Main menu

Background

Wednesday, 12 Oct 2022

၂၀၂၂ ခုနှစ်  စက်တင်ဘာလအတွင်း မြဝတီကုန်သွယ်ရေးဇုန်မှ ပို့ကုန် အမေရိကန်ဒေါ်လာ ၆၀ ဒသမ ၆၄၆ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၁၄၉ ဒသမ ၃၆၇ သန်းရှိပြီး ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၁၀ ဒသမ ဝ၁၃ သန်း ဆောင်ရွက်နိုင်ခဲ့သည်။  ယခင်ဘဏ္ဍာနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ပို့ကုန် အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၁၀ဝ သန်း လျော့နည်းခဲ့ပြီး သွင်းကုန် အမေရိကန်ဒေါ်လာ ၉ ဒသမ ဝ၀၃ သန်း ပိုမိုခဲ့သောကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့် အမေရိကန်ဒေါ်လာ ၄ ဒသမ ဝ၉၇ သန်း ပိုမိုခဲ့သည်။

Thursday, 29 Sep 2022

ပြည်တွင်းစားသုံးမှုမှ ပိုလျှံသည့် ကြက်သွန်နီများကို မူဆယ်၊ ချင်းရွှေဟော် နယ်စပ်များမှ တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရာမှ ကိုဗစ်(၁၉) ရောဂါဖြစ်ပွားပြီးနောက်ပိုင်း မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်မှုတွင်Close loop management   စနစ်အရ အကန့်အသတ်ဖြင့်သာ ကုန် သွယ်မှုဆောင်ရွက်နေရသဖြင့် တရုတ်နိုင်ငံသို့ ကြက်သွန်နီတင်ပို့မှု နည်းခဲ့ပြီး မြဝတီ၊ ထီးခီး၊ မောတောင် နယ်စပ်များမှတစ်ဆင့် ကြက် သွန်နီများကို ထိုင်းနိုင်ငံဈေးကွက်သို့ တင်ပို့လျက်ရှိသည်။

Thursday, 22 Sep 2022

မြန်မာ-ထိုင်းနယ်စပ်ရှိ   ကော့သောင်း ကုန် သွယ်ရေးစခန်းမှ   ယခုဘဏ္ဍာနှစ်  သြဂုတ်လတွင် ပို့ကုန်အမေရိကန်ဒေါ်လာ   ၁၉ ဒသမ ၃၉၅ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၁ဒသမ ၈၇၉ သန်း ဆောင်ရွက်နိုင်၍ ကုန်သွယ်မှုပမာဏ  အမေရိကန် ဒေါ်လာ ၂၁ ဒသမ ၂၇၄ သန်း  ဆောင်ရွက်နိုင်ခဲ့ ကြောင်း သိရသည်။ယမန်နှစ်ကာလတူ  သြဂုတ်လနှင့်နှိုင်းယှဉ် ချက်အရ ပို့ကုန်ပိုင်းတွင် အမေရိကန်ဒေါ်လာသုည ဒသမ ၃၄၅ သန်း၊  သွင်းကုန်ပိုင်းတွင် အမေရိကန် ဒေါ်လာ သုည ဒသမ ၇၅၁ သန်း ပိုမိုသဖြင့်  ကုန် သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ဝ၉၆ သန်းပိုမိုကြောင်း သိရသည်။ကာလတူထက် ပို့ကုန်ပိုင်းပိုမိုရခြင်းမှာအဓိက ပို့ကုန်ပစ္စည်းဖြစ်သော ငါးမျိုးစုံ၊   ပ

Thursday, 22 Sep 2022

သြဂုတ်လအတွင်း မြဝတီကုန်သွယ်ရေးဇုန်မှ ပို့ကုန် အမေရိကန်ဒေါ်လာ ၅၀ ဒသမ ၂၂၁ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ  ၁၂၀ ဒသမ ၈၄၈ သန်း ရှိပြီး  ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၇၁ ဒသမ ဝ၆၉ သန်း  ဆောင် ရွက်နိုင်ခဲ့သည်။  ကာလတူဆောင်ရွက်မှုနှင့်  နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၅၉၆ သန်း၊ သွင်းကုန် အမေရိကန် ဒေါ်လာ ၅ ဒသမ ၅၆၂ သန်း လျော့နည်းခဲ့သောကြောင့် ကုန်သွယ်မှုပမာဏ အနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၃၇  ဒသမ ၁၅၈ သန်း လျော့နည်းခဲ့ ကြောင်း သိရသည်။ကာလတူထက် ပို့ကုန်ပိုင်းတွင် လျော့နည်းခဲ့သည့် ကုန်ပစ္စည်း အမယ် များမှာ ပြောင်း၊ မတ်ပဲ၊ ပဲတီစိမ်း၊ မြေပဲဆန်၊ နှမ်းဖြူ၊ နှမ်းနက်၊ နှမ်း (ညို)၊

Thursday, 22 Sep 2022

သြဂုတ်လအတွင်း ပို့ကုန် အမေရိကန်ဒေါ်လာ ၈ ဒသမ ၃၇၄ သန်း၊ သွင်းကုန်အမေရိကန်ဒေါ်လာ  ၈ ဒသမ ၈၈၄ သန်းရှိပြီး ကုန် သွယ်မှုပမာဏ ၁၇ ဒသမ ၂၅၈ သန်းဖြစ်၍ ကာလတူ ဆောင်ရွက်မှု နှင့် နှိုင်းယှဉ်ပါက ပို့ကုန်ပိုင် းတွင် တန်ဖိုး အမေရိကန် ဒေါ်လာ ၆ ဒသမ ၅၆၆ သန်းပိုမိုခဲ့ပြီး  သွင်းကုန် အမေရိကန်ဒေါ်လာ ၆ ဒသမ ၉၆၅ သန်း လျော့နည်းခဲ့သောကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ သုည  ဒသမ ၃၉၉ သန်း လျော့နည်းခဲ့ ကြောင်း သိရသည်။ကာလတူထက် ပို့ကုန်ပိုင်းတွင် ပိုမိုခဲ့ခြင်းမှာ အဓိကပို့ကုန် ဖြစ်သည့် Rubber R.S.S (3) ၊ ဆန်ကွဲ၊ ကွမ်းသီး၊ ဆန်၊ နှံစားပြောင်း၊ ကွမ်းသီးခွံ၊ လက်ဖက်ခြောက်တို့ တင်ပို့မှု ပိုမ

Tuesday, 30 Aug 2022

သြဂုတ်လ တတိယပတ်အတွင်း မန္တလေးကုန်စည်ဒိုင်သို့  ပဲအသစ်များ ဝင်ရောက်မှုမရှိဘဲ  လက်ကျန်လှောင်လက်ပဲ များသာ  အရောင်းအဝယ်ဖြစ်နေပြီး   တရုတ်နှင့် အိန္ဒိယ နထစသမအ ဝယ်လက်ရှိ၍ ဈေးမြင့်တက်လာကြောင်း     မန္တလေးကုန် စည်ဒိုင်မှ သိရသည်။ မန္တလေးကုန်စည်ဒိုင်သို့ ကျောက်ပန်း တောင်း၊ တပ်ကုန်း၊ ရမည်းသင်း၊ မကွေးနှင့် အောင်လံဘက်မှ ဝင်ရောက်လျက်ရှိပြီး  မြေပဲဆန်အသစ်များ နယ်စုံမှ ထွက် ပေါ်နေ၍  မြေပဲဆန်ဈေးများ ကျဆင်းလာကြောင်း အရည် အသွေးနှင့် အမျိုးအစားပေါ်မူတည်၍ ယခင်တစ်ပတ်ထက် မြေပဲဆန်တစ်ပိဿာ ကျပ် ၃၀ဝ မှ ကျပ် ၁၂၀ဝ အထိ လျော့ ကျလာသည်။

Tuesday, 30 Aug 2022

ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇူလိုင်ကုန်အထိ လေးလအတွင်း မြန်မာ နိုင်ငံမှ ပြည်ပနိုင်ငံများသို့ ပျားရည် မက်ထရစ်တန်ချိန်  ၇၀ဝ နီးပါး တင်ပို့နိုင်ခဲ့ကြောင်း မွေးမြူ ရေးနှင့် ကုသရေးဦးစီးဌာန၊ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။လက်ရှိ ဘဏ္ဍာနှစ်အတွင်း ပျားရည်တင်ပို့ခဲ့သည့်နိုင်ငံများတွင်  တောင်ကိုရီးယား၊ ဂျပန်၊ အမေရိကန်၊ စင်ကာပူအစရှိသော နိုင်ငံများပါဝင်ပြီး တင်ပို့ခဲ့သည့်ပျားရည်အမျိုးအစား လေးမျိုး အနက် ဆီး(ဇီး)ပျားရည်ကို အများဆုံးတင်ပို့ခဲ့ခြင်းဖြစ်ကာ  ပန်းနှမ်းပျားရည်၊  ပန်းစုံပျားရည်၊ နေကြာပျားရည်တို့ကိုလည်း တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

Tuesday, 30 Aug 2022

ချင်းပြည်နယ်တွင် ချင်းလူမျိုးတို့ ၏ ရိုးရာအစားအစာအဖြစ် ဆာဘူးသီး သည် ယခုအခါ ချင်းတိုင်းရင်းသားများ သာမက  အခြား တိုင်းရင်းသားများက ပင် အဆာပြေအဖြစ် စားသုံးမှုပိုမိုများ လာသည့် အစားအစာတစ်မျိုးဖြစ်သည်။ဆာဘူးသီးစားသုံးသော ဓလေ့ များ တစ်နေရာနှင့် တစ်နေရာ အခေါ် ဝေါ်ခြင်း မတူညီကြပေ။ တီးတိန်စကား ဖြင့် ဘိုင်မကျင်းဟုသော်လည်းကောင်း၊ ချင်းတောင်ပိုင်းဒေသ မင်းတပ်၊ မတူပီ၊  ကန်ပက်လက်နှင့် ပလက်ဝဒေသများ တွင် ဒေတွီဟုလည်းကောင်း၊  ဟားခါး စကားဖြင့် ဆာဘူးသီးဟု အမျိုးမျိုးခေါ် ဝေါ်ကြကြောင်း လေ့လာသိရှိရသည်။ပထဝီအနေအထားအရ   ချင်း တောင်ဒေသများတွင်   ရှေးအခါက ဆန်စပါးထက်  ပြောင်းသီးနှံကို ပိုမို စိုက်ပျို

Friday, 29 Jul 2022

ပြည်တွင်းနွားနို့ထုတ်လုပ်မှုတွင်အရည်အသွေးပိုင်းဆိုင်ရာထိန်းချုပ်ထုတ်လုပ်မှုထက်အရေအတွက်ကိုသာဦးစားပေးထုတ်လုပ်လာခြင်းကြောင့်လိုအပ်ချက်များရှိနေပြီးနွားနို့အရည်အသွေးကျဆင်းလာကြောင်းရန်ကုန်တိုင်းဒေသကြီး မွေး မြူရေးနှင့်ကုသရေး ဦးစီးဌာနမှသိရသည်။နွားနို့အတွက်နို့စားနွားမွေးမြူသည့်အခါ၌ အရည်အသွေးထက်အရေအတွက်ကို ဦးစားပေးလာသောကြောင့် ရေရှည်တွင် နို့စားနွား မွေးမြူမှု၊ နွားနို့ထုတ်လုပ်မှုနှင့် သောက်သုံးမှုများ   အခက် အ ခဲရှိလာနိုင်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ၁၉၇၈ခုနှစ်မှစတင်၍ကမ္ဘာ့ ဘဏ်အကူအညီဖြင့် ပြင်သစ်၊နယ်သာလန်၊ သြစတြေးလျနိုင်ငံများမှ ဖရေရှန်၊ ဂျာစီ၊ဂွမ်စီ၊ အေးရှား ရား၊ နော်ဝေဂျ

Friday, 29 Jul 2022

ပြည်ဈေးကွက်တွင် ကျောက်ဖရုံသီးများ အရောင်း အဝယ်ဖြစ်လျက်ရှိပြီး ပြည်ဒေသ အနီးတစ်ဝိုက်ရှိ ကျေးရွာ များ၊ သဲကုန်းမြို့နယ်ရှိ ပုတီးကုန်း၊ ဝက်ပုတ်နှင့် ရွှေတောင်မြို့ရှိ ကျေးရွာများမှ တင်ပို့ရောင်းချလျက်ရှိသည်။ ကျောက်ဖရုံသီး ဈေးမှာ  ပေါ်ခါစအချိန်တွင် အလုံးကြီး တစ်လုံးလျှင် ကျပ် ၂၀ဝ၀ နှင့် အလုံးသေးတစ်လုံးလျှင် ကျပ် ၁၀ဝ၀ ဖြင့် ဈေးတန် ခဲ့သော်လည်း ယခုလှိုင်လှိုင်ပေါ်ချိန်တွင် ကျောက်ဖရုံသီး အလုံးကြီး တစ်လုံးလျှင် ကျပ် ၆၀ဝ-၇၀ဝ နှင့် အလုံးသေး တစ် လုံးလျှင် ကျပ် ၄၀ဝ-၅၀ဝ ခန့်ဖြင့် ရောင်းချလျက်ရသည်။

Pages