Background
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ လက်ပုကန်ကျေးရွာမှာ ချင်းတိုင်းရင်းသား ရိုးရာဝတ်စုံလုံချည်နှင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှ ကြိုက်နှစ်သက်သော ဝတ်စုံရက်လုပ်မှုလုပ်ငန်းဖြင့်အသက်မွေး လုပ်ကိုင်သူ ၁၂၅ ဦးရှိပါတယ်။မြန်မာအမျိုးသမီးများအတွက်ဆိုရင် ၇၅ လက်မကွင်း အကျယ်တစ်ထည် ၁၂၀၀၀ ကျပ် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အကြိုက် ၆၀ လက်မ ကွင်းအကျယ် လုံးစောင်းတစ်ထည် ၁၅၀၀၀ ကျပ်၊ ထူးတစ်ထည် ၅၀၀၀၀ ကျပ်နှင့် ချင်းရိုးရာ (ဆင်သဲနသီး) ၆၀ လက်မ (ကွင်းကျယ်) ၁၅၀၀၀ ကျပ်ရောင်းချရကြောင်း သိရှိခဲ့ရပါတယ်။ရက်ကန်းရက်လုပ်ခအဖြစ် တစ်ထည်လျှင် ကျပ်၇၀၀၀ ပေးရပြီး နှစ်ရက်ကြာအောင်ရက်လုပ်ရကြောင်းနှင့် ရက်ကန်း
သြဂုတ်လအတွင်း မိုးသည်ထန်စွာ ရွာသွန်းမှု ကြောင့် လမ်းတံတားများ ပျက်စီးခဲ့ပြီး ကုန်သွယ်မှု ပြတ်တောက်ခဲ့ရတဲ့ မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ် လမ်းများ ပြန်လည်သွားလာနိုင်ပြီဖြစ်ကြောင်း ဒေသခံ ယာဉ်လိုင်းများထံမှ သိရပါတယ်။ စစ်ကိုင်းတိုင်းဒေသ ကြီး ကလေးမြို့မှ ချင်းပြည်နယ် ရိဒ်ခေါဒါရ်သို့ ဟိုင်မွှာလ်ဂျစ်ကားငယ်များနဲ့ သယ်ယူပို့ဆောင်နေရ တာကြောင့် ကုန်စည်တင်ပို့ခဈေးနှုန်းများ မြင့်တက်ခဲ့ ကြောင်း ရိဒ်ခေါဒါရ်မြို့ရှိ ကုန်သည် များနဲ့ ယာဉ်လိုင်း များထံမှ သိရပါတယ်။ချင်းပြည်နယ်တွင်း မိုးရွာသွန်းမှု ကြောင့် ကားလမ်းများ မပျက်စီးမီက ရိဒ်ခေါဒါရ်သို့ တင်ပို့ရတဲ့ ကွမ်းသီးတစ်အိတ်ကုန်တင်ခနှုန်းသည် ကျပ် တစ်သောင်းခန့်သ
ပီးခဲ့တဲ့ သြဂုတ်လ လဆန်းပိုင်းက ဒိုင်မှာ ပဲလက်ကျန် နည်းပြီး Export ဝယ်လက်ဝယ်လိုအားကောင်းခဲ့လို့ စိမ်းကြီး ဈေးမှာ တစ်တင်း ၄၁၀၀၀ ကျပ်ထိ ဈေးပေါက်ခဲ့ပြီး ယခုတစ် ပတ် မိုးပဲတီအသစ်တွေ ပေါ်ချိန်မှာတော့ တစ် တင်း ၃၄၀၀၀ ကျပ်ထိ ဈေးကျဆင်းသွားတာ တွေ့ရပါတယ်။မုံရွာခရိုင် လေးမြို့နယ်မှာတော့ ရာသီဥတုအခြေအနေ အရ မိုးကြိုပဲတီကို ရေသွင်းစိုက်ပျိုးမှုများပြားခဲ့ရာ ၁၇၂၈၅ ဧက လျာထားတဲ့အနက် ဧက ၂၃၈၅၀ အမှန်စိုက်နိုင်ခဲ့ လို့ ဧက ၆၀၀၀ ကျော်ပိုမိုစိုက်ပျိုးနိုင်ခဲ့တယ်လို့ အချက်အလက် တွေအရ သိရပါတယ်။ယခုအခါတွင် ရေကြီးရေလျှံမှုကြောင့် စိုက်ပျိုး မှုနောက် ကျခဲ့ရာ လျာထားဧက ၇၃၅၅၀ အနက် ၂၃၆၆၂ ဧကသာ စိုက်ပျိုးနိုင်ခဲ့ပြီး ဆက်လက
ရန်ကုန်မြို့ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)ရဲ့ လက် ကားဆန်ဈေးကွက်မှာ သြဂုတ်လ ၂၈ ရက်နေ့ဈေးနှုန်းများ အရ ဖျာပုံပေါ်ဆန်း လတ်စတစ်အိတ်ကို ၃၈၅၀၀ ကျပ်၊ နယ်စုံ ပေါ်ဆန်းလတ်စ ၃၇၀၀၀ ကျပ်၊ ရွှေဘိုပေါ် ဆန်းဈေးနှုန်း ၄၉၀၀၀ ကျပ်မှ ၅၁၀၀၀ ကျပ်ဖြစ်ခဲ့ကြလို့ ယခင်တစ်ပတ် ထက် ဆန်ချောတစ်အိတ်ကို ၅၀၀ ကျပ်ခန့်ဈေးပြန်ကျခဲ့တာ တွေ့ရပါတယ်။ဆန်ချောအဝင်ပုံမှန်ရှိနေသော် လည်း အချောအဝယ် အနည်းငယ်ဆိုင်းနေလို့ ဆန်ချောဈေး အနည်းငယ်ကျရခြင်း ဖြစ်ကြောင်း၊ ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထ လတ်စတစ်အိတ် ၂၁၀၀၀ ကျပ်၊ ထိပ်စ ၂၃၀၀၀ ကျပ်၊ မိုးသုခဈေးနှုန်း ၂၃၅၀၀ ကျပ်မှ ၂၅၅၀၀ ကျပ်၊ မီးကောက် ၂၄၅၀၀ ကျပ်မှ ၂၅၅၀၀ ကျပ်၊ ဆင်းသွယ်လတ် ၂၅၀၀၀ ကျပ်မှ ၂၆၅၀၀ ကျပ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ် မြို့ပေါ်ရှိ ဆန်ဈေးကွက်မှာ သြဂုတ်လ ပတမပတ်ရေမကြီးမီဆန်ဈေးနဲ့ ဒုတိယ ပတ် ၁၀ ရက်ခန့် ရေကြီးချိန်ဈေးနှုန်းမြင့် တက်သွားရာမှ ယခုစတုတ္ထပတ်တွင် ဆန်ဈေးနှုန်း ပြန်လည်ကျဆင်း၍ အရောင်းအဝယ် အေးလျက်ရှိကြောင်း၊ သြဂုတ်လ ပထမပတ်အတွင်းရေမကြီးမီ ဧရာဝတီပေါ်ဆန်း ဆန်တစ်အိတ်ကို ၄၀၀၀၀ ကျပ်၊ ၄၁၀၀၀ ကျပ်၊ ပေါ်ဆန်း ရင် ဆန်တစ်အိတ် ၃၈၀၀၀ ကျပ်၊ ၃၉၀၀၀ ကျပ်၊ မနောသုခ၊ မျိုးပွား၊ မီး ကောက်ဆန် တစ်အိတ်ကို ၁၉၀၀၀ ကျပ်၊ ၁၉၅၀၀ ကျပ်၊ သီးထပ်ရင် ဆန် တစ်အိတ်ကို ၁၈၀၀၀ ကျပ်၊ ၁၈၅၀၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း ဈေးကွက်မှ သိရပါတယ်။
ရာသီဥတုက အနည်းငယ်ပြန်ပြီး ကောင်းမွန်လာတာကြောင့် အောင်ပန်း ဈေးကွက်မှာ သီးနှံတွေလည်း အဝင်လှိုင်လာပါတယ်။ ချင်းဥမလည်း ပုံမှန်အဝင်ရှိ နေပါတယ်။ ဒီတစ်ပတ်မှာ ပြည်ပဝယ်လက်တွေ မရှိသေးပါဘူး။ စစ်တွေ၊ တောင် ကုတ်လမ်းကလည်း မကောင်းသေးတာကြောင့် ဝယ်လက်တွေကလည်း သိပ်ပြီး မဝယ်ကြသေးဘူးလို့ သိရပါတယ်။
သီတင်းတစ်ပတ်ဖြစ်တဲ့ သြဂုတ် လ ၉ ရက်မှ ၁၅ ရက်အတွင်း ပင်လယ် ရေကြောင်းကုန်သွယ်မှုလမ်းမှ မန် ကျည်း ၁၉၄ ဒသမ ၀၄ တန်ကိုတင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံကိုသာ တင်ပို့ခဲ့တယ်လို့ သိရပါ တယ်။ ယခင်သီတင်းပတ် မန်ကျည်းတင်ပို့မှုမှာ ၇၅ တန်သာရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်ပို့မှုနဲ့ယှဉ်ရင် ၁၁၉ တန် တင်ပို့မှုပိုခဲ့ပါတယ်။ မန်ကျည်းတင်ပို့မှုမှ ကန်ဒေါ်လာ ၂၄၈၀၀ ဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။
သီတာဝင်း(DOT)
မုံရွာကုန်စည်ဒိုင် သြဂုတ်လ လလယ်ပဲဈေးကွက်မှာ ကုလားပဲမျိုးစုံ ဝယ်လိုအားဆက်လက်ကောင်းခဲ့ကာ ဈေးအသီးသီးမာလျက်ရှိတာတွေ့ရပါ တယ်။ ရောင်းသူေ ဈးကွက်ဖြစ်နေလို့ ကုလားပဲမျိုးစုံပေါက်ဈေးမှာ ယခုတစ်ပတ် အတွင်း နေ့စဉ်တက်ဈေးဖြစ်ပေါ်ခဲ့ပါတယ်။ ပဲကုန်သည်တွေရဲ့ လက်ထဲ ပဲလက်ကျန်နည်းပါးလာတာနဲ့ အမျှ အမြင့်ဈေးရမှ ထုတ်ရောင်း ကြတာမို့ V2 မှာ ၂၇၅၀၀ ကျပ်မှ ၂၉၅၀၀ ကျပ်နဲ့ ၉၂၉ ကုလားပဲမှာ တစ်တင်း ၂၈၂၀၀ ကျပ် မှ ၃၀၀၀၀ ကျပ်အထိ နေ့စဉ်တက်ေ ဈးဖြစ်ခဲ့ပါတယ်။
ပြည်ပဲဈေးကွက်မှာ လက်ကျန်ပဲသာရှိပြီး လက်လီအရောင်းအဝယ်ဖြစ်တဲ့ ပဲထဲမှာ ဈေးအမြင့်ဆုံးရနေတဲ့ သီးနှံကတော့ စားတော်ပဲသီးနှံဖြစ်ခဲ့ပါတယ်။ အိတ်အနည်းငယ်သာ အရောင်းအဝယ်ဖြစ်ခဲ့လို့ လက်ကျန်ပဲများ ထုတ်ရော င်းချခဲ့ရပြီး တစ်တင်း ၃၅၀၀၀ ကျပ်ဖြင့် ယခင်တစ်ပတ်မှစ၍ ဈေးမြင့်တက်ခဲ့ကာ ယခုတစ်ပတ်မှာလည်း ၎င်းဈေးအတိုင်း ဈေးအမြင့်နဲ့ လက်လီသမားများ ဆက်လက်အရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။ စားတော်ပဲ သီးနှံဟာ နှစ်စဉ်ေ ဈးကောင်းရတဲ့ ပဲဖြစ်ခဲ့ပြီး ယခင်နှစ် သြဂုတ်လအတွင်းမှာလည်း တစ်တင်း ၂၈၀၀၀ ကျပ်မှ ၃၅၀၀၀ ကျပ်ထိ ဈေးကောင်းရခဲ့တယ်လို့ သိရပါတယ်။
ခင်ဆွေဝင်း-ပြည်
ထိုင်းနိုင်ငံသည် ကမ္ဘာ့ဆန်အများဆုံး ထုတ်လုပ်တင်ပို့တဲ့ ဦးဆောင်နိုင်ငံနေရာကို ပြန်လည်ရရှိလာပြီဟု ထိုင်းအစိုးရက အခိုင်အမာယုံကြည်နေပြီဖြစ်ပါတယ်။ ထိုင်းပြည်ပဆန်တင်ပို့သူများအသင်း (The Thai Rice Exporte -rs Association - TREA) ရဲ့ထုတ်ပြန်ချက်အရ ၂၀၁၅ ခုနှစ် ပထမနှစ်ဝက်ခြောက်လတာကာလမှာ ဘတ် ၇၂ ဘီလီယံကျော်တန်ဖိုးရှိ ဆန်တန်ချိန် ၄ ဒသမ ၄၆ သန်းတင်ပို့နိုင်ခဲ့ပြီး ယှဉ်ပြိုင်ဖက်နိုင်ငံများကို ပမာဏအားဖြင့်ရော တန်ဖိုး အားဖြင့်ပါ ကျော်လွှားနိုင်ခဲ့တယ်လို့ သိရပါတယ်။



