Background
စားအုန်းဆီဈေးနှုန်းများ(၁၆-၁-၂၀၁၂ မှ ၂၀-၁-၂၀၁၂ နေ့ထိ) ရေတွက်ပုံ - ဒေါ်လာ စဉ် နေ့စွဲ CIF(ရန်ကုန်) CIF(ရန်ကုန်) Cloud Point 10.C Max Cloud Point 8.C Max (1) ၁၆-၁-၂၀၁၂ 1090 1115 (2) ၁၇-၁-၂၀၁၂ 1095 1120 (3) ၁၈-၁-၂၀၁၂ 1095 1120 (4) ၁၉-၁-၂၀၁၂ 1090 1115 (5) ၂၀-၁-၂၀၁၂ 1095 1120 Source: ဆီကုန်သည်များအသင်း
မလေးရှားစားအုန်းဆီအပတ်စဉ်ပျမ်းမျှ (FOB)ဈေးနှုန်း 20-1-2012 US$Ton ဇန်နဝါရီလဒုတိယပတ် ဇန်နဝါရီလတတိယပတ် နှိုင်းယှဉ်ချက် RBD P.Oil 2048.00 1058.50 RBD P.Olein 1074.00 1066.00 RBD P.Strarin 955.50 951.50 Source: econ.mpob
ဥရောပဇုန် ကြွေးမြီအကျပ်အတည်းအပေါ် စိုးရိမ်နေရမှုကြာရှည်နေခြင်းကို ရင်းနှီးမြုပ်နှံသူတွေ ဂရုစိုက်မှုလျှော့လာတဲ့အပြင် တောင်အမေရိကားမှာရှိတဲ့ အဓိက ပဲပုပ်ထုတ်လုပ်တဲ့နိုင်ငံတွေမှာ ရာသီဥတုဆိုးဝါး လာတဲ့အပေါ် အလေးထား စောင့် ကြည့်လာကြတာကြောင့် ဇန်နဝါရီလ ၁၈ ရက်မှာ မလေးရှားစားအုန်းဆီ ကြိုပွိုင့် ဈေး မြင့်တက်လာခဲ့ပါတယ်။
မန္တလေးမြို့ရဲ့ ပွဲစားကုန်သည်စက်ပိုင်များနဲ့ ကထိန်တော်အသင်းကြီးရဲ့ အရောင်းအဝယ်ဖြစ်မှုမှာ ဒီလအတွင်း နှမ်းဖြူဈေးအသင့်အတင့်ရှိခဲ့တာကြောင့် ရောင်းဝယ်တဲ့ ပွဲစားကုန်သည်လှောင်လက်နဲ့ ဝယ်လိုတဲ့ ကုန်သည်များရဲ့ လက်မှာ ရောင်းဝယ်မှုအသင့်အတင့် ဖြစ်ခဲ့တာကို တွေ့ရပါတယ်။
ဇန်နဝါရီလ ၁၁ ရက်မှ ၁၇ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၃ သန်း ကျော် တန်ဖိုးရှိ နှမ်း တန်ချိန်၂၁၉၀ ကျော် မူဆယ်နယ်စပ်မှ အပို့ရှိခဲ့ပါတယ်။ နှမ်းအရောင်အလိုက် တင်ပို့နိုင်မှုတွေကတော့ နှမ်းဖြူ ၁၁၅၄ တန်၊ နှမ်းနက် ၉၇၂ တန်ဝန်းကျင်နဲ့ နှမ်းဖြူ (အခွံချွတ်) ၆၄ တန်ကျော် အသီးသီးဖြစ်ပါတယ်။
ပင်လယ်ရေကြောင်းက နှမ်းရောင်စုံများ ဂျပန်နဲ့ ကိုရီးယားကို ပုံမှန်တင်ပို့မှု ရှိနေပါတယ်။ယခင်တစ်ပတ်ကနှမ်းစုစုပေါင်း တန်ချိန်၇၅၀ ခန့် တင်ပို့မှုရှိခဲ့ပြီး ယခု တစ်ပတ် (ဇန်နဝါရီလ ၉ ရက်မှ ၁၃ ရက်) အတွင်းမှာတော့ တန်ချိန် ၈၀၀ နီးပါး တင်ပို့ခဲ့ပါတယ်။ အများစုကတော့ ဂျပန်နဲ့ ကိုရီးယားကိုဖြစ်ပြီး တရုတ်နိုင်ငံကိုလည်း အနည်းငယ် တင်ပို့ခဲ့ကြောင်း သိရပါတယ်။
ပြည်ဈေးကွက်အတွင်းသို့ ပဲပုပ် အသစ်များ နေ့စဉ်ဝင်ရောက်ခဲ့ရာ ယခု တစ်ပတ်မှာ အိတ် ၄၀၀ ကျော်၊ ၅၀၀ အထိ အဝင်များလာပါတယ်။ ပဲပုပ် အသစ်များမှာ ကြို့ပင်ကောက်၊ နတ် တလင်း၊ တာပွန်၊ ပေါင်းတလည် မြို့ နယ်တို့မှ ပြည်ဈေးကွက်သို့ ဝင်ရာက် ခဲ့တာဖြစ်ပါတယ်။ ပြည်မှတစ်ဆင့် ရန်ကုန်သို့တင်ပို့ခဲ့ပြီး၊ ယခုတစ်ပတ် အတွင်း အိတ် ၁၅၀ ကျော်ရှိပြီး၊ ပဲပုပ် ဈေးမှာ တစ်တင်း ၁၂၅၀၀ ကျပ်ဖြင့် ယခင်အပတ်က ဈေးထက် ထပ်မံ ကျဆင်းလာခဲ့ကြောင်း သိရပါတယ်။ဆုမွန်ဆွေ
ယခုအပတ်တွင် ဟင်္သာတ ပဲ ဈေးကွက်ကို ပဲပုပ်သစ်များ ဝင်ရောက် လျက်ရှိပြီး အရောင်းလည်း သွက်နေ ပါတယ်။ ပဲပုပ်တစ်တင်းဈေးနှုန်းမှာ ယခင်အပတ်က ၁၃၄၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခု အပတ် မှာ ၁၃၀၀၀ ကျပ်နဲ့ အရောင်း အဝယ် ပြုလုပ်နေကြောင်း သိရှိရပါတယ်။ ပဲပုပ်ဈေးအေးသွားသော်လည်း ပြည် တွင်းစီးထွက်မှုအနေနဲ့ နေ့စဉ်ဖြစ်ပေါ် နေတဲ့ဈေးနှုန်းများဖြင့် ရန်ကုန် ဘုရင့် နောင်ဈေးကွက်သို့ ပျမ်းမျှအိတ် ၄၀၀ ခန့် တင်ပို့နိုင်တယ်လို့ သိရပါတယ်။ အေးအေးခိုင်
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး ဇုန်မှတစ်ဆင့် ၂၀၁၂ ဇန်နဝါရီလ ၁၁ ရက်မှ ၁၇ ရက်အထိ ကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၀၀၇ သန်း တန်ဖိုးရှိ ပဲပုပ်စေ့ ၁၀ တန်ကျော် အပို့ ရှိခဲ့ဲ့ပါတယ် -
ပြည်တွင်းဆီဈေးနှုန်း (၁၉-၁-၂၀၁၂) ကျပ်/ပိဿာ မြို့အမည် ပဲဆီ နှမ်းဆီ စားအုန်းဆီ ယခင် ယခု နှိုင်းယှဉ်ချက် ယခင် ယခု နှိုင်းယှဉ်ချက် ယခင် ယခု နှိုင်းယှဉ်ချက် နေပြည်တော် (ပျဉ်းမနား) 3400 3400 2800 2800 1900 1900 ရန်ကုန် 3500 3500 2700 2700 1665 1700 မန္တလေး 3000 3100 2350 2400 1820 1830 ပဲခူး 3300 3300 2800 2800 1800 1800 မကွေး 3300 3200 2400 2500 1830 1820 မုံရွာ 3300 3250 2500 2550 1850 1870 တောင်ကြီး 3000 3000 2400 2400 1950 1950 စစ်တွေ 3400 3400 3100 3100 1900 1900
