Background
ပြည်တွင်းဆီဈေးနှုန်း (၈-၃-၂၀၁၂) ကျပ်/ပိဿာ မြို့အမည် ပဲဆီ နှမ်းဆီ စားအုန်းဆီ ယခင် ယခု နှိုင်းယှဉ်ချက် ယခင် ယခု နှိုင်းယှဉ်ချက် ယခင် ယခု နှိုင်းယှဉ်ချက် နေပြည်တော် (ပျဉ်းမနား) 3400 3400 2800 2800 1900 1900 ရန်ကုန် 3500 3500 2500 2500 1720 1730 မန္တလေး 3200 3200 2550 2500 1930 1910 ပဲခူး 3300 3300 2700 2700 1800 1800 မကွေး 3300 3300 2600 2600 1850 1850 မုံရွာ 3450 3450 2650 2650 1900 1930 တောင်ကြီး 2900 2900 2600 2400 2000 2000 စစ်တွေ 3200 3200 3100 3000 1900 1900
မလေးရှားစားအုန်းဆီအပတ်စဉ်ပျမ်းမျှ (FOB)ဈေးနှုန်း 9-3-2012 US$Ton ဇန်နဝါရီလဒုတိယပတ် ဇန်နဝါရီလတတိယပတ် နှိုင်းယှဉ်ချက် RBD P.Oil 1071.00 1093.50 RBD P.Olein 1100.00 1116.00 RBD P.Strarin 991.00 1006.00 Source: econ.mpob
တစ်လအတွင်း မြေပဲဆီဈေး မြင့်တက်လာခြင်းက ဂူဂျာရတ်ရှိ ဆီစက်လုပ်ငန်းရှင် များအနေနဲ့ ၎င်းတို့ထုတ်လုပ်မှုကိုလျှော့ချပေးဖို့ ဖြစ်စေသလိုအချို့သော ဆီစက်လုပ်ငန်း ရှင်များလည်း စက်လည်ပတ်မှုရပ်ရတဲ့တိုင် ဖြစ်စေတယ်လို့ သိရပါတယ်။ ၉၀ ရာခိုင်နှုန်း ကျော်တဲ့ ဆီစက်များက ပိတ်ဖို့ဖြစ်လာပြီး ကျန်ဆီစက်များမှာလည်း တစ်ပတ်အတွင်း အချိန်ပိုင်းသာလည်ပတ်ကြရတယ်လို့ သိရပါတယ်။
ပြည်ဈေးကွက်မှာ ယခုအချိန် နှမ်းအဝင်မရှိလို့ လှောင်နှမ်းများကိုထုတ်ကာ ရောင်းဝယ်နေလို့ နှမ်းဈေးမှာ ယခင်အပတ်ထက် ဈေးမြင့်လာတာတွေ့ရပါတယ်။ လက်ကျန်နည်းနေပြီဖြစ်တဲ့ နှမ်းနီကို ဆီစက်သမားများမှ ပုံမှန်အဝယ်ရှိခြင်း၊ နှမ်း နက်ကို တရုတ်ပြည်ဝယ်လက်များမှ အဝယ်ရှိခြင်းကြောင့် နှမ်းဈေးမြင့်လာတာ တွေ့ရပါတယ်။
ပဲခူးတိုင်းဒေသကြီး ပြည်ဈေး ကွက် အတွင်း ပဲပုပ်လက်ကျန်များ အနည်းငယ်ရှိခဲ့သော်လည်း နေ့စဉ် အရောင်းအဝယ်မဖြစ်ခဲ့ဘူးလို့ သိရပါ တယ်။ မြို့တွင်း လက်လီသမားများသာ အနည်းငယ် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ရန်ကုန်ဝယ်လက်များကတော့ တစ်ခါ တရံမှ အိတ် ၂၀၀-၃၀၀ ခန့်အဝယ်ရှိ တယ်လို့ သိရပါတယ်။
မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ သုည ဒသမ ၀၉၅ သန်း တန်ဖိုးရှိ ပဲပုပ်စေ့ ၁၃၈ တန်ကျော် တင်ပို့နိုင်ခဲ့ပြီး ယခင်အပတ် က ထက်တန် ၂၀ ကျော် အပို့ပိုခဲ့ပါ တယ်။ ဖေဖော်ဝါရီလမှာ ပဲပုပ်စေ့ ၃၆၈ တန်ကျော် တင်ပို့ခဲ့ပြီး ဧပြီလမှ ဖေဖော် ဝါရီလကုန်ထိပဲပုပ်စေ့တန် ၁၁၀၀ နီးပါး နယ်စပ်မှ တင်ပို့ထားပြီး ဖြစ်ပါတယ်။
မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ်၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၅၇၅ သန်းတန်ဖိုးရှိ နှမ်းနက် တန် ၂၇၀ ခန့်၊ နှမ်းဖြူ ၁၂၁ တန်ကျော်နဲ့ နှမ်းဖြူ(အခွံချွတ်) ၁၈ တန်ခွဲကို ဖေဖေါ်ဝါရီလ ၂၉ ရက်မှ မတ်လ ၆ ရက်ထိကာလအတွင်းမှာ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၃၂၂ တန်သာ တင်ပို့ခဲ့တာမို့ ယခုအပတ် မှာ ၈၈ တန်ခန့် တင်ပို့မှု ပိုမိုခဲ့တာ ဖြစ်ပါတယ်။
ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုမှာ ယခုတစ်ပတ်လည်း တန် ၄၅၀ ကျော်သာရှိလို့ ယခုလပိုင်း အပတ်စဉ်တင်ပို့မှုမှာ တန် ၅၀၀ အောက်မှာသာရှိနေကြောင်း သိရပါတယ်။ ဒီတစ်ပတ်မှာလည်း စင်ကာပူ၊ ဂျပန်နဲ့ ကိုရီးယားတို့ကို တင်ပို့ပါတယ်။
ဥရောပဗဟိုဘဏ်မှ ဥရောပဘဏ်များကို အတိုးနှုန်းသက်သာတဲ့ချေးငွေထုတ် ချေးဖို့ မျှော်လင့်ချက်ရှိပေမယ့် ပြည်ပဝယ်လိုအားနှေးကွေးခြင်း၊ ရင်းဂစ် တန်ဖိုး ခိုင်မာခြင်းတို့ကြောင့် မလေးရှားစားအုန်းဆီကြမ်းဈေး ကျဆင်းခဲ့ပါတယ်။ ဘာစာ မလေးရှားကုန်စည်ဒိုင်မှာ ဖေဖော်ဝါရီလ ၂၇ ရက်၊ မေလစာချုပ်ဈေးက သုည ဒသမ ၈ ရာခိုင်နှုန်း လျော့ကျပြီး တစ်တန်ရင်းဂစ် ၃၂၇၀(ကန်ဒေါ်လာ ၁၀၉၀) ဖြစ်လာပါတယ်။
တောင်ကြီးဈေးကွက်မှာ ပန်းနှမ်းဈေးမှာ အနည်းငယ်တက်လာပါတယ်။ အဝင်လည်း အနည်းငယ် နည်းလာတဲ့အတွက် ဈေးတက်လာတယ်လို့ သိရပါတယ်။ ပန်းနှမ်းတစ်ပိဿာ ၉၄၀ ကျပ် - ၉၅၀ ကျပ်ဈေးရှိ ပါတယ်။ လက်ကျန်နည်းလာ ပေမယ့် ပုံမှန်အဝင်တော့ရှိနေပါတယ်။ တောင်ကြီးဈေးကွက်မှ ဒေသတွင်း ဆီစက်များကို တစ်ပတ်ကုန်ချိန် လေးသောင်း၊ ငါးသောင်းခန့် အရောင်း အဝယ် ဖြစ်ပြီး၊ အောင်ပန်းဈေးကွက်မှ တစ်ဆင့် မန္တလေးမြင်းခြံဘက်သို့ တစ်ပတ် အိတ် ၁၀၀၀ -၁၅၀၀ ကြားစီးဆင်းခဲ့တယ်လို့ သိရပါတယ်။ SYH
