Main menu

Background

Sunday, 12 Jun 2011

မူဆယ်နယ်စပ်မှ သစ်သီးဝလံတင်ပို့မှု အခြေအနေ                 မြန်မာ တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်ကုန်သွယ်ရေးမှ တစ်ဆင့် ရာသီသီးနံှ ဖရဲသီး၊ သခွားမွှေးနဲ့ သရက်သီးများကို တစ်ဘက်နိုင်ငံသို့ တင်ပို့လျက်ရှိရာ ၂ဝ၁၁ ခုနှစ် မေလအတွင်း ဖရဲသီးတန်ချိန် ၉၁၇၅ ကျော်ကို ကား ၄ဝ၆ စီး၊ သခွားမွှေး ၅၇၂ တန်ကိုကား ၇၅ စီးနဲ့ သရက်သီး တန်ချိန် ၁၆၅၄၁ ကို ကားအစီး ၂၂၁၁ နဲ့ တင်ပို့နိုင်ခဲ့တယ်လို့ နယ်စပ်ကုန်သည် အသင်းမှ သတင်းရရှိပါတယ်။    မောင်မောင်အောင်

Sunday, 12 Jun 2011

နယ်စပ်မှ အေးခဲအမဲသားနဲ့ တိရစ္ဆာန်ထွက်ပစ္စည်း တင်ပို့မှု                  ဇွန်လ ၁ ရက်မှ ၇ ရက်ထိကာလအတွင်း မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် ကန်ဒေါ်လာ ဝ ဒသမ ၂၇၄ သန်း တန်ဖိုးရှိ အေးခဲအမဲသား ၉၄ တန်ကျော်၊ ကန်ဒေါ်လာ ဝ ဒသမ ၁၄ဝ သန်းတန်ဖိုးရှိ အရိုးမပါ အမဲ/ကွဲျသား ၅၆ တန်၊ ကန် ဒေါ်လာ ဝ ဒသမ ဝ၈၉ သန်းတန်ဖိုးရှိ ဆားစိမ်အစာရေမျိုနဲ့ ဝမ်းတွင်းသား ၁၆၁ တန်ကျော်၊ ချင်းရွှေဟော်နယ်စပ်မှ ကန်ဒေါ်လာ ဝ ဒသမ ဝ၁၇ သန်း တန်ဖိုးရှိ ကွဲျနွားသားရေ တန် ၃ဝ တန်ပို့မှုရှိပါတယ်။ ပြီးခဲ့တဲ့အပတ်က မူဆယ်နယ်စပ်မှ အေးခဲအမဲသား တန် ၁ဝဝ ကျော်တင်ပို့မှုရှိခဲ့တဲ့အတွက် ယခုအပတ်မှာ ၆ တန်ကျော် လျော့နည်းတင်ပို့ခဲ့ပါတယ်။ MIRT(DOBT)

Sunday, 12 Jun 2011

နယ်စပ်မှ သစ်သီးဝလံကုန်သွယ်မှု                ဇွန်လ ၁ ရက်မှ ၇ ရက်ထိကာလအတွင်း မူဆယ်နဲ့ မောင် တောနယ်စပ်မှ သရက်သီး တင်ပို့မှုမှာ တန် ၅ဝ၉ဝ ကျော်၊ တန်ဖိုး အားဖြင့် ၁ ဒသမ ၆၂၆ သန်းဖိုးဖြစ်ပါတယ်။ သရက်သီးအပြင် မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ဝ ဒသမ ၂ဝ၉ သန်းတန်ဖိုးရှိ သရက်ပြားခြောက် ၂၃၇ တန်ခန့် တင်ပို့ခဲ့ပါတယ်။ မူဆယ်မှာ အိတ်စွပ် သရက်သီးတစ်ဖာယွမ် ၆ဝ ဝန်းကျင်ထိဈေးရသော် လည်းအိတ် မစွပ်ပါက ယွမ် ၂ဝ မှ ၂၅ ခန့်သာ ဈေးရပါတယ်။ ကန်ပိုက်တီး နယ်စပ်မှ ကျပ် ၄ဝ၇၉ သန်းတန်ဖိုးရှိ တစ်သျှုး ငှက်ပျော ၄ဝ၇၉ တန် တင်ပို့နိုင်ခဲ့ပါတယ်။ သွင်းကုန်အနေနဲ့ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ၃ဝ၅၅၅ တန်ဖိုးရှိ ပန်းသီး ၈၉ တန် ကျော် တင်သွင်းမှု ရှိခဲ့ပါတယ်။ MIRT (DOBT)

Sunday, 12 Jun 2011

(၁၉) ကြိမ်မြောက် ကူမင်းအပြည်ပြည်ဆိုင်ရာကုန်စည်ပြပွဲသို့ မူဆယ်နမ့်ခမ်းကုန်သည်လုပ်ငန်းရှင်များ တက်ရောက်                      ယခုလ ၆ ရက်မှ ၁ဝ ရက်ထိ ယူနန်ပြည်နယ် ကူမင်းအပြည်ပြည်ဆိုင်ရာကုန်စည်ပြပွဲသို့ မူဆယ် နမ့်ခမ်းကုန်သည်များ အသင်းမှ ကုန်သည်လုပ်ငန်းရှင်များ ၁၅ဝ ခန့် သွားရောက်ပြသကြတယ်လို့ သတင်းရရှိပါ တယ်။ မြန်မာနိုင်ငံမှ ရေထွက်ကုန်၊ သစ်သီးဝလံ၊ ပဲပြောင်းနှမ်းနဲ့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ သစ်တောထွက်ကုန်သစ် အချောထည်များ၊ ပရိဘောဂများ၊ ရော်ဘာနဲ့ ပရဆေးကုန်ကြမ်းပစ္စည်းများ အပါအဝင် ကျောက်စီပန်းချီကားများ ပါဝင်ပြသ သွားမှာ ဖြစ်ပါတယ်။                 မူဆယ်နမ့်ခမ်းကုန်သည်အသင်းမှ ပြခန်း ၆ ခန်း၊ သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက် စိုက်ပိုျးထုတ်လုပ်သူများမှ ၄ ခန်းနဲ့ အတူအမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီလီမိတက်ရဲ့ ရေထွက်ကုန်ပစ္စည်းဒိုင်၊သစ်သီးဝလံကုန်စည်ဒိုင်၊ ပဲပြောင်းနှမ်းနဲ့ လယ်ယာထွက်ကုန်ပစ္စည်းကုန်စည်ဒိုင်၊ပုလဲမြို့တော်ကုမ္ပဏီများမှလည်း ပြခန်းများလည်းပါဝင်ပြသကြတယ် လို့ သတင်းရရှိပါတယ်။ တင်လတ်

Sunday, 12 Jun 2011

ဇွန်လ ပထမအပတ်အတွင်း ပရဆေးကုန်ကြမ်းကုန်သွယ်မှု                  မူဆယ်နယ်စပ်မှ ဇွန်လ ၁ ရက်မှ ၇ ရက်ထိ ကာလ အတွင်း ကွမ်းစားဂမုန်း ၁ဝ တန်ကျော်၊ မိကျောင်းကွမ်း ဖတ်စေ့ ၂၇ တန်ခွဲ၊ နနွင်းတက် တန် ၉ဝ ကျော်၊ နနွင်းခေါင်း ၂၁ တန်၊ မာလာဥ ၆ တန်ခွဲ၊ မာလာဥခေါင်း ၂၂ တန်ခန့်၊ တောဂျင်း ၃ တန်၊ ဒရင်ကောက်မြစ်တန်ဝက်၊ အုံတုံခေါက် ၄၅ တန်ခွဲ၊ ကြောင်ပန်းစေ့ ၄၂ တန်ခွဲ၊ ကြောင်လျာစေ့ ၈တန်ခွဲ၊ တောင်လုံးကျော် ၂ တန်ခန့်၊ ရွေးရွက် ၅၄ တန်ကျော်၊  စကာပန်းပွင့်ခြောက် ၂ တန်ကျော်၊ ဖန်းခါးသီးခြောက် ၆ တန်ခွဲ၊ ပီလောပီနံဥမှုန့် ၁၇ တန်နဲ့ တောဂျူးမြစ် ၂ တန်ကျော် စုစုပေါင်း ၃၆၃ တန်၊ ကန်ဒေါ်လာ ဝ ဒသမ ၆၅၅ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်ကထက် တန်ချိန်အားဖြင့် ၄၄ သန်းတင်ပို့မှုလျော့နည်းခဲ့ပေမဲ့ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ဝ၃၉ သန်းဖိုး ပိုမို ရရှိခဲ့ပါတယ်။ ယခုအပတ်မှာ ယခင်အပတ်ကထက် နနွင်း တက်၊ နနွင်းခေါင်း၊ မိကျောင်းကွမ်းဖတ်စေ့၊ မာလာဥခေါင်း၊ အုံတုံခေါက်၊ ကြောင်ပန်းစေ့၊ ကြောင်လျာစေ့၊ တောင်လုံး ကျော်၊ ရွေးရွက်တို့ ပိုမိုတင်ပို့ခဲ့ပြီး ယခင်အပတ်က တင်ပို့ခဲ့ခြင်း မရှိတဲ့ ဖန်ခါးသီးခြောက်၊ ပီလောပီနံဥမှုန့်နဲ့ တောဂျုးမြစ် များယခုအပတ်မှာ တင်ပို့မှုရှိခဲ့ပါတယ်။                   ကွမ်းစားဂမုန်း၊ မာလာ ဥ၊ တောဂျင်း၊ ဒရင်ကောက်မြစ်နဲ့ စကားပန်းပွင့်ခြောက် တင်ပို့မှုမှာမူ ယခင်အပတ်တင်ပို့မှုထက် လျော့နည်းတင်ပို့ခဲ့ပါ တယ်။ တမူးနယ်စပ်မှ ဇီယာ၊ မင်သော်၊ ရှိန်းခို၊ ဇာတိပ္ဖိုလ်သီးနဲ့ တောင်လုံးကျော် ၁၇ ဒသမ ၆၇ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ဝ၅၃ သန်းဖိုး တင်သွင်းမှုရှိခဲ့ပြီး ယခင် အပတ်က တောင်လုံးကျော် ၄ တန်ခွဲသာ တင်သွင်းမှုရှိခဲ့တဲ့ အတွက် ယခုအပတ် ပရဆေးကုန်ကြမ်း အမယ်စုံ တင်သွင်းမှု ရှိခဲ့ပါတယ်။         MIRT (DOBT)

Sunday, 12 Jun 2011

အိန္ဒိယ- မြန်မာနယ်စပ်ကုန်သွယ်ရေးတိုးမြှင့်ရန် မိုးရေးတွင် စီးပွားရေးဇုန် တည်ဆောက်             အိန္ဒိယ- မြန်မာနယ်စပ်ကုန်သွယ်ရေး တိုးမြှင့်ရန်အတွက် မိုးရေးမြို့တွင် စီးပွားရေးဇုန် တည်ဆောက်လျက်ရှိကြောင်း သိရပါတယ်။ အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်ရှိ နယ်စပ်ကုန်သွယ်ရေးစခန်း တစ်ခုဖြစ်သော မိုးရေးမြို့တွင် စီးပွားရေး အတွက် အခြေခံကျသော အဆောက်အဦများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ သညန ျအသစ ျနမလငခန ဖြင့် ကုန်လှောင်ရုံများ၊ စစ်ဆေးရေးဂိတ်များ၊ ဘဏ်များ တည်ဆောက်လျက်ရှိပါတယ်။ ၎င်းအပြင် နယ်စပ်ကုန်သွယ်ရေးတိုးမြှင့်လာစေရေးအတွက် လာမယ့် ၆ လအတွင်း အိန္ဒိယကုန်သည်ကြီးများမှ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များကို ကဏ္ဍအလိုက် လာရောက်ဆွေးနွေးမယ်လို့ သိရပါတယ်။                  မြန်မာနိုင်ငံဘက်မှ တမူးမြို့နဲ့ ထိစပ်လျက်ရှိသော မိုးရေးမြို့တွင် နယ်စပ်ကုန်သွယ်ရေး တိုးမြှင့်စေရေးအတွက် အိန္ဒိယ အစိုးရနဲ့ မဏိပူရပြည်နယ်အစိုးရတို့ တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ရန်ရှိကြောင်း ကုန်သည်များကလည်း မြန်မာနိုင်ငံနှင့် ကုန်သွယ်မှု ပြုရန် စိတ်ဝင်စားလျက်ရှိခြင်းကြောင့် လာမယ့် ၆ လအတွင်း နှစ်နိုင်ငံကုန်သွယ်ရေး တိုးမြှင့်လာနိုင်ကြောင်း ၊ မြန်မာ့ စီးပွားရေးဘဏ်နဲ့ အိန္ဒိယနိုင်ငံမှ အပြည်ပြည်ဆိုင်ရာဘဏ် နှစ်ခုတို့ လက်မှတ်ရေးထိုးထားသည်မှာ နှစ်အတန်ကြာ ခဲ့ပြီဖြစ်ပေမဲ့ ပုံမှန်ကုန်သွယ်ရေးတွင် ယခုအချိန်ထိ အကောင်အထည် မဖော်နိုင်သေး သော်လည်း အိန္ဒိယနိုင်ငံလုပ်ငန်းရှင်များ လာရောက်ဆွေးနွေးမှု ပြုလုပ်ပြီးပါက နယ်စပ်ကုန်သွယ်ရေးသာမက ပုံမှန်ကုန်သွယ်ရေးပါ တိုးတက်လာနိုင်ကြောင်း မန္တလေး- အိန္ဒိယကောင်စစ်ဝန်ချုပ် ဒေါက်တာမဒမ်မိုဟန်မက်ဆင်းက ပြောကြားခဲ့ပါတယ်။                    နယ်စပ်ကုန်သွယ်ရေးတွင် အိန္ဒိယနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များသည် အိုင်တီလုပ်ငန်း၊ ပညာရေး၊ ဆေးဝါးနဲ့ လယ်ယာထွက်ကုန်များကို အဓိကစိတ်ဝင်စားလျက်ရှိပြီး မြန်မာနိုင်ငံဘက်မှ စီးပွားရေးလုပ်ငန်းရှင်များက လယ်ယာထွက်ကုန်သီးနံှများကို စိတ်ဝင်စားလျက်ရှိကြောင်း သိရပါတယ်။   ဇူးဇူး 

Sunday, 12 Jun 2011

မြန်မာ့ပို့ကုန်ပစ္စည်းများ နယ်စပ်မှတင်ပို့မှု                  မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁ဝ၅မိုင် ကုန်သွယ်ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် -                                                   ယခုအပတ်                                          ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ      မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး     မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး     ပြောင်းလဲမှု                                              (ကျပ်)          (ယွမ်)                 (ကျပ်)            (ယွမ်)ပဲတီစိမ်း            တန်              ၁၁၂၆၂၂၃       ၈၂၅ဝ              ၁၁၂၈၄၅ဝ       ၉ဝ၈ဝပြောင်းဖူးစေ့      တန်              ၂၂၆၁၁၁          ၁၈၈ဝ              ၂၃၂၂၉၅        ၁၈၇ဝနှမ်းဖြူ              တန်              ၁ဝ၄၇ဝ၉၉        ၈၅၃ဝ                ၉၈၆၄ဝဝ      ၈၉ဝဝ                                                                                                                စိုးနိုင်                      မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဖက် အိန္ဒိယနိုင်ငံသို့ ကွမ်းသီး၊ မုန့်မျိုးစုံ၊ ဝက်အရှင်တို့တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ ရိဒ် ပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-                                                  ယခုအပတ်                                          ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ      မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး       မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု                                             (ကျပ်)           (ရူပီး)                      (ကျပ်)           (ရူပီး)ကွမ်းသီး            တန်          ၈၉၂၅ဝဝ           ၅၄ဝ၄ဝ               ၈၉၂၅ဝဝ           ၅၄ဝ၄ဝမုန့်မျိုးစုံ             ကီလို         ၁၃ဝဝ                ၂၉                        ၁၃ဝဝ              ၂၉ဝက်(အရှင်)       ကီလို           ၂ဝဝဝ               ၉၈                       ၂ဝဝဝ               ၉၈               မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် စစ်တွေနယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလား ဒေ့ရှ် နိုင်ငံသို့ သရက်သီး၊ ငါးနီတူခြောက်၊ ရေငန်ပုစွန်၊ ငါးစုံလေးခြောက်တို့ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ စစ်တွေပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ တက္ကနာဗ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်-                                                  ယခုအပတ်                                   ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ      မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး     မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး  ပြောင်းလဲမှု                                            (ကျပ်)          (တာကာ)                 (ကျပ်)           (တာကာ)သရက်သီး           တန်           ၁၈၁၅ဝဝ        ၁၅၉၂၁              ၁၈၁၅ဝဝ          ၁၅၉၂၁ငါးနီတူခြောက်      တန်         ၁၉၃၂ဝဝဝ       ၁၆၈ဝဝဝ            ၁၉၃၂ဝဝဝ       ၁၆၈ဝဝဝရေငန်ပုစွန်          တန်          ၅ဝ၆၅၂ဝဝ       ၄၄ဝ၄၅၂           ၅ဝ၆၅၂ဝဝ        ၄၄ဝ၄၅၂ငါးစုံလေးခြောက်  တန်            ၅ဝ၄ဝဝဝ        ၄၃၈၂၆             ၅ဝ၄ဝဝဝ          ၄၃၈၂၆မြတ်မြတ်ထွန်း

Monday, 6 Jun 2011

ဥပုသ်လအတွက် ကုလားပဲလုံး ဘင်္ဂလားဒေ့ရှ်မှ တင်သွင်းလ                 ဇွန်လမှာကျရောက်မဲ့ ဥပုသ်လအတွက် ကုလားပဲလုံးများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တင်သွင်း လိုကြောင်း မောင်တော နယ်စပ်ကုန်သွယ်ရေးကို အကြောင်းကြားလာသည်ဟု သတင်း ရရှိပါတယ်။ မောင်တောနယ်စပ်ရှိ ကုန်သည်များသာမက အခြားစိတ်ပါဝင်စားသူများအနေဖြင့် ဇွန်လ ဥပုသ် ရာသီ အမီ ဘင်္ဂလားဒေ့ရှ်သို့ ကုလားပဲ လုံး တင်ပို့နိုင်ကြောင်း အသိ ပေးလိုက်ရပါတယ်။                 Source : နကသ MIRT (DOBT)

Monday, 6 Jun 2011

ယခုအပတ် နယ်စပ်စခန်းများမှ ကြိမ်/ဝါးတင်ပို့မှု                   မေလ ၂၅ ရက်မှ ၃၁ ရက်ထိ ကာလအတွင်း ကန်ပိုက်တီး နယ်စပ်မှ ကန်ဒေါ်လာ ၃၄၆၈၉ တန်ဖိုး ရှိ ကြိမ် ၅၅ တန်နဲ့ မောင်တော နယ်စပ်မှ ကန်ဒေါ်လာ ၅၃၅ဝ တန်ဖိုးရှိ ဝါး ၁ဝ၇ တန် တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။  MIRT(DOBT) 

Monday, 6 Jun 2011

နယ်စပ်မှ သစ်သီးဝလံကုန်သွယ်မှု                    သရက်သီးရာသီချိန်ဖြစ်လို့ နယ်စပ်သစ်သီးဝလံ ကုန်သွယ်မှုမှာ ထိပ်ဆုံးကရောက်နေတဲ့ သီးနံှက သရက်သီး ဖြစ်ပါတယ်။ မေလ ၂၅ ရက်မှ ၃၁ ရက်ထိ ကာလအတွင်း မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ၁ ဒသမ ၆၅၅ သန်းတန်ဖိုးရှိ ရွှေဟင်္သာ ၂၆၂၁ တန်ကျော်၊ စိန်တလုံး ၅၃၃ တန်နဲ့ အကြမ်းသီး ၁၉၂၇ တန် တင်ပို့ခဲ့သလို မောင်တောနယ်စပ်မှ လည်း ကန်ဒေါ်လာ ဝ ဒသမ ဝ၁၄ သန်းတန်ဖိုးရှိ သရက်သီး (အကြမ်းသီး) ၆၂ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ်မှာ သရက်သီးအပြင် ကန်ဒေါ်လာ ဝ ဒသမ ၂၂၄ သန်းတန်ဖိုးရှိ သရက်ပြားခြောက် ၂၆၂ တန်ကျော် တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် သရက်သီး တန် ၁၂၈ဝ နီးပါး ယခုအပတ်မှာ တင်ပို့မှု ပိုမိုခဲ့ပါတယ်။ သရက်သီးအပြင် ရာသီချိန်ကုန်နေပြီဖြစ်တဲ့ ဖရဲသီး ၅၁ တန်၊ ကန်ဒေါ်လာ ဝ ဒသမ ဝဝ၈ သန်းဖိုးလည်း မူဆယ်မှ တင်ပို့နိုင်ခဲ့ပါတယ်။ ကန်ပိုက်တီးနယ်စပ်မှ ကန်ဒေါ်လာ ဝ ဒသမ ၅ဝ၃ သန်းတန်ဖိုးရှိ တစ်သျှူးငှက်ပျော ၄၁၆၉ တန်လည်း တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၂ဝဝဝ နီးပါး ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ်နယ်စပ်မှ သစ်သီးဝလံ ကန်ဒေါ်လာ ၂ ဒသမ ၁၈ သန်းဖိုး တင်ပို့ နိုင်ခဲ့ပါတယ်။ သွင်းကုန်အနေနဲ့ မူဆယ်နယ်စပ်မှ ကန် ဒေါ်လာ ဝ ဒသမ ဝ၁၁ သန်း တန်ဖိုးရှိ ပန်းသီး ၃၃ တန် ကျော် တင်သွင်းမှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၁ဝဝ ကျော် တင်သွင်းမှုလျော့နည်းခဲ့ပါတယ်။ MIRT (DOBT)

Pages