Background
စောစောပိုင်းက ကျဆင်းခဲ့တဲ့ စားအုန်းဆီဈေးဟာ ဝယ်လိုအားမြင့်တက်လာ တဲ့အတွက် ဧပြီ ၂၄ ရက်မှာ မလေးရှား စားအုန်းဆီကြိုရောင်းကြိုဝယ်ဈေးများ မြင့်တက်လာပါတယ်။ ကမ္ဘာပေါ်မှာ စားအုန်းဆီ ဒုတိယအများဆုံး ထုတ်လုပ်တဲ့ မလေးရှားနိုင်ငံ၏ ထုတ်လုပ်မှုတန့်နေခြင်းကြောင့်လည်း သိုလှောင်မှုလက်ကျန်များ ကျဆင်းကာ စားအုန်းဆီဈေးကွက်အပေါ် သဘောထားများပြောင်းလဲလာပါတယ်။ သို့သော်လည်း စားအုန်းဆီကုန်စည်များရဲ့ ကမ္ဘာ့ဝယ်လိုအားနှေးကွေးကျဆင်းမှု အပေါ် စိုးရိမ်မှုများကြောင့် ဈေးနှုန်းမြင့်တက်မှုကို အထိန်းအချုပ်ဖြစ်စေ ခဲ့ပါတယ်။
ရေတွက်ပုံ - ဒေါ်လာစဉ် နေ့စွဲ CIF (ရန်ကုန်) (၁) ၂၂-၄-၂၀၁၃ ၈၄၅ (၂) ၂၃-၄-၂၀၁၃ ၈၅၀ (၃) ၂၄-၄-၂၀၁၃ ၈၄၅(၄) ၂၅-၄-၂၀၁၃ ၈၅၀ (၅) ၂၆-၄-၂၀၁၃ ၈၅၅
Source:ဆီကုန်သည်များအသင်း
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးဇုန်မှ သြင်္ကန်နဲ့ မြန်မာနှစ်သစ်ကူးကာလ အလွန်ဧပြီလ၁၇ရက်မှ ၂၃ ရက် အတွင်း ကန်ဒေါ်လာ သုည ဒသမ ၀၆၄ သန်း တန်ဖိုးရှိတဲ့ နှမ်းနက် ၃၃ တန် ကျော် တစ်မျိုးတည်းသာ တင်ပို့ခဲ့တာတွေ့ ရပါတယ်။ ယခင်အပတ်ကနှမ်းနီ ၆၆ တန်၊ နှမ်းဖြူ ၂၅ တန်ကျော်နဲ့ နှမ်းနက် ၃ တန် တင်ပို့ခဲ့တဲ့အတွက် ယခုအပတ် မှာ နှမ်းတင်ပို့မှု ၆၁ တန်လျော့နည်း သွားပါတယ်။ နှမ်းကုန်တက် နည်းတဲ့ အတွက် နှစ်နိုင်ငံမြေပြင်ပေါက်ဈေး ကို ကြည့်လျှင် နှမ်းဖြူရောနှမ်းနက်ဈေးပါ ယခင်အပတ်ထက် ဈေးပိုမိုနေတာတွေ့ ရပါတယ် -
ပဲပုပ်စေ့ကို စစ်ကိုင်းတိုင်းဒေသ ကြီးအတွင်း ကလေးဒေသ ဟုမ္မလင်း၊ ဖောင်းပြင်၊ မင်းကင်းစတဲ့ ချင်းတွင်း လိုင်း၊ ဂန့်ဂေါ၊ ယောစတဲ့ ယောဒေသနဲ့ မြင်းမူ၊ မြောင်နယ်တွေမှာ အများဆုံး စိုက်ပျိုးကြပြီး၊ ထွက်ရှိတဲ့ပဲပုပ် အများ စုဟာ မုံရွာကုန်စည်ဒိုင်မှာ အခြေပြုပြီး ပေါက်ဈေးအစုံစုံနဲ့ ရောင်းဝယ်လျက်ရှိ ကြ ပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေ ဟော် ကူးသန်းရောင်းဝယ်ရေးစခန်းမှ ဧပြီလ ၁၇ ရက်မှ ၂၃ ရက်တာ ကာလ မှာ ကန်ဒေါ်လာ သုည ဒသမ ၀၁၇ သန်းတန်ဖိုးရှိ ပဲပုပ်ဆီ ၁၅ တန် တင် သွင်းခဲ့ပါတယ်။ ယခင်အပတ်က ပဲပုပ် ဆီ တင်သွင်းခြင်းမရှိခဲ့ပါဘူး။ ချင်းရွှေ ဟော်မှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှစပြီး ပဲပုတ်ဆီ ၅၆ တန်ကျော် စတင်တင် သွင်းခဲ့ရာ ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ မတ်လကုန်ထိ ၅၈၇ တန်ကျော် တင် သွင်းနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ပဲပုပ်ဆီကို ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တို့မှာ ဟင်းချက်ဆီအဖြစ် အသုံးပြုကြတာလို့ သိရပါတယ်။မော်မော်အောင်MIRT (DCCA)
ဇွန်လအတွက် ကြိုရောင်းကြိုဝယ်စာချုပ်ရဲ့ သတ်မှတ်ဈေးမှာ Malaysia Derivatives Exchange အဝယ်ဒိုင်မှာ မက်ထရစ်တစ်တန်ကို ၂၃၇၂ ရင်းဂစ် (ဒေါ်လာ ၇၇၀)ရှိခဲ့ပြီး ကွာလာလမ်ပူမှာ ဧပြီ ၂ ရက်က တစ်တန်ကို ၂၃၅၈ ရင်းဂစ်နှုန်းရှိခဲ့ပါတယ်။ ကြိုရောင်းကြိုဝယ်ဈေးဟာ ဒီဇင်ဘာလ ၂၀ ရက်နောက်ပိုင်း အနိမ့်ဆုံးကို ရောက်ရှိခဲ့ ပါတယ်။ ဈေးနှုန်းများဟာ ပထမသုံးလအတွင်း ၂ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းခဲ့ရာ ၁၉၉၉ ခုနှစ်နောက်ပိုင်း ကျဆင်းမှုအဆိုးဆုံးဖြစ်ခဲ့ပါတယ်။
"ကျွန်တော်တို့ရတဲ့ဈေးနှုန်းကတစ်တန်ကို ရင်းဂစ် ၂၃၄၀ ဆိုရင် ဒါက ထူးထူးခြားခြားအနိမ့်ဆုံးကျဆင်း တာပါ။ ဒီအဆင့်မှာ အောက်ဈေးနဲ့ ဝယ်တာ တွေများလာတတ်ပါတယ် " လို့ OSK Investment Bank မှ ဒုတိယ ဥက္ကဋ္ဌ ရန်းလောင်းက ကွာလာလမ်ပူမှ ပြောပါတယ်။ ယခုလထဲမှာ ထုတ်လုပ်မှုပြန် တက်မှာဖြစ်လို့ ဈေးအတက်ရပ် သွားနိုင်ပါတယ်။ ယခင်တစ်လအကြာကနဲ့နှိုင်းယှဉ်ပါက မလေးရှားနိုင်ငံမှ တင်ပို့မှုဟာ ၂ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ကာ တန် ၁ ဒသမ ၃၆ သန်းထိ မြင့်တက်လာကြောင်း စစ်တမ်းကောက်ယူရေးအေဂျင်စီ Intertek က ဧပြီ ၁ ရက်ကပြောပါတယ်။ မေလအတွက် ပဲပုပ်ဆီတင်ပို့မှုဟာ သုည ဒသမ ၂ ရာခိုင်နှုန်းကျဆင်းပြီး၊ ချီကာကိုကူးသန်းရောင်းဝယ်ရေး ဘုတ်အဖွဲ့မှ တစ်ပေါင်ကို ၄၉ ဒသမ ၉၅ ဆင့်ရှိခဲ့ပါတယ်။ ဒါလီယံကုန်စည်ဒိုင်မှာ သန့်စင်ပြီး စားအုန်းဆီဈေးဟာ သုည ဒသမ ၈ ရာခိုင်နှုန်းမြင့်တက်ပြီး၊ တစ်တန်ကို ၆၁၇၀ ယွမ်(၉၉၅ ဒေါ်လာ)နှုန်းရှိခဲ့ ပါတယ်။ ပဲပုပ်ဆီဈေးမှာ သုည ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ပြီး၊ တစ်တန်ကို ၇၈၄၂ ယွမ်နှုန်းရှိခဲ့တယ်လို့ bloomberg.com မှာ ဖော်ပြထားပါတယ်။UNT
ပြည် ကုန်စည်ဒိုင်မှာ မတ်လ တတိယပတ်အထိ နှမ်းအရောင်းအ ဝယ်ဖြစ်ခဲ့ပြီး၊ မတ်လနောက်ဆုံးပတ်မှ စပြီး၊ ယခုနှစ်လဆန်းအထိ နှမ်းလက် ကျန်မရှိဘဲ အရောင်းအဝယ် ပါးနေပါ တယ်။ ဆီစက်သမားများက မိမိတို့ လှောင်ထားတဲ့ နှမ်းတွေကို ထုတ်ပြီး ဆီကြိတ်ကြလို့ နှမ်းဆီဈေးမှာလည်း တစ်ပိဿာ ၄၀၀၀ ကျပ်ကျော်ထိရှိပါ တယ်။ နှမ်းအဝင်အထွက် မရှိပေမယ့် နှမ်းလက်ကျန်များနဲ့ ဆီစက်များလည် ပတ်နေပါတယ်။ မတ်လဆန်းကစပြီး၊ တတိယပတ်အထိ နှမ်းနက်တစ်တင်းကို ၄၀၀၀၀ ကျပ်နဲ့ နှမ်းနီတစ်တင်း ၃၄၂၀၀ ကျပ်ထိရှိခဲ့ပြီး၊ နောက်ဆုံးပတ် က စပြီး ဧပြီပထမပတ်ထိ ဈေးမရှိတာ တွေ့ရပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကူးသန်းရောင်းဝယ်ရေးဇုန်မှ မတ်လ ၂၇ ရက်မှ ဧပြီလ ၂ ရက်အတွင်း ကန်ဒေါ်လာ သုည ဒသမ ၅၉၂ သန်းတန်ဖိုးရှိတဲ့ နှမ်းရောင်စုံတန်ချိန် ၃၅၀ ကျော်တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့ တဲ့ နှမ်းရောင်စုံအမယ်တွေကတော့ နှမ်းနီ ၂၃၅ တန်၊ နှမ်းဖြူ ၇၅ တန်ကျော်နဲ့ နှမ်းနက်တန် ၄၀ နီးပါးဖြစ်ပါ တယ်။ ယခင် အပတ်က နှမ်းရောင်စုံ ၂၀၆ တန် ကျော်တင်ပို့ခဲ့တဲ့အတွက် ယခု အပတ်မှာ ၁၄၄ တန် ပိုမိုတင်ပို့လာ တာတွေ့ရပါတယ်။ စခန်းအသီးသီးမှ ၂၀၁၃ ခုနှစ် မတ်လ အတွင်းတင်ပို့ခဲ့တဲ့ နှမ်းရောင်စုံ တန်ချိန် ကတော့ ၄၃၁၃ တန်ကျော်ရှိပါတယ်။ ဖေဖော်ဝါရီလက ၂၉၇၀ တန်နီးပါးသာ တင်ပို့ခဲ့တာမို့ ယခုမတ်လမှာအနီးစပ်ဆုံး ဖေဖော် ဝါရီလ ထက်တန်ချိန် ၁၃၀၀ ကျော်ပိုမို ခဲ့ပါတယ်။ နှစ်ဖက်နိုင်ငံနှမ်းဈေးများကို ယခု အပတ်နဲ့ ယခင် အပတ် နှိုင်းယှဉ် ဖော်ပြ ပေးလိုက်ရပါတယ် -
ပြည်ပကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ နှမ်း ၅၉၃ ဒသမ ၉၈ တန်ကို တင်ပို့ခဲ့ပါတယ်။ ဒီတစ် ပတ်မှာ ဂျပန်နိုင်ငံကို တန်ချိန် ၁၂၀၊ မလေးရှားနိုင်ငံကို ၁၈၈ ဒသမ ၉၉ တန်၊ စင်ကာပူနိုင်ငံကို ၉၂ တန်၊ ထိုင်းနိုင်ငံကို ၈၄ ဒသမ ၉၉ တန်နဲ့ ကိုရီးယားနိုင်ငံကို ၁၀၈ တန် တင်ပို့ခဲ့တယ်လို့ သိရပါ တယ်။ ဒီတစ်ပတ်မှာ မလေးရှားနိုင်ငံကို အများဆုံး တင်ပို့ နိုင်ခဲ့ပါတယ်။ ယခင် သီတင်းပတ် နှမ်းတင်ပို့မှုက တန်ချိန် သုံးရာကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ် တင်ပို့မှုနဲ့ယှဉ်ရင် တန်ချိန်နှစ်ရာ့ခြောက် ဆယ်ကျော် တင်ပို့မှုပိုခဲ့ပါတယ်။ ရရှိခဲ့တဲ့ ဝင်ငွေက ကန်ဒေါ်လာ ရှစ်သိန်းကျော် ရှိခဲ့ပါတယ်။
လချုပ်အနေနဲ့ ကြည့်မယ်ဆိုရင် ဖေဖော်ဝါရီလအတွင်း နှမ်းတင်ပို့မှုက တန်ချိန် သုံးထောင်နီးပါးရှိခဲ့ပြီး မတ်လ အတွင်းတင်ပို့မှုမှာတန်ချိန် တစ်ထောင့် လေးရာနီးပါးရှိတာကြောင့် မတ်လမှာ တန်ချိန် တစ်ထောင့်ငါးရာကျော် အပို့ လျှော့ခဲ့ပါတယ်။ မတ်လအတွင်း နှမ်း တင်ပို့မှုမှ ရရှိခဲ့တဲ့ ဝင်ငွေက ကန်ဒေါ် လာ နှစ်ဆယ့်လေးသိန်းနီးပါး ရရှိခဲ့ပါ တယ်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်အတွင်း စုစုပေါင်း နှမ်းတင်ပို့မှုမှာ တန်ချိန် လေး သောင်းကျော်ရှိခဲ့ပြီး ရရှိခဲ့တဲ့ ဝင်ငွေက ကန်ဒေါ်လာ ၇၀၈ ဒသမ ၆၄ သိန်း ကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။MIRT - DTP
၅-၄-၂၀၁၃ US$/Ton မတ်လတတိယပတ် မတ်လစတုတ္ထပတ် နှိုင်းယှဉ်ချက် RBD P.Oil ၇၉၇ .၅၀ ၇၈၇ .၅၀ RBD P.Olein ၈၀၉ .၅၀ ၈၀၅ .၀၀ RBD P.Strarin ၇၀၈ .၅၀ ၇၂၂ .၀၀
