Background
Currency Exchange Rate JUNE 8, 2012 Base Currency is United States Dollar - USD Currency Unit Units per USD AUD Australia Dollars 1.01 BDT Bangladesh Taka 81.92 CAD Canada Dollars 1.03 CNY China Yuan Renminbi 6.37 EUR Euro 0.80 HKD Hong Kong Dollars 7.76 INR India Rupees 55.32 IDR Indonesia Rupiahs 9475.50 JPY Japan Yen 79.24 MYR Malaysia Ringgits 3.19 PKR Pakistan Rupees 94.06 PHP Philippines Pesos 43.02 RUB Russia Rubles 32.51 SGD Singapore Dollars 1.28 KRW South Korea Won 1175.07 LKR Sri Lanka Rupe 132.00 THB Thailand Baht 31.78 GBP United Kingdom Pounds 0.65 VND Vietnam Dong 20850.00 Source : xe.com
ဇွန် ၆ ရက်မှ ၁၂ ရက်ထိ ကာလ အတွင်းမှာ မြန်မာ-ထိုင်း နယ်စပ်ရှိ ကော့သောင်းမှ ကန်ဒေါ်လာ သုည ဒသမ ဝ၀၃ သန်းတန်ဖိုးရှိ အချိုမှုန့် ၂ တန်ခွဲ အသွင်းရှိပါတယ်။ တရုတ်နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ဝ ဒသမ ၂၂၅ သန်း တန်ဖိုးရှိ အချိုမှုန့် များကို မူဆယ်မှ ၁၈၃ တန်ခန့်နဲ့ ချင်း ရွှေဟော်မှ ၄၂ တန်ခန့် အသွင်းရှိခဲ့ပါ တယ်။ ယခင်အပတ်နဲ့နှိုင်းယှဉ်လျှင် ၇၁ တန် တင်သွင်းမှုပိုမိုခဲ့ပါတယ်။ MIRT(DOBT)
နို့ဆီထက် နို့စိမ်း အဝင်ပိုခဲ့စင်ကာပူနိုင်ငံမှ နို့ဆီ ၁၈၁ ဒသမ ၅၈ တန်နဲ့ နို့စိမ်း ၃၉၉ ဒသမ ၇၉ တန် ကို ဇွန် ၃ ရက်မှ ၉ ရက်အတွင်း ပင် လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ မှာယူ တင်သွင်းခဲ့ပါတယ်။ စုစုပေါင်း တင်သွင်းတန်ချိန်က ၅၈၁ ဒသမ ၃၇ တန်ဖြစ်ပြီး တန်ဖိုးက ကန်ဒေါ်လာ ခြောက်သိန်းကျော်ဖိုး ဖြစ်ပါတယ်။ ယခင်သီတင်းပတ် နို့ဆီတင်သွင်းမှုက တန်ချိန် နှစ်ရာ့ငါးဆယ်ကျော် ရှိခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ နို့ဆီက တန် ခုနစ်ဆယ်ကျော်ပိုမိုတင်သွင်းခဲ့ပြီး တန် ချိန် နှစ်ရာကျော်ပိုမိုတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ နို့ဆီထက် နို့စိမ်းက အဝင်ပိုခဲ့ပါတယ်။
ယခုတစ်ပတ်အတွင်း မြန်မာ့ရွှေ ဈေးသည် အတက်ဘက်သို့ ပြန်လည်ဦး တည်လာခဲ့သည်။ ယင်းကဲ့သို့ ပြန်လည် မြင့်တက်လာ ရခြင်းမှာ အမေရိကန်ဒေါ် လာဈေး မြင့်တက်လာ ရခြင်းကြောင့် ဖြစ်သည်ဟု ရွှေလုပ်ငန်းရှင်များအသိုင်း အဝိုင်းမှစုံစမ်းသိရှိရသည်။
နယ်စပ်မှ အချိုမှုန့်တင်သွင်းမှုလျော့မေ ၃၀ရက်မှ ဇွန် ၅ ရက်အတွင်း တရုတ်နယ်စပ်စခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၁၅၆ သန်းတန်ဖိုးရှိ အချို မှုန့် ၁၅၅ တန်ကျော် အသွင်းရှိခဲ့ပါ တယ်။ နယ်စပ်အလိုက် တင်သွင်းမှုတွေ ကတော့ မူဆယ်မှ ၁၁၃ တန်ကျော်နဲ့ ချင်းရွှေဟော်မှ ၄၂ တန်အသီးသီး တင် သွင်းခဲ့တာဖြစ်ပါတယ်။ ယခင်အပတ် ထက် တန် ၃၀၀ ကျော်ခန့် တင်သွင်းမှု လျော့နည်းခဲ့ပါတယ်။ MIRT(DOBT)
အိုကေနို့ဆီနဲ့ ဒွန်းနို့စိမ်းဝင် မေ ၂၇ ရက်မှ ဇွန် ၂ ရက်တာ ကာလအတွင်း နို့ဆီ ၂၅၂ ဒသမ ၈၄ တန်နဲ့ နို့စိမ်း ၁၈၂ ဒသမ ၇၀၇ တန် တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် တင် သွင်းခဲ့တဲ့ နို့ဆီနဲ့ နို့စိမ်းမှာ တရုတ်နိုင်ငံမှ အိုကေနို့ဆီနဲ့ စင်ကာပူနိုင်ငံမှ ဒွန်း တံဆိပ်နို့စိမ်းတို့ပဲဖြစ်ပါတယ်။ ယခင် သီတင်းပတ်တန်ချိန် တစ်ရာ့ခုနှစ်ဆယ် ကျော်သာ တင်သွင်းခဲ့တဲ့နို့ဆီက ဒီတစ် ပတ်မှာ တန်ခုနစ်ဆယ်ကျော် အဝင် ပိုခဲ့ပြီး ယခင်တစ်ပတ် အဝင်ပျောက်ခဲ့ တဲ့ နု့ိစိမ်းက ဒီတစ်ပတ်မှသာ ပြန်လည် တင်သွင်းလာခြင်းဖြစ်ပါတယ်။
၂၀၁၂ ခုနှစ် အပြည်ပြည်ဆိုင်ရာသမဝါယမနှစ် အထိမ်းအမှတ်ဈေးရောင်းပွဲတော်ကို စစ်ကိုင်းတိုင်းဒေသကြီး သမဝါယမ ဦးစီးဌာနရဲ့ ကြီးကြပ်လမ်းညွှန်မှုနဲ့ မုံရွာမြို့ ဇေယျာရွှေမြေအားကစားကွင်းမှာ ၂၀၁၂ ခုနှစ် ဇွန် ၃ ရက်မှ ၇ ရက်အထိ နေ့စဉ်နံနက် ၉ နာရီမှ ည ၉ နာရီအထိ ကျင်းပမှာဖြစ်ကြောင်း သိရပါတယ်။
အချိုမှုန့်ကို တရားဝင်တင်သွင်းခွင့်ပြုလိုက်သည့်အချိန်မှစပြီး အချိုမှုန့် များမှာ ဈေးနှုန်း အဆမတန် ကျဆင်းလာပြီး အချိုမှုန့်အစားထိုး ဟင်း ခတ်မှုန့်များလည်း ပြည်တွင်းရော ပြည်ပပါ အမျိုးအစားစုံလင်စွာနဲ့ ဈေး ကွက်အတွင်း အများအပြား၀ င်နေကြောင်း သိရပါတယ်။
ကျောက်စိမ်း ဈေးကွက်အတွင်း ပစ္စည်းရှားနေပြီး အရောင်းအဝယ် လည်း ပါးနေကြောင်း သိရပါတယ်။ ကျောက်မျက်ရတနာဆပ်ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးတင်ဝင်းက "ဈေးကွက်ပါးပြီး အရောင်းအဝယ် မဖြစ်ဘူး။ ကုန်ကြမ်းလည်း ရှားနေ တယ်။ ဝယ်တဲ့ကုန်သည်က ပြည်တွင်း ရော တရုတ်နိုင်ငံက ကုန်သည်တွေပါ ဝယ်ကြတာ။ လုပ်ငန်းေ တွ အေးနေ တော့ ဝယ်တဲ့သူလည်း ပါးတာပေါ့။ ပစ္စည်းရှားတဲ့အတွက် ပစ္စည်းကောင်း ကိုင်ထားတဲ့သူ က ဈေးခေါ်ရောင်းလို့ရ မယ်"လို့ ပြောပါတယ်။
မူဆယ်မှ အချိုမှုန့် အသွင်းလျော့ဖြေလျော့တင်သွင်းခွင့်ပြုပေးထားတဲ့ စားသောက်ကုန် ၅ မျိုးထဲမှ တစ်မျိုး ဖြစ်တဲ့ အချိုမှုန့် ၃၇၃ ဒသမ ၂၇ တန် ကို မေ ၂၃ ရက်မှ ၂၉ ရက်ထိကာလ အတွင်းမှာ မူဆယ် ၁၀၅ မိုင်ကုန်သွယ် ရေးဇုန်မှ တင်သွင်းခဲ့ရာ ယခင်အပတ် နဲ့နှိုင်းယှဉ်ပါက ၆၉ တန်ခန့် တင်သွင်း မှုလျော့နည်းခဲ့ပါတယ်။ ချင်းရွှေဟော် နယ်စပ်မှာတော့ ၉၁ တန်တင်သွင်းခဲ့ရာ ယခင်အပတ်ကထက် ၃၁ တန် တင် သွင်းမှုပိုမိုခဲ့ပါတယ်။ ယခုအပတ် တရုတ် နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၄၆ သန်းတန်ဖိုးရှိ အချိုမှုန့် ၄၆၄ တန် ကျော်တင်သွင်းနိုင်ခဲ့ပြီး မေလမှာ၂၂၉၁ တန်ကျော် တင်သွင်းထားပြီးဖြစ်တယ် လို့ သိရပါတယ်။ MIRT(DOBT)