှောက်ထားခဲ့ တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ် ပင်လယ် ရေကြောင်းလမ်းမှ ဓါတ်ဆီ၊ ဒီဇယ်အဝင်က တန်ချိန် လေးသောင်းခြောက်ထောင်ကျော် အဝင်ရှိခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ ဓာတ်ဆီ၊ ဒီဇယ် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်နိုင်ငံအနေနဲ့ ဘဏ္ဍာရေးချောက်ကမ်းပါးကို ကျော် လွန်နိုင်ရေး ဆွေးနွေးညှိနှိုင်းရာမှာ သဘောတူညီမှုရရေး ကြိုးစားရုန်း ကန်နေရဆဲဖြစ်ပြီး လုံခြုံစိတ်ချရတဲ့ရွှေကို ဝယ်လိုအား မြင့်မားနေ ဆဲဖြစ်တယ်။
ဖြေလျော့တင်သွင်းခွင့်ပြုထားတဲ့ စား သောက်ကုန်များအနက် နယ်စပ်မှ အများဆုံးတင်သွင်းတဲ့ စားသောက် ကုန်ကတော့ အချိုမှုန့်ပဲဖြစ်ပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်း ရွှေဟော်မှ ပုံမှန်တင်သွင်း လျက်ရှိရာ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၅၇၀ သန်းဖိုးရှိ ချင်းရွှေဟော်မှ ၃၂၂ တန် နဲ့ မူဆယ်မှ ၂၄၈ တန် တင်သွင်းခဲ့ပြီး၊ မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်း စခန်းမှလည်း ယခုအပတ်မှာ ကန်ဒေါ် လာ သုည ဒသမ ၀၀၆ သန်း တန်ဖိုးရှိ အချိုမှုန့် ၅ တန်ကို တင်သွင်းလာတာ တွေ့ရပါတယ်။ တင်တင်ထွန်း