Main menu

Background

Wednesday, 17 May 2017

   ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဆန်စပါး အရောင်း အဝယ်သွက်လျက်ရှိပြီး မြို့နယ်အချို့တွင် စပါး၊ ဆန်ဈေးနှုန်းများ မြင့်တက် လျက်ရှိရာ ပုသိမ်မြို့မှာ ဧပြီ လကုန်က ပေါ်ဆန်း ၄၆ ပေါင်တင်း ၁၀၀ ကို ကျပ် ၇၄၅၀၀၀မှ ယခုကျပ် ၇၇၁၀၀၀ ၊ ဆန်တစ်အိတ်ကျပ် ၃၄၀၀၀ မှယခုကျပ် ၃၅၅၀၀ ၊ ဧည့်မထမိုးဆန် ယခင်တစ်အိတ်ကျပ် ၁၈၅၀၀ မှ ယခုကျပ် ၁၉၅၀၀ ၊ နွေဆန်တစ်အိတ် ကျပ် ၁၈၀၀၀ မှ ယခု ကျပ် ၁၉၀၀၀ ၊ မြောင်းမြမြို့ နယ်မှာ ပေါ်ဆန်းစပါး (၄၆)ပေါင် တင်း(၁၀၀) ကို  ယခင် ကျပ် ၇၀၁၀၀၀ မှ ယခုကျပ် ၇၂၇၀၀၀၊ ဆန်တစ်အိတ်လျှင်  ယခင်ကျပ် ၃၅၀၀၀မှ ယခု ကျပ် ၃၆၅၀၀၊ လပွတ္တာမြို့နယ်တွင်  ပေါ်ဆန်းစပါး (၄၆) ပေါင်တင်း(၁၀၀)ကို ယခင် ကျပ် ၆၇၅၀၀၀ မှကျ

Tuesday, 16 May 2017

         ဧပြီလ၃၀ ရက်မှ မေလ ၆ ရက် အထိ သီတင်းပတ်အတွင်း ပြည်တွင်းသို့ ရေလမ်းမှ  ဘိလပ်မြေတန်ချိန် ၈၃၀၀ ကျော်အဝင်ရှိခဲ့ပြီးယခင်သီတင်းပတ်က တင်သွင်းခဲ့တဲ့ တန်ချိန်၄၇၅၀ ကျော်နဲ့ နှိုင်းယှဉ်ရင်   ဒီတစ်ပတ်မှာ တန်ချိန် ၃၅၀၀ ကျော်  အဝင်ပိုခဲ့တယ်လို့ သိရပါ တယ်။ ဧပြီလ ၁၅ ရက်မှ ၂၁ရက်အထိ နယ်စပ်လမ်းမှ ဘိလပ်မြေအဝင်မှာ တန်ချိန် ၂၄၈၀၀ ကျော်ရှိခဲ့ပြီး ယခင်တစ်ပတ် အဝင်မှာ တန်ချိန် ၁၇၃၉၀ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၇၄၄၀ကျော် အဝင်ပိုခဲ့တယ်လို့သိရပါတယ်။ ဒါကြောင့်  ဒီတစ်ပတ်မှာ ရေကြောင်းလမ်းရော နယ်စပ်လမ်းမှပါဘိလပ်မြေအဝင်ပိုခဲ့ပါတယ်။

Tuesday, 16 May 2017

    ဧပြီလ ၃၀ ရက်မှ မေ ၆ ရက် အထိသီတင်းတစ်ပတ်အတွင်း   ပြည်တွင်းသို့ ရေလမ်းမှ မြေသြဇာ တန်ချိန် ၂၀၉၀ ကျော်အဝင်ရှိခဲ့ပြီး ယခင်သီတင်းပတ်က တင် သွင်းခဲ့တဲ့ တန်ချိန် ၃၃၂၀ ကျော်နဲ့ နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ တန်ချိန် ၁၂၀၀ ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ် နယ်စပ်လမ်းမှ မြေသြဇာ အဝင်မှာ တန်ချိန် ၃၁၈၉၀ကျော် ရှိခဲ့ပြီး ယခင်တစ်ပတ်က အဝင်မှာ တန်ချိန်၃၁၃၀၀ ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၅၆၀ ကျော် အဝင်ပိုခဲ့တယ်လို့ သိရ ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မြေသြဇာတင်သွင်းမှုမှာ ရေကြောင်းလမ်းမှ အဝင် လျော့ခဲ့ပြီး နယ်စပ်လမ်းမှ အဝင်ပိုခဲ့ပါတယ်။

Thursday, 11 May 2017

     မုံရွာမြို့ရဲ့အနောက်တောင်ဘက် အရပ်မှာရှိတဲ့ညောင် ဖြူပင်၊ ဘုဘ၊ နဂါးတွင်း၊ ပေါက်ပင်၊  ထနောင်းတော၊ ချမ်း သာကျွန်း၊ ကျွန်းကြီး  စတဲ့ ချင်းတွင်းမြစ်ရေဝင် ကျေးရွာတွေ ဟာ ဟင်းသီးဟင်းရွက်နဲ့ ပန်းမန် အဓိက စိုက်ပျိုး ထွက်ရှိရာ ဒေသတွေ ဖြစ်ကြပါတယ်။   မိရိုးဖလာဒေသထွက် သစ်သီး ဝလံတွေသာမက တိုးတက်လာတဲ့   နည်းပညာအလျောက် ထိုးဖောက်ဝင်ရောက်လာတဲ့ မျိုးစိတ်အသစ်တွေကို  လေ့လာ စူးစမ်းစမ်းသပ် စိုက်ပျိုး ရင်း  ဒေသရဲ့ဈေးကွက်လိုအပ်ချက်ကို ဖြည့်စွက်ချဲ့ထွင်လျက်ရှိတာတွေ့ရပါတယ်။ယခုလောလောဆယ် ဒေသခံ တောင်သူတွေ စိတ်ဝင် တစား တက်<ကစွာ စိုက်ပျိုးကြတဲ့ ဟင်းသီးဟင်းရွက်တွေထဲမှာ  ''ထိုင်ဝမ်ကင်းပုံသီး''က စိုက်ပျိုးသူတွက်ခြေအကိုက

Thursday, 11 May 2017

ထိုင်းနိုင်ငံရှိ King Power ကုမ္ပဏီသည် ၎င်းင်း၏ စီးပွားရေးလုပ်ငန်းကို တိုးချဲ့ရန်အတွက် ရှေ့လာမည့် ငါး နှစ်အတွင်း ဘတ် ၁၀ ဘီလီယံကို ရင်းနှီး မြှုပ်နှံရန်လျာထားပြီး လက်လီအရောင်းဆိုင်လုပ်ငန်း လုပ်ကိုင်သည့် ကမ္ဘာ့ အကြီးဆုံး ကုမ္ပဏီးငါးခုစာရင်းတွင် ပါဝင်လာစေရန် ရည်မှန်းဆောင်ရွက်လျက် ရှိပါသည်။

Thursday, 11 May 2017

   စစ်ကိုင်းတိုင်းဒေသကြီးတွင် အသား တင်စိုက်ပျိုးမြေဧက ၄၅ သိန်းကျော်ရှိပြီး ရေရရှိမှု နည်းလမ်းများအရ ဆန်စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ၊ စက်မှုကုန်ကြမ်း သီးနှံ၊ စားဖိုဆောင်သီးနှံများနှင့် သစ်သီး ဝလံများကို ဟန်ချက် ညီညီ စိုက်ပျိုးထုတ် လုပ်လျက်ရှိပါတယ်။စိုက်ပျိုးသီးနှံများအနက် ဖရဲ၊ သခွား မွှေးစိုက်ဧက(မိုး+ဆောင်း) ၂၈၀၀၀ ကျော် စိုက်ပျိုးလျက်ရှိပြီး ဈေးကွက်လိုအပ်ချက် အရ နှစ်စဉ် စစ်ကိုင်းတိုင်းဒေသကြီးမှာ ဈေးကွက် အင်အားကြီး မားပြီး နှစ်စဉ်ဝယ်လိုအားမြင့်တက်လျက်ရှိသည့် တရုတ် (မူဆယ်)ဈေးကွက်သို့ နှစ်စဉ်တင်ပို့သည့် ပို့ကုန်သာမက ပြည်ပဝင်ငွေများ တိုးတက် ရရှိနေတဲ့ ချောင်းဦးမြို့နယ်က သခွားမွှေး စိုက်ပျို

Thursday, 11 May 2017

      စင်ကာပူအဲလိုင်း(Singapore  Airlines _SIA)  က အပြည်ပြည်ဆိုင်ရာ လေကြောင်းသွားလာမှုတွင် ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လျှော့ချရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ထိုအစီအစဉ် အရ  လေကြောင်းလိုင်း၏ ခရီးစဉ် ၁၂ ခုအနက် အချို့ကို ဇီဝလောင်စာဆီ အသုံးပြုသွားမည် ဖြစ်ကြောင်း၊ အမျိုး သားလေကြောင်းလိုင်း၏ မေ ၃ ရက်က ကြေညာချက်ကို တူဒေးဝက်ဘ်ဆိုက် သတင်းတွင် ဖော်ပြသည်။ခရီးစဉ် ၁၂ ခု အနက် ခရီးစဉ် တစ်ခုဖြစ်သောSQ 31 သည် မေ ၂ ရက်က စင်ကာပူနိုင်ငံသို့ ပထမဆုံး အကြိမ် အဖြစ်ရောက်ရှိခဲ့သည်။ လေ ကြောင်းခရီးစဉ်တွင် ခရီးသည် ၂၀၆ ဦး ပါဝင်ပြီး ဇီဝလောင်စာဆီကို ၁၇ နာရီ ကြာ အသုံးပြု၍ ဆန်ဖရန်စစ္စကိုမှ စင်ကာပူသို့ တောက်လျှောက် ပျံသန်းခဲ့

Monday, 8 May 2017

 ဧပြီ ၂၂ ရက်မှ ၂၈ ရက်အထိ ရက်သတ္တပတ်အတွင်း မြန်မာ-တရုတ် နယ်စပ် ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ သုည ဒသမ ၇၈၈ သန်း တန်ဖိုးရှိ ကြက်သွန်နီ ၂၀၆၄ တန်ကို တရုတ်နိုင်ငံသို့ လည်းကောင်း၊ မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီလိတ် ကုန်သွယ်ရေးစခန်းမှ  အမေရိကန်ဒေါ်လာ ၃၇၅၀၀ တန်ဖိုးရှိ ကြက်သွန်နီ တန် ၁၀၀ နဲ့ မြဝတေီကုန်သွယ်ရေးဇုန်မှ  အမေရိကန်ဒေါ်လာ ၁၅၉၀၀တန်ဖိုးရှိ ကြက်သွန်နီ ၃၆ တန်ကို ထိုင်းနိုင်ငံသို့လည်းကောင်း အသီးသီး တင်ပို့ခဲ့ကြပါတယ်။ မတ်လအတွင်း မူဆယ်မှ ကြက်သွန်နီတန်ချိန် ၅၀၀၀ ခန့် ၊တာချီ လိတ်မှ တန်၃၀၀ နဲ့ မြဝတီမှ တန် ၅၀ နီးပါးကို အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့ခဲ့ ကြတယ်လို့သိရပါတယ်။     

Monday, 8 May 2017

       ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျေးလက် တောရွာများနှင့် ရေနက်ကွင်းဒေသများတွင် နှစ်စဉ်မိုးရာသီမှာ သဘာဝအလျောက် ပေါက် ရောက်လျက်ရှိသော ပိန်းရိုးအစိုပင်များကို ခုတ်ယူ၍ ပိန်းရိုးခြောက်ပြုလုပ် ကာ ပြည်ပဈေးကွက် ဖြစ်သော ကိုရီးယားနိုင်ငံသို့ တင်ပို့ရောင်းချလျက် ရှိပါသည်။ အဓိက ပိန်းရိုးထွက်ရှိရာ ဒေသများမှာ ညောင်တုန်းမြို့နယ်၊ မအူပင်မြို့နယ်နှင့် ပန်းတနော် မြို့နယ် စသည့် ရေနက်ကွင်းများရှိရာ မြို့နယ် များဖြစ်ပြီး မိုးရာသီကုန်ဆုံးချိန် ပွင့်လင်းရာသီ ဖြစ်သော အောက်တိုဘာလမှစ၍ မေ ၁၅ ရက်ခန့် အထိ ပုသိမ်-ရန်ကုန် ကားလမ်းမကြီးဘေး ညောင် တုန်းမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာတွင် အဝယ်ဒိုင် ဖွင့်လှစ်ကာ ဝယ်ယူလျက်ရှိကြောင်

Friday, 5 May 2017

     မဟာသြင်္ကန်အပြီးတွင် ကမ္ဘာ့ရွှေဈေးမြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေး မြင့်တက်လာခဲ့ပြီးနောက် ဈေးပြန် လည်ကျဆင်းလာခြင်းမရှိဘဲ ဈေးအမြင့်ဖြင့်သာ ရှိနေကြောင်း သိရသည်။  ဈေးမြင့်တက်လာသော် လည်း အခွန်ကိစ္စများကြောင့် အရောင်းအဝယ်မှာ ထင်သလောက်ဖြစ်မလာဘဲ အေးလျက်ရှိကြောင်း ဈေးကွက် အတွင်းမှ သိရသည်။''ပြည်တွင်းရွှေဈေးကွက်မှာက ဈေးမြင့်တက်နေပေမယ့် အခွန်ကိစ္စကြောင့် အရောင်းအဝယ်က အေးနေတယ်။ ရွှေဝယ်ရင် အခွန်ဆောင်ရမှာဆိုတော့ အမှန် တကယ်  ရွှေဝယ်စုချင်တဲ့သူတွေက မဝယ်ချင်ကြတော့ဘူး ဖြစ်နေတယ်။ ဝယ် ရောင်းလုပ်နေတဲ့ သူတွေကလည်း ဝယ်ရောင်းလုပ်ဖို့အတွက် တွန့်ကုန်ကြတယ်။ ဒါကြောင့် ရွှေဈေးကွက်က  အေးစက်သွားတဲ့သဘောပါ''ဟု ရွှေက

Pages