Main menu

Background

Tuesday, 7 Nov 2023

တာချီလိတ်ကုန်သွယ်ရေးစခန်းသည် ရှမ်းပြည်နယ် (အရှေ့ ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့၊ ဖန်မင်ကျေးရွာအုပ်စု၊ မယ် ယန်းကျေးရွာ၊ ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမကြီးဘေး တွင် တည်ရှိသည်။ 

Tuesday, 7 Nov 2023

တည်ငြိမ်အေးချမ်းမှု၊   လူနှင့်သဘာဝအရင်းအမြစ်များ၏ လိုက်ဖက်ပြွေါကယ်ဝမှု၊ ပထဝီအနေအထားအရ   ထိစပ်မှုရှိသည့် အားသာချက်များကို ဆုပ်ကိုင်၍   မဲခေါင်မြစ်တစ်လျှောက်ရှိ နိုင်ငံ ခြောက်နိုင်ငံဖြစ်သော   ကမ္ဘောဒီးယားနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတ   နိုင်ငံ(ယူနန်ပြည်နယ်)၊   လာအိုနိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည် အပြန်အလှန်အကျိုးဖြစ်ထွန်းစေရေးအတွက် မဟာမဲခေါင်ဒေသခွဲ   စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ် Greater Mekong Subregion Economic Cooperation) တစ်ရပ်ကို အာရှဖွံ့ဖြိုးရေးဘဏ်၏ ပံ့ပိုးမှုဖြင့် ၁၉၉၂ခုနှစ်တွင်   စတင်ဆောင် ရွက်ခဲ့ကြသည်။ 

Tuesday, 7 Nov 2023

           ကံပိုင်တည်ကုန်သွယ်ရေးစခန်းကို ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ဝိုင်းမော် မြို့နယ် ကံပိုင်တည်မြို့တွင် ၂၀ဝ၃ခုနှစ် ဒီဇင်ဘာ ၂၅ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀ဝ၆ ခုနှစ် ဇွန် ၁၄ ရက်တွင် အခြေအနေအရပ်ရပ်ကြောင့် ယာယီရုပ်သိမ်းခဲ့ရသည်။ ကံပိုင်တည်ကုန်သွယ်ရေးစခန်းအား အဆင့်မြှင့်တင်ဖွင့်လှစ်ပေးရန် တရုတ်နိုင်ငံ ဘက်မှ တောင်းဆိုလာသဖြင့် နိုင်ငံတော်၏ ခွင့်ပြုချက်ဖြင့် ၂၀ဝ၉ ခုနှစ်  သြဂုတ်  ၁ ရက်တွင် နိုင်ငံတော်အဆင့်စခန်းအဖြစ် တရားဝင်ပြန်လည်ဖွင့်လှစ်၍ တရုတ် နိုင်ငံနှင့် ပို့ကုန်၊ သွင်းကုန် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် အဓိကတင်ပို့သည့် ပို့ကုန်ပစ္စည်

Tuesday, 7 Nov 2023

တနင်္သာရီတိုင်းဒေသကြီးတွင် ဓာတ်သတ္တုဖြစ်ထွန်းမှုအနေဖြင့် ခဲမဖြူနှင့် အဖြိုက်နက်ကို ထားဝယ်၊ ပုလော၊ ပုလောက်၊ မြိတ်၊ တနင်္သာရီ၊ ဘုတ်ပြင်း၊ ကော့သောင်းဒေသများ၊ ကျောက်မီးသွေးကို ထားဝယ်၊ မေတ္တာ၊ ဘန်း ချောင်းဒေသ၊ တနင်္သာရီ၊ ခေါမပြင်နှင့် သဘော့လိပ်ကြီး၊ မောတောင်ဒေသ၊ ဘုတ်ပြင်း၊ လေညာ၊ ကရသူရိ ဒေသ များ၊ ဂေါ်ဒန်ကို ထားဝယ်  အယူးချောင်းဒေသ၊ စိန်ကို တနင်္သာရီ သိန္ဓောဒေသ၊ ဇာကွန်သဲနှင့် မှန်ချက်သဲကို ဘုတ်ပြင်း၊  ကမ်းရိုးတန်းဒေသများ၊ ထုံးကျောက်ကို တနင်္သာရီ သရဘွင်၊ သိန်းခွန်နှင့် မြိတ်ကျွန်းစုဒေသများ၊ မင်းဂနီးစ်ကို မြိတ်ကျွန်းစု၊ ပါဝယ်ကျွန်းဒေသ၊ ရွှေကို ကော့သောင်းမြို့နယ်၊ ရာဆယ်ကျွန်းဒေသ၊ သံ

Monday, 23 Oct 2023

ဗန်းမော်-လွယ်ဂျယ်ဒေသအတွင်း နေထိုင်ကြသည့် တောင်သူများသည် ကြံ၊ တစ်သျူးငှက်ပျော၊ ပြောင်း၊ ရွှေဖရုံ သီး စသည့် ရာသီပေါ်သီးနှံများအား စိုက်ပျိုး၍ တစ်ဖက် တရုတ်နိုင်ငံသို့  တင်ပို့ရောင်းချလျက်ရှိကြပြီး ကြံများကို အဓိကထား၍ စိုက်ပျိုးကြသည်။ မေလနှင့် ဇွန်လများတွင် ကြံများကို စတင်စိုက်ပျိုးကြပြီး နိုဝင်ဘာလ မှ ဧပြီလများတွင် ကြံများထွက်ရှိသဖြင့် တစ်ဖက်တရုတ်နိုင်ငံသို့ ဒေသသုံး အနေဖြင့် တင်ပို့ရောင်းချလျက်ရှိပြီး တယ်ဟုန်ပြည်နယ်၊ ကျန်းဖုန်းခရိုင်  သကြားစက်များမှ  သကြားထုတ်လုပ်ရန် အတွက် ဝယ်ယူခြင်းဖြစ်သည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် လွယ်ဂျယ် နယ်စပ်မှတစ်ဆင့် တစ်ဖက် တရုတ်နိုင်ငံသို့ ကြံ တန်ချိန်

Monday, 23 Oct 2023

ကော့သောင်းကုန်သွယ်ရေးစခန်း၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ကုန်သွယ်မှုပမာဏ လျာထားချက်မှာ ပို့ကုန်အမေရိကန်ဒေါ်လာ ၂၅၀ ဒေါ်လာသန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၃၀ ဒေါ်လာသန်း၊ ကုန် သွယ်မှုပမာဏ   အမေရိကန်ဒေါ်လာ ၂၈၀ ဒေါ်လာသန်း ဖြစ်သည်။ ကော့သောင်းကုန်သွယ်ရေးစခန်းအနေဖြင့် ကုန်သွယ်မှုပမာဏ လျာထား ချက် ပြည့်မီကျော်လွန်စေရေးအတွက် ဥညန ှအသစ ှနမလငခနျ ဌာနများ၊ မိတ် ဖက်ဌာနများ၊ ဆက်စပ်ဌာနများ၊ ကုန်သည်လုပ်ငန်းရှင်များ၊ ကုမ္ပဏီ ကိုယ်စားလှယ်များဖြင့် ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းထားရှိသည်။ ပို့ကုန်  တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ဝန်ထမ်း များအနေဖြင့် အသေးအဖွဲဟူ၍မရှိ အရာရာကို အ

Monday, 23 Oct 2023

စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနသည်  အိမ်နီးချင်းနိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို အခြေခံ လျက် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများကို တိုးချဲ့ဆောင် ရွက်ရန် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုကို စစ်တွေ ကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေး စခန်းများဖွင့်လှစ်၍ ဆောင်ရွက်လျက်ရှိသည်။ 

Tuesday, 26 Sep 2023

မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်၏  စက်တင်ဘာ ၉ ရက်မှ ၁၅ ရက်ထိ ကာလအတွင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၉ ဒသမ ၅၃၄ သန်း၊ သွင်းကုန် တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၈၈၅ သန်းဖြစ်၍ ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၅   ဒသမ ၄၁၉ သန်းဖြစ်သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၈၀ သန်း ၊ သွင်းကုန်တန်ဖိုးအမေရိကန်ဒေါ်လာ ၁ ဒသမ ၈၈၂ သန်းပိုမိုခဲ့သဖြင့် ကုန်သွယ်မှုပမာဏ မှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၃ဒသမ ၃၆၂ သန်း ပိုမိုခဲ့ကြောင်းသိရသည်။

Tuesday, 26 Sep 2023

    မြဝတီကုန်သွယ်ရေးဇုန်၏  ၂၀၂၃ ခုနှစ် စက်တင်ဘာ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်း ပို့ကုန်တန်ဖိုးအမေရိကန်ဒေါ်လာ ၃ ဒသမ ၁၆၉ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၁၉၀ သန်းဖြစ်၍   ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၈   ဒသမ ၃၅၉ သန်းဖြစ်ကာ  အနီးစပ်ဆုံးကာလနှင့်နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၄၇ သန်းလျော့နည်းပြီး သွင်းကုန်တန်ဖိုး အမေ ရိကန်ဒေါ်လာ သုည  ဒသမ ၉၇၈ သန်းပိုမိုခဲ့ သဖြင့် ကုန်သွယ်မှုပမာဏမှာ တန်ဖိုးအမေရိကန် ဒေါ်လာ ၁ ဒသမ ၄၆၉ သန်း လျော့နည်းခဲ့ကြောင်း သိရသည်။

Monday, 11 Sep 2023

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရခိုင်ပြည်နယ်ရှိ စစ်တွေနယ်စပ် ကုန် သွယ်ရေးစခန်းမှသာ တင်ပို့ရမည့် ရေထွက်ပစ္စည်း၊ လယ်ယာထွက် ကုန်နှင့် စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းအချို့ကို သတ်မှတ်လိုက်ကြောင်း စက်တင်ဘာ ၁ရက်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန လက်အောက်ရှိ ကုန်သွယ်ရေးဦးစီးဌာနမှ ထုတ်ပြန်သည့် ပို့ကုန်၊ သွင်းကုန်နှင့်ပတ်သက်သည့်  သတင်းလွှာ (၁၅/၂၀၂၃)အရ   သိရ သည်။

Pages