Background
Re-export စနစ်ဖြင့် သကြားများတင်သွင်း/တင်ပို့မှု နှင့်ပတ်သက်၍ ၃၀-၁၂-၂၀၁၉ ရက်တွင် ပြုလုပ်ခဲ့သည့် ဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီ၏ (၂၉/၂၀၁၉)ကြိမ်မြောက် အစည်း အဝေးဆုံးဖြတ်ချက် စာပိုဒ်၁၂၄ (ခ)၊ (၅)နှင့် (၆) ဆုံးဖြတ်ချက်အရ Re-export စနစ်ဖြင့် သကြားများ တင်သွင်း/တင်ပို့မှုအား စာရင်းရှင်းလင်းပြီးဖြစ်ပါသဖြင့် ပြည်တွင်း၌ သကြား လက်ကျန်မရှိ တော့ကြောင်း ကြေညာအပ်ပါသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် သကြား Re-export စနစ် ဖြင့် ဆောင်ရွက်ခွင့်အား ပြန်လည်ခွင့်ပြုခဲ့သည့် ၁-၆-၂၀၁၈ ရက်မှ ၁၆-၈-၂၀၁၈ ရက်အတွင်း ကုမ္ပဏီ ၄၀၁ ခုသို့ သွင်းကုန်လိုင်စင် ၅၆၈ စောင်
ကိုရိုနာရောဂါဖြစ်ပွားမှုကြောင့် တရုတ်နိုင်ငံသို့ တင်ပို့သော ထိုင်းပို့ကုန်များထိခိုက်ခံခဲ့ရကြောင်း အင်န်အိတ်ချ်ကေ သတင်းတွင်ဖော်ပြသည်။ တရုတ်နိုင်ငံသို့ ပို့ကုန်လုပ်ငန်းများ ပိတ်ပင်လိုက်သည့်အတွက် ထိုင်းနိုင်ငံ၏ အဓိကပို့ကုန် တစ်ခုဖြစ်သော ပုစွန်ရောင်းချမှုကို ထိခိုက်ခဲ့သည်။ ဗိုင်းရပ်စ် ရောဂါ ဒဏ်ခံနေရသောနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသို့ အစား အစာတင်ပို့ ရန်အတွက် လယ်သမားများတွင် အခက်အခဲများရှိနေသည်။ ဖေဖော်ဝါရီနှင့် ဧပြီလအတွင်း ပုစွန်တင်ပို့မှုလုပ်ငန်းတွင် ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၂၀ ထိခိုက်လိမ့်မည်ဟု အစိုးရ တာဝန်ရှိသူတို့က ခန့်မှန်းထားသည်။ ဤကျဆင်းမှုမှာ ယခင်နှစ်ကာလတူက တရုတ်နိုင်ငံသ
အချိန်ပြည့် အလုပ်အကိုင်ရရှိ ထားသည့် စင်ကာပူရှိဘွဲ့ရတို့၏ စုစုပေါင်း ကနဦးရရှိသည့် အလယ်အလတ် လစာမှာ မြင့်တက်ခဲ့သည်ဟု ဖေဖော် ဝါရီ ၂၈ ရက်က ထုတ်ပြန်သော ဘွဲ့ရ အလုပ်အကိုင်ရရှိမှု ပူးတွဲစစ်တမ်း တစ်စောင်တွင် ဖော်ပြထားကြောင်း ချန်နယ်နယူးအေရှသတင်းတွင် ဖော်ပြ သည်။ အလယ်အလတ် လစာဆိုသည် မှာ စစ်တမ်းကောက်ယူသော လုပ်ငန်း နယ်ပယ်တွင် ပါဝင်သူဦးရေထက် ဝက်ထက်နည်းပြီး ကျန်ထက်ဝက်ထက် များသောလစာကိုခေါ်ခြင်းဖြစ်သည်။ ယခုစစ်တမ်းသည် နန်ယန်း နည်းပညာတက္ကသိုလ်(NTU)၊ စင်ကာပူ အမျိုးသားတက္ကသိုလ်(NUS)၊ စင်ကာပူ စီမံခန့်ခွဲမှု တက္ကသိုလ် (SMU) နှင့် စင်ကာပူလူမှုသိပ္ပံ တက္ကသိုလ်(SUSS) တို့၏ အချိန်ပြည့် အစီအစဉ်များမှ ဘ
အသေးစားအလတ်စားလုပ်ငန်းများ တိုးတက်လာစေရန်အတွက် ABC Convience Store ဆိုင်များကို ပြည်တွင်း၌ တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ လုပ်ဆောင်ပေးခြင်းမှာ ပြည်တွင်းရှိ အသေးစား၊ အလတ်စား လုပ်ငန်းအတွက် လုပ်ငန်းများအဆင်ပြေစေရန်၊ ဒေသခံပြည်သူများ၏ စီးပွားရေးလုပ်ငန်းများနှင့် ထုတ်ကုန်များ ပိုမို ထုတ်လုပ်နိုင်စေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ် ကြောင်း သိရသည်။
တရုတ်နိုင်ငံအတွင်း စတင်ဖြစ်ပွားခဲ့ပြီး ကမ္ဘာတစ်လွှားဖြစ်ပေါ်နေသည့် ကိုရိုနာဗိုင်း ရပ်စ် (COVID-19) ကြောင့် ကမ္ဘာ့စီးပွားရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများပေါ်တွင် ရိုက်ခတ် မှုများဖြစ်ပေါ်နေသကဲ့သို့ မြန်မာနိုင်ငံ၏ လက်ခစား (CMP) လုပ်ငန်းများပေါ်တွင် ကုန်ကြမ်းရရှိမှုအပါအဝင် အခြားရိုက်ခတ်မှု များဖြစ်ပေါ်နေမှုအပေါ် ဖြေရှင်းကျော်လွှား နိုင်ရေး အစိုးရနှင့်ပုဂ္ဂလိကဏ္ဍလုပ်ငန်းရှင်များ တွေ့ဆုံ၍ ညှိနှိုင်းအဖြေရှာဆောင်ရွက်နိုင်ရန်နှင့် မြန်မာနိုင်ငံ Ease of Doing Business Ranking တိုးတက်ရေး ဆောင်ရွက်ရာတွင် Indicator ၁၀ ခုအနက် Trading Across Borders Indicator အတွက် ယခုနှစ် ကမ္ဘာ့
တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ဝူဟန် ဗိုင်းရပ်စ်ရောဂါကြောင့် တရုတ်- မြန်မာနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို ပိတ်ပင်ထားခဲ့ရာမှ ယခုအချိန်တွင် ပြန်လည် ဖွင့်လှစ်လိုက်ပြီဖြစ်သည့်အတွက် ရေထွက်ကုန်ပစ္စည်းများ ပြန်လည်တင်ပို့ရောင်းချမှုများ စတင်ဆောင်ရွက်လျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံသို့ ရေထွက်ကုန်ပစ္စည်းများကို ရေကြောင်းကုန်သွယ်ရေး၊ နယ်စပ်ကုန်သွယ်ရေး၊ လေကြောင်းကုန်သွယ်ရေး စသည့် နည်းလမ်းသုံးမျိုးဖြင့် တင်ပို့ရောင်းချရာတွင် ၂၀၁၈-၂၀၁၉ ခုနှစ်ဘဏ္ဍာနှစ်တွင် ရေထွက်ပစ္စည်းမက်ထရစ် တန် စုစုပေါင်း ၁၃၇၂၅၉ ဒသမ ၅၇၂ တန်တင်ပို့နိုင်ခဲ့ပြီ ဝင်ငွေအားဖြင့် အမေရိကန်ဒေါ်လာ ၂၀၅ သန်း ရရှိ
International Trade Centere နှင့် TCMA တို့မှ ကြီးမှူး၍ ရှစ်ကြိမ်မြောက် နိုင်ငံတကာသံရုံးများ၏ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုနှင့် နိုင်ငံအလိုက် ထုတ်ကုန်/ထွက်ကုန်များကို ပြသသည့် ဆောင်ရာသီပြပွဲ 8th Annual Embassy Showcase Winter nationall ကို အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့ရှိ Ronald Reagan Building ၌ ကျင်းပခဲ့သည်။ အဆိုပါပြပွဲသို့ ဝါရှင်တန်မြို့၊ မြန်မာသံရုံး အပါအဝင် နိုင်ငံခြားသံရုံး ၆၀ ရုံးမှ ပါဝင်ပြသခဲ့ကြသည်။ ဝါရှင်တန်မြို့ မြန်မာသံရုံးအနေဖြင့် နှစ်စဉ်ကျင်းပသည့် ဆောင်းရာသီပြပွဲသို့ ဒုတိယအကြိမ် ပါဝင်ပြသခဲ့ခြင်းဖြစ်ပြီး ယခုနှစ် ပြပွဲအား “Farmers to Markets & Environmental –
ကူးစက်မှုလျင်မြန်သော ကိုရိုနာ ရောဂါဖြစ်ပွားနေသော်လည်း နှစ်နိုင်ငံ လက်မှတ်ရေးထိုးထားသော ကုန်သွယ် မှုသဘောတူညီချက်ကို တရုတ်နိုင်ငံက စောင့်ထိန်းလိမ့်မည်ဟု အမေရိကန် အစိုးရက မျှော်လင့်ကြောင်း ဖေဖော် ဝါရီ ၂၀ ရက်က အမေရိကန်အဆင့်မြင့် အရာရှိတစ်ဦး၏ ပြောကြားချက်ကို ရိုက်တာသတင်းတွင် ဖော်ပြသည်။ ဗိုင်းရပ်စ်ရောဂါကြောင့် ကမ္ဘာ့စီးပွားရေးအား မည်မျှထိခိုက်မည်ကို အတိအကျခန့်မှန်းရန် စောလွန်းသေးသော်လည်း အခြေခံခန့်မှန်းချက်များ အရ တရုတ်နိုင်ငံ ၏ စီးပွားရေးတိုးတက် မှုနှုန်းသည် ပထမသုံးလပတ်တွင် ကျ ဆင်းပြီး နောက်ပိုင်းမှသာ ရုတ်တရက် ထိုးတက်လာနိုင်ကြောင်း အမေရိကန် ဘဏ္ဍာရေးအရာရှိတစ်ဦးက ပြော သည်။ ရောဂါပြန့်ပွာ
ပြည်တွင်းအထည်ချုပ်လုပ်ငန်းများ ၌ ကုန်ကြမ်းပြတ် လပ်မှုများဖြစ်ပေါ်နေသည့်အတွက် အခက်အခဲများ ကြုံ တွေ့နေရကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းမှ သိရသည်။ အထည်ချုပ်လုပ်ငန်းရှင်များ၏ လက်ရှိအခြေအနေ နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ဖေဖော်ဝါရီ ၂၁ ရက်တွင် ရန်ကုန်မြို့ရှိ UMFCCI ၌ ကျင်းပခဲ့ခြင်း ဖြစ်သည်။ အဆိုပါဆွေးနွေးပွဲအရ ပြည်တွင်း အထည်ချုပ်လုပ် ငန်းများ၌ ကုန်ကြမ်းရရှိမှု ခက်ခဲနေသည့်အတွက် လုပ်သား အင်အားလျှော့ချခြင်း သို့မဟုတ် လစာမဲ့ ပိတ်ရက်ရှည်ပေး ခြင်း စသည့် အခြေအနေမျိုးများ လုပ်ဆောင်လာနိုင်ဖွယ် ရှိ ကြောင်း သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးသန်းမြင့်ဦး ဦးဆောင်၍ ပြည်ပငါးနိုင်ငံသို့ သွားရောက် တာဝန်ထမ်းဆောင်မည့် စီးပွားရေးသံမှူး ငါးဦးနှင့်အဖွဲ့သည် ဖေဖော်ဝါရီ ၁၆ ရက်တွင် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က ထူထောင်ထားသည့် Global Earth Agro & Aqua Public Co;Ltd မှ ဦးစီးဆောင်ရွက်နေသော Ayeyarwady Integrade Food Industry Complex စီမံကိန်းသို့ မြန်မာနိုင်ငံ ကုန် သွယ်မှုလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် သွား ရောက်လေ့လာခဲ့ကြသည်။ အဆိုပါစီမံကိန်းသည် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ် ဝါးခယ်မ-ရွှေလောင်း လမ်းမကြ