Main menu

Background

Friday, 29 Jun 2018

ပြည်မန်ကျည်းမှည့်(ပွဲရုံ) တွင် မန်ကျည်းမှည့်ဝင်ရောက် မှုဆက်တိုက်ရှိနေပြီး ရွှေတောင်၊ ကျီးသဲ၊ မြန်အောင်၊ ထုံးဘို တို့မှ အစေ့မပါ မန်ကျည်းမှည့်တွေ ဝင်ရောက်နေပါတယ်။အရောင်းအဝယ်အနေနဲ့ကတော့    ပြည်မှာမိုးဆက် ရွာပြီး မိုးကောင်းနေပေမယ့် ရခိုင်နှင့်  ရန်ကုန်တို့မှ မန်ကျည်း မှည့် အဝယ်ရှိတာကြောင့် ပြည်မန်ကျည်းမှည့် ပွဲရုံသမားများ အရောင်းအဝယ် ဖြစ်လျက်ရှိနေကြောင်း သိရပါတယ်။

Friday, 29 Jun 2018

ပြည်မန်ကျည်းမှည့်(ပွဲရုံ) တွင် မန်ကျည်းမှည့်ဝင်ရောက် မှုဆက်တိုက်ရှိနေပြီး ရွှေတောင်၊ ကျီးသဲ၊ မြန်အောင်၊ ထုံးဘို တို့မှ အစေ့မပါ မန်ကျည်းမှည့်တွေ ဝင်ရောက်နေပါတယ်။အရောင်းအဝယ်အနေနဲ့ကတော့    ပြည်မှာမိုးဆက် ရွာပြီး မိုးကောင်းနေပေမယ့် ရခိုင်နှင့်  ရန်ကုန်တို့မှ မန်ကျည်း မှည့် အဝယ်ရှိတာကြောင့် ပြည်မန်ကျည်းမှည့် ပွဲရုံသမားများ အရောင်းအဝယ် ဖြစ်လျက်ရှိနေကြောင်း သိရပါတယ်။

Friday, 29 Jun 2018

ယခုတစ်ပတ်အတွင်း ပြည်ဈေးကွက်သို့ ပခုက္ကူ၊ဆိပ်ဖြူ၊ ရေနံချောင်း စတဲ့နယ်များမှ  ကြက်သွန်နီများ   တစ်ရက်ကို ပိဿာ  ၃၀ ဝင်အိတ် ၄၀၀ မှ ၅၀၀ ခန့်နေ့စဉ်ပုံမှန်အဝင်ရှိကြောင်း သိရပါတယ်။ အဝင်ပုံမှန် ရှိသော်လည်း  အရောင်းအဝယ်မှာ ပုံမှန်ဈေးကွက်ဖြစ်သော   ဒေသတွင်းဝယ်လက်သမားများ၊ အိတ်ဆွဲ သမားများ၊ ဧရာဝတီတိုင်းဒေသကြီးနှင့်  ရခိုင်ပြည် နယ်တို့သို့နယ်ကျော်တင်ပို့မှုများဖြင့်သာ အရောင်းအဝယ် ရှိပြီး အဝင်ရှိသလောက် အရောင်းအဝယ်မဖြစ်သည့်အတွက် အရောင်းအဝယ်အေး နေကြောင်း သိရပါတယ်။

Friday, 29 Jun 2018

ဇွန် ၉ရက်မှ၁၅ ရက်အထိ သီတင်းပတ်အတွင်း မြန်မာ- တရုတ်နယ်စပ်နဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိကုန်သွယ်ရေး စခန်းများမှ အမေရိကန်ဒေါ်လာ ၅ ဒသမ ၁၉၀ သန်း တန်ဖိုး ရှိ   ဆန် ၁၄၄၁၆ တန်ကျော် တင်ပို့ခဲ့ကြောင်းသိရပါတယ်။ မြန်မာ-တရုတ်နယ်စပ်မှတင်ပို့မှုများမှာ    မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဧည့်မထဆန်၁၃၄၉၈တန်ကျော်နဲ့ကောက် ညှင်းဆန် ၄၉ တန်၊ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ငစိန် ဆန် ၁၈၃ တန်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ဧည့်မထဆန် ၆၅၆ တန်တင်ပို့ခဲ့ပါတယ်။

Friday, 29 Jun 2018

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ  ခရိုင်လေးခရိုင်ရှိ မြို့နယ်အများစုတွင် မိုးဧည့်မထ စပါး၊ဆန်ဈေးနှင့် နွေသီး ထပ်ရင်စပါး ၊ဆန်ဈေးနှုန်းများ   ယခင်တစ်ပတ်ထက်  အနည်းငယ်မြင့်တက်လျက်ရှိရာ မိုးဧည့်မထစပါး ၄၆ ပေါင် တင်း ၁၀၀ ကို ပျမ်းမျှဈေး ကျပ် ၅၇၀၀၀၀ - ၅၈၀၀၀၀ - ၆၀၀၀၀၀ ဈေးမှ  ကျပ် ၅၉၀၀၀၀ - ၆၁၀၀၀၀ - ၆၂၀၀၀၀ မြင့်တက်၍ ဆန်ဈေးမှာ  ယခင်တစ်အိတ်ကို ကျပ် ၂၄၅၀၀ - ၂၅၀၀၀ မှ ကျပ် ၂၅၀၀၀ - ၂၆၀၀၀ ဖြစ်သွားကြောင်း၊ နွေသီးထပ်ရင်စပါး ၄၆ပေါင်တင်း ၁၀၀ ကို ပျမ်းမျှဈေးကျပ် ၅၅၀၀၀၀ - ၅၆၀၀၀၀ မှ ကျပ် ၅၇၀၀၀၀ - ၅၈၀၀၀၀ မြင့်တက်၍  နွေဆန်တစ် အိတ်ကို ကျပ် ၂၂၅၀၀ - ၂၃၀၀၀ မှ ကျပ် ၂၃၅၀၀ - ၂၄၀၀၀ နဲ့ဆန်တစ်အိတ်ကို  ကျပ် ၁၀၀၀ ဝန်းကျင် မြင့်တက်သွာ

Friday, 29 Jun 2018

ယခုတစ်ပတ်  ရန်ကုန်ဆန်ဈေး ကွက်မှာ  ဆန်အဝင်နည်းတဲ့အတွက် ဝယ်လိုအားများတဲ့   ဆန်ချောနဲ့ဆန် ကြမ်းဈေးတက်ပြီးအဝယ်ပုံမှန်ရှိတဲ့ ဆန်များကတော့ ဈေးငြိမ်နေကြောင်း ဝါးတန်းဆန်ဈေးကွက်မှ သိရ ပါတယ်။

Friday, 15 Jun 2018

စစ်ကိုင်းတိုင်းဒေသကြီး စပါး၊ဆန်  ပိုလျှံခရိုင်များဖြစ် ကြသော  ရွှေဘိုခရိုင်၊ ကလေးခရိုင်၊ ကသာခရိုင်၊  ကန့်ဘလူ ခရိုင်များရှိ ဇွန် ၈ ရက် ပထမပတ် စပါး၊ဆန်ဈေး အရောင်း အဝယ်ဖြစ်မှုမှာ ယခင်လ နောက်ဆုံးပတ် အတိုင်း အရောင်း အဝယ်အေးနေပြီး ပုံမှန်အတိုင်းသာ ဖြစ်နေပါတယ်။  ယခုလ ဇွန်လ ၈ ရက် ပထမပတ် ရွှေဘိုခရိုင်တွင် ဖြစ်ပေါ်နေသော စပါး၊ဆန်ဈေးတို့မှာ ရွှေဘိုပေါ်ဆန်းစပါးတင်း ၁၀၀ လျှင် ကျပ်  ၁၄၀၀၀၀၀ - ၁၄၅၀၀၀၀ ၊ ပေါ်ဆန်းဆန်  တစ်အိတ်လျှင် ကျပ်၄၇၀၀၀ -၄၈၀၀၀ ဖြင့် ယခင်တစ်ပတ်အတိုင်း အပြောင်း အလဲမရှိဈေးငြိမ်နေပါတယ်။ ရွှေဘိုခရိုင်  စပါး၊ဆန်ဈေးမှာ ယခင်လနောက်ဆုံး ပတ်အတိုင်းဈေးငြိမ်လျက်ရှိပြီး အရောင်း အဝယ်အေးနေကြောင်းသိရပါတယ

Friday, 15 Jun 2018

ပြည်ကြက်သွန်နီဈေးကွက်အတွင်း ယခုတစ်ပတ်၌လည်း ဝင်ရောက်မှုဆက်လက်နည်းသွားတာတွေ့ရပါတယ်။  ယခင် တစ်ပတ်မုန်တိုင်းမိုးကြောင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲဖြစ်ကာ  ကုန်ပစ္စည်းလက်ကျန်နှင့် အရောင်းအဝယ်ဖြစ်ခဲ့သည့် အတွက် ယခုတစ်ပတ်တွင်လည်း  ပစ္စည်းဝင်ရောက်မှုနည်းသဖြင့် ဈေးနှုန်းအနည်း ငယ်မြင့်တက်သွားကြောင်း  သိရပါတယ်။ အရောင်းအဝယ်အနေဖြင့်  ပုံမှန်ဈေးကွက်ဖြစ်သော ဒေသတွင်း ဝယ်လက်များ၊  အိတ်ဆွဲသမားများနှင့်ဧရာဝတီတိုင်း၊ ရခိုင် ပြည်နယ်တို့သို့ နယ်ကျော်တင်ပို့မှုဖြင့်အရောင်း အဝယ် ပုံမှန်ဖြစ်နေတာတွေ့ရပါတယ်။

Friday, 15 Jun 2018

မေလ ၂၇ ရက်မှ ဇွန်လ ၂ ရက်အထိ သီတင်းပတ်အတွင်း မန်ကျည်း ၂၄၂ တန်ကို ရေကြောင်းလမ်းမှ တင်ပို့ခဲ့ပါတယ်။   ဒီတစ်ပတ်စင်ကာပူနိုင်ငံသို့ ၁၉၂ တန်နဲ့ ထိုင်းနိုင်ငံသို့ တန် ၅၀ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။  ယခင်သီတင်းပတ်က တင်ပို့ခဲ့တဲ့ မန်ကျည်းတန်ချိန် ၂၉၀ ကျော်နဲ့နှိုင်းယှဉ်ရင်  ဒီတစ်ပတ်မှာ တန်ချိန် ၅၀ ကျော် တင်ပို့မှုလျော့နည်းခဲ့တယ်လို့ သိရပါတယ်။ မန်ကျည်းသီး(အသစ်)က တစ် တန်ကို ပျမ်းမျှ  အမေရိကန်ဒေါ်လာ ၃၈၀-၄၀၀ ဝန်းကျင်ရရှိခဲ့ပြီး မန်ကျည်းသီး (အဟောင်း)က တစ်တန်ကိုပျမ်းမျှ အမေရိကန်ဒေါ်လာ၂၀၀၀န်းကျင်  ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် မန်ကျည်းတင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၈၅၂၆၀ ဝင်ငွေ ရရှိခဲ့တယ်လို့သိရပါတယ်။    

Friday, 15 Jun 2018

ပြည်မန်ကျည်းမှည့်ပွဲရုံများသို့ ကျောက်ပန်းတောင်း၊ ကြံခင်း၊ ဟင်္သာတနှင့် ဒေသတွင်းမှ မန်ကျည်းမှည့်များ  ဝင်ရောက်လျက်ရှိပါတယ်။ အရောင်းအဝယ် အနေဖြင့် နယ်တင်ပို့မှုများ ဆက်တိုက်ရှိနေတာကြောင့် မန်ကျည်းမှည့်ဈေးကောင်း ရလျက်ရှိကြောင်း သိရပါတယ်။

Pages