Main menu

Background

Friday, 28 Oct 2022

ကသာခရိုင်၏ ဆီထွက်သီးနှံများနှင့်ပတ်သက်ပြီး   မြေပြင်ကိန်းဂဏန်းအချက်အလက်များအရ ခရိုင်တွင်း လူဦးရေ၏ တစ်နှစ် စားသုံးမှုမှာ ၂၄၇၂၆၃၇ပိဿာဖြစ်ပြီး  တစ်နှစ်ဆီပိဿာအထွက်နှုန်းမှာ ၉၂၇၇၂၈၈၇ ပိဿာဖြစ်သောကြောင့် ၉၀၃၀ဝ၂၅၀ ပိဿာ ပိုလျှံလျက်ရှိကြောင်း၊ ရာခိုင်နှုန်းမှာ ၉၇ဒသမ ၃၃ရာခိုင်နှုန်းပိုလျှံကြောင်း စိစစ်တွေ့ရှိရသည်။ကသာခရိုင်အတွင်း SMEs ဆီစက်များ၏တည်ရှိမှု၊ ကြိတ်ခွဲထုတ်လုပ်နိုင်မှုနှင့် စားသုံးဆီအသုံးပြု ကုန်ထုတ် လုပ်ငန်း များ အား လေ့လာကြည့်မည်ဆိုပါက ခရိုင်တွင်းမြို့နယ်များဖြစ်သည့်ကသာမြို့နယ် တွင် ဆီစက်၃၂စက်၊အင်းတော်မြို့နယ်တွင် ၅၆စက်၊ ထီးချိုင့်မြို့နယ်တွင်၃၅ စက်နှင့် ဗန်းမောက်မြို့နယ် တွင် ခုနစ်စက် စုစ

Wednesday, 12 Oct 2022

ပြည်ပမှ မြန်မာနိုင်ငံအတွင်း တင်သွင်းလာသော စားအုန်းဆီ  (RBD PALM OLEIN OIL)  သင်္ဘောများ စက်တင် ဘာလအတွင်း သင်္ဘောခြောက်စင်း၊ တန်ချိန် ၂၈၀၃၈ ဒသမ ၇၅၅ တန် ဝင်ရောက်ခဲ့သည်။ အောက်တိုဘာ ၄ ရက်တွင် ထီးတန်းဆိပ်ကမ်း၌ MT.Senar Morotae V.26/2022  သင်္ဘောဖြင့် စားအုန်းဆီတန်ချိန် ၃၁၇၀ တန်နှင့် အောက်တိုဘာ ၅ ရက်တွင် သီလဝါ  WILMAR  MYANMAR  INTERNATIONAL  PORT တွင်MT.Royal 79 V.14/22  သင်္ဘောဖြင့် တန်ချိန် ၆၄၉၉ တန် စုစုပေါင်း ၉၆၆၉ တန် ဝင်ရောက်ခဲ့ပြီး အောက်တိုဘာ ၉ ရက်နှင့် ၁၀ ရက်တို့တွင် စားအုန်းဆီသင်္ဘော နှစ်စင်း၊ တန်ချိန် ၈၆၀ဝ ထပ်မံဝင်ရောက်မည်ဖြစ်ကြောင်း သိရသည်။
MITS (Import Section)

Thursday, 29 Sep 2022

အရှေ့တောင်အာရှမှ အင်ဒိုနီး ရှားနိုင်ငံနှင့် မလေးရှားနိုင်ငံတို့ အပါ အဝင်  အာရှနိုင်ငံ  အများအပြားက စားအုန်းဆီ အထွက်တိုးရေးအတွက် လုံးပန်းနေကြသော်လည်း   ပျိုးပင် ပေါက်များနှင့်  မျိုးစေ့များ လိုအပ်နေ သည့် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိ ကြောင်း သိရသည်။မျိုးစေ့ပြတ်လပ်မှုသည် စိုက်ပျိုး ရေးကဏ္ဍကို အရှိန်လျော့ကျစေနိုင်ပြီး ကုန်ထုတ်လုပ်မှုကိုလည်း    အကန့် အသတ်ဖြစ်စေသည်။   အာရှဒေသမှ နိုင်ငံများသည် ချက်ပြုတ်ခြင်း၊ မုန့်ဖုတ် ခြင်းနှင့်    အလှကုန်ပစ္စည်းများတွင် အသုံးပြုသည့်   စားအုန်းဆီ၏  ၉၀ ရာခိုင်နှုန်းကျော်ကို  ထုတ်လုပ်နေပြီး ဈေးသက်သာမှုလည်း ရှိနေသည်။နိုင်ငံအများစုက  ကိုဗစ်ဒဏ်ကို  ကျော်ဖြတ်နိုင်ခဲ့သော

Wednesday, 28 Sep 2022

စက်တင်ဘာလ တတိယပတ်တွင် မုံရွာမြို့၌ ဖြစ်ပေါ် နေသော လယ်ယာထွက်ကုန်သီးနှံများထဲမှ ပဲစင်းငုံသီးနှံဈေး ဆက်လက်မြင့်တက်နေပြီး မတ်ပဲ၊ ပဲတီစိမ်း(ကြီး)၊ ဆန်ပြောင်း ဖြူနှင့် (cp) ဈေးငြိမ်နေကာ ဂျုံ၊ ကုလားပဲ(မျိုးစုံ)နှင့် ပြောင်းနီ ဈေးနှုန်းများ  ဈေးကျသွားကြောင်း သိရသည်။ စက်တင်ဘာလ တတိယအပတ်တွင်း ဂျုံသီးနှံပေါက်ဈေးနှုန်းသည် ဂျုံဖြူသန့် တစ်တင်းလျှင် ကျပ် ၆၄၀ဝ၀၊ ၆၃၀ဝ၀၊ ဂျုံထွက်တိုးတစ်တင်း လျှင် ကျပ် ၆၃၅၀ဝ ပေါက်ဈေးရှိသည်။ စက်တင်ဘာလ ဒုတိယပတ်အတွင်း ကာလတူပေါက်ဈေးနှုန်းမှာ ဂျုံဖြူသန့် တစ်တင်းလျှင် ကျပ် ၆၇၀ဝ၀-၆၆၀ဝ၀၊ ဂျုံထွက်တိုး တစ်တင်း လျှင်  ကျပ် ၆၅၀ဝ၀ ရှိ၍ ယခုတစ်ပတ်နှင့် ယခင်တစ်ပတ် နှိုင်းယှ

Thursday, 22 Sep 2022

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  စားသုံးသူရေးရာဦးစီးဌာန နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်းပြီး စက်တင် ဘာ ၅ ရက်တွင် ကျောက်ဆည်ခရိုင်အတွင်း ကျောက်ဆည်မြို့နယ်ရှိ သာဂရကျေးရွာ ငါးဆူကျေးရွာ၊ သင်တောင်းကြီးကျေးရွာ၊ အင်းကုန်းစက်မှု လယ်ယာဝန်းတွင် လည်းကောင်း၊ စဉ့်ကိုင်မြို့နယ်တွင် တရုတ်စုရပ်ကွက်နှင့် စက်ရုံ အားကစားကွင်းတွင် လည်းကောင်း ၊ မြစ်သားမြို့နယ်တွင် လမ်းခွကျေးရွာနှင့် ရွှေပေါ်ကျွန်း ကျေးရွာတွင် လည်းကောင်း စားသုံးသူပြည်သူများသို့ စားအုန်းဆီများ ဈေးကားများဖြင့် ရောင်းချ လျက်ရှိရာ စားသုံးဆီတစ်ပိဿာလျှင် ကျပ် ၅၆၀ဝ နှုန်းဖြင့် လူတစ

Friday, 10 Jun 2022

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ကျိုက်လတ်မြို့နယ်ရှိ မြို့နယ်တာဝန်ခံဦးတင်စိန်သည်မေ ၂၀ ရက် ညနေ ၃ နာရီတွင် ကျိုက်လတ်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနရုံးတွင်  ဆီလုပ်ငန်းရှင်များအားစားသုံးသူကာကွယ်ရေးဆိုင်ရာ အသိညာ ပေး ဟောပြောခဲ့သည်။အဆိုပါအခမ်းအနားတွင်မြို့နယ်တာဝန်ခံကစီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှညွှန်ကြားချက်အမှတ်(၁/၂၀၂၁)ဖြင့် ၂၀၂၁ခုနှစ် ဒီဇင် ဘာ ၂၂ ရက်မြန်မာ့အလင်း ဖော်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါဖော်ပြချက်တွင်  စားသုံးသူများ ထင်ယောင်ထင်မှား မဖြစ်စေရေးနှင့်အခြေခံလိုအပ်ချက်အပေါ်စိတ်ကျေနပ်မှုရှိစေရေးအတွက် သက်ဆိုင်ရာ

Friday, 20 May 2022

ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ပဲခူးမြို့တွင်စားအုန်းဆီဈေးများ ဆက်လက်မြင့်တက်လျက်ရှိသည်။ သင်္ကြန်မတိုင်မီကာလက စားအုန်းဆီ တစ် ပိဿာလျှင် ၅၉၀ဝ- ၆၀ဝ၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး သင်္ကြန်တွင်းကာလ စားအုန်းဆီ တစ်ပိဿာလျှင် ၆၀ဝ၀-၆၂၀ဝ ကျပ်ဖြင့် အ‌ရောင်းအဝယ် ဖြစ်ခဲ့၍ သင်္ကြန်ပြီးကာလတွင် ၆၃၀ဝ-၆၆၀ဝ ကျပ်ထိ ဈေးနှုန်းမြင့်မားလာသည်။ ဧပြီလနောက်ဆုံးပတ် ဈေးနှုန်းအနေဖြင့်  စားအုန်းဆီ တစ်ပိဿာလျှင် ၆၉၀ဝ-၇၀ဝ၀ကျပ်ထိ ဆက်လက်မြင့်တက်လျက်ရှိသည်။စားအုန်းဆီဈေး မြင့်တက်လာရခြင်းမှာ ပြည်ပတင်သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီများမှ နယ်ဝယ်လက်များသို့ လိုအပ်သည့် ဆီပမာဏ လုံလောက်စွာ ဖြန့်ဖြူးရောင်းချပေးနိုင်ခြင်း

Thursday, 3 Feb 2022

ပြည်ဈေးကွက်အတွင်း စားအုန်းဆီဈေးများမှာ ၂၀၂၁ ခုနှစ် စက်တင်ဘာလဆန်းပိုင်းတွင် တစ်ပိဿာလျှင် ကျပ် ၄၃၀ဝ၊ ၄၄၀ဝ ဈေးရှိခဲ့ရာမှ စားအုန်းဆီဈေးမြင့်တက်ချိန် ကိုဗစ်(၁၉) ကာလအတွင်းမှစပြီး ယခု နဝမအကြိမ်အထိ စားအုန်းဆီများအား ဆီကုန်သည်အသင်းမှ သက်သာသောဈေးဖြင့်ရောင်းချရာ  ရောင်းဈေးမှာ ၃၈၅၀ ကျပ်ဖြင့် အဋ္ဌမ အကြိမ်အထိ ပိဿာချိန် ၁၅၁၂၅၀ ရောင်းချပေးခဲ့ပြီး ယခုနဝမအကြိမ်တွင် တစ်ပိဿာလျှင် ကျပ် ၄၃၈၀ ဖြင့် ပိဿာချိန် ၁၆၅၀ဝ ရောင်း ချပြီးဖြစ်သည်။ စားအုန်းဆီဈေးမှာ ယခုရက်ပိုင်းအတွင်း တစ်ပိဿာလျှင် ကျပ် ၄၉၀ဝ မှ ကျပ် ၅၁၀ဝ ဈေးအထိ ဈေးမြင့် နေခဲ့သည်။     

 

  လွင်လွင်ဆန်း (ပြည်)

Tuesday, 28 Dec 2021

ယနေ့ကမ္ဘာပေါ်တွင်  လူသားတို့သည် အစားအစာဘေး အန္တရာယ်ကင်းရှင်းရေးကို အလေးထား စားသုံးလာကြသည်။ ထိုသို့စားသုံးရာတွင် စားသုံးဆီ၏အခန်းကဏ္ဍမှာလည်း အလွန် အရေးပါလာသည်။ လူသားတို့အား  ဘေးဥပဒ် ဖြစ်စေသော စားသုံးဖွယ်ရာတွင် ဆီကြောင့်ဖြစ်ပေါ်သည့် ရောဂါများမှာ အများအပြားပင်ဖြစ်သည်။ ထို့ကြောင့် လူတို့သည် မိမိတို့ဝင် ငွေအရ ကျန်းမားရေးနှင့် ညီညွတ်သော စားသုံးဆီသန့်များကို ရွေးချယ်သုံးစွဲလာကြသည်။ ယနေ့ မြန်မာနိုင်ငံ၏ လူဦးရေ အရ  ဆီစားသုံးမှုကို တွက်ချက်ကြည့်လျှင် အာဆီယံနိုင်ငံ များအတွင်း၌ စားသုံးမှု အနိမ့်ဆုံးနှုန်းနှင့် တွက်ချက်ကြည့်ခြင်း ပင်လျှင် လူတစ်ဦး တစ်နှစ်ပျမ်းမျှ ဆီ ၆၀ ကျပ်သား (၁၂ ကီလို ဂရမ်) ခန့် စားသုံးက

Pages