Background
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတ ကုန်စည်ဒိုင်တွင် ဒီဇင်ဘာ ၁၃ ရက်မှစ၍ မတ်ပဲအသစ်များ ဈေးကွက် ဝင်ရောက်လာပြီး မတ်ပဲအသစ် တစ်တင်းလျှင် ကျပ် ၆၀ဝ၀ဝ၊ အဟောင်းတစ်တင်းလျှင် ကျပ် ၅၉၅၀ဝ ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ယခင်နှစ်ကာလတူ အချိန်တွင် မတ်ပဲတစ်တင်းလျှင် ကျပ် ၄၂၀ဝ၀ ခန့်သာရှိခဲ့သည့်အတွက် ယခု နှစ်တွင် ကျပ် ၁၈၀ဝ၀ ခန့် ဈေးပိုရရှိပြီး တောင်သူများ ဈေးကောင်းရလျက်ရှိသည်။
ဟင်္သာတကုန်စည်ဒိုင်တွင် နေ့စဉ် မတ်ပဲ(အဟောင်း) အိတ် ၁၂၀ဝ ခန့်၊ မတ်ပဲ(အသစ်)အိတ်၂၀ဝခန့် အရောင်း အဝယ်ဖြစ်လျက်ရှိသည်။
မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုး အစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ် ကာလတူဈေးထက် ယခုနှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေး နှုန်းများ ဈေးပိုကောင်းလျက်ရှိသည်။
မတ်ပဲ
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဒီဇင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၄၅၀ဝ ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလ တွင် ပဲတစ်တင်းလျှင် ကျပ် ၆၃၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ်နှစ်သောင်းခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၅၀မှ ၁၂၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရ သည်။
ပဲစင်းငုံ
မန္တလေးကုန်စည်ဒိုင်သို့ နွားထိုး၊ အောင်လံ၊ မြင်းမူဘက်မှ မြေပဲဆန်များ၊ ရှမ်းပြည်နယ်ဘက်မှ ရှမ်းမြေပဲများ ဝင်ရောက်လျက်ရှိကြောင်း၊ အညာကျွန်းဘက်မှ စိုက်ပျိုးမည့် မျိုးမြေပဲများ ဝယ်ယူနေပြီး ဆီဆန်များကို ဆီစက်များမှ ဝယ်ယူလျက်ရှိကြောင်း သိရသည်။
မြေပဲလုံးဆန်(ဖြူ)တစ်ပိဿာဈေးမှာ ယခုတစ်ပတ်တွင် ကျပ် ၅၃၀ဝမှ ၅၁၀ဝ၊ ယခင်တစ်ပတ်ကကျပ် ၅၄၅၀ မှ ၅၃၀ဝ၊ ယခင်လက ကျပ် ၅၄၀ဝ မှ ၅၃၀ဝ ဖြစ်သည်။ ယခင်တစ်ပတ် ထက် ကျပ် ၁၅၀ မှ ၂၀ဝ၊ ယခင်လထက် ကျပ် ၁၀ဝ မှ ၂၀ဝ နိမ့်ကျလာသည်။
နိုဝင်ဘာလ နောက်ဆုံးပတ်တွင် မန္တလေးကုန်စည်ဒိုင်သို့ ရှမ်းပြည်နယ်(မြောက်ပိုင်း)ပျဉ်းမနား၊ တပ်ကုန်းဘက်မှ ပြောင်းဖူးစေ့အသစ်များ ဝင်ရောက်နေပြီး ရန်ကုန်သင်္ဘောတင်ဝယ်လက်နှင့် တိရစ္ဆာန်အစာတောင့်စက်ရုံများမှ ဝယ်ယူလျက်ရှိကြောင်း သိရသည်။
နိုဝင်ဘာ ၃၀ ရက် မော်လမြိုင်ကုန်စည်ဒိုင်၏ ကုန်ဈေးနှုန်းပေါက်ဈေးများမှာ ရော်ဘာRSS-3 မှိုင်းခံပြားတစ်ပေါင် ကျပ် ၁၁၅၀၊ဒေသထွက် ၁၀၈ပေါင် ဆန်တစ်အိတ်(အနိမ့်)ဈေးနှုန်း ဧည့်မထ ကျပ် ၄၃၀ဝ၀၊ ပေါ်ကျွဲကျပ် ၅၁၀ဝ၀၊ ပေါ်ဆန်း ကျပ် ၅၈၅၀ဝ၊ ၂၀ ပိဿာဝင် ပဲတစ်တင်းဈေးနှုန်း များမှာ ပဲတီစိမ်း ကျပ် ၄၁၀ဝ၀၊ မတ်ပဲကျပ် ၅၆၅၀ဝ၊ ပဲလွမ်းဖြူ ကျပ် ၄၂၀ဝ၀၊ ဗိုလ်ကိတ် ကျပ် ၃၉၀ဝ၀၊ ပဲပုပ် ကျပ် ၅၃၅၀ဝ၊ မြေပဲ ကျပ်၁၀၅၀ဝ၀၊ သစ်သီးဝလံတွင် ပန်းရောင်ကျွဲကောသီး ကျပ် ၆၀ဝ မှ ၁၈၀ဝ၊ ကျွဲကောသီးအဖြူ ကျပ် ၆၀ဝ မှ ၁၀ဝ၀၊ ရေထွက်ကုန် တစ်ပိဿာဈေးနှုန်း ငါးတန် ကျပ် ၃၃၀ဝ၊ ငါးမြစ်ချင်း ကျပ် ၅၀ဝ၀၊ တီလားဗီးရား ကျပ် ၈၃၀ဝ၊ ကင်းမွန် ကြီး ကျပ် ၂
ပြည်ကုန်စည်ဒိုင်တွင် ရောင်းဝယ်လျက်ရှိသော မတ်ပဲ၊ ပဲတီစိမ်း ၊ ပဲစင်းငုံ၊ ကုလားပဲ၊ ဗိုလ်ကိတ်ပဲ၊ စားတော်ပဲ၊ ပဲကြီး ဈေးများမှာ နိုဝင်ဘာလ တတိယပတ်၌ ပဲဈေးတက်နေပြီး စတုတ္ထပတ်တွင် ဈေးကျလျက်ရှိကြောင်း သိရသည်။ပြည်ကုန်စည်ဒိုင်တွင် မတ်ပဲတစ်တင်းဈေးမှာကျပ် ၅၈၅၀ဝ-၅၉၀ဝ၀ ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ် ၁၀ဝ၊ ၂၀ဝ ခန့် အဝယ်ရှိသည်။ နိုဝင်ဘာလစတုတ္ထပတ်မှာ မတ်ပဲ ဈေးကျပြီး ပဲတစ်တင်းကို ကျပ် ၅၈၀ဝ၀-၅၇၀ဝ၀-၅၆၅၀ဝ တို့ဖြင့် ရန်ကုန်အဝယ် တစ်ရက်ကို အိတ် ၁၀ဝ၊ ၂၀ဝ ခန့် အဝယ်ရှိသည်။