Background
မတ်လ ၇ ရက်နေ့က မလေးရှားစားအုန်းဆီကြိုပွိုင့်ဈေးများကျဆင်းခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံသူတို့က အဓိကစက်မှု လုပ်ငန်းကိန်းဂဏန်းများ မထုတ်ပြန်မီ အခြေ အနေကို အကဲခတ်နေခြင်း၊ ကမ္ဘာ့ဆီထွက်သီးနှံ ပေးသွင်းမှု အခြေအနေနှင့် ဝယ်လိုအား အလားအလာအခြေအနေ ကို ပြတ်ပြတ်သားသားရှိအောင် စောင့် ကြည့်နေခြင်း၊ ကုန်သည်တို့က သောကြာနေ့မှာ ထုတ်ပြန်မဲ့အမေရိကန် လယ်ယာ စိုက်ပျိုးရေးဝန်ကြီးဌာန (USDA) အစီရင်ခံစာကို အကဲခတ်စောင့်ကြည့်နေကြပါ တယ်။ ထိုအစီရင်ခံစာမှာ ပဲပုပ်ရောင်းလိုအားအလားအလာရှိမယ့်လက္ခဏာ များ တွေ့နေရကြောင်း ရိုက်တာသတင်းဌာနကကောက်ခံသော သဘောထားစစ်တမ်းမှာ တွေ့ရပါတယ်။ မတ်လ ၆ ရက်ကပြီးဆုံးခဲ့တဲ့စားသုံးဆီဆိုင်ရာ နှစ်ပတ်လည် အစည်း အဝေးကြီးမှာ ဈေးနှုန်းလေ့လာဆန်းစစ်သူတို့က ဈေးနှုန်း အလားအလာကို အမျိုး မျိုး ခန့်မှန်းနေကြလို့ ဈေးကွက်အတွက် လမ်းကြောင်းရှင်းလင်းပြတ်သားမှု ကင်းမဲ့ နေတာ ကို တွေ့ရပါတယ်။
မြန်မာ-တရုတ်နယ်စပ်စခန်းရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ဖေဖော် ဝါရီလ၂၇ ရက်မှ မတ်လ ၅ ရက်တာ ကာလအတွင်းကန်ဒေါ်လာ ၁ ဒသမ ၅၉၄ သန်းတန်ဖိုးရှိတဲ့နှမ်းနက် ၈၃၉ တန်နီးပါးနဲ့ကန်ဒေါ်လာ သုည ဒသမ ၁၉၆ သန်း တန်ဖိုးရှိ နှမ်းဖြူ ၁၁၅ တန်တင်ပို့ခဲ့သလို မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေး ဇုန်မှလည်း ကန်ဒေါ်လာ သုည ဒသမ ၅၁၀ သန်းဖိုးရှိ နှမ်းနက် တန်ချိန် ၁၅၀၀ ကို တင်ပို့ခဲ့တာတွေ့ရပါတယ်။ ယခင်အပတ် က မြဝတီစခန်းမှ နှမ်းနက် ၃၇ တန် ကျော်နဲ့ မူဆယ်စခန်းမှ နှမ်းနက် ၃၆၈ တန်ကျော်၊ နှမ်းဖြူ ၂၆၆ တန်ခန့် တင်ပို့ခဲ့တာ မို့ ယခုအပတ်မှာ နှမ်းနက်ရော နှမ်းဖြူပါ ပိုမိုတင်ပို့ခဲ့ပါတယ်။ မူဆယ်-ရွှေလီနှစ် ဖက် နှမ်းဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ်-
ပြည်ပကို ပင်လယ်ရေကြောင်းလမ်းမှ ဖေဖော်ဝါရီနောက်ဆုံးပတ်အတွင်းမှာ နှမ်း ၆၇၃ ဒသမ ၉၂ တန် တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ မလေးရှားနိုင်ငံကို ၃ တန်၊ ဂျပန်နိုင်ငံကို ၁၈၀ တန်၊ ကိုရီးယားနိုင်ငံကို ၃၆၃ တန်နဲ့ စင်ကာပူနိုင်ငံကို ၁၂၇ ဒသမ ၉၂ တန် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်တင်ပို့မှုမှာ ကိုရီးယား နိုင်ငံကို အများဆုံးတင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၃ ရက်အတွင်းနှမ်း ၇၂၆ တန်တင်ပို့နိုင်ခဲ့တာကြောင့် ဒီတစ်ပတ်မှာ နှမ်း တင်ပို့ မှု တန်ချိန် ငါးဆယ်ကျော်လျော့နည်းခဲ့ပါတယ်။
လချုပ်အနေနဲ့ ကြည့်မယ်ဆိုရင် ဖေဖော်ဝါရီလအတွင်း နှမ်းတင်ပို့မှုမှာ တန်ချိန် သုံးထောင်နီးပါးရှိခဲ့ပြီး ဝင်ငွေက ကန်ဒေါ်လာ ငါးဆယ့်ခြောက်သိန်းကျော် ရရှိခဲ့ပါတယ်။ ဇန်နဝါရီလအတွင်း နှမ်းတင်ပို့မှုမှာ တန်ချိန် ငါးထောင်နီးပါးရှိခဲ့ တာကြောင့် ဖေဖော်ဝါရီလမှာ နှမ်းတင်ပို့မှု တန်ချိန် တစ်ထောင့်ရှစ်ရာကျော် လျော့နည်းခဲ့တယ်လို့ သိရပါတယ်။ MIRT- MAPT
မုံရွာကုန်စည်ဒိုင် မတ်လ ပထမ ပတ်ဆီထွက်သီးနှံဈေးကွက်မှာ မြေပဲ ဈေး အနည်းငယ်ကျခဲ့ပြီး၊ နှမ်းဈေး ဆက်လက်မာကာစားသုံးဆီဈေးလည်း အမြင့်ဈေးမှာ တန့်နေတာ တွေ့ရပါ တယ်။ မြေပဲဆန်ဈေးကွက်အနေနဲ့ ကုန်စည်ဒိုင် ပတ်ဝန်းကျင် ဒေသ အသီးသီးက ဆောင်းမြေပဲတွေ ပေါ် ပြီမို့ ဒိုင်မှာအဝင်သွက်ခဲ့ကာ မြေပဲ ဆန်နီ တစ်ပိဿာ ၁၇၄၀ ကျပ်မှ ၁၉၀၀ ကျပ်၊ မြေပဲဆန်ဖြူတစ်ပိဿာ ၁၇၀၀ ကျပ်မှ ၁၇၆၅ ကျပ်၊ လုံးဆန် တစ်တင်း ၂၉၀၀၀ ကျပ် -၃၀၄၀၀ အတွင်းသာပေါက်ဈေးဖြစ်ခဲ့ပါတယ်။ မြေပဲလုံးဆန်ကို ယခင်က တရုတ် ဝယ်လက်အဆွဲ သွက်ခဲ့ပေမယ့် ယခု တစ်ပတ်မှာ အနည်းငယ်အဆွဲအေး သွားခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါ တယ်။ ကျွန်းမြေပဲတွေ ဈေးကွက်ထဲ ဝင်တော့မှာ ဖြစ်တဲ့အတွက်လည်း အခုလို ဈေးအေးတာဖြစ်နိုင်တယ်လို့ ကုန်သည်တွေ က သုံးသပ်ပါတယ်။
နှမ်းဈေးကွက်မှာတော့ တောင် သူ အရောင်း မရှိသလောက်ပါးသွား ပြီး၊ ကုန်သည်လှောင်လက်တွေ ဈေး ကြိုက်ရင် ရောင်းကြသလို ဒေသခံ လုပ်ငန်းသမားတွေ ကုန်ကြမ်းလိုဝယ် နဲ့ တရုတ်ဝယ်လို အားကောင်းတဲ့ နှမ်း ဖြူ တွေဈေးကောင်းရခဲ့ကြတာ တွေ့ ရပါတယ်။ ယခုတစ်ပတ်အတွင်း နှမ်း ဖြူတစ်တင်း ၄၀၀၀၀ ကျပ် ဈေးမှာ ငြိမ်နေကာ ကျန်နှမ်းမျိုးစုံဒိုင်ပေါက် ဈေးပင် မဖွင့်နိုင်အောင် ရောင်းသူ ရှားခဲ့တယ်လို့ ဆိုပါတယ်။ စားဆီဈေးကွက်မှာလည်း မတ်လ ပထမပတ်အတွင်း မြေပဲဆီ တစ်ပိဿာ ၃၅၀၀ ကျပ်၊ နှမ်းဆီ တစ်ပိဿာ ၄၀၀၀ ကျပ် - ၄၁၀၀ ကျပ်နဲ့ စားအုန်းဆီတစ်ပိဿာ ၁၅၂၀ ကျပ် အသီးသီး ဈေးမာနေ ကာနေကြာဆီကတော့လက်ကားဈေး မှာ ၃၅၀၀ ကျပ်နဲ့ အရောင်းအဝယ် သွက်နေတယ်လို့ ဆီထွက်သီးနှံဈေး ကွက်က လေ့လာသိရှိရပါတယ်။ထွန်းလှိုင် - မုံရွာ
၁-၃-၂၀၁၃ US$/Ton ဖေဖော်ဝါရီလတတိယပတ် ဖေဖော်ဝါရီလစတုတ္ထပတ် နှိုင်းယှဉ်ချက် RBD P.Oil ၈၃၁ .၅၀ ၈၂၀ .၅၀ RBD P.Olein ၈၃၆ .၀၀ ၈၃၄ .၅၀ RBD P.Strarin ၇၂၁ .၀၀ ၇၃၄ .၅၀Source: econ.mpob
ရေတွက်ပုံ - ဒေါ်လာ စဉ် နေ့စွဲ CIF (ရန်ကုန်) (၁) ၂၅-၂-၂၀၁၃ ၈၈၀ (၂) ၂၆-၂-၂၀၁၃ ၈၇၅ (၃) ၂၇-၂-၂၀၁၃ ၈၇၀(၄) ၂၈-၂-၂၀၁၃ ၈၆၅ (၅) ၁-၃-၂၀၁၃ ၈၆၅ Source: ဆီကုန်သည်များအသင်း
စိုက်ဧရိယာတိုးတက်လာမှုကြောင့် စားအုန်းဆီနှင့် ပဲပုပ်ကမ္ဘာ့ထုတ်လုပ်မှု တိုးတက်တဲ့အတွက် စားအုန်းဆီဈေးနှုန်းဟာ ရက်သတ္တပတ်လေးပတ်အတွင်း အနိမ့် ဆုံးကို ရောက်ရှိခဲ့ပါတယ်။
မန်းနှမ်းရောင်စုံဈေးကွက်ကို ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှာ နယ်စုံမှ နှမ်း မျိုးစုံ ယခင်ထက် သိသိသာသာ အဝင်နည်းနေပါတယ်။ တစ်ပတ်အတွင်း ပြည်၊ အောင်လံ၊ မကွေး၊ ရွှေဘို၊ ဝက်လက်နဲ့ တိုင်းတွင်းမြို့နယ် များမှ နှမ်းမျိုးစုံ ၃ တင်းအိတ် ၈၀၀-၁၀၀၀ ကြားသာ အဝင်ရှိကာ နှမ်းညိုအနေနဲ့ အဝင်တော်တော် နည်းတယ်လို့ သိရပါတယ်။ ဈေးကွက်မှာတော့ ရောင်းလိုအားနည်းပြီး၊ ဝယ်လိုအား များနေပါတယ်။ တရုတ်လိုင်းက ဖြူ၊ နီ၊ ညို၊ နက် ဆွဲအားကောင်းနေပြီး၊ ရန်ကုန် လက်အချို့ အဝယ်လိုက်နေပါတယ်။ ဆီစက်သမား များမှလည်း နှမ်းညို အဝင်နည်း တာကြောင့် နေကြာ၊ ပန်းနှမ်း၊ မြေပဲ၊ မုံညင်းတွေ အဝယ်လိုက်နေပါတယ်။ လိုင်း သမားများအနေနဲ့ ၃ တင်းအိတ် ၁၀၀-၁၅၀ လောက်ဝယ်ယူရဖို့ ကောက်သင်း ကောက်သလို ဝယ်ယူနေရတာကြောင့် ကားတစ်စီးစာရဖို့ အချိန်ယူပြီး စုနေရပါ တယ်။ ရောင်းလိုအားများမယ်ဆိုရင် ဝယ်လိုအားကောင်းနေလို့ နှမ်းဈေးဟာ ဒီထက် အမြင့်ဈေးနဲ့ အရောင်း အဝယ်ဖြစ်နိုင်တယ်။ ဝယ်လက်ရှိပေမယ့် ပစ္စည်းအဝင်နည်း လို့ နှမ်းဈေးငြိမ်ပြီး၊ တန့်နေနိုင်တယ် လို့ နှမ်းကုန်သည် များမှ ဆိုပါတယ်။
မလေးရှား စားအုန်းဆီ ဈေး သည်ပို့ကုန်ကိန်းဂဏန်းများ ကျဆင်း တဲ့အတွက် ဖေဖော်ဝါရီ ၂၈ ရက်နေ့ က ရက်သတ္တပတ် ခြောက်ပတ် အတွင်း အနိမ့်ဆုံးကို ကျဆင်းခဲ့ပြီး၊ ဈေးနှုန်းများမှာ ခုနှစ်ရက်ဆက်တိုက် ကျဆင်းခဲ့ခြင်း ဖြစ်ပါတယ်။ နောက် ထပ် အရောင်းအဝယ် ကိစ္စများ အတွက် ရင်းနှီးမြှုပ်နှံသူတို့က အိန္ဒိယ လွှတ်တော်မှ ရလဒ်များကို သတိ ထား စောင့်မျှော်နေကြပါတယ်။
မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ဖေဖော်ဝါ ရီလနောက်ဆုံးပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၁၄၄ သန်းတန်ဖိုးရှိတဲ့ ပဲပုပ်စေ့ ၂၀၉ တန်ကျော်ကို တင်ပို့နိုင်ခဲ့ တာတွေ့ရပါတယ်။ ယခင်အပတ်က မူ ဆယ်မှ တန် ၁၃၀ နဲ့ တမူးမှ ၁ တန်ခွဲ သာ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလမှာ မူဆယ်နဲ့ တမူးနယ်စပ်စခန်းများမှ ပဲပုပ်စေ့ တန် ချိန် ၅၀၀ နီးပါး တင်ပို့ခဲ့ပြီးဖြစ်ပါတယ်။ မူဆယ် - ရွှေလီ နှစ်ဖက်ပေါက်ဈေးကို ကြည့်မယ်ဆိုလျှင် မိမိဖက် ဈေးအနည်း ငယ် လျော့နည်းသွားတာ တွေ့ရပါ တယ်-
