Main menu

Background

Monday, 21 May 2012

        မလေးရှားစားအုန်းဆီအပတ်စဉ်ပျမ်းမျှ (FOB)ဈေးနှုန်း              18-5-2012                                                      US$Ton  ဇန်နဝါရီလဒုတိယပတ် ဇန်နဝါရီလတတိယပတ် နှိုင်းယှဉ်ချက်  RBD P.Oil      1131.50      1092.00  RBD P.Olein      1148.50      1116.50  RBD P.Strarin     1120.50      1053.50  Source: econ.mpob

Thursday, 17 May 2012

              တရုတ် ဂေါ်ဖီထုပ်ဈေးနှုန်းက ယခု သုံးလအတွင်းမှာ ၇၀ ရာခိုင်နှုန်းခန့် မြင့် တက်သွားတယ်လို့ သိရပါတယ်။ ယခု အချိန်မှာ တရုတ်နိုင်ငံ တစ်ဝန်းလုံးရှိ ဒေသအတော်များများမှာ တရုတ်ဂေါ်ဖီ ထုပ်က ဝက်သား တစ်ကီလိုဂရမ်ထက် ပိုပြီး ဈေးကြီးနေပါတယ်။  အဲဒီရလဒ် ကတော့ ပြစ်တင်ဝေဖန်မှုများ ကြားရ ခြင်းပဲဖြစ်ပါတယ်။

Thursday, 17 May 2012

    အီးယူဇုန် ကြွေးပြဿနာနဲ့ ပတ်သက်လို့ ရင်းနှီးမြှုပ်နှံသူများ အကျပ်အတည်း ဖြစ်ခြင်းနဲ့ စားအုန်းဆီ ထုတ်လုပ်တင်ပို့မှု စာရင်းများ ထုတ်ပြန်မယ့် ရက်နီးကပ်လာ တဲ့အတွက် ရောင်းဝယ်မှု ငြိမ်နေတာကြောင့် မလေးရှားကုန်စည်ဒိုင် စားအုန်းဆီ ကြိုပွိုင့်ဈေး အကျနဲ့ပိတ်ကြောင်း သိရပါတယ်။ ဘာစာမလေးရှား ကုန်စည်ဒိုင်မှာ ဇူလိုင်အခြေခံစံနှုန်း စာချုပ်ဈေးက ယခင်ရက်ထက် သုည ဒသမ ၅ ရာခိုင်နှုန်း လျော့ကျပြီး၊ တစ်တန် ရင်းဂစ် ၃၃၃၅(ကန်ဒေါ်လာ ၁၀၈၆)နဲ့ ပိတ်ခဲ့တယ်လို့ သိရပါတယ်။

Thursday, 17 May 2012

    ပြည်ဈေးကွက်တွင် မြေပဲဆန်ဈေးမှာ ယခင်အပတ်ထက် ဈေးမြင့်လာတာ တွေ့ရပါတယ်။ မြေပဲဆန်ကို တရုတ်ဝယ်လက်များ ပြန်ဝယ်လာလို့ ဈေးမြင့်လာ တယ်လို့ သိရပါတယ်။ မင်းတုန်း၊ ပေါက်ခေါင်းနဲ့အောင်လံဘက်မှ တစ်နေ့ကို မြေပဲ ဆန် အိတ် ၈၀၀ ခန့်ဝင်ရောက်လာပြီး၊

Thursday, 17 May 2012

    မေလ ၂ ရက်မှ ၈ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာသုညဒသမ ၇၁၃ သန်းတန်ဖိုးရှိ နှမ်းနက် ၂၇၁ တန်ကျော်နဲ့ နှမ်းဖြူ တန် ၁၅၀ ကျော်ကို မူဆယ်မှ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၂၅ တန်ကျော် တင်ပို့မှုပိုမိုခဲ့တယ်လို့ သိရပါ တယ်။ ယခုအပတ်မှာလည်း ယခင်အပတ်နည်းတူ နှမ်းဖြူအခွံချွတ်တင်ပို့ နိုင်တာ မတွေ့ရပါဘူး။ နှစ်ဖက်မြေပြင်ပေါက်ဈေးများပြောင်းလဲမှုမရှိဘူးလို့ သိရပါတယ်။

Thursday, 17 May 2012

    ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုက သိသိသာသာ လျော့ကျလာခဲ့ပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၅၀၀ ကျော်တင်ပို့နိုင်ခဲ့ပေမယ့် ဧပြီ ၃၀ ရက်မှ မေလ ၄ ရက်အထိတစ်ပတ်အတွင်းမှာတော့နှမ်းတန် ၂၃၀ ကျော်သာ တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ ကိုရီးယား၊ စင်ကာပူနဲ့ တရုတ်တို့ကို ဖြစ်ပါ တယ်။

Thursday, 17 May 2012

    ဟင်္သာတဈေးကွက်အတွင်း ပဲပုပ် ဈေးဟာစပေါ်ခါစ ဒီဇင်ဘာလ ဒုတိယ ပတ်က တစ်တင်း ၁၅၃၀၀ ကျပ်ဈေးရှိခဲ့ ပြီး၊ ဇန်နဝါရီလဆန်းပိုင်းမှာတစ်တင်း ၁၄၈၀၀ ကျပ်နဲ့ ဈေးအနည်းငယ်ကျ ကာ ဇန်နဝါရီလ နောက်ဆုံးပတ်မှာ ၁၄၀၀၀ ကျပ်ထ ဈေးအေးခဲ့ပါတယ်။ ဖေဖော်ဝါရီလဆန်းပိုင်းမှာတော့တစ်တင်း ၁၄၅၀၀ ကျပ်၊ ဖေဖော်ဝါရီလကုန်ပိုင်း မှာ ၁၅၀၀၀ ကျပ်ဈေးသို့ မြင့်သွားပြီး၊ မတ်လမှာ တစ်တင်း ၁၃၈၀၀ ကျပ် - ၁၄၂၀၀ ကျပ်နဲ့ ဈေးအတက်အကျ ရောင်းဝယ်မှု ပုံမှန်ဖြစ်ခဲ့ပါတယ်။

Thursday, 17 May 2012

    တရုတ်နိုင်ငံမှ ပဲပုပ်ဝယ်လိုအား မြင့်တက်မှုဟာ ကမ္ဘာ့  ပဲပုပ်ဈေးနှုန်း အမြင့်ဆုံးကို ရောက်ရှိဖို့  တွန်းပို့ဖွယ် ရှိနေပါတယ်။ လွန်ခဲ့တဲ့  ၁၀ နှစ်မှာ တရုတ်နိုင်ငံရဲ့  ပဲပုပ်တင်သွင်းမှုဟာ နှစ်စဉ် ၁၇ ရာခိုင်နှုန်း    မြင့်တက်ခဲ့ ပါတယ်။ အမေရိကန်စိုက်ပျိုးရေးဌာန USDA  ရဲ့ခန့်မှန်းချက်အရအမေရိကန် ပဲပုပ်သိုလှောင်လက်ကျန်ဟာ တင်ပို့မှု တိုးတက်နေတာကြောင့် ၁၉၆၅ ခုနှစ် နောက်ပိုင်း အနိမ့်ဆုံးကို ကျဆင်းလာ ဖွယ် ရှိပါတယ်။

Wednesday, 16 May 2012

        မလေးရှားစားအုန်းဆီအပတ်စဉ်ပျမ်းမျှ (FOB)ဈေးနှုန်း              11-5-2012                                                      US$Ton  ဇန်နဝါရီလဒုတိယပတ် ဇန်နဝါရီလတတိယပတ် နှိုင်းယှဉ်ချက်  RBD P.Oil      1162.50      1131.50  RBD P.Olein      1163.50      1148.50  RBD P.Strarin     1132.00       1120.50  Source: econ.mpob

Wednesday, 16 May 2012

        စားအုန်းဆီဈေးနှုန်းများ(၇-၅-၂၀၁၂ မှ ၁၁-၅-၂၀၁၂ နေ့ထိ)                            ရေတွက်ပုံ - ဒေါ်လာ စဉ် နေ့စွဲ  CIF (ရန်ကုန်)      Cloud Point 10.C Max   (1) ၇-၅-၂၀၁၂           1190 (2) ၈-၅-၂၀၁၂           1190 (3) ၉-၅-၂၀၁၂           1180 (4) ၁၀-၅-၂၀၁၂           1180 (5) ၁၁-၅-၂၀၁၂           1175                    Source: ဆီကုန်သည်များအသင်း   

Pages