Background
ဒီဇင်ဘာ ၁၇ ရက်မှ ၂၃ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၈၆၂ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာ တန်ချိန် ၂၇၀ဝ၀ ကျော် တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် ဘရူနိုင်း နိုင်ငံမှ တန်ချိန် ၁၅၀ဝ၀ ကျော်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တန်ချိန် ၉၀ဝ၀ ခန့် ၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံမှ တန်ချိန် ၁၀ဝ၀ ကျော်၊ ကနေဒါ နိုင်ငံမှ တန်ချိန် ၅၀ဝ ကျော်၊ ဂျာမနီနိုင်ငံမှ တန်ချိန် ၃၀ဝ ကျော်နှင့် အီရန်နိုင်ငံမှ တန်ချိန် ၇၅၀ ကျော် တင်သွင်းခဲ့သည်။ ယခုတစ်ပတ်အတွင်း ဘရူနိုင်း နိုင်ငံမှ ဓာတ်မြေသြဇာ အများဆုံးတင်သွင်းကြောင်း သိရ သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပ
ဒီဇင်ဘာ ၁၇ ရက် မှ ၂၃ ရက်ထိကာလအတွင်း မြဝတီကုန်သွယ်ရေးဇုန်မှ ပို့ကုန် အမေရိကန်ဒေါ်လာ ၇ ဒသမ ဝ၄၈ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၆၇၅ သန်း ဆောင်ရွက်နိုင်၍ ကုန်သွယ်မှုပမာဏတန်ဖိုး အမေရိကန် ဒေါ်လာ ၂၅ ဒသမ ၇၂၃ သန်း ဆောင်ရွက်နိုင်ခဲ့သည်။ ယခင်တစ်ပတ် ဆောင်ရွက်မှုနှင့်နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် အမေရိကန်ဒေါ်လာ ၈ ဒသမ ၈၂၁ သန်းလျော့နည်းခဲ့ပြီး သွင်းကုန်ပိုင်းတွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၆၅ သန်း ပိုမိုခဲ့သဖြင့် စုစုပေါင်း ကုန်သွယ်မှုပမာဏအနေဖြင့် အမေရိကန်ဒေါ်လာ ၆ ဒသမ ၄၅၆သန်း လျော့နည်းခဲ့ကြောင်း သိရ သည်။
လာမည့် ကြံရာသီတွင် ပြည်တွင်းမှထုတ်လုပ်သော သကြားတန်ချိန် ငါးသောင်းကို ဗီယက်နမ်နိုင်ငံသို့ ကြိုရောင်းစနစ်ဖြင့် တင်ပို့ရန် သဘောတူညီမှုရရှိထားကြောင်း မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းက သိရသည်။
ဗီယက်နမ်သို့ တင်ပို့ရန် FOB ဈေးနှုန်း သတ်မှတ်ချက်အနေဖြင့် သကြားတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၀ဝ ဝန်းကျင်ခန့်ရှိနိုင် ကြောင်း အဆိုပါအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်း ဌေးက ဒီဇင်ဘာ ၁၅ ရက်တွင် ပြောသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နိုဝင်ဘာလအတွင်း မြဝတီကုန်သွယ်ရေးဇုန်မှ ပို့ကုန် အမေရိကန်ဒေါ်လာ ၄၀ ဒသမ ၃၅၂ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၁၂၆ ဒသမ ၃၈၉ သန်း ကုန်သွယ်မှုပမာဏတန်ဖိုး အမေရိကန်ဒေါ်လာ ၁၆၆ ဒသမ ၇၄၁ သန်းဖြစ်၍ ကုန်သွယ်မှုလျာထားချက်အပေါ် ၇၉ ဒသမ ဝ၂၄ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
တောင်အမေရိကတိုက်၏ နိုင်ငံတစ်ခုဖြစ်သည့် ဆူရီနမ်က မြန်မာ့ပြောင်း ဝယ်ယူတင်သွင်းခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ ဌာနအနေဖြင့် မြန်မာနိုင်ငံက စိုက်ပျိုးထွက်ရှိသည့် ပြောင်း ၈၇၅ တန်ကို ဆူရီနမ်သို့ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း တင်ပို့ရောင်းချခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာ့ဘဏ်၏ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်စာရင်းများအရ ကမ္ဘာ့အသေးဆုံးနိုင်ငံများတွင် ပါဝင်ပြီး လူဦးရေ ခြောက်သိန်းခန့်သာရှိသည့် ဆူရီနမ်နိုင်ငံသည် လက်ရှိတွင် မြန်မာ့ပြောင်း ဈေးကွက်၏ တောင်အမေရိကတိုက် ဖောက်သည်ဈေးကွက် အသစ် ဖြစ်လာခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၁၉ ရက်မှ ၂၅ ရက်ထိ ကာလအတွင်း မြဝတီကုန်သွယ်ရေးဇုန်မှ ပို့ကုန် အမေရိကန်ဒေါ်လာ ၉ ဒသမ ၇၂၉ သန်း၊ သွင်းကုန် အမေရိကန် ဒေါ်လာ ၃၀ ဒသမ ၃၉၂ သန်းရှိပြီး ကုန်သွယ်မှုပမာဏ ၄၀ ဒသမ ၁၂၁ သန်း ဖြစ်ကာ အနီးစပ်ဆုံးကာလ ယခင်တစ်ပတ်ဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၉၆ သန်း လျော့နည်းခဲ့သော်လည်း သွင်းကုန်အမေရိကန်ဒေါ်လာ ၂ ဒသမ ဝ၅၄ သန်း ပိုမိုခဲ့သောကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၆၅၈ သန်း ပိုမိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင် စိုက် ပျိုးထုတ်လုပ်သည့် ကြံများကို တရုတ်ဘက်က ဝယ်လိုအားကောင်းမွန်ပြီး နှစ်စဉ် တင်ပို့လျက်ရှိ ရာ ယခုနှစ် ကြံရာသီ၌ ကြံတစ်တန်လျှင် ယွမ်ငွေ ၄၅၀ (မြန်မာငွေ နှစ်သိန်းကျော်)ဖြင့် ဈေးဖွင့် ဝယ်ယူမည်ဖြစ်ရာ ဈေးကောင်းရရှိကြောင်း သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များ အသင်းမှ သိရသည်။
အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်ထိ ကာလအတွင်းပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ၄၆ ဒသမ ၈၄၇ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာတန်ချိန် ၇၅၀ဝ၀ ကျော် တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် အိုမန်နိုင်ငံ မှ တန်ချိန် ၂၅၀ဝ၀ ကျော်၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ တန်ချိန် ၂၇၀ဝ၀ ကျော်၊ အာရပ်စော်ဘွားများပြည်ထောင်စု နိုင်ငံမှ တန်ချိန် ၈၅၀ဝ ကျော်၊ ဗီယက်နမ်နိုင်ငံမှ တန်ချိန် ၅၂၀ဝ ကျော်၊ ထိုင်းနိုင်ငံမှ တန်ချိန် ၃၈၀ဝ ကျော်၊ တောင် ကိုရီးယားနိုင်ငံမှ တန်ချိန် ၂၇၀ဝ ကျော်၊မလေးရှားနိုင်ငံမှ တန်ချိန် ၃၀ ကျော်၊အင်ဒိုနီးရှားနိုင်ငံမှ တန်ချိန် ၂၀ကျော်၊စပိန်နိုင်ငံမှတန်ချိန် ၁၅ တန်ကျော်နှင့် အိန္ဒိယနိုင်ငံမှ တန်ချိန် ငါး
ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခြောက်လတာကာလအတွင်းနယ်စပ်ဂိတ် ငါးခုမှတရုတ်ထံကုန်သွယ်မှု အမေရိကန်ဒေါ်လာ သန်း ၁၂၀ဝ ကျော်ရှိနေပြီဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီး ဌာနမှ သိရ သည်။ဧပြီ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ခြောက်လတာ ကာလအတွင်းအဆိုပါ နယ်စပ်ဂိတ်များမှ ကုန်သွယ်မှုမှာ စုစု ပေါင်း အမေရိကန်ဒေါ်လာ ၁၂၂၆ သန်း ကုန်သွယ်မှု ပြုလုပ်ထား ခြင်းဖြစ်သည်။အဆိုပါ ကာလ အတွင်းမူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်နှင့် လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းများ၏ကုန်သွယ်မှုမှာအမေ ရိကန်ဒေါ်လာ ၁၁၀၁ ဒသမ ၃၁ သန်းရှိကြောင်း သိရသည်။အလားတူ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်း ကုန် သွယ် မှုမှာ အမေရိကန်ဒ
၂၀၂၂ ခုနှစ် အောက်တိုဘာ ၈ ရက်မှ ၁၄ ရက်ထိ ကာလအတွင်းချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ပို့ကုန် အမေရိကန် ဒေါ်လာ ၁ ဒသမ ၆၇၉ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၄၂သန်းရှိပြီး ကုန်သွယ်မှုပမာဏ အမေရိ ကန် ဒေါ်လာ ၃ ဒသမ ၆၂၁သန်းဖြစ်ပြီး ကာလတူဆောင်ရွက်မှုနှင့်နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၄၉သန်း၊ သွင်းကုန်အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၉၄ သန်း ပိုမိုခဲ့သောကြောင့် ကုန်သွယ်မှု ပမာဏ အနေဖြင့် တန်ဖိုး အမေရိကန် ဒေါ်လာ ၂ ဒသမ ၉၄၃ သန်း ပိုမိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။ကာလတူနှင့်နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် ဆန်၊ လက်ဖက် ခြောက်၊ ဝဥ(ခြောက်)၊ ဆန်ကွဲ၊ ရော်ဘာSMR 20၊ ရော







