Main menu

Background

Thursday, 11 Aug 2016

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီး ကုန်သွယ်ရေးစခန်းများမှ ဇူလိုင်နောက်ဆုံးပတ်တွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၁၃၂ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၃၁၆၆ တန်ကျော် တင်ပို့နိုင် ခဲ့ ပါတယ်။ စခန်းအလိုက် တင်ပို့မှုမှာ မူဆယ်မှ ၁၀၃၉၀ တန်၊ လွယ်ဂျယ်မှ ၇၇၉ တန်ကျော်၊ ချင်းရွှေ ဟော်မှ ၁၈၆၂ တန်ခွဲနဲ့ ကန်ပိုက်တီးမှ ၁၃၅ တန်ဖြစ်ပါတယ်။ ယခင်သီတင်းပတ်က ကန်ပိုက်တီးကုန်သွယ်ရေးမှ ပြောင်းတင်ပို့မှု မရှိခဲ့ဘဲ ကျန်စခန်းသုံးခုမှသာ ၇၄၀၁ တန်ကျော်တင်ပို့ခဲ့ပါတယ်။ ဇူလိုင်လအတွင်း တရုတ်နယ်စပ်စခန်းများမှ ပြောင်း တန်ချိန်လေးသောင်းခွဲကျော် တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။

Thursday, 11 Aug 2016

  မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ မောင်တော ကုန်သွယ်ရေး စခန်းမှာ  ၂၀၁၆ ခုနှစ် ဇူလိုင်တွင် ပို့ကုန် အမေရိကန် ဒေါ်လာ သုညဒသမ ၄၇၅ သန်း၊  သွင်းကုန် အမေရိကန် ဒေါ်လာ သုညဒသမ ၀၀၅ သန်း၊  ကုန်သွယ်မှု ပမာဏ အမေရိ ကန်ဒေါ်လာ သုညဒသမ ၄၈၀ သန်း  ဆောင်ရွက်နိုင်ခဲ့ ကြောင်း၊ ဇူလိုင်အတွက် ကုန်သွယ်မှု  လျာထားချက်မှာ အမေရိကန်ဒေါ်လာ  သုညဒသမ ၆၀၀ သန်းဖြစ်၍ လျာထား ချက်အပေါ်   ၈၀ရာခိုင်နှုန်း ဆောင် ရွက်နိုင်ခဲ့ကြောင်း သိရပါသည်။

Thursday, 11 Aug 2016

     လွတ်လပ်သော ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်များကို ထိရောက် စွာ အသုံးချရေး အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ်၊ သြဂုတ် ၃ ရက် နံနက်က UMFCCI အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အလုပ်ရုံေ ဆွး နွေးပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ပို့ကုန်သွင်းကုန်ရုံး ရန်ကုန်မှ ညွှန်ကြားရေးမှူး  ဦးဝင်းလွင် နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် များအသင်းမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များ၊ ကုန်သွယ်မှု သင်တန်းကျောင်း အမှတ်စဉ် (၈) မှ ကျောင်းသား၊ ကျောင်းသူများနှင့် စိတ်ပါဝင်စားသူများ  တက်ရောက်ခဲ့ပါ တယ်။

Thursday, 11 Aug 2016

      ဒီတစ်ပတ် မကွေးဈေးကွက်မှာ ပဲစင်းငုံနီနဲ့ ပဲတီစိမ်းဈေး ကျဆင်းခဲ့ပါတယ်။ ပဲစင်းငုံနီအနေနဲ့ ယခင်တစ်ပတ်က တစ်ပိဿာ ၂၁၇၅ ကျပ်ရှိခဲ့ပြီး ယခုတစ်ပတ်မှာ တစ်ပိဿာ ကျပ် ၂၀၆၀ (တစ်တန်ကို ၁၂၆၁၅၂၃ ကျပ်) သာရှိခဲ့တာမို့ ယခ င်တစ်ပတ်နဲ့ နှိုင်းယှဉ်ပါက တစ်ပတ်အတွင်းတစ်တန်ကို ကျပ် ၇၀၀၀၀ ခန့် ဈေးကျဆင်းခဲ့ပါတယ်။ ပဲစင်းငုံနီ အရောင်းအဝယ်ဖြစ်မှုမှာ တစ်နေ့ကို အိတ် ၂၀၀ ခန့်ရှိကြောင်း သိရပါတယ်။ အလားတူ ပဲတီစိမ်းကလည်း ယခင် တစ်ပတ် က တစ်ပိဿာ  ကျပ် ၁၄၂၀ ရှိခဲ့ပြီး ယခုတစ်ပတ်မှာ တစ်ပိဿာ ၁၂၆၅ ကျပ် (တစ်တန်ကို ၇၇၄၆၇၃ ကျပ်) သာရှိခဲ့တဲ့အတွက် ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ပါက တစ်တန်ကို ကျပ် ၉၅၀၀၀ ခန့်ဈေးကျဆင်းခဲ့ပါတယ်။

Thursday, 11 Aug 2016

      ဒီတစ်ပတ် မကွေးဈေးကွက်မှာ ပဲစင်းငုံနီနဲ့ ပဲတီစိမ်းဈေး ကျဆင်းခဲ့ပါတယ်။ ပဲစင်းငုံနီအနေနဲ့ ယခင်တစ်ပတ်က တစ်ပိဿာ ၂၁၇၅ ကျပ်ရှိခဲ့ပြီး ယခုတစ်ပတ်မှာ တစ်ပိဿာ ကျပ် ၂၀၆၀ (တစ်တန်ကို ၁၂၆၁၅၂၃ ကျပ်) သာရှိခဲ့တာမို့ ယခ င်တစ်ပတ်နဲ့ နှိုင်းယှဉ်ပါက တစ်ပတ်အတွင်းတစ်တန်ကို ကျပ် ၇၀၀၀၀ ခန့် ဈေးကျဆင်းခဲ့ပါတယ်။ ပဲစင်းငုံနီ အရောင်းအဝယ်ဖြစ်မှုမှာ တစ်နေ့ကို အိတ် ၂၀၀ ခန့်ရှိကြောင်း သိရပါတယ်။ အလားတူ ပဲတီစိမ်းကလည်း ယခင် တစ်ပတ် က တစ်ပိဿာ  ကျပ် ၁၄၂၀ ရှိခဲ့ပြီး ယခုတစ်ပတ်မှာ တစ်ပိဿာ ၁၂၆၅ ကျပ် (တစ်တန်ကို ၇၇၄၆၇၃ ကျပ်) သာရှိခဲ့တဲ့အတွက် ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ပါက တစ်တန်ကို ကျပ် ၉၅၀၀၀ ခန့်ဈေးကျဆင်းခဲ့ပါတယ်။

Thursday, 11 Aug 2016

   ဒီတစ်ပတ် အောင်လံဈေးကွက်မှာ ပဲစင်းငုံနီနဲ့ ပဲတီစိမ်း ဈေးကျပြီး နှမ်းနီနဲ့ သိပ္ပံနှမ်းဈေးအနည်းငယ်တက်ခဲ့ကြောင်း သိရပါတယ်။ ယခင်တစ်ပတ်က တစ်ပိဿာ ၂၂၁၅ ကျပ်ရှိခဲ့တဲ့ ပဲစင်းငုံနီကတော့ ယခုတစ်ပတ်မှာ တစ်ပိဿာ၂၀၅၀ ကျပ် (တစ်တန်ကို ၁၂၅၅၃၉၉ ကျပ်) နဲ့ ဈေးနိမ့်အဝယ်ဖွင့်ခဲ့ပါတယ်။ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ တစ်ပတ်အတွင်းအိတ် ၂၀၀ ခန့် သာရှိခဲ့ကြောင်းလည်း သိရပါတယ်။ ယခင်တစ်ပတ်က တစ် ပိဿာ ၁၂၇၅ ကျပ်ဖြစ်ခဲ့တဲ့ ပဲတီစိမ်း ကလည်း ဒီတစ်ပတ်မှာ  တစ် ပိဿာကျပ် ၁၂၅၀ (တစ်တန်ကို ၇၆၅၄၈၇ ကျပ်) ဖြစ်ခဲ့တာ မို့ ယခင်တစ်ပတ်နဲ့  နှိုင်းယှဉ်ပါက ဈေးကျခဲ့ကြောင်းနဲ့ တစ်ပတ် အတွင်းမှာအိတ် ၃၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း လည်းသိရပါ တယ်။ နှမ

Wednesday, 10 Aug 2016

    ဇူလိုင် ၂၄ ရက်မှ ၃၀ ရက်သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၂၁၁၄၈၅၆ တန်ဖိုးရှိ မြေသြဇာ ၉၃၂၇ ဒသမ ၆၀၄တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်း မှ တင်သွင်းခဲ့ပါတယ်။  ဒီလကုန်ချိန်မှာ မြေသြဇာ အသုံးများလာ တာကြောင့် မြေသြဇာ တင်သွင်းမှုလည်း များခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ချီလီနိုင်ငံမှ ၂၇ တန်၊  တရုတ်နိုင်ငံမှ ၆၄၀၉ ဒသမ ၅၆၄ တန်၊အိန္ဒိယနိုင်ငံမှ ၁၂ တန်၊ ဂျပန်မှ၂၆တန်၊ ကိုရီးယားမှ၂၃ဒသမ ၀၄၀ တန်၊ စင်ကာပူ မှ ၂၁၆ တန်နဲ့ ထိုင်း မှ၂၆၁၄ တန် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။  ဒီတစ်ပတ်မှာ တရုတ်နိုင်ငံမှ အများဆုံးတင်သွင်းခဲ့ပြီး ထိုင်းနိုင်ငံမှ ဒုတိယအများဆုံး တင်သွင်းခဲ့တယ်လို့ သိရပါတယ်။တင်သွင်းခဲ့တဲ့ အမျိုးအစားများမှာ မဂ္ဂန

Wednesday, 10 Aug 2016

    ဇူလိုင် ၂၄ရက်မှ ၃၀ရက် သီတင်း ပတ်အတွင်း ကန်ဒေါ်လာ ၁၂၂၅၀၄၃ တန်ဖိုးရှိ နို့ဆီ ၉၆၉ ဒသမ ၂၆၄ တန်ကို ပင်လယ်ရေကြောင်း  ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။   ဒီတစ်ပတ်မှာ တရုတ်နိုင်ငံမှ   ၈၇ ဒသမ  ၅၅၂ တန်၊ မလေးရှားနိုင်ငံမှ ၁၄၈ဒသမ ၈၂၄ တန်နဲ့ စင်ကာပူမှ ၇၃၂ဒသမ ၈၈၈ တန် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင် တစ်ပတ်  နို့ဆီတင်သွင်းမှုမှာ တန်ချိန် ၁၂၀ကျော်သာရှိခဲ့တာကြောင့် ဒီတစ် ပတ် တင်သွင်းမှုနဲ့ယှဉ်ရင်  တန်ချိန် ၈၄၀ ကျော်  ပိုမိုတင်သွင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

Wednesday, 10 Aug 2016

     ဇူလိုင် ၂၄ ရက်မှ၃၀ ရက် သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၄၈၄၇၇၁၉ တန်ဖိုးရှိ ဘိလပ်မြေ ၅၃၂၉၂ ဒသမ ၈၇၅ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ တရုတ်နိုင်ငံမှ ၄၆၈ တန်၊ ယူနိုက်တက် ကင်းဒမ်းမှ ၂ဒသမ၈၇၅ တန်နဲ့ ထိုင်းနိုင်ငံမှ ၅၂၈၂၂ တန် တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ စိန်၊ ဆင်နဲ့ဂျန်ဘို၊ အင်စီးဘိလပ်မြေတို့ ဝင်လာခဲ့တယ်လို့ သိရပါ တယ်။ ယခင်သီတင်းပတ် ဘိလပ်မြေအဝင်မှာ ၇၂၀၀ ကျော်ရှိခဲ့တာကြောင့် ဒီတစ် ပတ်တင်သွင်းမှုနဲ့ယှဉ်ရင် တန်ချိန်၄၆၀၀၀ ကျော် ပိုမိုတင်သွင်းခဲ့ပါတယ်။

Wednesday, 10 Aug 2016

       ယခုတစ်ပတ်တွင် သီလဝါရှယ် ယာဈေးနှုန်းများ ဆက်လက်ကျဆင်း လာခဲ့ပြီး  စတင်ဖွင့်လှစ်ခဲ့စဉ်က သတ် မှတ်ခဲ့သည့်  အနိမ့်ဆုံးနှုန်းထားသို့ ရောက်ရှိခဲ့ကြောင်း YSX ၏ထုတ်ပြန်ချက်များအရ သိရသည်။ အလားတူ FMI ရှယ်ယာဈေးနှုန်း များသည်လည်း သတ်မှတ်ထားသည့် အနိမ့်ဆုံးဈေးနှုန်းအောက်သို့ လဆန်း ပိုင်းက ရောက်ရှိခဲ့ပြီး ဈေးကွက်ပိတ်ချိန် တွင်မူ မူလသတ်မှတ်ထားသည့်ဈေးနှုန်း သို့ ပြန်လည်ရောက်ရှိခဲ့သည်။

Pages