Main menu

Background

Thursday, 20 Jun 2019

        တရုတ်နှင့် ထိုင်းနိုင်ငံတို့၏ ဝယ်လိုအား များပြားမှု ကြောင့် မြန်မာ့ငရုတ်အစိုများ ဈေးနှုန်းမြင့်တက်နေကြောင်း စားဖိုဆောင်သီးနှံ  စိုက်ပျိုးထုတ်လုပ်တင်ပို့ေ ရာင်းချသူများ အသင်း ဥက္ကဋ္ဌ ဦးခင်ဟန်က ဇွန် ၁၃ ရက်တွင် ပြောသည်။ " မြစ်ဝကျွန်းပေါ်မှာရှိတဲ့ အစို မိုးထောင်ငရုတ်သီး သာမို နဲ့ ဒီမိုဆိုပြီး နှစ်မျိုးရှိတယ်။ အဲဒါေ တွ ကို အစိမ်းအတိုင်း ဝယ် တာ။ ကျွန်တော်တို့ အအေးခန်းကားတွေနဲ့ ပို့နေတယ်။ တကယ် လို့ အစိုတစ်ပိဿာကို လှန်းမယ်ဆိုရင် ကျပ် ၂၄၀၀၀၊ ၂၅၀၀၀ လောက် ကျမယ်။ ဘာလို့လဲဆိုရင် သူက ၄ ချိုး ၁ ချိုးပဲထွက်တယ်။ အခုက အစိုအတိုင်းပဲ သွားနေတဲ့အတွက် အခြောက်ကိုမရှိဘူး။ မရှိတော့ အိန္ဒိယကဝင်တာရှိတယ်၊ တချို

Tuesday, 11 Jun 2019

       ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးမွေးမြူရေး သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်စွမ်းအင် ဝန်ကြီးဌာနဝန်ကြီး  ဦးဟံထွန်း၏လမ်းညွှန်မှု၊ ရန်ကုန်တိုင်း ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနတိုင်း ဦးစီး မှူး ဦးကျော်ကျော်၏ စီစဉ်ကြီးကြပ်မှုဖြင့် ၂၉-၅-၂၀၁၉ရက်က ရန်ကုန်တစ်တိုင်းလုံး ခရိုင်အားလုံး၊ မြို့နယ်အားလုံးတွင် တစ်နေ့တည်း၊ တစ်ချိန် တည်း၊ တစ်ပြိုင်တည်း ရွှေခရုကြိုတင်ကာကွယ်ရေးလုပ်ငန်း စဉ်များကို ဆောင် ရွက်ခဲ့သည်။ ဆောင်ရွက်ခဲ့သည့် ရွှေခရုကြိုတင်ကာကွယ်ရေးလုပ်ငန်း စဉ်များတွင် (၁) မြို့နယ်တိုင်းတွင် ရွှေခရုကြိုတင်ကာကွယ်ရေး လုပ်ငန်းအား တောင်သူလယ်သမားကြီးများအား ပညာပေး ဟောပြောခြင်း၊ (၂)စပါး

Monday, 10 Jun 2019

      လူ့အမှု ပူမှုရယ်တဲ့ ဆယ်ကုဋေဟု ဆိုရမလိုပင်။ လူတို့၏ အတ္တ၊ လောဘ၊ မာန်မာနတို့ကြောင့် အပူမီးများတောက်လောင်နေကြသည်။ အလိုလိုနေရင်း ဒေါသစိတ်တွေကြီးထွားနေကြသည်။ အဆင်အခြင်မဲ့ လာသည်။ သာမာန်ကိစ္စလေးများကို အကြောင်းပြု၍ ကြောက်စရာ ကောင်းလှသော ပြစ်မှုများကို လွယ်လွယ်ကျူးလွန်လာနေကြသည်။ ကိုယ်ချင်းစာတရား၊ မေတ္တာတရားများပွားများရန် မေ့လာကြသည်။ ပြစ်မှုဆိုင်ရာ သုတေသနပညာ ရှင်များကလည်း ပြောကြသည်။ လူတို့ ယခုကဲ့သို့ ဖြစ်ပွားရာတွင် ကမ္ဘာကြီး ပူနွေးလာမှုကလည်း အခန်းကဏ္ဍတစ်ခုအနေဖြင့် ပါဝင်နေသတဲ့လေ။ ဘာမှတော့မဆိုင်သလိုပဲ ဒါပေမဲ့ သုတေသနရလဒ်တွေအရ အအေးပိုင်းနိုင်ငံေ တွထက် အပူပိုင်း နိုင်ငံတွေက ပြစ်မှုကြီးတွေ ကျူးလွန်

Thursday, 30 May 2019

   ယခုပြောင်းလဲတိုးတက်လာသော ခေတ်ကြီးနှင့်အညီ မြန်မာ့ထန်းသီးဆန်များလည်း ပြည်ပသို့ ခြေဆန့်ခွင့်ရပြီဖြစ်သည်။ ယခုအခါ မကွေးတိုင်းဒေသ ကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ ပြည်ပနိုင်ငံသို့တင်ပို့ရောင်း ချနိုင်ေ ရးအတွက် ထန်းသီးဆန်များ ဝယ် ယူရန် ကုက္ကိုလ်စုကျေးရွာ၊ မြေဖြူ/မုံညှင်းကျေးရွာ၊ သာစည်/နှောပင်ကျေးရွာနှင့် ပေါက္ကူ/ ရွာသစ်ကျေးရွာ များ၌ အလုပ်ရုံခွဲများဖွင့်လှစ်ပြီး ဝယ်ယူသွားမည်ဖြစ် ကြောင်း ရေစကြိုမြို့ နယ် ထန်းသီးဆန်ရောင်းဝယ်ရေး တာဝန်ခံ ဦးအေးမင်းထွန်းက ပြောပြခဲ့သည်။ ထန်းတောများပေါသည့် ကျေးရွာပေါင်း  ၂၀  ကျော်၌ ထန်းသီးဆန် ဝယ်ယူရန်အတွက် ရွာခံကိုယ်စားလှယ်များလည်း ထားရှိပြီး

Thursday, 23 May 2019

        ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် အောက်တိုဘာ  ၁  ရက်မှ  စတင်ကာ ၂၀၁၉ ခုနှစ် မေလ ၁၁ ရက်အထိ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ နှစ်ဘီလီယံကျော်ရှိခဲ့ပြီဖြစ် ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံ မှု  ကော်မရှင်မှ သိရသည်။

Thursday, 23 May 2019

        ဗီယက်နမ်နိုင်ငံမှ ငါးရှဉ့်မျိုး အကောင်ရေ အစုံ ၂၀၀ တင်သွင်း၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း ငါးရှဉ့်သားပေါက်လုပ်ငန်းကို စမ်းသပ် လုပ် ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ သိရ သည်။ "အခုလို ဗီယက်နမ်က တင်သွင်း ဖို့အတွက်ကို ကျွန်မတို့အနေနဲ့ ဒီတစ်ပတ်ထဲမှာ စာချုပ် ချုပ်မယ်။ ပြီးရင် သား ဖောက်ဖို့လုပ်မယ်။ မြေကလည်း ရပြီ။ မြေအသုံးချမှုကို research လုပ်တာကြာတယ်။ အခု လုပ်ခွင့်ရပြီ ဆိုတော့ ကြိုး ကြိုးစားစားနဲ့ လုပ်သွားမှာပါ။ ငါးရှဉ့် အပြင် သားပေါက်တွေ ထွက်လာရင် စားတဲ့ အစာအရှင်ကိုလည်း ထုတ်ရမှာ ဖြစ်ပါတယ်"ဟု အဆိုပါ အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာတင်က မေ ၁၅ ရက်တွင် ပြေ

Monday, 20 May 2019

           သစ်တောဥပဒေ  လွှမ်းမိုးရေး၊ အုပ်ချုပ်ရေးနှင့် ရောင်းဝယ်ရေးဆိုင်ရာ ဆန္ဒအလျောက် ပူးပေါင်းဆောင်ရွက် ရေး သဘောတူစာချုပ် (VPA/FLECT) အရ  ဇွန် ၁ ရက်မှစ၍ ပို့ကုန်အတွက် သာ ကန့်သတ်ထုတ်လုပ်သော သစ်နှင့် သစ်တောထွက်ပစ္စည်းများကို ဗီယက် နမ်နိုင်ငံသည် ဥရောပသမဂ္ဂ (အီးယူ) သို့ တင်ပို့နိုင်တော့မည်ဖြစ်ကြောင်း ဗီယက်နမ်နယူးစ်သတင်းတွင် ဖော်ပြ သည်။ VPA/FLECT ကို စစ်ဆေး အတည်ပြုသည့်လုပ်ငန်းများ အပြီးသတ် ဆောင်ရွက်ပြီးဖြစ်ကြောင်း ဗီယက်နမ်သို့ လာရောက်သော အီးယူကိုယ်စား လှယ်အဖွဲ့နှင့် ဗီယက်နမ် လယ်ယာစိုက် ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနတို့က မေ ၈ ရက်တွင် ကြေညာခဲ့သည်။

Monday, 20 May 2019

            တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ယုယောင်မြို့တွင် တရုတ်နိုင်ငံ၏ အကြီးမားဆုံး စက်ရုပ်ထိပ်သီးပြပွဲကို မေ ၉ ရက်မှ စတင်၍ သုံးရက်ကြာ ကျင်းပခဲ့သည်။  အဆိုပါ စက်ရုပ်ထိပ်သီးပြပွဲတွင် ယွမ် ၁၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၆ ဘီလီယံ) ကျော်ရှိသည့် ရင်းနှီးမြုှပ်နံှမှုစီမံကိန်း သဘောတူစာချုပ်များကို လက်မှတ်ရေးထိုးခဲ့နိုင်ကြောင်း သိရသည်။ သုံးရက်ကြာကျင်းပသည့် အဆိုပါ ခြောက်ကြိမ်မြောက် 6th China Robotop and Intelligent Economic Talent Summit ပြပွဲကို စိတ်ပါဝင်စားစွာ လာရောက် ကြည့်ရှုသူ အများအပြားရှိခဲ့ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

Monday, 20 May 2019

           သီရိလင်္ကာနိုင်ငံသို့ ဧပြီလအတွင်း ကမ္ဘာလှည့်ခရီး သည် ၁၆၀၀၀၀ ကျော် ဝင်ရောက်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သော အီစတာပွဲတော်နေ့တွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုများကြောင့် ကမ္ဘာလှည့်ခရီးစဉ်ပေါင်း မြောက် မြားစွာကို ဖျက်သိမ်းခဲ့မှုများရှိခဲ့သည်။ ထို့ကြောင့်နိုင်ငံအတွင်း ခရီးသည်ဝင်ရောက်မှုသည် ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၇ ဒသမ ၅ ရာခိုင်နှုန်း လျော့ကျသွားခဲ့ကြောင်း သီရိလင်္ကာခရီးသွားလုပ်ငန်းမြှင့်တင်ရေး အာဏာပိုင်အဖွဲ့က တရားဝင် ထုတ်ပြန်ထားသည်။

Thursday, 16 May 2019

         ဥရောပနိုင်ငံအချို့အား ယခု ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ စတင်ကာ ဗီဇာကင်းလွတ်ခွင့် ပေးအပ်သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီး သွားလာရေး ဝန်ကြီးဌာန ဝန်ကြီး ဦးအုန်းမောင်က မေ ၆ ရက်တွင် ပြော သည်။"ကျွန်တော်တို့ အောက်တိုဘာလ ၁ ရက်နေ့မှာ ဥရောပနိုင်ငံ အချို့ကို ဗီဇာကင်းလွတ်ခွင့်  ပေးသွားဖို့  စီစဉ်ဆောင်ရွက်ထားပါတယ်။ ခရီးသွားလုပ်ငန်း တိုးတက်လာနဲ့အမျှ ကမ္ဘာက မြန်မာနိုင်ငံကို ပိုပြီးတော့မှ သိရှိ လာမယ်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ကိုလည်း ခရီးသွားလုပ်ငန်းတွေကတစ်ဆင့် ဆွဲဆောင်နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်" ဟုဝန်ကြီးက ပြော သည်။

Pages