Main menu

Background

Friday, 19 Jun 2015

စစ်ကိုင်းတိုင်းဒေသကြီး၊ အသေးစား အလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဘဏ်SMIDB ဘဏ် အနေဖြင့် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်၊ ဧပြီလမှ ၂၀၁၅-၁၆ ဘဏ္ဍာနှစ် မေလအထိ SMIDB စက်မှုလုပ်ငန်းရှင် ၄၃ ဦးသို့ SME ချေးငွေ ကျပ်သိန်းပေါင်း  ၁၁၁၅၀ ကို ထုတ်ချေးထားပြီးဖြစ်သလို၊ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင်လည်း ချေးငွေ ဆက်လက်ထုတ်ချေးနိုင်ရန် ဆောင်ရွက်ပေး လျက်ရှိကြောင်း တိုင်းစက်မှုကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ သိရှိရပါတယ်။

Wednesday, 17 Jun 2015

ဈေးမြင့်ပြီး အရောင်းအဝယ်ပုံမှန်ရှိနေဆဲ ဘိလပ်မြေ
မေ ၃၁ ရက်မှ ဇွန် ၆ ရက် သီတင်းပတ်မှာ ပြည်တွင်းကို ရေလမ်းမှ ဘိလပ်မြေ အဝင်မှာ ၅၀၀၁၇ တန်ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်ဘိလပ်မြေ အဝင်မှာ ၁၇၄၃၉၄  တန်ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ဘိလပ်မြေ တန် တစ် သိန်းနှစ်သောင်းကျော် အဝင်လျော့ခဲ့တယ်လို့သိရပါတယ်။ နယ်စပ်လမ်းမှ ဘိလပ် မြေအဝင်မှာ ၁၅၁၉၅ တန်ကျော်ရှိခဲ့ပြီး ယခင်တစ်ပတ်အဝင်မှာ ၂၀၄၃၉ တန်ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ၅၂၄၄ တန်ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါ တယ်။  ဒါကြောင့် ဒီတစ်ပတ်မှာ ရေလမ်းမှ အဝင်လျော့ခဲ့သလို နယ်စပ်လမ်းမှလည်း အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။

Wednesday, 17 Jun 2015

ဇွန်လ      =ပထမပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ  ကန်ဒေါ်လာ သုည ဒသမ ၈၈၅ သန်းတန်ဖိုးရှိ ပရ ဆေးကုန်ကြမ်း   တန်ချိန် ၁၂၈၆ တန် တင်ပို့နိုင်ခဲ့ပါတယ်။     တင်ပို့ခဲ့တဲ့ ပရဆေးအမယ်တွေကတော့ ကြက်ဆူ စေ့၊ သီဟိုဠ်စေ့၊ မိကျောင်းကွမ်းဖတ်စေ့၊ နေလဲစေ့၊   ကြောင်လျာစေ့၊ မျောက်ဥ၊ မာလာဥ၊  ဝဥခြောက်၊  စကားပန်းပွင့် ခြောက်၊ သရက်ပြားခြောက်၊ လက်ပံပွင့်  ခြောက်၊ ဆီးသီးခြောက်၊ ဆီးဆံ၊ တော ဂျူးမြစ်၊ ဒရင်ကောက်မြစ်၊  ကွမ်းစား ဂမုန်းနဲ့ တောင်လုံးကျော်တို့ဖြစ်ပါတယ်။ အလားတူ  ချင်းရွှေဟော်နယ်စပ်စခန်း မှလည်း     ကန်ဒေါ်လာ သုည ဒသမ ၀၆၃ သန်းဖိုးရှိ ကြက်ဆူ တန်ချိန် ၉၀၀ တင်ပို့နိုင်ခဲ့သလို မြန်မာ-ထ

Wednesday, 17 Jun 2015

ပြည်မြို့ စားဖိုဆောင်သီးနှံဖြစ်တဲ့ မန်ကျည်းမှည့်ကတော့ ပွဲရုံများတွင်သာ ရှိပြီး၊ ပြည်ပမှ  အဝယ်ပုံမှန်ရှိနေတာ ကြောင့် ပြည်မန်ကျည်းမှည့်ဈေးဆက်တက်လာပါတယ်။  မန်ကျည်းမှည့် တစ် ပိဿာ (ပွဲရုံဈေး) ၁၄၀၀ ကျပ်ထိ မြင့် တက်လာပြီး၊ ဒေသတွင်း  လက်လီ တစ်  ပိဿာဈေး ၁၈၀၀ ကျပ်  ဖြစ်ပါတယ်။ ရခိုင်၊ သံတွဲမြို့များသို့ ရက်ခြားပြီး ပိဿာ ၅၀၀ ကျော်   ပုံမှန်တင်ပို့မှုရှိ ကြောင်လည်း သိရပါတယ်။
နီနီဝင်း-ပြည်

Wednesday, 17 Jun 2015

ပခုက္ကူကုန်စည်ဒိုင်ရဲ့   အရောင်းအဝယ်ဟာ ဇွန်လ ဒုတိယပတ်ကိုရောက်ခဲ့ပါပြီ၊   ဇွန်လဟာ အရောင်းအဝယ်ရဲ့ ဇာတ်ရှိန်အမြင့်ဆုံးလို့ ကျွန်တော်တင်ပြခဲ့ဖူးပါတယ်။ ပစ္စည်း လက်ကျန်နည်းချိန်လည်းဖြစ်ပြန်၊ ဒီနှစ်အဖို့ ပစ္စည်းတော်တော် များများကလည်း အထက်ဈေးနဲ့ ဂုဏ်ရှိန်မြင့်မားစွာ ရှိနေချိန် ဆိုတာလည်း တိုက်ဆိုင်နေလို့ပါ။

Wednesday, 17 Jun 2015

      ယခုအခါ ၂၀၁၄-၂၀၁၅ ပင်လယ် ရေလုပ်ငန်းရာသီစခန်းသိမ်းချိန်ဖြစ်ရာ မြစ်ဝကျွန်းပေါ် ပင်လယ်ကမ်းခြေဒေသ ရှိ ပင်လယ်ရေ လုပ်ငန်းဈေးကွက်တစ်ခု ဖြစ်သည့် ကင်းပုစွန်ဈေးကွက်မှာလည်း မိုးခိုစခန်းသိမ်းရန်ပြင်ဆင်ဆောင်ရွက် နေပြီဖြစ်သည်။ ကင်းပုစွန်ဈေးကွက် မှာ၂၀၁၄-၂၀၁၅  ပင်လယ်ရေလုပ်ငန်း ရာသီတွင်  လုပ်ငန်းရာသီတစ်ချိန်လုံး ပင်လယ်ပြင်မှ  ကင်းပုစွန်ဖမ်းဆီးရမိမှု အလွန်နည်းပါးနေသဖြင့်  ထူးထူးခြား ခြား  အကျိုးအမြတ်မခံစားရဘဲ  လုပ် ငန်းမပြတ် ပုံမှန်လုပ်ကိုင်ဆောင်ရွက် ရင်း  စခန်းသိမ်းရပ်နားခဲ့ရကြောင်း ဖျာပုံမြို့နယ်၊ အရှေ့စုကျေးရွာတွင် ကင်း ပိုက်လုပ်ငန်းများကို အခြေစိုက် လုပ် ကိုင်ဆောင်ရွက်နေသည့် ကိုကျော်မင်း လွင်၏ပြောပြ

Pages