Background
၃-၁-၂၀၁၄ US$/Ton
အမျိုးအစား ဒီဇင်ဘာလ စတုတ္ထပတ် ဒီဇင်ဘာလ ပဉ္စမပတ် နှိုင်းယှဉ်ချက်
RBD P.Oil ၇၉၂ .၅၀ ၇၉၂ .၅၀
RBD P.Olein ၇၉၄ .၅၀ ၇၉၂ .၅၀
RBD P.Strarin ၈၂၀ .၀၀ ၈၂၀ .၀၀
ရေတွက်ပုံ - ဒေါ်လာ စဉ် နေ့စွဲ CIF(ရန်ကုန်) (၁) ၁၉-၅-၂၀၁၄ ၉၀၅
(၂) ၂၀-၅-၂၀၁၄ ၉၀၀
(၃) ၂၁-၅-၂၀၁၄ ၈၉၅
(၄) ၂၂-၅-၂၀၁၄ ၈၉၅
(၅) ၂၃-၅-၂၀၁၄ ၈၉၅
Source: ဆီကုန်သည်များအသင်း
မုံရွာကုန်စည်ဒိုင် ဇန်နဝါရီလ ပထမပတ် နှစ်ဆန်းဆီထွက်သီးနှံ ဈေး ကွက်မှာ နှမ်းမျိုးစုံ ဆက်လက်ဈေးမာ ပေမဲ့ နယ်ကနှမ်းဝင်ရောက်မှုကတော့ အနည်းငယ်လျော့သွားပြီလို့သိရပါတယ်။ ယခုတစ်ပတ် နှမ်းဈေးကွက်မှာ နှမ်း ညိုဟာတစ်တင်း၄၂၀၀၀ကျပ်မှာ ဆက် လက်ငြိမ်နေပြီး၊ နှမ်းဝါကတော့ ပြီးခဲ့တဲ့ တစ်ပတ်ထက် တစ်တင်း ၁၀၀၀ ကျပ် လျော့ကာ ၄၆၀၀၀ ကျပ် ဈေးပေါက်ခဲ့ ပါတယ်။ နှမ်းဖြူလည်း ယခင်အပတ်က ထက် တစ်တင်း ၁၅၀၀ ကျပ်ဈေးကျ ကာ ၅၃၀၀၀ ကျပ်ထိ ဈေးပေါက်ခဲ့ပေမဲ့ ပစ္စည်းကတော့ ရှားသွားပြီလို့ ပွဲရုံရပ် ကွက်က ဆိုပါတယ်။
ပြည်ပဲပုပ် သီးနှံများ ဈေးကွက် အတွင်းကိုပန်းတောင်း၊ ပေါင်းတလည်၊ ပေါက်ခေါင်းမြို့နယ်များမှ ဆက်တိုက် ဝင်ရောက်လာခဲ့သော်လည်း ပဲပေါ်စ အချိန်ဖြစ်ပြီး၊ တစ်ရက်အိတ် ၄၀ ခန့် သာဝင်ရောက်မှုရှိခဲ့ပါတယ်။ ပဲပုပ် အသစ်ဈေးမှာ တစ်တင်း ၁၉၅၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်ထိ အရောင်း အဝယ် ဖြစ်ခဲ့တဲ့အတွက် ယခင်နှစ်က ဈေးထက်တော့ ဈေးပိုရနေခဲ့ပါတယ်။ ယခင်နှစ်က နှစ်ဆန်းပိုင်း ပဲပုပ်ဈေးမှာ တစ်တင်း ၁၇၀၀၀ ကျပ်သာ ရရှိခဲ့ တဲ့အတွက် ယခုနှစ်ပဲပုပ်ဈေးဆက် ကောင်းမလား၊ တောင်သူအချို့ မျှော် လင့်နေကြောင်း သိရပါတယ်။ခင်ဆွေဝင်း - ပြည်
မုံရွာကုန်စည်ဒိုင် ဒီဇင်ဘာ ဒုတိယ ပတ် ဆီထွက်သီးနှံဈေးကွက်မှာ တရုတ် လိုင်းအဆွဲကောင်းနေလို့ နှမ်းမျိုးစုံ ဆက်လက်ဈေးကောင်းရနေတာ တွေ့ရ ပါတယ်။ ယခုတစ်ပတ် ပေါက်ဈေးများ အနေနဲ့ နှမ်းညိုဟာ လဆန်းပိုင်းက တစ်တင်း ၄၀၀၀၀ ကျပ်သာရှိခဲ့ရာက ယခု ၄၄၈၀၀ ကျပ်၊ နှမ်းဝါဟာ လဆန်း ပိုင်းကတစ်တင်း ၄၄၀၀၀ ကျပ်သာ ရှိခဲ့ ရာက ယခု ၄၈၀၀၀ ကျပ်ကိုလည်း ကောင်း၊ နှမ်းဖြူဟာလဆန်းပိုင်းက တစ်တင်း ၅၂၂၀၀ ကျပ်သာရှိခဲ့ရာက ယခု ၅၆၀၀၀ ကျပ်ကိုလည်းကောင်း အသီးသီးဈေးမြောက်လာခဲ့တာ တွေ့ရ ပါတယ်။
မိုးရွာသွန်းမှုကြောင့် ကမ္ဘာ့စားအုန်းဆီထုတ်လုပ်မှုမှာ ဒုတိယနေရာကို ရောက်ရှိနေတဲ့ မလေးရှားနိုင်ငံရဲ့ စားအုန်းဆီထုတ်လုပ်မှုကျဆင်းမယ်လို့ ခန့်မှန်း ကြတဲ့အတွက် စားအုန်းဆီဈေးက ဒီဇင်ဘာ ၁၁ ရက် ဗုဒ္ဓဟူးနေ့မှာ ပြန်လည် မြင့်တက်ခဲ့ကြောင်း ဘလွမ်းဘတ်သတင်းမှာ ဖော်ပြထားပါတယ်။ ဘာဆာမလေးရှားကုန်စည်ဒိုင်မှာ ဖေဖော်ဝါရီလအတွက် စားအုန်းဆီကြို ရောင်းဈေးက ၁ ရာခိုင်နှုန်း မြင့်တက်ပြီး၊ မက်ထရစ်တစ်တန်ကို ၂၆၅၇ ရင်းဂစ် (၈၂၃ ဒေါ်လာ)နှုန်းရှိခဲ့ပါတယ်။
၆-၁၂-၂၀၁၃ US$/Ton အမျိုးအစား နိုဝင်ဘာလစတုတ္ထပတ် ဒီဇင်ဘာလ ပထမပတ် နှိုင်းယှဉ်ချက် RBD P.Oil ၈၃၁ .၀၀ ၈၂၅ .၀၀ RBD P.Olein ၈၄၄ .၅၀ ၈၃၉ .၅၀ RBD P.Strarin ၈၂၈ .၅၀ ၈၀၁ .၀၀
ပြည်ပကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ နိုဝင်ဘာ ပထမပတ် အတွင်း နှမ်း ၁၃၅၂ ဒသမ ၇၈ တန်ကို တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံများမှာ စင်ကာပူ၊ တရုတ်၊ ကိုရီးယား၊ အိန္ဒိယ၊ ဂျပန်၊ ကူဝိတ် စတဲ့ နိုင်ငံများဖြစ်ပါ တယ်။ နိုဝင်ဘာ ၁၀ ရက်မှ ၁၆ ရက် အတွင်းမှာ နှမ်း ၁၀၈၈ ဒသမ ၇၆ တန် တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ ကိုရီးယား၊ ဂျပန်၊ တရုတ်၊ စင်ကာပူ နိုင်ငံကို တင်ပို့ခဲ့ပါတယ်။
ယခင်ရက်က ဈေးတက်လာတာကို အခွင့်ကောင်းယူပြီး ရင်းနှီးမြှုပ်နှံသူ တို့က ပြန်လည်ရောင်းချလာတဲ့အတွက် ဒီဇင်ဘာ၅ ရက်မှာ စားအုန်းဆီရဲ့ ကြို ရောင်း ကြိုဝယ်ဈေးတွေမြင့်တက်ခဲ့ပါတယ်။ ဈေးကျသွားပေမယ့်မလေးရှားနိုင်ငံရှိ စားအုန်းဆီစိုက်ပျိုးရေးလုပ်ငန်းများ ရေလွှမ်းမိုးတဲ့အတွက် စိုးရိမ်မှုတွေကြောင့် ဈေးနှုန်းအကျကို ထိန်းထားနိုင်ခဲ့ပါတယ်။ မလေးရှားကျွန်းဆွယ်ပေါ်မှာ မိုးသည်း ထန်ပြီး မုန်တိုင်း တွေဖြစ်ပေါ်လေ့ရှိတဲ့ မုတ်သုန်ရာသီက မလေးရှား စားအုန်းဆီ စိုက်ပျိုးရာမြေနိမ့်အချို့ဒေသတွေမှာရေလွှမ်းမိုးတာတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။
စဉ့်ကိုင်မြို့နယ်၊ ထန်းတောရွာနဲ့ ကန်စွယ်ရွာများမှာ စိုက်ပျိုးရေးကို အဓိက လုပ်ကိုင် ကြသော ရွာများဖြစ် ပါတယ်။ စဉ့်ကိုင်မြို့နဲ့ ၁၀မိုင်၊ ၁၂ မိုင် ခန့်သာဝေးပြီးသွားလမ်းလာလမ်းကောင်း တဲ့ရွာတွေဖြစ်ပါတယ်။ရွာမှာအခုအချိန် ကတော့ နှမ်းကို အဓိက စိုက်ပြီးနေကြ ပါပြီ။ ဒီနှစ်တွေမှာ နှမ်းကို အားထား စိုက်ရကျိုးနပ်တယ်လို့ တောင်သူကြီး ဦးမောင်မောင်ကဆိုပါ တယ်။ နှမ်းကို ဘောင်လုပ်စိုက်တာက ပိုကောင်း တယ်။
