Background
ပေကျင်းတွင်ပြုလုပ်သည့် ကုန် သွယ်ရေးဆွေးနွေးပွဲများတွင် တရုတ်ဆက်သွယ်ရေးကုမ္ပဏီကြီး အမေရိကန် ဈေးကွက်ဝင်ရောက်ရေးကိစ္စကို စေ့စပ်ရေးလက်နက်တစ်ခုအဖြစ် မသုံးရန် အမေရိကန် အထက်လွှတ်ေ တာ်အမတ် နှစ်ဦးက ထရမ့်အစိုးရအဖွဲ့ကို ဇွန် ၁၃ ရက်တွင် သတိပေးခဲ့ကြောင်း အေ အက်ဖ်ပီသတင်းတွင် ဖော်ပြသည်။ ဤကိစ္စမှာ ပြည်ထောင်စုအစိုးရ က အမျိုးသားရေးကိစ္စအဖြစ် ဆောင် ရွက်ရမည့်ကိစ္စ ဖြစ်ကြောင်း လည်း သတိပေးပြောကြားသည်။ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး ဖြစ်သော ရီပတ်ဗလီကင် အမတ် မာကိုရူဘီယိုနှင့် ဒီမိုကရက်ပါတီအမတ် မတ် ဝါနာတို့နှစ်ဦးစလုံးမှာ အထက် လွှတ်တော်ထောက်လှမ်းရေး ကော်မတီ အဖွဲ့ဝင်များဖြစ်ကြပြီး တရုတ်နိုင်ငံနှင့် က
ဗီယက်နမ် အထည်ချုပ်လုပ်ငန်း သည် ၂၀၁၉ ခုနှစ်တွင် နှစ်အလိုက် တိုးတက်မှုနှုန်း ၁၄ ရာခိုင်နှုန်းနှင့် ၁၅ ရာခိုင်နှုန်းဖြင့် ပို့ကုန်ဝင်ငွေ အမေ ရိကန်ဒေါ်လာ ဘီလီယံ ၄၀ အထိရရှိ ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဗီယက်နမ်နယူးစ်သတင်းတွင် ဖော်ပြသည်။ ယခုနှစ်စမှစ၍ အထည်ချုပ်လုပ်ငန်းသည် တိုးတက်မှုရလဒ်များ ရရှိခဲ့ ကြောင်းစက်မှုနှင့် ကုန်သွယ်ရေးဝန် ကြီးဌာန၏ ကိန်းဂဏန်းများအရ သိရ သည်။ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ် ပါက ဤလုပ်ငန်း၏ တိုးတက်မှုသည် ၁၂ ရာခိုင်နှုန်းကျော်ရှိခဲ့သည်။
မက်မွန်၊ သစ်ကြားသီးနှင့် ပန်းသီးတို့အပါအဝင် အမေရိကန် ကုန်ပစ္စည်းအချို့ကို လာမည့်သီတင်းပတ်မှစ၍ အခွန်တိုးမြှင့် ကောက် ခံရန် အိန္ဒိယနိုင်ငံက ပြင်ဆင်နေသည်ဟု သတင်းရင်းမြစ်နှစ်ခုက ပြောကြောင်း ရိုက် တာသတင်းတွင်ဖော်ပြသည်။ အိန္ဒိယနိုင်ငံအား ပေးထားသော အဓိကကုန်သွယ်မှု အခွင့်အရေးများကို အမေရိကန်ကရုပ် သိမ်းပြီးနောက် အိန္ဒိယနိုင်ငံက ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်သည်။ အထွေထွေ အခွင့်အေ ရးပေးစနစ် (GSP) အရ အိန္ဒိယနိုင်ငံကို ပေးထားသော ကုန်သွယ်မှုအခွင့်အရေးများကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇွန် ၅ ရက်မှစ၍ရုပ်သိမ်းခဲ့သည်။ ဤအခွင့်အရေးများမှာ ကြီးမားသော အခွင့်အရေးများဖြစ်ပြီး အိန္ဒိယနိုင်ငံမှတင်ပို့သည့
ပြည်တွင်းငွေလဲဈေးကွက်သည် ယခုရက်သတ္တပတ်အတွင်း ဈေးငြိမ်နေခဲ့ ကြောင်း ပြည်တွင်းငွေလဲဈေးကွက်မှ စုံစမ်းသိရှိရသည်။ မြန်မာနိုင်ငံတော်ဗဟို ဘဏ်က ရည်ညွှန်းငွေလဲနှုန်းကို မေလနောက်ဆုံးပတ်က အမေ ရိကန်တစ်ဒေါ်လာ လျှင် ၁၅၂၅ကျပ်မှ ယခုရက်သတ္တပတ်တွင် ၁၅၂၆ကျပ်သို့ ပြောင်းလဲသတ်မှတ်ခဲ့ ကြောင်းသိရသည်။ ပြည်တွင်းဈေးကွက်၌ ယခုရက်သတ္တပတ်တွင်အမေရိကန်ဒေါ်လာကို ရောင်းလိုအားများခဲ့သော်လည်း ဝယ်လိုအားနည်းခဲ့လို့ အရောင်းအဝယ်ဖြစ်မှု နည်းနေခဲ့ ကြောင်း၊ အခြားကုန်စည်များဖြစ်သည့် ရွှေနှင့်ရေနံတို့မှာ ဈေးအဆ မတန်မြင့်တက် နေခြင်းကြောင့် ဒေါ်လာကို လူကြိုက်နည်းနေခြင်းဖြစ်ကြောင်း၊ နိုင်ငံတကာ ဈေး ကွက်တွင်လည်း အမေရိကန်-တရုတ်ကု
တရုတ်နှင့် ထိုင်းနိုင်ငံတို့၏ ဝယ်လိုအား များပြားမှု ကြောင့် မြန်မာ့ငရုတ်အစိုများ ဈေးနှုန်းမြင့်တက်နေကြောင်း စားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ်တင်ပို့ေ ရာင်းချသူများ အသင်း ဥက္ကဋ္ဌ ဦးခင်ဟန်က ဇွန် ၁၃ ရက်တွင် ပြောသည်။ " မြစ်ဝကျွန်းပေါ်မှာရှိတဲ့ အစို မိုးထောင်ငရုတ်သီး သာမို နဲ့ ဒီမိုဆိုပြီး နှစ်မျိုးရှိတယ်။ အဲဒါေ တွ ကို အစိမ်းအတိုင်း ဝယ် တာ။ ကျွန်တော်တို့ အအေးခန်းကားတွေနဲ့ ပို့နေတယ်။ တကယ် လို့ အစိုတစ်ပိဿာကို လှန်းမယ်ဆိုရင် ကျပ် ၂၄၀၀၀၊ ၂၅၀၀၀ လောက် ကျမယ်။ ဘာလို့လဲဆိုရင် သူက ၄ ချိုး ၁ ချိုးပဲထွက်တယ်။ အခုက အစိုအတိုင်းပဲ သွားနေတဲ့အတွက် အခြောက်ကိုမရှိဘူး။ မရှိတော့ အိန္ဒိယကဝင်တာရှိတယ်၊ တချို
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးမွေးမြူရေး သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်စွမ်းအင် ဝန်ကြီးဌာနဝန်ကြီး ဦးဟံထွန်း၏လမ်းညွှန်မှု၊ ရန်ကုန်တိုင်း ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနတိုင်း ဦးစီး မှူး ဦးကျော်ကျော်၏ စီစဉ်ကြီးကြပ်မှုဖြင့် ၂၉-၅-၂၀၁၉ရက်က ရန်ကုန်တစ်တိုင်းလုံး ခရိုင်အားလုံး၊ မြို့နယ်အားလုံးတွင် တစ်နေ့တည်း၊ တစ်ချိန် တည်း၊ တစ်ပြိုင်တည်း ရွှေခရုကြိုတင်ကာကွယ်ရေးလုပ်ငန်း စဉ်များကို ဆောင် ရွက်ခဲ့သည်။ ဆောင်ရွက်ခဲ့သည့် ရွှေခရုကြိုတင်ကာကွယ်ရေးလုပ်ငန်း စဉ်များတွင် (၁) မြို့နယ်တိုင်းတွင် ရွှေခရုကြိုတင်ကာကွယ်ရေး လုပ်ငန်းအား တောင်သူလယ်သမားကြီးများအား ပညာပေး ဟောပြောခြင်း၊ (၂)စပါး
လူ့အမှု ပူမှုရယ်တဲ့ ဆယ်ကုဋေဟု ဆိုရမလိုပင်။ လူတို့၏ အတ္တ၊ လောဘ၊ မာန်မာနတို့ကြောင့် အပူမီးများတောက်လောင်နေကြသည်။ အလိုလိုနေရင်း ဒေါသစိတ်တွေကြီးထွားနေကြသည်။ အဆင်အခြင်မဲ့ လာသည်။ သာမာန်ကိစ္စလေးများကို အကြောင်းပြု၍ ကြောက်စရာ ကောင်းလှသော ပြစ်မှုများကို လွယ်လွယ်ကျူးလွန်လာနေကြသည်။ ကိုယ်ချင်းစာတရား၊ မေတ္တာတရားများပွားများရန် မေ့လာကြသည်။ ပြစ်မှုဆိုင်ရာ သုတေသနပညာ ရှင်များကလည်း ပြောကြသည်။ လူတို့ ယခုကဲ့သို့ ဖြစ်ပွားရာတွင် ကမ္ဘာကြီး ပူနွေးလာမှုကလည်း အခန်းကဏ္ဍတစ်ခုအနေဖြင့် ပါဝင်နေသတဲ့လေ။ ဘာမှတော့မဆိုင်သလိုပဲ ဒါပေမဲ့ သုတေသနရလဒ်တွေအရ အအေးပိုင်းနိုင်ငံေ တွထက် အပူပိုင်း နိုင်ငံတွေက ပြစ်မှုကြီးတွေ ကျူးလွန်
ယခုပြောင်းလဲတိုးတက်လာသော ခေတ်ကြီးနှင့်အညီ မြန်မာ့ထန်းသီးဆန်များလည်း ပြည်ပသို့ ခြေဆန့်ခွင့်ရပြီဖြစ်သည်။ ယခုအခါ မကွေးတိုင်းဒေသ ကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ ပြည်ပနိုင်ငံသို့တင်ပို့ရောင်း ချနိုင်ေ ရးအတွက် ထန်းသီးဆန်များ ဝယ် ယူရန် ကုက္ကိုလ်စုကျေးရွာ၊ မြေဖြူ/မုံညှင်းကျေးရွာ၊ သာစည်/နှောပင်ကျေးရွာနှင့် ပေါက္ကူ/ ရွာသစ်ကျေးရွာ များ၌ အလုပ်ရုံခွဲများဖွင့်လှစ်ပြီး ဝယ်ယူသွားမည်ဖြစ် ကြောင်း ရေစကြိုမြို့ နယ် ထန်းသီးဆန်ရောင်းဝယ်ရေး တာဝန်ခံ ဦးအေးမင်းထွန်းက ပြောပြခဲ့သည်။ ထန်းတောများပေါသည့် ကျေးရွာပေါင်း ၂၀ ကျော်၌ ထန်းသီးဆန် ဝယ်ယူရန်အတွက် ရွာခံကိုယ်စားလှယ်များလည်း ထားရှိပြီး
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် အောက်တိုဘာ ၁ ရက်မှ စတင်ကာ ၂၀၁၉ ခုနှစ် မေလ ၁၁ ရက်အထိ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ နှစ်ဘီလီယံကျော်ရှိခဲ့ပြီဖြစ် ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံ မှု ကော်မရှင်မှ သိရသည်။
ဗီယက်နမ်နိုင်ငံမှ ငါးရှဉ့်မျိုး အကောင်ရေ အစုံ ၂၀၀ တင်သွင်း၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း ငါးရှဉ့်သားပေါက်လုပ်ငန်းကို စမ်းသပ် လုပ် ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ သိရ သည်။ "အခုလို ဗီယက်နမ်က တင်သွင်း ဖို့အတွက်ကို ကျွန်မတို့အနေနဲ့ ဒီတစ်ပတ်ထဲမှာ စာချုပ် ချုပ်မယ်။ ပြီးရင် သား ဖောက်ဖို့လုပ်မယ်။ မြေကလည်း ရပြီ။ မြေအသုံးချမှုကို research လုပ်တာကြာတယ်။ အခု လုပ်ခွင့်ရပြီ ဆိုတော့ ကြိုး ကြိုးစားစားနဲ့ လုပ်သွားမှာပါ။ ငါးရှဉ့် အပြင် သားပေါက်တွေ ထွက်လာရင် စားတဲ့ အစာအရှင်ကိုလည်း ထုတ်ရမှာ ဖြစ်ပါတယ်"ဟု အဆိုပါ အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာတင်က မေ ၁၅ ရက်တွင် ပြေ