Background
မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တော ထွက်ပစ္စည်းများတင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁၀၅မိုင် ကုန် သွယ်ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်- ယခုအပတ် ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု (ကျပ်) (ယွမ်) (ကျပ်) (ယွမ်)ပဲတီစိမ်း တန် ၆၆၈၉၉၀ ၅၅၀၀ ၆၆၁၆၄၁ ၅၄၀၀ပြောင်းဖူးစေ့ တန် ၂၃၉၅၃၇ ၁၉၂၀ ၂၃၅၂၅၀ ၁၈၈၀နှမ်းဖြူ တန် ၈၃၀၄၉၅ ၈၄၀၀ ၈၃၆၇၅၄ ၈၄၀၀အေးအေးမြ မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဖက် အိန္ဒိယနိုင်ငံသို့ မဝတ်တီရှပ်၊ဝက်အရှင်၊မုန့်မျိုးစုံတို့တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ ရိဒ် ပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်- ယခုအပတ် ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု (ကျပ်) (ရူပီး) (ကျပ်) (ရူပီး)ကွမ်းသီး တန် ၈၉၂၅၀၀ ၅၈၀၀၀ ၈၉၂၅၀၀ ၅၈၀၀၀ဝက်(အရှင်) ကီလို ၂၅၀၀ ၁၈၀ ၂၅၀၀ ၁၈၀မဝတ်တီရှပ် ဒါဇင် ၈၀၀၀ ၉၃၀ ၈၀၀၀ ၉၃၀ဆွေဆွေဝင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောနယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေငန်ပုစွန်၊ ငါးကုန်းညိုခြောက်၊ ဝါးကြီး၊ ဝါးသေးတို့ တင်ပို့လျက်ရှိရာ အဆိုပါ ပို့ကုန်အချို့ရဲ့ မောင်တော ပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ တက္ကနာဗ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်- ယခုအပတ် ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု (ကျပ်) (တာကာ) (ကျပ်) (တာကာ)ရေငန်ပုစွန် တန် ၄၁၇၅၉၄၀ ၃၈၈၄၆၀ ၄၁၇၅၉၄၀ ၃၈၈၄၆၀ငါးကုန်းညိုခြောက် တန် ၁၂၃၇၅၀၀ ၁၀၈၅၅၂ ၁၂၃၇၅၀၀ ၁၀၈၅၅၂ဝါးကြီး လုံး ၈၀ ၁၇ .၇၀ ၈၀ ၁၇ .၇၀ဝါးသေး လုံး ၂၄ ၄ .၅၀ ၂၄ ၄ .၅၀အေးအေးမြမြန်မာ-ထိုင်းနယ်စပ် တာချီလိတ်နယ်စပ်စခန်းမှ တစ်ဖက် ထိုင်းနိုင်ငံသို့ ဒေသထွက်ကုန်ပစ္စည်းများဖြစ်တဲ့ လက်ဖက်ခြောက်နှင့် လိမ္မော်သီးတို့ တင်ပို့ လျက်ရှိရာ အဆိုပါပို့ကုန်တွေရဲ့တာချီလိတ်ပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ မယ်ဆိုင် ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် - ယခုအပတ် ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု (ကျပ်) (ဘတ်) (ကျပ်) (ဘတ်)လက်ဖက်ခြောက် တန် ၃၁၀၀၀၀ ၁၂၄၀၀ ၃၅၅၁၈၅ ၁၇၀၀၀လိမ္မော်သီး တန် ၁၇၅၀၀၀ ၇၀၀၀ ၁၇၅၀၀၀ ၇၀၀၀ဆွေဆွေဝင်း
ဒီဇင်ဘာ ၆ ရက်နေ့အစောပိုင်းမှာ ဥရောပနိုင်ငံတွေရဲ့ ကြွေးမြီအဆင့်အတန်းကို လျှော့ချသတ်မှတ်မယ်လို့ Standard & Poor's အေဂျင်စီက ကြေညာလိုက်ပြီးနောက် ရေနံစိမ်းဈေးနှုန်းတွေနဲ့ အတူ တိုကျိုရော်ဘာ ကြိုပွိုင့်ဈေးနှုန်းတွေ ကျဆင်း သွားခဲ့ရတယ်။
မလေးရှားနိုင်ငံမှာ ရော်ဘာလုပ်ငန်းငယ်များက အစေးထွက်နှုန်းမြင့်တဲ့ မျိုးစိတ်သစ်ကို စိုက်ပျိုးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အစိုးရက ဆီအုန်းကို နိုင်ငံရဲ့ အဓိကဝင်ငွေရတဲ့သီးနှံအဖြစ် သတ်မှတ်ထား ရာကနေ ယခုအခါ ရော်ဘာကို အစားထိုးတော့မှာဖြစ်ကြောင်း မလေးရှားရော်ဘာအသင်း (MRB) က ပြောကြားခဲ့ပါတယ်။
နိုင်ငံတကာဈေးကွက်မှာ ရော်ဘာဈေးနှုန်းတွေကျဆင်းနေပေမယ့် ချင်းရွှေဟော်နယ်စပ်စခန်းကနေ အရောင်းအဝယ် ဈေးကွက် မပျက်စေရေးအတွက် ကြိုးစားတင်ပို့ခဲ့ရာ နိုဝင်ဘာလမှာ ရော်ဘာတင်ပို့မှု ၁၁၂၂ တန်ကျော် တင်ပို့ခဲ့ပြီး အနီးစပ်ဆုံး ကာလများထက် ကျော်လွန်တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ဟိုပန် ဒေသထွက် ရော်ဘာများသာမက နယ်စပ်ကုန်သွယ်ရေးစခန်း ဖောင်ဆိပ်နဲ့ ချင်းရွှေဟော်မြို့ကြားရှိ စံပြကျေးရွာမှ ထွက်ရှိတဲ့ ရော်ဘာများကိုလည်း ၂၀၁၂ မတ်လမှစတင်၍ တင်ပို့နိုင်မယ့် အစီအစဉ်များ ရှိကြောင်း သတင်းရရှိပါတယ်။Source: နကသ၊MIRT(DOT)
နိုဝင်ဘာလ ၃၀ ရက်မှ ဒီဇင်ဘာ ၆ ရက်ထိကာလအတွင်းမူဆယ်၊ ချင်းရွှေဟော်၊ တာချီလိတ် စခန်းများမှ ရော်ဘာအဆင့် စုံအပြင် ရော်ဘာဖြတ်စစုစုပေါင်း ၁၀၂၆ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၃ ဒသမ ၅၀၈ သန်းဖိုးကို တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က တန် ၈၀၀ ကျော် တင်ပို့ခဲ့တာကြောင့် တန် ၂၀၀ ခန့် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။
နိုဝင်ဘာ ၂၇ မှ ဒီဇင်ဘာ ၃ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၄၄၁ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၆၁၇ သန်းဖိုးကို တင်ပို့ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ ဗီယက်နမ်ကို တန် ၁၄၀၊ စင်ကာပူကို ၁၀၁ တန်နဲ့ မလေးရှားကို တန် ၂၀၀ တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ယခင်အပတ်က တန် ၂၀၀ ကျော်သာ တင်ပို့ခဲ့ပါတယ်။
နိုဝင်ဘာလ ၃၀ ရက်မှ ဒီဇင်ဘာ ၆ ရက်အထိ ကာလ အတွင်း တရုတ်နယ်စပ် မူဆယ်နဲ့ ချင်းရွှေဟော် စခန်း တွေက နေ တိရစ္ဆာန်ထွက် ၅၄၂ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၂ဒသမ ၁၉၂ သန်းဖိုးတင်ပို့ခဲ့ပါတယ်။
မြန်မာ-အိန္ဒိယနယ်စပ်ရှိ ရိဒ်နယ်စပ်ကုန်သွယ်ရေး စခန်းကနေ နိုဝင်ဘာ ၃၀ မှ ဒီဇင်ဘာ ၆ ရက်အထိ ကာလ အတွင်းဝက်အရှင် ၁၀၃၈၀ ကီလို၊တန်ဖိုး ကျပ်၁၄ဒသမ ၂၂၁ သန်းဖိုး တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ယခင်အပတ် ထက် ကီလို ၁၀၀ ခန့် တင်ပို့မှုပိုမိုခဲ့ပါတယ်။ဝက်အရှင်တစ်ကီ လိုကို (၁၃၇၀)ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။MIRT(DOBT)
နိုဝင်ဘာလ ၃၀ မှ ဒီဇင်ဘာ ၆ ရက်အထိ ကာလ အတွင်း မြန်မာတရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်စခန်း၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ မောင်တောစခန်းကနေ ရေထွက်ကုန် ၃၀၄ ဒသမ ၇၁၈ တန်၊ တန်ဖိုး ကန်ဒေါ် လာ ၁ ဒသမ ၀၂၉ သန်းဖိုး တင်ပို့ခဲ့တာတွေ့ရပါတယ်။ မူဆယ် နယ်စပ်မှ ငါးရှဉ့်တစ်မျိုးသာ တင်ပို့နိုင်ခဲ့တာကြောင့် အပို့ကျတာဖြစ်ကြောင်း သိရပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ် ရေးဇုန်ကနေ ပရဆေး ၃၆၉ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၈၂၆ သန်းကို နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၆ ရက် အထိကာလအတွင်း တင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ ယခင် အပတ်က တန် ၄၀၀ ကျော်တင်ပို့ခဲ့တာကြောင့် တန် ၅၀ ခန့် အပို့လျော့ခဲ့တာတွေ့ရပါတယ်။