Background
ယခုတစ်ပတ် မုံရွာကုန်စည်ဒိုင်ဈေးကွက်မှာ မြောင်နယ်၊ ချောင်းဦးနဲ့ဘုတလင်နယ်ဘက်က မိုးမြေပဲသစ်တွေ ပေါ်ပြီး မုံရွာဈေးကွက်ထဲ အနည်းအကျဉ်းဝင်ရောက်လာခဲ့ပါတယ်။ ဈေးကွက်မှာတော့ မြေပဲလုံးဆံအဟောင်း တစ်တင်း ၂၈၅၀၀ ကျပ်မှာငြိမ်နေပြီး အသစ်ကတော့ တစ်တင်း ၂၆၀၀၀ ကျပ်ဈေးဖွင့်လာပါတယ်။ ယခုတစ်ပတ် ရာသီဥတုအခြေအနေအရ မိုးအဆက်မပြတ်ရွာနေလို့ နှမ်းဈေးလည်းအေးခဲ့ရာ နှမ်းညိုတစ်တင်း ၁၉၃၀၀ ကျပ်၊ နှမ်းဝါ၊ နှမ်းနီတစ်တင်း ၂၀၂၀၀ ကျပ်၊ နှမ်းဖြူတစ်တင်း ၂၁၅၀၀ ကျပ်နဲ့ အမြင့်ဆုံးဈေးပေါက်ခဲ့ကြပါတယ်။ မြေပဲနဲ့နှမ်း ဈေးအေးခဲ့လို့ ယခုတစ်ပတ်မှာ ဆီဈေး လည်းအေးခဲ့ရာ ပဲဆီတစ်ပိဿာ ၃၀၅၀ ကျပ်၊ နှမ်းဆီတစ်ပိဿာ ၂၄၅၀ ကျပ်နဲ့ စားအုန်းဆီတစ်ပိဿာ ၁၈၀၀ ကျပ် အသီးသီးအနိမ့်ဈေးဖြစ်ပေါ်ခဲ့ပါတယ်။ ဆီထွက်သီးနှံစီးဆင်းမှုအနေနဲ့ ယခုတစ်ပတ်အတွင်း မန္တလေးကို မြေပဲတင်း ၅၀၀၊ ပခုက္ကူကို တင်း ၁၀၀၀၊ ရန်ကုန်ကို တင်း ၃၀၀ စီးထွက်ခဲ့ပြီး နှမ်းစီးဆင်းမှု အနေနဲ့ တစ်ပတ်အတွင်း တင်း ၁၆၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။ ထွန်းလှိုင်
စက်တင်ဘာလ ၂၈ ရက် မှ အောက်တိုဘာလ ၄ ရက်ထိကာလအတွင်း မူဆယ်၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် ကန်ဒေါ်လာ ၂ ဒသမ ၀၆၅ သန်း တန်ဖိုးရှိ နှမ်းဖြူ ၁၆၀၉ တန်၊ ကန်ဒေါ်လာ ၂ ဒသမ ၅၂၂ သန်း တန်ဖိုးရှိ နှမ်းနက် ၁၇၁၄ တန်၊ ကန်ဒေါ်လာ သုည ဒသမ ၃၅၂ သန်း တန်ဖိုးရှိ နှမ်းဖြူအခွံချွတ် ၂၅၁ တန်ကျော် အပို့ရှိခဲ့ပါတယ်။ စက်တင်ဘာလအတွင်း နယ်စပ်မှ နှမ်း ၁၆၃၇၃ တန်ကျော်နဲ့ ဧပြီလမှ စက်တင်ဘာလထိ တန်ချိန် ၃၀၈၉၈ ခန့် တင်ပို့ထားပြီးဖြစ်ပါတယ်။ မိမိဘက်မြေပြင်ဈေးများ အနည်းငယ်မြင့် တက်လျက်ရှိပြီး တစ်ဖက်နိုင်ငံဈေးကတော့ ကျလျက်ရှိပါတယ်။ မိမိဘက် နဲ့ တစ်ဘက်နိုင်ငံ နှမ်းဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %နှမ်းဖြူ ၉၈၅၀၀၀ ၈၈၆၆၉၆ ၉၈၃၀၄ ၁၁ ၁၃၁၈ ၁၃၃၁ ၁၃ ၁နှမ်းနက် ၁၀၉၀၀၀၀ ၁၀၇၅၈၅၁ ၁၄၁၄၉ ၁ ၁၄၁၁ ၁၄၅၆ ၄၅ ၃MIRT-MAPT
ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုအနေနဲ့ ယခင်သီတင်းပတ်က တန်ချိန် ၁၈၅၀ ကျော်ထိ တိုးတက်ခဲ့ရာမှ စက်တင်ဘာလကုန်နောက်ဆုံးပတ်မှာ တန်ချိန် ၈၀၀ ကို ပြန်လည်လျော့ကျခဲ့ပါတယ်။ ယခုနှစ် စက်တင်ဘာလ တစ်လလုံးမှာ နှမ်းတန်ချိန် ၄၈၀၀ ကျော် တင်ပို့မှုရှိခဲ့ပြီး သြဂုတ်လမှာ တန်ချိန်၂၃၄၀ ခန့် တင်ပို့ခဲ့ပါတယ်။ ၂၀၁၀ စက်တင်ဘာ အတွင်းမှာလည်း နှမ်းတန်ချိန် ၄၇၇၀ ခန့်တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ၂၀၁၁-၁၂ဘဏ္ဍာနှစ်စက်တင်ဘာလအထိ နှမ်းတင်ပို့ပြီးစီးမှုဟာ တန်ချိန် ၄၄၀၀၀ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလ တူမှာ တန်ချိန် ၃၄၀၀၀ ခန့်ရှိလို့ ယခုနှစ်မှာ ပိုမိုတင်ပို့ပြီးတာ တွေ့ရပါတယ်။ ရန်ကုန် FOB ဈေးများအနေနဲ့ အောက်တိုဘာလ ၇ ရက်နေ့ဈေးမှာ သိပ္ပံနှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၈၀၀-၁၉၀၀၊ နှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၄၅၀-၁၅၀၀၊ နှမ်းဖြူ တစ်တန် ကန်ဒေါ်လာ ၁၃၀၀-၁၃၅၀၊ နှမ်းနီ နဲ့ နှမ်းညို တစ်တန် ကန်ဒေါ်လာ ၁၂၂၅-၁၂၇၅ အသီးသီးရှိပါတယ်။ MIRT-MAPT
စားအုန်းဆီဈေးနှုန်းများ(၃-၁၀-၂၀၁၁ မှ ၇-၁၀-၂၀၁၁ နေ့ထိ) စဉ် နေ့စွဲ CIF(ရန်ကုန်) CIF(ရန်ကုန်) Cloud Point 10.C Max Cloud Point 8.C Max(၁) ၃-၁၀-၂၀၁၁ ၁၀၂၀ ၁၀၆၀(၂) ၄-၁၀-၂၀၁၁ ၁၀၂၅ ၁၀၅၀(၃) ၅-၁၀-၂၀၁၁ ၁၀၂၅ ၁၀၄၀(၄) ၆-၁၀-၂၀၁၁ ၁၀၂၀ ၁၀၂၅(၅) ၇-၁၀-၂၀၁၁ ၁၀၁၀ ၁၀၂၅Source: ဆီကုန်သည်များအသင်း
မလေးရှားစားအုန်းဆီအပတ်စဉ်ပျမ်းမျှ(FOB)ဈေးနှုန်း၇-၁၀-၂၀၁၁ US$/Ton စက်တင်ဘာလစတုတ္ထပတ် အောက်တိုဘာလပထမပတ် နှိုင်းယှဉ်ချက်RBD P.Oil ၁၀၂၃ .၀၀ ၉၈၃ .၀၀RBD P.Olein ၁၀၄၅ .၀၀ ၉၉၂ .၅၀RBD P.Strarin ၈၄၇ .၀၀ ၈၃၆ .၅၀Source: econ.mpob
ကမ္ဘာ့စီးပွားရေးနှေးကွေးတဲ့ အလားအလာကြောင့် ကုန်စည်ဝယ်လိုအား နည်းလာခြင်းနဲ့အတူ ချီကာကိုမှာ ပဲပုပ်ဆီဈေးကျဆင်းလာတဲ့အတွက် ဘာစာ မလေးရှားကုန်စည်ဒိုင်မှာ အောက်တိုဘာလ ၅ ရက်နေ့ စားအုန်းဆီ ကြမ်းကြိုပွိုင့် ဈေးဟာ ၂၀၁၁ ခုနှစ်မှာ အနိမ့်ဆုံးကို ကျဆင်းခဲ့ပါတယ်။ ဒီဇင်ဘာလ စာချုပ်ဈေး ဟာ ယခင်နေ့ထက် သုည ဒသမ ၉ ရာခိုင်နှုန်းကျဆင်းပြီး၊ တစ်တန်ကို ရင်းဂစ် ၂၇၈၀ (ကန်ဒေါ်လာ ၈၇၂)ဈေးဖြစ်ခဲ့ပါတယ်။ ချီကာကိုမှာ ဒီဇင်ဘာလ ပဲပုပ်ဆီဈေးဟာ ၂ ရာခိုင်နှုန်းကျဆင်းပြီး၊ တစ်ပေါင်ကို ကန်ဒေါ်လာ ၄၉ ဆင့် (တစ်တန် ကန်ဒေါ်လာ ၁၀၈၀)ဈေးဖြစ်ခဲ့ပါတယ်။ ရေနံဈေးနဲ့ ပဲပုပ်ဆီဈေးကျဆင်းခြင်းကြောင့် သိုလှောင်မှုမြင့်တက်ပြီး ဝယ်လို အားနည်းနေတဲ့ စားအုန်းဆီဈေးလည်း ကျဆင်းလာတာဖြစ်ပါတယ်။ မလေးရှားနိုင်ငံရဲ့ စက်တင်ဘာလကုန် စားအုန်းဆီသိုလှောင်မှုဟာ တန်ချိန် ၂ သန်းနီးပါးထိရှိလာပြီး၊ သြဂုတ်လကုန်မှာ တန်ချိန် ၁ ဒသမ ၈၈ သန်းရှိခဲ့ပါတယ်။ စားအုန်းဆီအဓိက စားသုံးတဲ့ အိန္ဒိယမှာလည်း ယခုလကုန်မှာ ဒီဝါလီပွဲတော်ပြီးရင် ဝယ်လိုအားကျဆင်းဖွယ်ရှိတာကြောင့် အောက်တိုဘာလ မလေးရှားစားအုန်းဆီ သိုလှောင်မှု ထပ်မံတိုးတက်နိုင်တယ်လို့ ဆိုပါတယ်။ ဈေးကွက်မှ ကမ္ဘာ့စီးပွားရေးအကြီးဆုံး အမေရိကန်ရဲ့အခြေအနေကို စောင့် ကြည့်နေကြပါတယ်။ တရုတ်နိုင်ငံ ဒေလီယံကုန်စည်ဒိုင်ဟာလည်း အမျိုးသားပိတ် ရက်ရှည်အပြီး လာမယ့်တနင်္လာနေ့မှာ ပြန်လည်ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ ဈေးပြန်ဖွင့်ပါက စားအုန်းဆီဈေးကွက်ကို အထောက်အပံ့ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ လက်ငင်း ဈေးကွက်မှာ မလေးရှားဆိပ်ကမ်း FOB ဈေးဟာ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လအတွက် သန့်စင်ပြီး စားအုန်းဆီ(Refined Palm Olein) ဈေးဟာ တစ်တန် ကန်ဒေါ်လာ ၉၄၂ ဒသမ ၅၀ နဲ့ ဧပြီ၊ မေ၊ ဇွန်လဈေးဟာ ကန် ဒေါ်လာ ၉၄၂ - ၉၄၅ ဒသမ ၅၀ ရှိပါတယ်။ ချက်ချင်းတင်ပို့ရမယ့် စားအုန်းဆီ ကြမ်းလက်ငင်းဈေးကတော့ ရင်းဂစ် ၂၀ လျော့ကျပြီး ရင်းဂစ် ၂၈၃၀ (ကန်ဒေါ်လာ ၈၈၈)ဈေးရှိတယ်လို့ သိရပါတယ်။ ယုဇန Source: palmoilhq.com
ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ၂၀၁၁ ခုနှစ်၊ မေလမှစ တင်၍ ပုဂ္ဂလိကကုမ္ပဏီများကို ပြည်ပ မှ စားအုန်းဆီများ တင်သွင်း၍ ဈေး ကွက်အတွင်း ဖြန့်ဖြူးရောင်းချပေး လျက်ရှိပါတယ်။ စားအုန်းဆီတင်သွင်းရာမှာ တင်ပို့ နိုင်ငံ၏ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စားသုံးရန် သင့်လျော်ကြောင်း ထောက် ခံချက် ပါဝင်ရမှာဖြစ်သလို Third Party စစ်ဆေးရေးအဖွဲ့ စစ်ဆေးမှုများ ပါဝင်ရမှာဖြစ်ပြီး သင်္ဘောရောက်ရှိလာ ချိန်မှာလည်း စစ်ဆေးရေး (Survey) အဖွဲ့များက နမူနာရယူ၍ အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနသို့ ပေးပို့ရမှာဖြစ်ပါတယ်။ အဲဒီအဖွဲ့က နေအများပြည်သူအတွက် စားသုံးရန် သင့် လျော်ကြောင်း ထောက်ခံချက်ရရှိမှ သာ ဖြန့်ဖြူးရမှာဖြစ်ပါတယ်။ မကြာမီရက်အတွင်းက ကုမ္ပဏီ တစ်ခုကနေ တင်သွင်းလာတဲ့ စားအုန်းဆီများကို ပြည်တွင်းမှာ ပုံမှန်အတိုင်း ဖြန့်ဖြူးရောင်းချခဲ့ရာမှာ ဈေးကွက်ထဲ မှာ အနံ့အနည်းငယ်ရရှိနေကြောင်း သတင်းရရှိတဲ့အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူများကိုယ်တိုင် ဆီသိုလှောင် ကန်ကို သွားရောက်စစ်ဆေးပြီး ထုတ် ပေးမှုကို ရပ်ဆိုင်းခဲ့တဲ့အပြင် ၎င်းင်းဆီများ ပြည်တွင်းမှာ ဖြန့်ဖြူးနေတာကိုလည်း ရပ်ဆိုင်းခိုင်းခဲ့ပါတယ်။ ယခုလိုတင်သွင်းလာတဲ့ စားအုန်း ဆီများမှာ အနံ့အနည်းငယ်ရရှိခဲ့တာနဲ့ ပတ်သက်လို့ လေ့လာစုံစမ်းခဲ့ရာမှာ ထုတ်လုပ်မှုဖြစ်စဉ်ကြောင့်မဟုတ်ဘဲ သယ်ယူတဲ့ သင်္ဘောအခြေအနေ၊ ကိုင်တွယ်သိုလှောင်မှုအခြေအနေ၊ ပင်လယ် ထဲမှာ ရက်ကြာမြင့်ခဲ့တဲ့အတွက် ရာသီဥတုပြောင်းလဲဖြစ်ပေါ်မှုအခြေအနေ တွေကြောင့် အနံ့ထွက်ပေါ်ခြင်းဖြစ်နိုင် တယ်လို့ ပညာရှင်များက သုံးသပ်ကြ ကြောင်း သိရှိရပါတယ်။ ယခု Prime Rose သင်္ဘောဟာ လည်း အင်ဒိုနီးရှားနိုင်ငံက တင်သွင်း လာတာဖြစ်ပြီး သက်ဆိုင်ရာကျန်းမာ ရေးဝန်ကြီးဌာနရဲ့ စားသုံးရန်သင့်လျော် ကြောင်း ထောက်ခံချက်များ ပါရှိလာခဲ့ ကြောင်းနဲ့ Third Party စစ်ဆေးရေး အဖွဲ့ဖြစ်တဲ့ Intertek အဖွဲ့ရဲ့ စစ်ဆေး ချက်အရFFA 0.064 PCT, Iodine Value 56.38, Melting Point 22.8 C, Colour 2.7 Red ရှိကြောင်း သင်္ဘောတင် စစ်ဆေးချက်များ ပြည့်စုံ စွာပါရှိလာပြီး တင်သွင်းခဲ့တယ်လို့ သိရှိ ခဲ့ပါတယ်။ သင်္ဘောရောက်ရှိလာချိန်မှာ MITS စစ်ဆေး၍ နမူနာရယူပြီး ကျန်းမာရေးဝန်ကြီးဌာန၊ အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) သို့ ပေးပို့ခဲ့ပါတယ်။ ဒါ့အပြင် (FDA) တာဝန်ရှိသူများမှဆီလှောင်ကန်နဲ့ တင်သွင်းလာတဲ့ သင်္ဘောကို ကိုယ်တိုင် လာရောက်စစ်ဆေးခဲ့ပြီးကျန်းမာရေး ဝန်ကြီးဌာနမှ လူအများစားသုံးရန် သင့်လျော်ကြောင်း ထောက်ခံချက်ကို လည်း ရရှိခဲ့ပါတယ်။ အနံ့အနည်းငယ် ထွက်ပေါ်နေတာကို အပူပေးခြင်း၊ လေသလပ်ခံခြင်းများ ပြုလုပ်ပါက အနံ့ များပျောက်သွားကြောင်း စစ်ဆေးတွေ့ ရှိရပါတယ်။ စားအုန်းဆီတင်သွင်းမှုနဲ့ ပတ်သက်လို့ သက်ဆိုင်ရာဝန်ကြီးဌာန က အရည်အသွေးစံချိန်စံညွှန်းများ မှန်ကန်ရေးနဲ့ စည်းစနစ်ကျနစွာ တင်သွင်းရေးကို ကြပ်မတ်ဆောင်ရွက်လျက် ရှိကြောင်းလည်း သိရှိရပါတယ်။ ဒါကြောင့် စားအုန်းဆီများ တင်သွင်းတဲ့ နေရာမှာ သတ်မှတ်ထားတဲ့ စံချိန်စံ ညွှန်းများ၊ စည်းမျဉ်းစည်းကမ်းများနဲ့ အညီ စနစ်တကျဆောင်ရွက်သွားရန် လိုကြောင်းနဲ့ ယခုရောက်ရှိတဲ့ ဆီများနဲ့ ပတ်သက်လို့ စားသုံးသူပြည်သူများ အနေနဲ့ စိတ်ပူပန်မှုမရှိဘဲ စိတ်လက် ချမ်းသာစွာ ဝယ်ယူစားသုံးနိုင်တယ်လို့ သတင်းရရှိကြောင်းတင်ပြလိုက်ပါတယ်။
စားသုံးမှု မြင့်တက်တာကြောင့် တရုတ်နိုင်ငံ ပဲပုပ်နဲ့မုန်ညှင်းဆီ တင်သွင်းမှုမြင့်တက် တရုတ်နိုင်ငံဟာ ပြည်တွင်းလိုအပ်ချက်ကို ပြည့်မီအောင် ထုတ်လုပ်နိုင်မှုမရှိတဲ့အတွက် ပဲပုပ်နဲ့ မုန်ညှင်းဆီ တင်သွင်းမှုမြင့်တက်ဖွယ်ရှိတယ်လို့ ဟမ်းဘတ်အခြေစိုက် သုတေသနဌာန Oil World မှ ပြောကြားပါတယ်။ အောက်တိုဘာ ၁ ရက်နေ့မှာစတင်တဲ့ ယခုနှစ်အတွင်း ပဲပုပ်၊ မုန်ညှင်းနဲ့ စားအုန်းဆီအပါအဝင် စားဆီတင်သွင်းမှုဟာ ၁၀ ရာခိုင်နှုန်း မြင့်တက်ပြီး၊ တန်ချိန် ၁၀ ဒသမ ၇ သန်းရှိမယ် လို့ ဆိုပါတယ်။ ပြည်တွင်းထုတ်လုပ်မှုဟာ ၃ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ပြီး၊ တန်ချိန် ၂၃ ဒသမ ၉ သန်းအထိ ထွက်ရှိခဲ့တဲ့တိုင် အဆီနဲ့ ဆီစားသုံးမှုက ယခုနှစ် အတွင်း ၃ ဒသမ ၉ ရာခိုင်နှုန်း အထိ မြင့်တက်မယ်လို့ ဆိုပါတယ်။ ဆီထွက်သီးနှံကဏ္ဍမှာ တရုတ်နိုင်ငံရဲ့ တင်သွင်းမှုကိုမီခိုရ မှုက သတိထားရမယ့် အနေအထားကို ရောက်ရှိလာနေတယ် လို့ ဆိုပါတယ်။ လူဦးရေတိုးပွားလာခြင်းနဲ့ ဝင်ငွေတိုးတက်လာတဲ့ နည်းတူ အသားစားသုံးမှု ပိုများလာတဲ့ စားသောက်မှုပုံစံ ပြောင်းလဲလာခြင်းတို့ကြောင့် ပြည်တွင်းမှာ ဆီနဲ့ အဆီစားသုံးမှု အလားတူ ဆီကြိတ်ဖတ်သုံးစွဲမှုလည်း သိသိသာသာမြင့်တက် နေတယ်လို့ Oil World မှ ထပ်လောင်းပြောကြားပါတယ်။ ဆီထွက်သီးနှံစိုက်ပျိုးမှုဟာ ၂၀၀၅ ခုနှစ်မှာ ဟတ်တာ ၂၉ ဒသမ ၆ သန်းအထိ အမြင့်ဆုံးကို ရောက်ရှိခဲ့ရာမှ ယခုနှစ်မှာ ယခင်နှစ်ထက် ၂ ရာခိုင်နှုန်း လျော့ကျပြီး ဟက်တာ ၂၇ ဒသမ ၁ သန်းကို ကျဆင်းဖွယ်ရှိတယ်လို့ ဆိုပါတယ်။ အထွက်နှုန်းက တော့ လျော့ကျမှုမရှိတာကြောင့် ၂၀၁၁-၂၀၁၂ ဈေးကွက် ရာသီအတွင်း ဆီထွက်သီးနှံ တန်ချိန် ၅၁ ဒသမ ၆ သန်းအထိ အနည်းငယ်တိုးဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ဆီထွက်သီးနှံစိုက်ပျိုးမှုဟာ ၂၀၀၄-၀၅ မှာ အများဆုံး စိုက်ပျိုးခဲ့ရာမှ အဲဒီနောက်ပိုင်းမှာ အခြားသီးနှံတွေကို ပြောင်းလဲစိုက်ပျိုးခြင်းနဲ့ စိုက်ပျိုးမြေလျော့နည်းလာခြင်း တို့ကြောင့် တဖြည်းဖြည်း စိုက်ပျိုးမှု လျော့ကျခဲ့ပါတယ်။ တိုးတက်မှုတစ်ခု ကတော့ မကြာခင်နှစ်များအတွင်း အထွက်နှုန်း ပိုမိုမြင့်တက် လာခဲ့ခြင်းပဲဖြစ်တယ်လို့ သုတေသန ပညာရှင်က ဆိုပါတယ်။ ဝက်သားစားသုံးမှု မြင့်တက်လာတဲ့အတွက် တရုတ်နိုင်ငံရဲ့ ဝက်မွေးမြူရေးကဏ္ဍ တိုးချဲ့လာတာကြောင့် ဆီထွက်သီးနှံမှ တိရစ္ဆာန်အစာဖတ်သုံးစွဲမှုဟာ ၅ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက် ပြီး တန်ချိန် ၆၈ ဒသမ ၇ သန်းအထိရှိလာမယ်လို့ဆိုပါတယ်။ ယခုနှစ် ဝက်သားဈေးမြင့်တက်ခဲ့ခြင်းဟာ ဝက်မွေးမြူ ရေးကဏ္ဍ သိသိသာသာတိုးချဲ့ဖို့ဖြစ်လာခဲ့ပြီး တစ်ဆက်တည်း မှာဘဲ တိရစ္ဆာန်အစာသုံးစွဲမှုလည်း တိုးတက်လာခဲ့ခြင်းဖြစ် တယ်လို့ ဆိုပါတယ်။ ယမင်းခင် Source:bloomberg.net
