Background
ဆီထွက်သီးနံှရောင်းချမှု မြင့်တက်မယ့် အလားအလာရှိခြင်းကြောင့် စားအုန်းဆီဈေးကျဆင်း ကမ္ဘာ့စားဆီ အထွက်မြင့်တက်မယ့် အလားအလာရှိခြင်း၊ စားအုန်းဆီ ဒုတိယ အများဆုံး ထုတ်လုပ်တဲ့ မလေးရှားနိုင်ငံရဲ့ စားအုန်းဆီထုတ်လုပ်မှုက မေလအတွင်း ၂ဝ ရာခိုင်နှုန်းအထိ တိုးတက်ခြင်းတွေကြောင့် ယခုတစ်ပတ်အတွင်း စားအုန်းဆီဈေး အနိမ့်ဆုံးကို ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ မလေးရှားကုန်စည်ဒိုင်မှာ သြဂုတ်လ ပို့ရမယ့် စားအုန်းဆီဈေးဟာ ၁ ရာခိုင်နှုန်းကျဆင်းပြီး တစ်တန်ကို ကန်ဒေါ်လာ ၁၁၁၇ ဖြစ်ခဲ့လို့ မေလ ၂၃ ရက်နောက်ပိုင်း အနိမ့်ဆုံးကို ကျဆင်းခဲ့ပါတယ်။ ဘရာဇီးနိုင်ငံက သီးနံှအထွက်မြင့်တက်ခြင်းက ကမ္ဘာ့ထုတ်လုပ်မှုကို တိုးတက် စေတာကြောင့် စက်တင်ဘာလအထိ ယခုနှစ်အတွင်း ကမ္ဘာ့ဆီထွက်သီးနံှ ထုတ်လုပ်မှုဟာ ၁ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်မယ်လို့ ဇွန်လ ၁ ရက်နေ့ Oil World အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဧပြီလအတွင်း မလေးရှားစားအုန်းဆီ ထုတ်လုပ်မှု ဟာ မတ်လထက် ၈ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၁ ဒသမ ၅၃ သန်း ရှိမယ်လို့ မေလ ၁ဝ ရက်နေ့က နိုင်ငံရဲ့ စားအုန်းဆီအဖွဲ့က ဆိုပါတယ်။ မေလစာရင်းကိုတော့ ဇွန်လ ၁ဝ ရက်နေ့မှာ ထုတ်ပြန်မယ်လို့ သိရပါတယ်။ ဆီထွက်သီးနံှ ၇ မျိုးရဲ့ စုစုပေါင်း ထုတ်လုပ်မှုဟာ ယခင်နှစ်ထက် တန်ချိန် ၇ ဒသမ ၇ သန်းပိုမိုပြီး စုစုပေါင်းတန်ချိန် ၄၄၁ ဒသမ ၂ သန်းထွက်မယ်လို့ Oil World က ဆိုပါတယ်။ ဘရာဇီးရဲ့ ပဲပုပ်ထွက်ရှိမှုဟာ ယခုနှစ် အစောပိုင်း ခန့်မှန်းတာထက် ၆ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ပြီး စုစုပေါင်း တန်ချိန် ၇၃ သန်းရှိမယ်လို့ လည်း ဆိုပါတယ်။ ဝယ်လိုအားမြင့်တက်ခြင်းနဲ့ ပဲပုပ်ဈေးနှုန်းမြင့်နေခြင်းတို့ကြောင့် စားအုန်းဆီ ကြိုပွိုင့် ဈေးကျဆင်းမှု ကန့်သတ်နိုင်တယ်လို့ Commodity Links Pte မှ ဒါရိုက် တာVijay Mehta က ဆိုပါတယ်။ ဈေးနှုန်း ၂ ခုကွာခြားမှု မြင့်မားနေတာကြောင့် စားသုံးသူများဟာ ပဲပုပ်ဆီထက် စားအုန်းဆီကို ပိုဝယ်ယူကြမယ်လို့လည်း ဆိုပါတယ်။ဇူလိုင်လပို့ရမယ့် ပဲပုပ်ဆီဈေးဟာ ဝ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ပေါင်ကို ကန်ဒေါ်လာ၅၈ ဒသမ ၈၄ ဆင့် (တစ်တန်ကို ကန်ဒေါ်လာ ၁၂၉၇) ရှိပါတယ်။ ဒေလီယံကုန်စည်ဒိုင်မှာ ဇန်နဝါရီလပို့ရမယ့် စားအုန်းဆီဈေးဟာ ဝ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းပြီး တစ်တန်ကို ကန်ဒေါ်လာ ၁၄၃ဝ ရှိချိန်မှာ ကာလ တူပို့ရမယ့် ပဲပုပ်ဆီဈေးက ဝ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းပြီး တစ်တန်ကို ကန် ဒေါ်လာ ၁၅၉၁ နဲ့ ပိတ်ခဲ့တယ်လို့ သိရပါတယ်။ ယုဇန Source: bloomberg .net
ကလေး ပဲနီလုံးရိုး မန္တလေးတိုက်ရိုက်သွား မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁၁ ခု မေလအတွင်း စွန်တာနီခေါ် ပဲနီလုံးရိုး တစ်ပိဿာအနိမ့်အ မြင့်ဈေးမှာ ၆ဝဝ ကျပ်-၇ဝဝ ကျပ် ဈေးပေါက်ပြီး ကလေးမြို့မှာ ၅၅ဝ ကျပ်-၆၅ဝ ကျပ် ဈေးပေါက် ကြောင်း သိရပါတယ်။ ဒေသတွင်း စားသုံးမှုနဲ့ လက်လီသမားများ ဝယ်ယူမှုရှိလို့ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်ပျမ်းမျှ စွန်တာနီခေါ် ပဲနီလုံးရိုး တင်း ၄ဝဝ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း ကုန်စည်ဒိုင် သတင်းရပ်ကွက်က သိရပါတယ်။ ကလေးမြို့မှ စွန်တာနီခေါ် ပဲနီလုံးရိုးများ မုံရွာမြို့သို့ ဝင်ရောက်မှုရှိသလို မန္တလေးသို့ တိုက်ရိုက်တင်ပို့မှုရှိကြောင်း သိရပါတယ်။ ယခုလအတွင်း ကလေးမြို့မှ မန္တလေးသို့ ပဲနီလုံးရိုး တင်း ၈ဝဝ ကျော် စီးထွက်ခဲ့ကြောင်း သိရပါတယ်။ သန်းးသန်းးတင်
လက်လီသမားများသာ အရောင်းအဝယ်ဖြစ်တဲ့ စစ်ကိုင်းက ထောပတ်ပဲ မုံရွာကုန်စည်ဒိုင်မှာ မေလအတွင်း ထောပတ်ပဲ တစ်ပိဿာ ၆၅၈ ကျပ်နဲ့ ဈေးငြိမ်နေပြီး ယခင်နှစ် ကာလတူဈေးမှာ ၁ဝဝဝ ကျပ်ဖြစ်ကြောင်း သိရပါတယ်။ စစ်ကိုင်း၊ မြင်းမူ၊ မြောင်၊ ကနီမြို့နယ် များမှ ထောပတ်ပဲ တစ်ရက်ကို တင်း ၄ဝ-၅ဝ ခန့်သာ မုံရွာကုန်စည်ဒိုင်သို့ဝင်ရောက်ကြောင်း ကုန်သည်တစ်ဦးမှပြောပြလို့ သိရပါတယ်။ မန္တလေးမြို့မှ လက်လီသမားရဲ့ ဝယ်ယူမှုရှိလို့ ယခုလအတွင်း မုံရွာမှ မန္တလေးသို့ ထောပတ်ပဲတင်း ၁ဝဝဝ ကျော်၊ ကလေးမြို့မှ မန္တလေးသို့ ထောပတ်ပဲ တင်း ၄၅ဝ ခန့် စီးထွက်ခဲ့ကြောင်း သိရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်ကို ထောပတ်ပဲ တင်း ၅ဝ နဲ့ ၁ဝဝ ကြား အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ သန်းးသန်းးတင်
ရန်ကုန်ဝယ်လက် အဝယ်ရှိလာတဲ့ ပြည်ထောပတ်ပဲ ပြည်ပဲဈေးကွက်မှာ ထောပတ်ပဲဝင်ရောက်မှုမရှိသလောက်ဖြစ်ခဲ့ပြီး လက်ကျန်ပဲများဖြင့် အရောင်း အဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ ဒေသတွင်းလက်လီသမားများ အဝယ်ရှိသလို ရန်ကုန်ဝယ်လက် များလည်း ဝယ်လိုအားရှိနေပြီး တချို့ရက်တွေမှာ အိတ် ၁ဝဝ ခန့်ထိ အရောင်းအဝယ် ဖြစ်ခဲ့ကြပါတယ်။ ထောပတ်ပဲဈေးနှုန်းမှာ ယခင်နှစ် မေလအတွင်း တစ်တင်း ၂၂ဝဝဝ ကျပ်ထိ ဈေးရခဲ့ပြီး ယခုနှစ်မေလ ပထမပတ်မှ တတိယပတ်အထိ တစ်တင်း ၁၃ဝဝဝ ကျပ်ဖြင့် ဈေးငြိမ်လျက်ရှိကာ ယခုမေလ စတုတ္ထပတ် တွင် ရန်ကုန်ဝယ်လက်အဝယ်ရှိလာသည့်အတွက် တစ်တင်း ၁၅ဝဝဝ ကျပ်ခန့် ဈေးမြင့်လာခဲ့ကြောင်း သိရပါတယ။် ခင်ဆွေဝင်း
ပြည်ကုလားပဲ ဈေးငြိမ်ပြီး ပုံမှန်အရောင်းအဝယ်ဖြစ် ပြည်ဈေးကွက်အတွင်း ကုလားပဲဈေးမှာ ယခင်တစ်ပတ်က ကျပ် ၁၆၃ဝဝ ဖြင့် အရောင်းအဝယ်ရှိပြီး ယခုတစ်ပတ်တွင်လည်း ၁၆၃ဝဝ ကျပ်ဖြင့် ဈေးငြိမ်အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ကုလားပဲဈေးမှာ တစ်တင်းကို ယခင်နှစ်က ကျပ် ၂၃ဝဝဝ ထိဈေးရခဲ့ပြီး ယခုနှစ် မေလအတွင်း ၁၆၃ဝဝ ကျပ်ဖြင့်သာ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ကုလားပဲမှာ အဝင်ပါးသော်လည်း ခွဲစက်သမားများ ပုံမှန်အဝယ်ရှိသည့် အတွက် တစ်နေ့အိတ် ၂ဝဝ-၂၅ဝ ခန့်အရောင်းအဝယ်ရှိကြောင်း သိရပါတယ်။ လွင်လွင်ဆန်း
မုံရွာမှာ ကုလားပဲဖြူလုံးကြီး အရောင်းသွက် ၂ဝ၁၁ ခုနှစ် မေလအတွင်း မုံရွာကုန်စည်ဒိုင်မှာ ကုလားပဲဖြူလုံးကြီး V2 တစ်ပိဿာ အနိမ့်အမြင့်ဈေးမှာ ၉၅၃ကျပ်-၁ဝဝဝကျပ် ဈေးအသီးသီးနဲ့ ရောင်းဝယ်ကြပြီး ယခင်နှစ်ကာလတူဈေးမှာ ၁ဝ၃၂ ကျပ်-၁ဝ၆၃ ကျပ် ဈေးပေါက်ခဲ့ကြောင်း သိရပါတယ်။ ရွှေဘိုခရိုင်၊ စစ်ကိုင်းခရိုင်၊ မုံရွာခရိုင်များမှ ကုလားပဲဖြူလုံးကြီး V2 များ မုံရွာ ကုန်စည်ဒိုင်သို့ လှိုင်လှိုင်ဝင်ရောက်သလို ပြည်ပဝယ်လက်အဆွဲရှိလို့ မုံရွာကုန်စည်ဒိုင်မှာ ဒုတိယ အရောင်းအဝယ်သွက်ဆုံး ပဲသီးနံှမှာ ကုလားပဲဖြုလုံးကြီး V2 ဖြစ်ကြောင်း ကုန်စည်ဒိုင်သတင်းရပ်ကွက်က သိရပါတယ်။ ယခုလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ မန္တလေးသို့ V2 တင်း ၉ဝဝဝကျော် ရန်ကုန်သို့ V2 တင်း ၆ဝဝကျော် စီးထွက်ခဲ့ကြောင်း သိရပါတယ်။ သန်းးသန်းးတင်
ပြည်ပဲပုပ်ကို ပဲပြားလုပ်ငန်းများမှလည်း အဝယ်လိုက်လာ ပြည်ဈေးကွက်တွင် ပဲပုပ်ကို ပဲပြားပြုလုပ်ရန်အတွက် ပဲပြား လုပ်ငန်းများမှလည်း အဝယ်ရှိကြောင်း သိရပါတယ်။ ပဲပုပ်ကိုတစ်နေ့ကို ၄-၅ အိတ်သာ အရောင်းအဝယ်ဖြစ်ပြီး ပဲပြားလုပ်ငန်းသမားများ အဝယ်လိုက်ပါက အရောင်းသွက် ကြောင်း သိရပါတယ်။ ပဲပုပ် ပိဿာ ၂ဝ တစ်တင်းကို ယခင် တစ်ပတ်က ၁၆ဝဝဝ ကျပ်-၁၆၅ဝဝ ကျပ်အတွင်း အရောင်း အဝယ်ဖြစ်ခဲ့ပြီး ယခုတစ်ပတ်မှာတော့ တစ်တင်းကို လက်လီဈေး ၁၇ဝဝဝ ကျပ်၊ လက်ကားဈေး ၁၆ဝဝဝ ကျပ်ဖြစ်လျက် ရှိကြောင်း သိရပါတယ်။ ဆုမွန်ဆွေ
ဈေးငြိမ်ပြီးအရောင်းအဝယ်ဖြစ်တဲ့ ပြည်မြေပဲဆံ ပြည်ဈေးကွက် မိုးမြေပဲစိုက်ချိန်အဝင်မရှိသလောက်နည်းပေမဲ့ မြို့တွင်းပွဲရုံများမှ လှောင်မြေပဲများကို ထုတ်၍ ဆီကြိတ် နေသော်လည်း မြေပဲဆံဈေးမှာ မတက်ဘဲငြိမ်နေတာတွေ့ရပါတယ်။ လုံးဆံမြေပဲမှာ အဝယ်မရှိ သဖြင့် ဈေးမဖြစ်ဟု သိရပါ တယ်။ ဆီကြိတ်မြေပဲဆံတစ်ပိဿာကို ယခင်အပတ်အတိုင်း ၁၆၅ဝ ကျပ်ဈေးဖြင့် ဈေးငြိမ်ပြီး တစ်နေ့ကို အိတ် ၁ဝဝဝ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ မြေပဲဆီဈေးမှာလည်း ယခင်အပတ်အတိုင်း တစ်ပိဿာ ၄ဝဝဝ ကျပ်ဈေးဖြစ်နေ တာတွေ့ရပါတယ်။ ဝေဝေမင်း
ပုံမှန်ဈေးနဲ့ အရောင်းအဝယ်ဖြစ်တဲ့ စစ်ကိုင်းမြေပဲ မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁၁ ခု မေလအတွင်း မြေပဲတစ်ပိဿာ အနိမ့်အမြင့်ဈေးမျာ မြေပဲဆံနီ ၁၇၅ဝ ကျပ်-၁၈၅ဝ ကျပ်၊ မြေပဲဆံဖြူ ၁၆၂၅ ကျပ်-၁၇၇၅ ကျပ်၊ မြေပဲလုံးဆံ ၁၈၉၃ ကျပ်-၂ဝဝဝ ကျပ်၊ ပဲဆီ ၃၅၅ဝ ကျပ်-၃၇ဝဝ ကျပ်ဈေး အသီးသီးနဲ့ ရောင်းဝယ်ကြပါတယ်။ ယခင်နှစ် ကာလတူဈေးမှာ မြေပဲဆံနီ ၁၈၅ဝ ကျပ်-၂ဝဝဝ ကျပ်၊ မြေပဲဆံဖြူ ၁၅ဝဝ ကျပ်-၁၉၅ဝ ကျပ်၊ မြေပဲလုံးဆံ ၂၁၄၃ ကျပ်-၂၂၁၄ ကျပ်၊ ပဲဆီ ၃ဝ၅ဝ ကျပ်-၃၅၅ဝ ကျပ်ဈေးပေါက်ခဲ့ကြောင်း သိရှိရပါတယ်။ ရွှေဘိုခရိုင်၊ စစ်ကိုင်းခရိုင်၊ မုံရွာခရိုင်များရှိမြို့နယ်များမှ မုံရွာမြို့သို့ တစ်ရက်ကို မြေပဲ တင်း ၅ဝဝ နဲ့ ၁ဝဝဝ ကြားဝင်ရောက်လာပြီး မုံရွာကုန်စည်ဒိုင်မှာ ဝင်ရောက်သမျှအားလုံး အရောင်းအဝယ်ဖြစ်ကြောင်း ကုန်စည်ဒိုင် သတင်းရပ်ကွက်က သိရပါတယ် ယခုလအတွင်း စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းမှ မန္တလေးမြို့သို့ မြေပဲတင်း ၇ဝဝ ကျော်စီးထွက်ခဲ့ကြောင်း သိရပါတယ်။ သန်းးသန်းးတင်
မုံရွာစားဆီဈေး လကုန်ပတ်မှာ အေးလာ မုံရွာကုန်စည်ဒိုင်မေလ စတုတ္ထပတ်စားသုံးဆီဈေးကွက်မှာ လဆန်းပတ်ကထက် ဈေးအေးလာခဲ့ကာ အထူးသဖြင့် စားအုန်းဆီဈေးမှာ တစ်ပိဿာလျင် ၆ဝဝ ကျပ်ခန့်ထိ ကျဈေးဖြစ်ပေါ်ခဲ့ကြောင်း တွေ့ရပါတယ်။ စားသုံးဆီတစ်မျိုးချင်းရဲ့ ကုန်ကြမ်းစီးဝင်မှုကို လေ့လာတဲ့အခါ ဈေးကွက်အတွင်း နှမ်းအဝင်ပါးခဲ့လို့ နှမ်းဆီဈေးမှာ ယခုလအတွင်း အနိမ့်ဆုံး တစ်ပိဿာ ၃၁ဝဝ ကျပ်မှ အမြင့်ဆုံး ၃၃ဝဝ ကျပ်ထိသာ အတက်အကျရှိခဲ့ပြီး မြောင်နယ်နဲ့ ကနီ၊ မင်းကင်းဘက်က မြေပဲ ပုံမှန်ဝင်နေသလို မြေပဲဆီဈေးအနေနဲ့ တစ်ပိဿာအမြင့်ဆုံး ၃၇ဝဝ ကျပ်မှ အနိမ့်ဆုံး ၃၅၅ဝ ကျပ်ထိ ကျဈေးဖြစ်ပေါ်ခဲ့ပါတယ်။ စားအုန်းဆီဈေးကတော့ မေလ ပထမလဝက်ခန့်အတွင်း တစ်ပိဿာ အမြင့်ဆုံး ၂၉ဝဝ ကျပ်ထိ ရောက်ခဲ့ရာက ယခုအပတ်မှာ ၂၃ဝဝ ကျပ်ထိ သိသိသာသာ ဈေးအေးသွားတာ တွေ့ရပါတယ်။ ထွန်းလှိုင်