Main menu

Background

Tuesday, 28 May 2013

ပင်လယ်ရေကြောင်းလမ်းမှ ဓာတ်ဆီ/ဒီဇယ်  တန်ချိန် ငါးသောင်းတစ်ထောင်ကျော်ဝင် မေလ ၁၂ ရက် မှ   မေလ ၁၈ ရက် အတွင်း ဓာတ်ဆီ တန်ချိန် တစ်သောင်း ခြောက်ရာလေးဆယ့်သုံးတန်၊ ဒီဇယ်တန်ချိန် စုစုပေါင်း တန်ချိန်လေးသောင်း ရှစ်ရာ ခြောက်ဆယ့်သုံးတန်ကို တင်သွင်းခွင့်လိုင်စင်လျှောက်ထား ခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ် ဓာတ်ဆီအဝင်မှာ တန်ချိန် တစ်သောင်းလေးထောင်ကျော် ရှိခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ ဓာတ်ဆီ တန်ချိန် သုံးထောင့်ကိုးရာကျော်အဝင်လျော့ ခဲ့သလို ဒီဇယ်ဆီက ယခင်တစ်ပတ်အဝင်နဲ့ ယှဉ်ရင် တန်ချိန် ခြောက်ထောင်လေးရာကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။

ပြည်တွင်း ပုဂ္ဂလိကစက်သုံးဆီဆိုင်များမှာ မေလ ၁၂ ရက်နေ့မှ မေလ ၁၈ရက်နေ့အတွင်း ရောင်းချနေတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဈေးများက တောင်ကြီး၊ မော် လမြိုင်၊ မန္တလေးမှာ ဈေးငြိမ်နေသော်လည်း ရန်ကုန်မှာ အောက် တိန်းနဲ့ အဆင့်မြင့် ဒီဇယ်ဈေး အနည်းငယ်မြင့်လာကြောင်း သိရပါတယ်။ ပြင်ပမှာ ရောင်းချနေတဲ့ ဒီဇယ်၊ ဓာတ်ဆီဈေးများမှာ မော်လမြိုင်၊ တောင်ကြီး၊ ရန်ကုန်၊ မန္တလေးမြို့များတွင် ဈေးငြိမ်နေကြောင်း သိရတယ်။ ဒီတစ်ပတ် ဓာတ်ဆီ/ဒီဇယ်အရောင်းအဝယ် အခြေအနေများမှာ- ရန်ကုန်ဈေးကွက်မှာ ပုဂ္ဂလိက စက်သုံးဆီဆိုင်များမှာ ရောင်းချနေတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဈေးမှာ ယခင်တစ်ပတ်ဈေးအတိုင်း ရောင်းချနေသော်လည်း အဆင့် မြင့်ဒီဇယ်နဲ့ဓာတ်ဆီဈေးမှာ တစ်လီတာ တစ်ဆယ်ကျပ်ဈေးမြင့်လာကြောင်း  သိရပါ တယ်။ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ဈေးမှာ ဓာတ်ဆီ တစ် လီတာ၈၁၄ ကျပ်၊ဒီဇယ်၈၆၀ ကျပ်၊ အောက်တိန်း ၈၇၀ ကျပ်နဲ့ အဆင့်မြင့် ဒီဇယ် ၈၉၀ ကျပ်နဲ့ ရောင်းချတယ်လို့ သိရပါတယ်။ ပြင်ပလက်လီရောင်းချနေတဲ့ ဆိုင်များ မှာ ဒီဇယ်ဝယ်ဈေးမြင့်လာသလို ရောင်းဈေးမှာလည်း ဈေးမြင့်ကြောင်း သိရပါတယ်။ မေ၂၀ ရက်မှာ တစ်ပီပါ ၁၇၃၀၀၀ ကျပ်ရှိရာမှ မေလ ၂၃ ရက်နေ့မှာ ၁၇၈၀၀၀ ကျပ် ထိ ဈေးမြင့်လာတယ်လို့ သိရပါတယ်။ ဓာတ်ဆီဈေးက မေ ၂၀ ရက်မှ ၂၃ ရက်နေ့ ထိဈေးငြိမ်နေကြောင်း သိရပါတယ်။ ဒီတစ်ပတ် ဓာတ်ဆီဈေးက ဝယ်ဈေး တစ်ဂါလန် ၄၂၀၀ ကျပ်ဖြစ်ပြီး ရောင်းဈေး ၄၅၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၃၃၀၀ ကျပ် ဝယ်ပြီး ၃၆၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဓာတ်ဆီ၊ ဒီဇယ် အရောင်းအဝယ်သမားတစ်ဦးထံမှ စုံစမ်းသိရှိခဲ့ပါတယ်။ မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန် အရောင်းအဝယ်ရှိနေတယ်။ မန္တလေးဘက်မှာပုဂ္ဂလိကစက်သုံး ဆီဆိုင်ရဲ့ဈေးက မပြောင်းလဲသလို ပြင်ပလက်လီ ဆိုင်များရဲ့ ဒီဇယ်၊ ဓာတ်ဆီဈေးမှာလည်း ငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဈေးမှာ ယခင်တစ် ပတ်ဈေးဖြစ်တဲ့  ဓာတ်ဆီ တစ်ဂါလန် ၃၈၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၃၉၀၀ ကျပ်နဲ့ရောင်းချနေပါတယ် ။ပြင်ပလက်လီဆိုင် များမှာတော့ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးက ဓာတ်ဆီတစ်ဂါလန်ဝယ်ဈေး ၃၈၀၀ ကျပ် ရောင်းဈေး ၄၀၀၀ ကျပ် ဖြစ်ပြီး ဒီဇယ်က ဝယ်ဈေး ၃၃၀၀ ကျပ် ၊ ရောင်းဈေး ၃၆၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဓာတ်ဆီ၊ ဒီဇယ်ဝယ်ရောင်းသမား တစ်ဦးမှ ပြောပါတယ်။ မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ် ဖြစ်တယ် လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီ၊ ဒီဇယ်ဈေးမ ပြောင်းလဲသလို ပြင်ပလက်လီဆိုင်များရဲ့ ဈေးကလည်း မပြောင်းလဲဘူးလို့ သိရပါ တယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဈေးမှာ  ဓာတ်ဆီ ၃၈၀၀ ကျပ်၊ ဒီဇယ် ၄၀၀၀ ကျပ်၊ အောက်တိန်း ၄၀၀၀ ကျပ်နဲ့ ရောင်းချပါတယ်။ ပြင်ပ လက်လီ ဆိုင်များမှာအရောင်း အဝယ်ဖြစ်နေတဲ့ဈေးများမှာဓာတ်ဆီတစ်ဂါလန် ၄၂၀၀ ကျပ်၊ ဒီဇယ် ၄၁၀၀ ကျပ် ၊ အောက်တိန်း ၄၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရှိ ရပါတယ်။ တောင်ကြီးဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီ၊ ဒီဇယ် ဈေးငြိမ် နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်ဈေးက ဓာတ်ဆီ ၄၀၀၀ ကျပ်၊ ဒီဇယ် ၄၀၀၀ ကျပ်နဲ့ ရောင်းချတယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်မှာ ဓာတ်ဆီ ဈေး၊ ဒီဇယ်ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ပြင်ပလက်လီ ဆိုင်များမှာ ဓာတ်ဆီ တစ်ဂါလံ ၄၁၀၀ ကျပ်၊ ဒီဇယ် ၃၉၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရှိရပါတယ်။                                                                                                        MIRT(DOT)
 

Tuesday, 7 May 2013

ပင်လယ်ရေကြောင်းလမ်းမှ ဓာတ်ဆီ/ဒီဇယ်  တန်ချိန် ငါးထောင့်ငါးရာ ကျော်သာဝင် ဧပြီလ ၇ ရက် မှ   ၁၃ ရက် အတွင်း ဓာတ်ဆီ တန်ချိန် သုံးထောင့်ငါးရာ၊   ဒီဇယ်တန်ချိန် နှစ်ထောင်၊ စုစုပေါင်း တန်ချိန် ငါးထောင့်ငါးရာကို တင်သွင်းခွင့် လိုင်စင် လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။ ဧပြီလပထမအပတ် အတွင်းမှာ ဓာတ်ဆီအဝင်မှာ တန်ချိန် တစ်သောင်းတစ်ထောင်ကျော်ရှိခဲ့ပြီး ဒီဇယ်အဝင်မှာ တန်ချိန် နှစ်သောင်း ခုနှစ်ကျော် စုစုပေါင်း ဓာတ်ဆီ၊ ဒီဇယ် အဝင်တန်ချိန်မှာ တန်ချိန် သုံးသောင်းရှစ်ထောင်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် သုံးသောင်း နှစ်ထောင်ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။
 

ဒီတစ်ပတ် ဓာတ်ဆီ/ဒီဇယ်အရောင်းအဝယ်အခြေအနေများမှာ- ရန်ကုန်ဈေးကွက်တွင် ပုဂ္ဂလိက စက်သုံးဆီဆိုင်များတွင် ရောင်းချနေသော ဓာတ်ဆီ၊ ဒီဇယ်ဈေးမှာ  ယခင်ဈေးနဲ့ဘဲ ရောင်းချနေပြီး အောက်တိန်းမှာတစ်လီတာ ၁၀ကျပ်နဲ့အဆင့်မြင့်ဒီဇယ်ဈေးမှာ တစ်လီတာ ၁၀ ကျပ် ဈေးကျလာကြောင်း သိရပါ တယ်။ ဒီတစ်ပတ် ပုဂ္ဂလိက စက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ဈေးမှာ ဓါတ်ဆီ တစ်လီတာ ၈၁၄ ကျပ်၊ ဒီဇယ်၈၆၀ ကျပ်၊ အောက်တိန်း ၈၆၀ ကျပ်နဲ့ အဆင့်မြင့် ဒီဇယ် ၈၈၀ ကျပ်ဖြင့် ရောင်းချတယ်လို့ သိရပါတယ်။ ပြင်ပလက်လီ ရောင်းချနေတဲ့ ဆိုင်များမှာ ဒီဇယ်၊ ဓါတ်ဆီ က ဈေးအတက်အကျ သိပ်မရှိဘူးလို့ သိရပါတယ်။ဒီတစ်ပတ်ဓာတ်ဆီဈေးက ဝယ်ဈေး တစ်ဂါလန် ၄၂၀၀ ကျပ်ဖြစ်ပြီး ရောင်းဈေး ၄၅၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၃၂၀၀ ကျပ်ဝယ်ပြီး ၃၅၀၀ ကျပ်ဖြင့် အရောင်း အဝယ်ဖြစ် တယ်လို့ ဓာတ်ဆီ၊ ဒီဇယ် အရောင်းအဝယ်သမားတစ်ဦးထံမှ စုံစမ်းသိရှိခဲ့ ပါတယ်။ မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန် အရောင်းအဝယ်ရှိနေတယ်။ မန္တလေးဘက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဈေးကမပြောင်းသလို ပြင်ပ လက်လီ ဆိုင်များရဲ့ ဈေးမှာလည်း မပြောင်းလဲဘဲငြိမ်နေ တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဈေးမှာ ယခင်တစ်ပတ်ဈေးဖြစ်တဲ့  ဓါတ်ဆီ တစ်ဂါလံ ၃၈၀၀ ကျပ်၊ ဒီဇယ် တစ်ဂါလန် ၃၉၀၀ ကျပ်နဲ့ ရောင်းချနေပါတယ်။ ဒီတစ်ပတ် လက်လီဆိုင်များရဲ့ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးက ဓာတ်ဆီ တစ်ဂါလန် ဝယ်ဈေး ၃၈၀၀ ကျပ်၊ ရောင်းဈေး ၄၀၀၀ ကျပ် ဖြစ်ပြီး ဒီဇယ်က ဝယ်ဈေး ၃၃၀၀ ကျပ် ၊ ရောင်းဈေး ၃၅၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်တယ်လို့ ဓာတ်ဆီ၊ ဒီဇယ် ဝယ်ရောင်း သမားတစ်ဦးမှ ပြောပါတယ်။ မုံရွာဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီ၊ ဒီဇယ်ဈေးမပြောင်း လဲပေမဲ့ ပြင်ပ လက်လီဆိုင်မှာ ဓာတ်ဆီဈေးအနည်း ငယ်မြင့်လာတယ်လို့ သိရပါ တယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ဈေးမှာ ဓာတ်ဆီ ၃၈၅၀ ကျပ်၊ ဒီဇယ် ၃၅၀၀ ကျပ်နဲ့ ရောင်းချပါတယ်။ ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေ တဲ့ ဈေးများမှာ ဓာတ်ဆီ တစ်ဂါလန် ၄၄၀၀ ကျပ်၊ ဒီဇယ် ၄၀၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ သိရှိရပါတယ်။ မကွေးဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီ၊ ဒီဇယ် ဈေးမြင့်လာ တယ်လို့သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်ဈေးကဓာတ်ဆီ ၃၉၀၀ ကျပ်၊ ဒီဇယ် ၃၉၉၅ ကျပ်နဲ့ ရောင်းချတယ်လို့ သိရပါတယ်။ ပြင်ပ လက်လီဆိုင်မှာ ဓာတ်ဆီဈေး အနည်းငယ်မြင့်လာပေမဲ့ ဒီဇယ်ဈေး အနည်းငယ်ကျလာတယ်လို့သိရပါတယ်။ ပြင်ပ လက်လီဆိုင်များမှာဓာတ်ဆီတစ်ဂါလန် ၄၄၀၀ ကျပ်၊ ဒီဇယ် ၃၆၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်နေတယ်လို့ သိရှိရပါတယ်။
 

Monday, 29 Apr 2013

ဧပြီလ ၇ ရက် မှ   ၁၃ ရက် အတွင်း ဓာတ်ဆီ တန်ချိန် သုံးထောင့်ငါးရာ၊ ဒီဇယ် တန်ချိန် နှစ်ထောင်၊ စုစုပေါင်း တန်ချိန် ငါးထောင့်ငါးရာကို တင်သွင်းခွင့် လိုင်စင် လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။ ဧပြီလပထမအပတ် အတွင်းမှာ ဓါတ်ဆီအဝင်မှာ တန်ချိန် တစ်သောင်းတစ်ထောင်ကျော်ရှိခဲ့ပြီး ဒီဇယ်အဝင်မှာ တန်ချိန် နှစ်သောင်း ခုနှစ်ကျော် စုစုပေါင်း ဓါတ်ဆီ၊ ဒီဇယ် အဝင်တန်ချိန်မှာ တန်ချိန် သုံးသောင်းရှစ်ေ ထာင်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် သုံးသောင်း နှစ်ထောင်ကျော် အဝင်လျော့ခဲ့ တယ်လို့ သိရပါတယ်။

Thursday, 11 Apr 2013

မတ်လ ၂၄ ရက်မှ  မတ်လ ၃၀ ရက်အတွင်း ဓာတ်ဆီတန်ချိန် ခြောက်ထောင်၊ ဒီဇယ်တန်ချိန် ကိုးထောင်သုံးရာ၊  စုစုပေါင်းတန်ချိန် တစ်သောင်းငါးထောင်သုံးရာ  ကို တင်သွင်းခွင့်လိုင်စင် လျှောက်ထားခဲ့တယ် လို့ သိရပါတယ်။ ယခင်နှစ်ပတ် ဆက် တိုက်အဝင်ပျောက်ခဲ့ပြီး ဒီတစ်ပတ်မှ ပြန်လည်တင်သွင်းလာခဲ့တယ်လို့ သိရပါတယ်။ လချုပ်အနေနဲ့ ကြည့်မယ်ဆိုရင် ဖေဖော်ဝါရီလအတွင်း ဓာတ်ဆီ၊ ဒီဇယ်အဝင်မှာ တန်ချိန် သုံးသောင်းနှစ်ေ ထာင်ကျော်ရှိခဲ့ပြီး မတ်လအတွင်း အဝင်ကတန်ချိန် လေး သောင်းကျော်ရှိခဲ့တာကြောင့် မတ်လမှာ တန်ချိန်တစ်သောင်းသုံးထောင်ကျော် အဝင်ပိုခဲ့ပါတယ်။

ပြည်တွင်းပုဂ္ဂလိက စက်သုံးဆီဆိုင်များတွင် ဧပြီလ ၁ ရက်နေ့မှ ၅ ရက်နေ့  အတွင်း ပြင်ပမှာ လက်လီရောင်းချနေသော ဒီဇယ်ဈေးများ တောင်ကြီး၊ မော်လမြိုင်၊ မန္တလေး၊ ရန်ကုန်တွင်ဈေးငြိမ်နေပါတယ်။ ဒီဇယ်ဈေးငြိမ်နေပေမယ့် ဓာတ်ဆီမှာ ရန်ကုန်၊ မန္တလေး၊ တောင်ကြီးတို့မှာ ဈေးအနည်းငယ်မြင့်လာကြောင်း သိရှိရပါ တယ်။ စက်သုံးဆီဆိုင်ဈေးများမှာ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်တို့တွင် ဈေးငြိမ်နေကြောင်း သိရပါတယ်။  ဒီတစ်ပတ် ဓာတ်ဆီ/ဒီဇယ်အရောင်းအဝယ်အခြေအနေများမှာ- ရန်ကုန်ဈေးကွက်တွင် ပုဂ္ဂလိက စက်သုံးဆီဆိုင်များတွင် ရောင်းချနေသော ဓာတ်ဆီ၊ ဒီဇယ်ဈေးမှာ ပြောင်းလဲမှုမရှိ ယခင်ဈေးနဲ့ရောင်းချတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိက စက်သုံး ဆီဆိုင်မှာ ရောင်းချနေတဲ့ဈေးမှာ ဓာတ်ဆီ တစ်လီတာ ၈၁၄ ကျပ်၊ ဒီဇယ်၈၆၀ ကျပ်၊ အောက်တိန်း ၈၇၀ ကျပ်နဲ့ အဆင့်မြင့်ဒီဇယ် ၈၉၀ ကျပ်ဖြင့် ရောင်းချတယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်  ဈေးနဲ့ယှဉ်ရင် ဒီတစ်ပတ် မှာ ဒီဇယ်ဝယ်ဈေး၊ ရောင်းဈေးတစ်ပီပါ တစ်ထောင်ကျပ်၊ နှစ်ထောင်ကျပ်ဝန်းကျင် ဈေးမြင့်ပေမဲ့ တစ်ဂါလန်ဈေး မှာတော့ ယခင်ဈေးနဲ့ဘဲ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဓာတ်ဆီက ဝယ်ဈေး တစ်ပီပါတစ်သောင်းငါးေ ထာင်ကျော် ဈေးမြင့် အဝယ်ရှိခဲ့ပြီး ရောင်းဈေး တစ်ပီပါ တစ်သောင်းသုံးထောင်နီးပါး ဈေးမြင့်အဝယ်ရှိခဲ့ တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဓာတ်ဆီဈေးက ဝယ်ဈေးတစ်ဂါလန် ၄၇၀၀ ကျပ်ဖြစ်ပြီး ရောင်းဈေး ၅၀၀၀ကျပ်၊ ဒီဇယ်တစ်ဂါလန် ၃၅၀၀ ကျပ်ဝယ်ပြီး ၃၈၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်တယ်လို့ ဓာတ်ဆီ၊ ဒီဇယ်အရောင်းအဝယ်သမား တစ်ဦးထံမှ စုံစမ်းသိရှိခဲ့ပါတယ်။ မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိနေတယ်။ မန္တလေးဘက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဈေးက မပြောင်းပေမဲ့ ပြင်ပ လက်လီ ဆိုင်များရဲ့ ဈေးမှာတော့ ဒီဇယ်ဈေးငြိမ်နေပေမဲ့ ဓာတ်ဆီဈေးက တစ်ရာ ဝန်းကျင် တက်လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဈေးမှာ ယခင်တစ်ပတ်ဈေးဖြစ်တဲ့ ဓာတ်ဆီတစ်ဂါလန် ၃၈၀၀ ကျပ်၊ ဒီဇယ် တစ်ဂါလန် ၃၉၀၀ ကျပ်နဲ့ ရောင်းချနေပါတယ်။ ပြင်ပလက်လီဆိုင်များတွင် ဒီဇယ်က ယခင်တစ်ပတ် ဈေးအတိုင်းငြိမ်နေပေမဲ့ ဓါတ်ဆီဈေးက ဝယ်ဈေး၊ ရောင်းဈေး တစ်ရာကျပ် ဈေးတက်လာပါတယ်။ ဓာတ်ဆီက ရောင်းချသူထံဆီ လက်ကျန်နည်း နေတာကြောင့် အရောင်းအဝယ်မဖြစ်ဘူးလို့လည်း သိရပါတယ်။ ဒီတစ်ပတ်လက်လီ ဆိုင်များရဲ့ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးက ဓာတ်ဆီတစ်ဂါလန် ဝယ်ဈေး ၄၀၀၀ ကျပ်  ရောင်း ဈေး ၄၂၀၀ ကျပ်ဖြစ်ပြီး ဒီဇယ်က ဝယ်ဈေး ၃၆၀၀ ကျပ် ၊ ရောင်း ဈေး ၃၈၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်တယ်လို့ ဓာတ်ဆီ၊ ဒီဇယ်ဝယ်ရောင်း သမားတစ်ဦးမှ ပြောပါတယ်။ တောင်ကြီးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ဖြစ် တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီ၊ ဒီဇယ် ဈေးငြိမ်နေပေမဲ့ ပြင်ပလက်လီဆိုင်များရဲ့ ဈေးမှာ ဓာတ်ဆီဈေး အနည်းငယ်မြင့် လာတယ်လို့ သိရပါတယ်။  ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဈေးမှာ  ဓာတ်ဆီ ၃၉၀၀ ကျပ်၊ ဒီဇယ် ၃၉၀၀ ကျပ်၊ အောက်တိန်း ၃၉၅၀ ကျပ်နဲ့ ရောင်းချပါတယ်။ ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးများမှာ ဓာတ်ဆီ တစ် ဂါလန် ၄၁၀၀ ကျပ်၊ ဒီဇယ် ၄၀၀၀ ကျပ်၊ အောက်တိန်း ၄၀၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ သိရှိရပါတယ်။ မော်လမြိုင်ဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီ၊ဒီဇယ်ဈေးမှာ ဒီဇယ်ဈေးကျပြီး အောက်တိန်းဈေး အနည်းငယ်မြင့်လာတယ်လို့ သိရပါတယ်။ ပြင်ပလက်လီရောင်းဝယ်မှုမှာ ဓာတ်ဆီ၊ အောက်တိန်းဈေး ငြိမ်နေပေမဲ့ ဒီဇယ်ဈေးက အနည်းငယ်ကျလာပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်ဈေးက ဓာတ်ဆီ ၃၈၀၀ ကျပ်၊ ဒီဇယ် ၃၉၀၀ ကျပ် ၊အောက်တိန်း ၄၀၀၀ ကျပ်နဲ့ ရောင်းချပြီး ပြင်ပလက်လီ ဆိုင်များမှာ ဓာတ်ဆီတစ်ဂါလန် ၄၂၀၀ ကျပ်၊ ဒီဇယ် ၄၁၀၀ ကျပ်၊ အောက်တိန်း ၄၁၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရှိရပါတယ်။  MIRT-DOT
 

Tuesday, 9 Apr 2013

ပြည်တွင်းပုဂ္ဂလိက စက်သုံးဆီဆိုင်များတွင် မတ် ၂၅ ရက်မှ ၃၀ရက်အတွင်း ပြင်ပ လက်လီရောင်းချနေသော  ဓာတ်ဆီ၊  ဒီဇယ် ဈေးများသည် တောင်ကြီး၊ မော်လမြိုင်တွင် ဈေးငြိမ်နေပါသည်။ မန္တလေးမှာ ဒီဇယ်ဈေး ငြိမ်နေပြီး ရန်ကုန်တွင် ဒီဇယ်ဈေး ကျလာသော်လည်း ဓာတ်ဆီဈေး အနည်းငယ်မြင့်လာကြောင်း  စုံစမ်းရ ပါတယ်။ စက်သုံးဆီဆိုင်ဈေးများမှာ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင် တို့တွင် ဈေးငြိမ်နေကြောင်း သိရပါတယ်။

Tuesday, 12 Mar 2013

ယခုလအတွင်း ပင်လယ်ရေကြောင်းလမ်းမှ  ဓာတ်ဆီ/ဒီဇယ် တန်ချိန် ခြောက်ထောင့်ခုနစ်ရာဝင်ဖေဖော်ဝါရီ ၂၄ ရက်မှ မတ် ၂ ရက်အတွင်း ဓာတ်ဆီ တန်ချိန် ခုနစ်ထောင့် ငါးရာလေးဆယ့်သုံးတန်၊ ဒီဇယ်တန်ချိန် တစ်သောင်းခုနစ်ထောင် ခုနစ်ရာ့ငါးဆယ့် တစ်တန်၊ စုစုပေါင်းတန်ချိန် ၂၅၂၉၄ ကို တင်သွင်းခွင့် လိုင်စင် လျှောက်ထားခဲ့တယ် လို့သိရပါတယ်။

Wednesday, 6 Mar 2013

ပင်လယ်ရေကြောင်းမှ စက်သုံးဆီ တန်ချိန် ၆၇၀၀ ဝင်ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၃ ရက်အတွင်း ဓာတ်ဆီ တန်ချိန် ၅၀၀၊ ဒီဇယ် တန်ချိန် ၅၀၀၊ စုစုပေါင်းတန်ချိန် ၁၀၀၀ ကို တင်သွင်းခွင့်လိုင်စင်လျှောက်ထားခဲ့ တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလအတွင်း တင်သွင်းမှုများမှာ ဒီတစ်ပတ်တင် သွင်းမှုက အနည်းဆုံးဖြစ်တယ်လို့ သိရပါတယ်။

Monday, 25 Feb 2013

ယခုလအတွင်း ပင်လယ်ရေကြောင်းလမ်းမှ  ဓာတ်ဆီ/ဒီဇယ် တန်ချိန် ခြောက်ထောင့်ခုနစ်ရာဝင်ဖေဖော်ဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၁၆ ရက်အတွင်း ဓာတ်ဆီတန်ချိန် ၂၀၀၀၊ ဒီဇယ်တန် လေးထောင့်ခုနစ်ရာ၊ စုစုပေါင်း ၆၇၀၀ တန်ကို တင်သွင်းခွင့်လိုင်စင် လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။

Monday, 4 Feb 2013

ပင်လယ်ရေကြောင်းမှ စက်သုံးဆီ တန်ချိန်တစ်သောင်း ခုနစ်ထောင်ကျော်ဝင် ဇန်နဝါရီ ၂၀ ရက်မှ ၂၆ ရက်အတွင်း ဓာတ်ဆီ တန်ချိန် ၃၅၀၀၊ ဒီဇယ် ၁၃၅၁၀ တန်၊ စုစုပေါင်း ၁၇၀၁၀ တန်ကို တင်သွင်းခွင့်လိုင်စင် လျှောက်ထားခဲ့တယ် လို့သိရပါတယ်။ ဒီတစ်ပတ် မှာယူတင်သွင်းခဲ့တဲ့နိုင်ငံမှာ မလေးရှားနဲ့ စင်ကာပူနိုင်ငံ ဖြစ်တယ်လို့ သိရပါတယ်။
ပြင်ပဆိုင်များမှ ပီပါလိုက်ဈေး ကျလာ ပြည်တွင်း ပုဂ္ဂလိကစက်သုံးဆီဆိုင်များတွင် ဇန်နဝါရီနောက်ဆုံး ပတ်အတွင်း ရောင်းချနေသော ဓာတ်ဆီ၊ ဒီဇယ်ဈေးများသည် ရန်ကုန်၊ မော်လမြိုင်၊  တောင်ကြီး၊ မန္တလေးမြို့များတွင် ဈေးငြိမ်နေတယ်လို့ သိရပါ တယ်။  ပြင်ပလက်လီဆိုင်များတွင် တစ်ဂါလန် ရောင်းဈေးများ ဈေးမပြောင်းသော်လည်း ပီပါဈေးများတွင် ဓာတ် ဆီ ဈေး နှစ်ထောင်ဝန်းကျင်ဈေးကျလာကြောင်း သိရပါတယ်။
ဒီတစ်ပတ် ဓာတ်ဆီ/ဒီဇယ် အရောင်းအဝယ်အခြေအနေများမှာ- ရန်ကုန်ဈေးကွက်တွင် ပုဂ္ဂလိက စက်သုံးဆီဆိုင်များတွင် ရောင်းချနေသော ဓာတ်ဆီ၊ ဒီဇယ်ဈေး မှာ ပြောင်းလဲမှုမရှိ ငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိက စက်သုံးဆီဆိုင် မှာ ရောင်းချနေတဲ့ဈေးမှာ ဓာတ်ဆီ တစ်လီတာ ၈၁၄ ကျပ်၊ ဒီဇယ်၈၆၀ ကျပ်၊ အောက်တိန်း ၈၇၀ ကျပ်နဲ့ အဆင့်မြင့်ဒီဇယ် ၈၈၀ ကျပ်ဖြင့် ရောင်းချတယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဓါတ်ဆီဈေးက ဝယ်ဈေး တစ်ဂါလန် ၄၂၀၀ ကျပ်ဖြစ်ပြီး ရောင်းဈေး ၄၅၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၃၂၀၀ ကျပ်ဖြင့်ဝယ်ပြီး ၃၅၀၀ ကျပ်ဖြင့် ပုံမှန်လေးပဲ အရောင်းအဝယ်ဖြစ်တယ်လို့ ဓာတ်ဆီ၊ ဒီဇယ် အရောင်းအဝယ်သမားတစ်ဦးထံမှ စုံစမ်းသိရှိခဲ့ပါတယ်။ မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိနေတယ်။ ပုဂ္ဂလိကစက်သုံး ဆီဆိုင်ရဲ့ ဈေးကငြိမ်နေပြီး ယခင်တစ်ပတ်ဈေးဖြစ်တဲ့ ဓာတ်ဆီတစ် ဂါလန် ၃၈၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၃၉၀၀ ကျပ်နဲ့ ရောင်းချနေတယ်လို့ သိရပါ တယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီဈေးက ငြိမ်နေပေမဲ့ ဒီဇယ်ဈေးက အနည်း ငယ်မြင့်လာကြောင်း သိရပါတယ်။  လက်လီဆိုင်များရဲ့ အရောင်းအဝယ်ဖြစ် နေတဲ့ ဈေးက ဓာတ်ဆီတစ်ဂါလန် ၃၈၀၀ ကျပ်ဝယ်ပြီး ၃၉၀၀-၄၀၀၀ ကျပ်နဲ့ ရောင်းချပြီး ဒီဇယ်က ဝယ်ဈေး ၃၅၀၀ ကျပ်၊ ရောင်းဈေး ၃၇၀၀-၃၈၀၀ ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်တယ်လို့ ဓာတ်ဆီ၊ ဒီဇယ် ဝယ်ရောင်းသမား တစ်ဦးမှ ပြောပါတယ်။ မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ် ဖြစ်တယ် လို့ သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီ၊ ဒီဇယ်ဈေးငြိမ်နေ သလို ပြင်ပလက်လီဆိုင် ရဲ့ ဈေးကလည်းငြိမ်ေ နတယ်လို့ သိရပါတယ်။ ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဈေးမှာ ဓာတ်ဆီ ၃၈၀၀ ကျပ်၊ ဒီဇယ် ၃၉၀၀ ကျပ်၊ အောက်တိန်း ၄၀၀၀ ကျပ်နဲ့ ရောင်းချပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလန် ၄၂၀၀ ကျပ်၊ ဒီဇယ် ၄၀၀၀ ကျပ်၊ အောက်တိန်းက ၄၁၀၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်တယ်လို့ သိရှိရပါတယ်။ မကွေးဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီ၊ ဒီဇယ်ဈေးမှာ ဈေး ငြိမ်နေတယ်လို့ သိရပါတယ်။ ပြင်ပလက်လီရောင်းဝယ်မှုမှာတော့ ဒီဇယ်က ဈေးငြိမ် နေပေမဲ့ ဓာတ်ဆီက ဈေးအနည်းငယ် တက်လာတယ်လို့ ဆိုပါတယ်။ ဒီလကုန်ပိုင်း မှာတော့ ဓာတ်ဆီအရောင်းအ ဝယ်ကောင်းလာ တာကြောင့် ဈေးတက်လာတာဖြစ် တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်ဈေးက ဓာတ်ဆီ ၃၉၀၀ ကျပ်၊ ဒီဇယ် ၃၉၀၀ ကျပ် ရောင်းချပြီး ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလန် ၄၂၀၀ ကျပ်၊ ဒီဇယ် ၃၆၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရှိရပါတယ်။MIRT-DOT
ထိုင်းနယ်စပ်မှ စက်သုံးဆီ ဂါလန် ၁၈၀၀၀၀ ကျော် တင်သွင်းနိုင်မြန်မာ-ထိုင်းနယ်စပ်မှ ဇန်နဝါရီ ၂၃ ရက်မှ ၂၉ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၃၈၂ သန်းတန်ဖိုးရှိ ဓာတ်ဆီ ၁၁၆၆၅၃ ဂါလန်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၂၄၇ သန်း တန်ဖိုးရှိ ဒီဇယ်ဆီ ၆၈၃၉၆ ဂါလန်၊ စုစု ပေါင်းစက်သုံးဆီ ၁၈၅၀၄၉ ဂါလန်ခန့်ကို တင်သွင်းနိုင်ခဲ့ပါတယ်။ ဒီတစ်ပတ် တင်သွင်းခဲ့တဲ့ စခန်းတွေကတော့ မြန်မာ-ထိုင်းနယ်စပ်ဖြစ်တဲ့ တာချီလိတ်နယ်စပ် ကုန်သွယ်ရေးစခန်းနဲ့ မြိတ်နယ်စပ်ကုန်သွယ်ေ ရးစခန်းများပဲ ဖြစ်ပါတယ်။ ယခင် အပတ်က ၃၈၀၀၀၀ ဂါလန်ကျော် တင်သွင်းနိုင်ခဲ့တာမို့ ယခုအပတ်မှာ ဂါလန် ၂၀၀၀၀၀ ခန့် လျော့နည်းတင်သွင်းခဲ့ပါတယ်။ ယခုအပတ်မှာ တာချီလိတ်နယ်စပ်မှ စက်သုံးဆီပိုမိုတင်သွင်းနို င်သော်လည်း ကော့သောင်းနယ်စပ်မှာ စက်သုံးဆီတင် သွင်းနိုင်မှုမရှိခြင်းနဲ့ မြိတ်နယ်စပ်မှ ယခင်အပတ် ထက် လျော့နည်းတင်သွင်းခဲ့တာ မို့ စက်သုံးဆီတင်သွင်းနိုင်မှု လျော့နည်းရခြင်းဖြစ်ပါတယ်။ ယခု ဇန်နဝါရီလတစ်လလုံးမှာ ဓာတ်ဆီ ၄၂၁၈၈၄ ဂါလန်နဲ့ ဒီဇယ်ဆီ ၅၉၄၄၂၂ ဂါလန် တင်သွင်းနိုင်တာတွေ့ရပါတယ်။ နယ်စပ်ဒေသပေါက်ဈေးတွေက တော့ ရိဒ်နယ်စပ်မှာ ဓာတ်ဆီ ၆၀၀၀ ကျပ်နဲ့ ဒီဇယ်ဆီ ၅၀၀၀ ကျပ်၊ တမူးနယ်စပ်မှာ ဓာတ်ဆီ ၄၃၀၀ ကျပ်နဲ့ ဒီဇယ် ၄၀၀၀ ကျပ်ဖြင့် ယခင်အပတ် အတိုင်း ပြောင်းလဲမှု မရှိဘဲ ကော့သောင်းနယ်စပ်မှာတော့ ဓာတ်ဆီ ၄၂၀၀ကျပ်နဲ့ ဒီဇယ် ၄၀၅၀ ကျပ် ဖြင့် ယခင်အပတ်ထက် ဈေးမြင့်လာတာ တွေ့ရပါတယ်။ ယခင်အပတ်က ဈေးတွေ ကတော့ ကော့သောင်းနယ်စပ်မှာ ဓာတ်ဆီရော ဒီဇယ်ပါ ၃၉၀၀ ကျပ်ဖြစ်တဲ့ အတွက် အနည်းငယ်မြင့်တက်လာတာတွေ့ရပါတယ်။                ခင်မိုးသူ

Friday, 1 Feb 2013

ပင်လယ်ရေကြောင်းလမ်းမှ စက်သုံးဆီတန်ချိန်  လေးသောင်းခွဲနီးပါးဝင်ဇန်နဝါရီ ၁၃ ရက်မှ ၁၉ ရက်အတွင်း ဓာတ်ဆီ တန်ချိန် ၁၆၈၉၆ ဒသမ ၁၁၅ တန်၊ ဒီဇယ် ၂၇၇၄၄ ဒသမ ၅၉၃ တန်၊ စုစုပေါင်း ၄၄၆၄၀ ဒသမ ၇၀၈ တန်ကို တင်သွင်းခွင့်လိုင်စင်လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာယူ တင်သွင်းခဲ့တဲ့နိုင်ငံမှာ မလေးရှားနဲ့ စင်ကာပူနိုင်ငံဖြစ်တယ်လို့ သိရပါတယ်။
ပြည်တွင်းစက်သုံးဆီဈေးကွက်ပြည်တွင်းပုဂ္ဂလိက စက်သုံးဆီဆိုင်များတွင် ဇန်နဝါရီ ၂၁ ရက်မှ ၂၅ ရက် အတွင်းရောင်းချနေသော ဓာတ်ဆီ၊ ဒီဇယ်ဈေးများသည် မော်လမြိုင်၊  တောင်ကြီး၊ မန္တလေးမြို့များတွင် ဈေးငြိမ်နေသော်လည်း  ရန်ကုန်တွင် ဓာတ်ဆီ၊ ဒီဇယ် ဈေးငြိမ် နေသော်လည်း ရန်ကုန်တွင် အောက်တိန်းဈေးမှာ အနည်းငယ်ကျလာတယ်လို့ သိရပါတယ်။  ပြင်ပလက်လီဆိုင်များတွင် လက်လီရောင်းချနေသော ဓာတ်ဆီ၊ ဒီဇယ်ဈေးများမှာ ရန်ကုန်၊ မော်လမြိုင်မှာ မပြောင်းလဲပေမဲ့ မန္တလေးနဲ့  တောင်ကြီး မှာ ဈေးအနည်းငယ်ကျလာတယ်လို့ သိရပါတယ်။ဒီတစ်ပတ် ဓာတ်ဆီ/ဒီဇယ် အရောင်းအဝယ်အခြေအနေများမှာ-ရန်ကုန်ဈေးကွက်တွင် ပုဂ္ဂလိက စက်သုံးဆီဆိုင်များတွင်ရောင်းချနေသော ဓာတ်ဆီ၊ ဒီဇယ်ဈေး မှာ ပြောင်းလဲမှုမရှိပေမဲ့ အောက်တိန်းက ဈေးအနည်းငယ်ကျ လာတယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်ေ အာက်တိန်းက တစ်လီတာ ၈၈၀ ကျပ် နဲ့ ရောင်းပေမဲ့ ဒီတစ်ပတ်မှာ ၈၇၀ ကျပ်ကို ဈေးကျလာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကစက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ဈေးမှာ ဓာတ်ဆီတစ်လီတာ ၈၁၄ ကျပ်၊ ဒီဇယ် ၈၆၀ ကျပ်၊ အောက်တိန်း ၈၇၀ ကျပ်နဲ့ အဆင့်မြင့် ဒီဇယ် ၈၈၀ ကျပ်ဖြင့် ရောင်းချတယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ် ဆီဈေးက ဝယ်ဈေး တစ်ဂါလန် ကျပ် ၄၂၀၀ ဖြစ်ပြီး ရောင်းဈေး ကျပ် ၄၅၀၀၊ ဒီဇယ်တစ်ဂါလန် ၃၂၀၀ ကျပ်ဖြင့်ဝယ်ပြီး ကျပ် ၃၅၀၀ ဖြင့် ပုံမှန်လေးပဲ အရောင်း အဝယ်ဖြစ်တယ်လို့ ဓာတ်ဆီ၊ ဒီဇယ်အရောင်းအဝယ်သမားတစ်ဦးကပြောပါတယ်။မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန် အရောင်းအဝယ်ရှိနေတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင် ရဲ့ ဈေးကငြိမ်နေပြီး ယခင်တစ်ပတ်ဈေးဖြစ်တဲ့ ဓာတ်ဆီ တစ်ဂါလန် ၃၈၀၀ကျပ်၊ ဒီဇယ်တစ်ဂါလန်၃၉၀၀ ကျပ်နဲ့ ရောင်းချနေတယ်လို့ သိရ ပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီရော ဒီဇယ်ပါ ဈေးက အနည်းငယ် ကျလာပါတယ်။ လက်လီဆိုင်များရဲ့ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးက ဓာတ်ဆီ တစ်ဂါလန် ကျပ် ၃၈၀၀ ဝယ်ပြီး ၃၉၀၀-၄၀၀၀ ကျပ်နဲ့ရောင်းချကာ ဒီဇယ်က ဝယ်ဈေး ကျပ် ၃၅၀၀ ၊ ရောင်းဈေး ၃၆၀၀-၃၇၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ် တယ်လို့ ဓာတ်ဆီ၊ ဒီဇယ်ဝယ်ရောင်းသမားတစ်ဦးမှ ပြောပါတယ်။မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ဖြစ်တယ် လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီ၊ ဒီဇယ်ဈေးငြိမ်နေ သလို ပြင်ပလက်လီဆိုင်ရဲ့ ဈေးကလည်း ငြိမ်နေတယ်လို့ သိရပါတယ်။ ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဈေးမှာ ဓာတ်ဆီ ၃၈၀၀ ကျပ်၊ ဒီဇယ် ၃၉၀၀ ကျပ်၊ အောက်တိန်း ၄၀၀၀ ကျပ်နဲ့ ရောင်းချပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလန် ၄၂၀၀ ကျပ်၊ ဒီဇယ် ၄၀၀၀ ကျပ်၊ အောက်တိန်းက ၄၁၀၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်တယ်လို့ သိရှိရပါတယ်။တောင်ကြီးဈေးကွက်မှာ ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဈေးမှာ အတက်အကျ မရှိဘဲငြိမ်နေပြီး လက်လီဆိုင်မှာတော့ ဓာတ်ဆီရော ဒီဇယ်ပါ ဈေးကျလာတယ်လို့ စက်သုံးဆီ ရောင်းဝယ်သူတစ်ဦးမှ ပြောပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်ဈေးက ဓာတ်ဆီ ၃၉၀၀ ကျပ်၊ ဒီဇယ် ၃၈၅၀ ကျပ် ရောင်းချပြီး ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလန် ၄၀၀၀ ကျပ်၊ ဒီဇယ် ၃၈၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေ တယ်လို့ သိရှိရပါတယ်။                                                          MIRT-DOT
နယ်စပ်မှ စက်သုံးဆီဂါလန် ၄၅၀၀၀၀ ကျော်တင်သွင်းနယ်စပ်စခန်းများမှ ဇန်နဝါရီ ၁၆ ရက်မှ ၂၂ ရက်ထိ ကာလအတွင်းမှာ ဓာတ်ဆီ ၁၄၇၇၁၆ ဂါလန်၊ ဒီဇယ်ဆီ ၃၀၄၂၈၆ ဂါလန် စုစုပေါင်း ၄၅၂၀၀၂ ဂါလန်ခန့်ကို တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်က စက်သုံးဆီ ၂၈၈၀၀၅ ဂါလန် တင်သွင်းမှုရှိတာကြောင့် ယခုအပတ်မှာ ၁၆၃၉၉၇ ဂါလန်တင်သွင်းမှုပိုမိုခဲ့ပါတယ်။ ယခုအပတ် မူဆယ်နယ်စပ်ကတော့ ဓာတ်ဆီရော ဒီဇယ်ပါတင်သွင်းမှုမရှိပါဘူး။ တာချီလိတ်နယ်စပ်မှာတော့ ဓာတ်ဆီ ၅၇၉၀၄ ဂါလန်နဲ့ ဒီဇယ် ၈၃၈၃၃ ဂါလန် ယခုအပတ်မှာ တင်သွင်းနိုင်ခဲ့ပါတယ်။ မြိတ်နယ်စပ်မှ ဓါတ်ဆီ ၈၀၉၄၂ ဂါလန်၊ ဒီဇယ်ဆီ ၁၉၁၆၂၅ ဂါလန် ယခုတစ်ပတ်မှာ တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ် ကထက် ဓာတ်ဆီ ၇၃၂၄၂ ဂါလန် ပိုမိုတင်သွင်းနိုင်ခဲ့ပြီး ဒီဇယ်ဆီ ၁၉၆၈၈ ဂါလန် လျော့နည်းတင်သွင်းနိုင်ခဲ့ ပါတယ်။ ကော့သောင်း နယ်စပ်မှာတော့ ဓာတ်ဆီ ၈၈၇၀ ဂါလန်နဲ့ ဒီဇယ်ဆီ ၂၈၈၂၈ ဂါလန်တင်သွင်းမှုရှိခဲ့ ပါတယ်။ ကော့သောင်း နယ်စပ်မှာ ယခင်နိုဝင်ဘာလ နောက်ဆုံးပတ်မှစပြီး ဓာတ်ဆီ ဒီဇယ်တင်သွင်းမှုမရှိဘဲ ယခု ဇန်နဝါရီတတိယ ပတ်မှစပြီး ပြန်လည်တင်သွင်းလာတာကြောင့် ယခုအပတ်မှာ ဓာတ်ဆီရော ဒီဇယ်ပါ တင်သွင်းမှုပိုမို ရခြင်းဖြစ်ပါတယ်။ နယ်စပ်ဒေသပေါက်ဈေး တွေကတော့ မူဆယ်နဲ့ ကော့သောင်းနယ်စပ်မှာ ဓာတ်ဆီနဲ့ ဒီဇယ်က ၃၉၀၀ ကျပ်၊ တာချီလိတ်နယ်စပ်မှာ ဓာတ်ဆီ ၃၈၀၀ ကျပ်၊ ဒီဇယ် ၃၇၀၀ ကျပ်၊ မြိတ်နယ်စပ်မှာ ဓာတ်ဆီ ၃၆၀၀ ကျပ်နဲ့ ဒီဇယ် ၃၃၀၀ ကျပ် အသီးသီးဖြစ်တယ်လို့ သိရပါတယ်။ ခင်မိုးသူ

Pages