Main menu

Background

Wednesday, 26 Dec 2012

ဒီသီတင်းပတ်ဖြစ်တဲ့ ဒီဇင်ဘာ ၂ရက် မှ ၈ ရက်တာကာလအတွင်း နို့ဆီ ၂၅၈ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ နှစ် သိန်းငါးသောင်းကျော်ဖိုးကို ပင်လယ် ရေကြောင်းလမ်းမှ မှာယူတင်သွင်းခဲ့ပါ တယ်။ ဒီတစ်ပတ်ဝင်လာခဲ့တဲ့ နို့ဆီက OK တံဆိပ်နို့ဆီပဲဖြစ်ပါတယ်။ ယခင် သီတင်းပတ်နို့ဆီအဝင်က တစ်ဆယ့်နှစ် တန်ကျော်သာရှိခဲ့တာကြောင့် ဒီတစ် ပတ်မှာ နို့ဆီအဝင်က တန်ချိန် နှစ်ရာ ကျော် ပိုမိုတင်သွင်းလာတာ တွေ့ရပါ တယ်။ နို့စိမ်းက ဒီတစ်ပတ်မှာ အဝင် မရှိခဲ့တာ တွေ့ရပါတယ်။

Wednesday, 26 Dec 2012

ယခုတစ်ပတ်အတွင်း မြန်မာ့ရွှေဈေးကွက်ဟာ အတက်အကျများဖြင့်သာ ရှိနေကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ မြန်မာ့ရွှေဈေးကွက်သည် တန်ဆောင်တိုင်ပွဲတော်ကာလ  အပြီးတွင် အနည်းငယ် ပြန်လည်မြင့်တက်ခဲ့ပြီး နောက်ပိုင်းတွင် အေးစက်ခဲ့သော်လည်း ဒီဇင်ဘာလလယ်ပိုင်းတွင်မူ အတက်အကျ အနည်းငယ်ဖြင့်သာ အရောင်းအဝယ်ဖြစ်ခဲ့သည်ကို တွေ့ရ သည်။

Wednesday, 26 Dec 2012

ရန်ကုန်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။  ဒီတစ်ပတ်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဈေးနှုန်းများက ပြောင်းလဲမှု မရှိပေမဲ့ ပြင်ပဆိုင်များရဲ့ ဓာတ်ဆီဈေး ကမြင့်နေဆဲဖြစ်ပါတယ်။ မြင့်တယ်ဆိုပေမဲ့ ယခင်တစ်ပတ်ဈေးထက် နှစ်ရာဝန်းကျင် ဈေးကျလာပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ တစ်လီတာ ဈေးနှုန်းများမှာ ဓာတ်ဆီ ၈၀၃ ကျပ်၊ ဒီဇယ် ၈၆၀ ကျပ်၊ အောက်တိန်း ၈၈၀ ကျပ်၊ အဆင့်မြင့်ဒီဇယ် ၈၈၀ ကျပ်နဲ့ ရောင်းချနေပါတယ်။ ပြင်ပဆိုင်ရဲ့ ဈေးနှုန်းမှာ ဓာတ်ဆီ ၄၉၀၀-၅၀၀၀ ကျပ်ဖြစ်ပြီး ဒီဇယ် ၃၆၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဈေးနှုန်းမှာ အပြောင်းအလဲ မရှိဘူးလို့သိရပါတယ်။ ပြင်ပလက်လီဆိုင်များ မှာတော့ ဓာတ်ဆီဈေးက ယခင်တစ် ပတ်ဈေးထက် အနည်းငယ်ကျလာတယ်လို့သိရပါတယ်။ ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဈေးမှာ ဓာတ်ဆီတစ်ဂါလန် ၃၈၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၃၉၀၀ ကျပ်နဲ့ ရောင်း ချနေပြီး ပြင်ပဆိုင်ရဲ့ဈေးမှာ ဓာတ်ဆီ တစ်ဂါလန် ၄၂၀၀-၄၄၀၀ ကျပ်ဖြစ်ပြီး ဒီဇယ် ၃၆၀၀- ၃၇၀၀ ကျပ်နဲ့  အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။

Wednesday, 12 Dec 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်များမှ ကန်ဒေါ် လာ သုည ဒသမ ၈၉၅ သန်းတန်ဖိုးရှိ အချိုမှုန့် ၈၉၁ တန်ကျော်ကို နိုဝင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၄ ရက်ထိကာလ အတွင်းမှာ တင်သွင်းခဲ့ပါတယ်။ မူဆယ် မှ ၄၈၈ တန်ကျော်နဲ့ ချင်းရွှေဟော်မှ ၄၀၂ တန်ကျော်တင်သွင်းခဲ့တာ ဖြစ်ပါ တယ်။ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ် များမှ နိုဝင်ဘာလမှာ ကန်ဒေါ်လာ ၃ ဒသမ ၃၆၈ သန်းတန်ဖိုးရှိ အချိုမှုန့် ၃၄၀၉ တန်ကျော် တင်သွင်းခဲ့ပြီဖြစ်ပါ တယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံ ၁ ကီ လိုမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်-ကျပ်/ကီလို မိမိဘက်    ရွှေလီ မူဆယ်           ၁၂၂၀       ၁၁၆၉ ချင်းရွှေဟော်    ၈၅၀          ၈၄၀တင်တင်ထွန်း

Wednesday, 12 Dec 2012

ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းမှ နိုဝင်ဘာ နောက်ဆုံးပတ်မှာ နို့ဆီ ၁၂ တန်၊ နို့စိမ်း ၂၆၃ တန်၊ စုစု ပေါင်း ၂၇၄ တန် အဝင်ရှိခဲ့ပါတယ်။  နို့စိမ်းက  နိုဝင်ဘာလအတွင်းမှာ ဒီ သီတင်းပတ်တစ်ပတ်တည်းသာ နို့စိမ်း တင်သွင်းခဲ့တာ တွေ့ရပါတယ်။ နို့မှုန့်က သြစတြေးလျ၊ စင်ကာပူ၊ နယူးဇီလန်နဲ့ မလေးရှားနိုင်ငံတို့မှ နို့မှုန့် စုစုပေါင်း တန်ချိန် ၂၉၃ ဒသမ ၉၁ တင်သွင်း ခဲ့ပါတယ်။ လချုပ်အနေနဲ့ကြည့်မယ်ဆို ရင် နိုဝင်ဘာလအတွင်း နို့ဆီကတန်ချိန် ငါးရာကျော်၊ နို့စိမ်းက တန်ချိန် ရှစ်ရာ ကျော်အဝင်နည်းခဲ့ပေမဲ့ နို့မှုန့်ကတန်ချိန် နှစ်ရာနီးပါး အဝင်ပိုခဲ့တယ်လို့ သိရပါ တယ်။                   MIRT (DOT)

Wednesday, 12 Dec 2012

ယခုရက်ပိုင်းအတွင်း   မြန်မာ့ရွှေ ဈေးကွက်ဟာ အေးစက်နေကြောင်းသိ ရသည်။ မြန်မာ့ရွှေဈေးသည် တအိအိ ဖြင့်   ပြန်လည်ကျဆင်းလာခဲ့သော် လည်း အရောင်းအဝယ်မှာ အေးစက် နေကြောင်း သိရသည်။"ဒီရက်ထဲမှာ  ရွှေဈေးက တအိအိ နဲ့ကျလာတယ်ဆိုပေမယ့် ဖြတ်စဝယ်တဲ့ သူ ရောင်းတဲ့သူတွေရော ဒုံးဝယ်တဲ့သူ တွေရော အရောင်းရော အဝယ်ပါအေး နေတာ။ တရုတ်ဘက်ကလည်း အဝယ် ပါးသွားတော့ ဈေးကွက်မှာ အေးသွား တာလည်း ပါတာပေါ့"ဟု ရွှေဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။ သို့သော် အထည်ပိုင်းတွင်မူ အရောင်းအဝယ်မှာ သွက်လျက်ရှိကြောင်း သိရသည်။

Wednesday, 12 Dec 2012

နိုဝင်ဘာနောက်ဆုံးပတ်မှာတော့ ဓာတ်ဆီ ၄၅၀၀ တန်၊ ဒီဇယ် ၃၂၄၄၂ ဒသမ ၄၃၃ တန်ကို တင်သွင်းရန ်အတွက် ကုမ္ပဏီငါးခုမှ သွင်းခွင့်လိုင်စင်လျှောက် ထားခဲ့တယ်လို့ သိရပါတယ်။ လချုပ်အနေ နဲ့ကြည့်မယ်ဆိုရင် အောက်တိုဘာလ ရဲ့ ဓာတ်ဆီ၊ ဒီဇယ်စုစုပေါင်း တင်သွင်းရန် လျှောက်ထားတန်ချိန်မှာ တစ်သိန်းငါး သောင်းကျော်ရှိခဲ့ပြီး နိုဝင်ဘာလရဲ့လိုင်စင်လျှောက်ထား တန်ချိန်မှာ ရှစ်သောင်း ကျော်သာ ရှိခဲ့တာကြောင့် နိုဝင်ဘာလမှာ ဓာတ်ဆီ၊ ဒီဇယ်လျှောက်ထားတန်ချိန်မှာ တန်ချိန် ခုနစ်သောင်းနီးပါး လျော့နည်းခဲ့ပါတယ်။

Wednesday, 5 Dec 2012

World Metal Price (US$)

Date 
Sliver/Oz

Zinc/Ton

Aluminum/Tom
Copper/Ton
Platinum/Oz

26-November

34.08
1974.78

1964.93

7870.24
1608.00

27-November
34.12
1984.19
1976.13
7883.46
1614.00

28-November
33.77
1991.58
1982.40
7883.68
1605.00

29-November

34.08
1995.39

1985.76

7906.53
1612.00

Wednesday, 5 Dec 2012

Energy NYMEX

Energy NYMEX                      30-11-2012

Price      
Change   
Change%

Brent Crude Futr (USD/bbl)    
87.80
-0.28
-0.32

Gasoline Rbob Fut (Cent/gal)
110.67
-0.09
-0.08

Heating Oil Futr (Cent/gal)
277.40
-1.30
-0.47

Natural Gas Futr (USD/MMBtu)
3.64
-0.01
0.25

WTI Crude Future (USD/bbl.)
303.78
-0.28
-0.09

Wednesday, 5 Dec 2012

နယ်စပ်ငွေလဲလှယ်နှုန်း

နိုဝင်ဘာ    ၂၀၁၂ (1US$)   

ရက်  
တရုတ်       
ထိုင်း    
ဘင်္ဂလားဒေ့ရှ်
အိန္ဒိယ   

(ယွမ်)
(ဘတ်)
(တာကာ)
(ရူပီး)   

26

6.23

30.68

80.94

55.65

27
6.23
30.68
80.15
55.63

28
6.23
30.73
81.77

55.60

29
6.23
30.7.
81.35
55.28

30
6.23
30.70
81.38
54.48

Pages