Main menu

Background

Monday, 6 Jun 2011

ရောင်းအားသွက်တဲ့ မူဆယ်သရက်သီးဈေးကွက်                    မေလအတွင်း ကျောက်ဆည်၊ အုန်းချော၊ စဉ့်ကိုင်၊ ပလိပ်၊ ဟန်မြင့်မိုရ်တို့က ထွက်ရှိတဲ့ သရက်သီးများ မူဆယ် သစ်သီးဝလံကုန်စည်ဒိုင်သို့ လှိုင်လှိုင်ဝင်ရောက်နေပြီး အရည် အသွေးကောင်းတာကြောင့် တရုတ် ဝယ်လက်များကလည်း ဈေးကောင်းပေးကာ အပြိုင်အဆိုင်ဝယ်ယူလျက်ရှိပါတယ်။ မူဆယ်ဈေးကွက်မှ တစ်ဖက်နိုင်ငံသို့ သရက်သီးတင်ပို့ရာမှာ စိန်တလုံး၊ ရွှေဟင်္သာနဲ့ အကြမ်းဆိုပြီး အမျိုးအစား (၃) မျိုးကို နေ့စဉ် ကားအကြီး၊ အလတ်၊ အငယ်တို့ဖြင့် ပုံမှန်တင်ပို့ လျက်ရှိပါတယ်။ သရက်သီးများကို ဧပြီလက စပြီး နေ့စဉ် ကားစီးရေ ၄ဝ ကျော်တင်ပို့ခဲ့ရာမှ ယခုမေလမှာ နေ့စဉ် ကားစီးရေ ၇ဝ မှ ၈ဝ ကျော်ထိ တင်ပို့ရောင်းချရလျက် ရှိပါတယ်။ ဟိုင်းလတ်ကားတစ်စီးမှာ သရက်သီးဖာ ၂ဝဝ မှ ၂၂ဝ ဖာ၊ ကားလတ် ကင်တာတစ်စီးမှာ သရက်သီးဖာ ၅၅ဝ မှ ၆ဝဝ ဖာ၊ PE ကားတစ်စီးမှာ သရက်သီးဖာ ၉ဝဝ မှ ၁ဝဝဝ အထိ သယ်ဆောင်နိုင်ပါတယ်။ သရက်သီး ကုန်စည်ဒိုင်များအနေနဲ့ တင်ပို့ရာမှာ ထုပ်ပိုးမှုအား တစ်ပြေး ညီ ဖြစ်စေရန် သရက်သီး စက္ကူတစ်ပုံး (တစ်ဖာ)မှာ ၁၅ ကီလိုဂရမ်ထည့်သွင်းထုပ်ပိုးပြီး အလုံးအသေး၊ အကြီးပေါ် မူတည်၍ ၄၅ လုံးမှ ၅ဝ လုံးထိ ပါဝင်တယ်လို့သိရပါတယ်။ မေလအတွင်း သရက်သီးဈေးရရှိမှုများအနေဖြင့် သရက်သီးကြမ်း တစ်တန်လျှင် အနိမ့်ဆုံးဈေး ၂၃ဝ ဒေါ်လာမှ အမြင့် ဆုံးဈေး ၃၈၅ ဒေါ်လာ၊ ဟင်္သာ တစ်တန်လျှင် အနိမ့်ဆုံး ဈေး ၄၆၂ ဒေါ်လာမှ အမြင့်ဆုံးဈေး၆၉၃ ဒေါ်လာ၊ စိန်တလုံး တစ်တန်လျှင် အနိမ့်ဆုံးဈေး ၆၁၆ ဒေါ်လာမှ အမြင့်ဆုံးဈေး ၇၇ဝ ဒေါ်လာထိ ဈေးရရှိပြီး နေ့စဉ် သရက်သီးတန်ချိန် ၄ဝဝ မှ ၆ဝဝ တင်ပို့လျက်ရှိပါတယ်။ ဧပြီလ ၁ ရက်နေ့မှ မေလ ၂၁ ရက်နေ့ထိ တစ်ဖက်နိုင်ငံသို့ ကန်ဒေါ်လာ ၆ ဒသမ ၈၆၉ သန်းတန်ဖိုးရှိ သရက်သီး တန်ချိန် ၁၃၂၆၅ ဒသမ ၅ တန် တင်ပို့နိုင်ခဲ့ပြီး အရောင်းအဝယ်ကောင်းသော သစ်သီးဝလံအဖြစ် ရပ်တည်နေပါတယ်။    လှအောင်

Monday, 6 Jun 2011

နယ်စပ်ပရဆေးကုန်သွယ်မှု ကန်ဒေါ်လာ ဝ ဒသမ ၅ သန်း ကျော် ဆောင်ရွက်                   ပရဆေးကုန်ကြမ်းများကို မူဆယ် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံသို့ တင်ပို့မှုရှိပြီး အိန္ဒိယမှ ပရဆေးကုန်ကြမ်းကို တမူး နယ်စပ်မှ တင်သွင်းလျက်ရှိပါတယ်။ ယခုအပတ်မူဆယ်မှ ကန်ဒေါ်လာ ဝ ဒသမ ၅၁၆၅ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၄ဝ၇ တန်ကျော် တင်ပို့မှုရှိခဲ့ပြီး ယခင်အပတ်တင်ပို့မှုမှာ တန်ချိန်အားဖြင့် ၁ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ဝ၅၁ သန်း တင်ပို့မှု ပိုမိုခဲ့ပါ တယ်။                မူဆယ်နယ်စပ်မှ အဓိကတင်ပို့တဲ့ ပရဆေး ကုန်ကြမ်းပစ္စည်းတွေကတော့ နနွင်းတက်၊ နနွင်းခေါင်း၊ ကွမ်းစားဂမုန်း၊ မိကျောင်း ကွမ်းဖတ်စေ့၊ နေလဲစေ့၊ မာလာဥ၊ မာလာဥခေါင်း၊ တောဂျင်း၊ ကျောက် ဂျင်း၊ ဒရင်ကောက်မြစ်၊ အုံတုံခေါက်၊ ကြောင်ပန်းစေ့၊ ကြောင်လျာစေ့၊ တောင်လုံးကျော်၊ ရွေးရွက်နဲ့ စကားပန်းပွင့်ခြောက်တို့ဖြစ်ပါတယ်။ တမူးနယ်စပ်မှ ကန်ဒေါ်လာ ၁၁ဝဝ တန်ဖိုးရှိ တောင်လုံးကျော် ၄ ဒသမ ၅ တန် တင်သွင်းမှု ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တမူးမှ တောင်လုံးကျော် ၃တန် တင်သွင်းမှု ပိုမိုခဲ့ပါတယ်။   MIRT (DOBT)

Monday, 6 Jun 2011

မြန်မာ့ပို့ကုန်ပစ္စည်းများ နယ်စပ်မှတင်ပို့မှု                   မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁ဝ၅မိုင် ကုန်သွယ်ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် -                                                ယခုအပတ်                                 ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ   မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး    မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး     ပြောင်းလဲမှု                                        (ကျပ်)          (ယွမ်)                   (ကျပ်)         (ယွမ်)ပဲတီစိမ်း         တန်          ၁၁၂၈၄၅ဝ      ၉ဝ၈ဝ                 ၁ဝဝ၁၄၁ဝ         ၇၉၈ဝပြောင်းဖူးစေ့   တန်         ၂၃၂၂၉၅       ၁၈၇ဝ                 ၂၃၃ဝ၆၅          ၁၈၄ဝနှမ်းဖြူ            တန်           ၉၈၆၄ဝဝ      ၈၉ဝဝ                 ၈၃၅၅ဝဝ          ၉ဝဝဝ                                                                                                                     စိုးနိုင်                                                             မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဖက် အိန္ဒိယနိုင်ငံသို့ ကွမ်းသီး၊ မုန့်မျိုးစုံ၊ ဝက်အရှင်တို့တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ ရိဒ် ပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-                                                   ယခုအပတ်                                   ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ  မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး   မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး     ပြောင်းလဲမှု                                     (ကျပ်)             (ရူပီး)                   (ကျပ်)         (ရူပီး)ကွမ်းသီး          တန်        ၈၉၂၅ဝဝ         ၅၄ဝ၄ဝ               ၈၉၂၅ဝဝ         ၅၄ဝ၄ဝမုန့်မျိုးစုံ          ကီလို          ၁၃ဝဝ             ၂၉                      ၁၃ဝဝ           ၂၉ဝက်(အရှင်)     ကီလို        ၂ဝဝဝ              ၉၈                       ၂ဝဝဝ           ၉၈                   မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် စစ်တွေနယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ သရက်သီး၊ ငါးနီတူခြောက်၊ ရေငန်ပုစွန်၊ ငါးစုံလေးခြောက်တို့ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ စစ်တွေပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ တက္ကနာဗ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်-                                                  ယခုအပတ်                                      ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ   မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး    မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး    ပြောင်းလဲမှု                                        (ကျပ်)             (တာကာ)            (ကျပ်)          (တာကာ)သရက်သီး            တန်     ၁၈၁၅ဝဝ          ၁၅၉၂၁             ၁၈၁၅ဝဝ           ၁၅၉၂၁ငါးနီတူခြောက်      တန်    ၁၉၃၂ဝဝဝ         ၁၆၈ဝဝဝ          ၁၉၃၂ဝဝဝ        ၁၆၈ဝဝဝရေငန်ပုစွန်          တန်     ၅ဝ၆၅၂ဝဝ          ၄၄ဝ၄၅၂         ၅ဝ၆၅၂ဝဝ        ၄၄ဝ၄၅၂ငါးစုံလေးခြောက်  တန်      ၅ဝ၄ဝဝဝ          ၄၃၈၂၆            ၅ဝ၄ဝဝဝ           ၄၃၈၂၆                                                                                              မြတ်မြတ်ထွန်း

Tuesday, 31 May 2011

တရုတ်သွားနေတဲ့ မန်းပြောင်း                မန်းဈေးကွက်အတွင်းရှိပြောင်းဖူးစေ့များကို ယခင်လများတွင် ဒေသတွင်း အစားစပ်လုပ်ငန်းရှင်များမှသာ အဓိကထားဝယ်ယူနေရာမှ ယခုအခါ တရုတ်ဝယ်လို အားပါ ရှိလာတာကိုလည်း တွေ့ရပါတယ်။ ဈေးကွက်အတွင်း သို့ မြင်းခြံ၊ ငါန်းဇွန် ဒေသများမှ ထွက်ရှိတဲ့ စီပီပြောင်းများအပြင် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းမှ ထွက်ရှိတဲ့ ပြောင်းဖူးစေ့များလည်း ဝင်ရောက်မှုရှိပါတယ်။ ဈေးကွက်အတွင်းမှာ ရောင်းဝယ်အားရှိပေမဲ့လည်း ဈေးအတက်အကျသိပ်မရှိဘဲ ဈေးငြိမ်နေပြီး ပြောင်းဖူး စေ့(ရှမ်း) တစ်ပိဿာ ၂၆၉ ကျပ်၊ တစ်တန် ၁၆၄၇ဝဝ ကျပ်၊ ပြောင်းဖူး စေ့(ဗမာ) တစ်ပိဿာ ၂၅ဝ ကျပ်၊ တစ်တန် ၁၅၃ဝဝဝ ကျပ်၊ စီပီပြောင်း တစ်ပိဿာ ၂၆၉ ကျပ်၊ တစ်တန် ၁၆၄၇ဝဝ ကျပ်ဈေးတို့ဖြင့် ရောင်းဝယ်နေကြပါတယ်။ တင်ပို့မှု အနေနဲ့ တစ်ပတ်အတွင်း တရုတ်သို့ ၁၄ဝဝ တန် တင်ပို့မှုရှိခဲ့ကြောင်း သိရပါတယ်။                          ကျော်ကျော်မိုး

Tuesday, 31 May 2011

နယ်စပ်မှ ပြောင်းတင်ပို့မှု တန် ၁၃ဝဝဝ ကျော်ရှိ                 မေလ ၁၈ ရက်မှ ၂၄ ရက်ထိ ကာလအတွင်း မူဆယ်နဲ့ လွယ်ဂျယ်နယ်စခန်း တွေကနေပြီး ကန်ဒေါ်လာ ၃ ဒသမ ၆၁၇ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ တန် ၁၃ဝဝ၃ ဒသမ ၅ တန် တင်ပို့နိုင်ခဲ့ပါတယ်။ လွယ်ဂျယ်နယ်စပ်မှ ယခင်အပတ် တင်ပို့မှုထက် တန် ၃၇ဝ ကျော် တင်ပို့မှု ပိုမိုခဲ့ပြီး မူဆယ်နယ်စပ်မှ ၇၉၃ တန် လျော့နည်းတင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ ယခင်အပတ်ကထက် နယ်စပ်မှ ပြောင်း တင်ပို့မှု တန် ၄၂ဝ ကျော် လျော့နည်းခဲ့ပါတယ်။ ယခုအပတ် လွယ်ဂျယ်မှ ၆၇၂ တန်နဲ့ မူဆယ်မှ ၁၂၃၃၁ တန် တင်ပို့နိုင်ခဲ့ ပါတယ်။ လားရှိုးပြောင်းဈေး တစ်တန်ကို ၁၇၁၄၇ဝ ကျပ်ရှိပြီး ပြည်တွင်းဈေး အနည်းငယ်မြင့်တက်လျက်ရှိခြင်း အတွက် ပြည်တွင်းလက်ကျန် ပြောင်းနည်းခြင်းတို့ကြောင့် တင်ပို့မှု လျော့နည်းခဲ့ရ တယ်လို့ မူဆယ်ကုန်စည်ဒိုင်မှ သိရှိရပါတယ်။ မိမိဘက်မှာ နံှစားပြောင်းဈေး အနည်းငယ်မြင့်တက်လျက်ရှိပြီး ပြောင်းဆံဈေးကျလျက်ရှိပါတယ်။ မိမိဘက်နဲ့ တစ် ဖက်နိုင်ငံ မြေပြင်ပြောင်းပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်                                         မိမိဘက်(ကျပ်/တန်)                         တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                        ယခု          ယခင်     ပြောင်းလဲမှု    %        ယခု      ယခင်   ပြောင်းလဲမှု          %ပြောင်းဖူးစေ့    ၂ဝ၈၇၄၅    ၂ဝ၆၅၅၅     ၂၁၉ဝ          ၁        ၂၆၂      ၂၆၁            ၁             ဝ .၄နံှစားပြောင်း    ၂၃၃ဝ၆၅    ၂၃၄၁၉ဝ      ၁၁၂၅       ဝ .၅     ၂၈၃      ၂၈၁             ၂              ဝ .၇MIRT (DOBT) 

Tuesday, 31 May 2011

နယ်စပ် ပရဆေးကုန်သွယ်မှု               မူဆယ် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်မှ ပုံမှန်တင်ပို့နေတဲ့ ပရဆေးကုန်ကြမ်းတွေ ကတော့ ကွမ်းစားဂမုန်း၊ မိကျောင်းကွမ်းဖတ်စေ့၊ ဆေးမြင်းခွာ၊ မာလာဥ၊ မာလာဥခေါင်း၊ တောဂျင်း၊ ဒရင်ကောက်မြစ်၊ အုံတုံခေါက်၊ ကြောင်ပန်းစေ့၊ ဖန်ခါးသီး ခြောက်၊ တောင်လုံးကျော်၊ ခပေါင်းစေ့၊ တောဂူျးမြစ်နဲ့ စကားပန်းပွင့်ခြောက် ၃၉၇ တန်ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၄၆၅ သန်းဖိုး တင်ပို့နိုင် ခဲ့ပါတယ်။ ယခင်အပတ်က ၄ဝ၆ တန်ကျော်တင်ပို့ခဲ့တာမို့ ယခုအပတ်မှာ ယခင်အပတ်ကထက် ၉ တန်ခန့်သာ တင်ပို့မှု လျော့နည်းခဲ့ပါတယ်။               တမူးနယ်စပ်မှ ယခုအပတ်မှာ ကန်ဒေါ်လာ ဝ ဒသမ ဝဝ၁၃ သန်း တန်ဖိုးရှိ တောင်လုံး ကျော် ၁ ဒသမ ၅ တန်နဲ့ ရှိန်းခို ဝ ဒသမ ၆ တန် တင်သွင်းမှုရှိခဲ့ပါတယ်။ MIRT (DOBT)

Tuesday, 31 May 2011

ငွေအြွေကစေ့များ စီးပွားရေးလုပ်ငန်းအတွင်းသို့ ပြန်လည်ရောက်ရှိရေး ထိုင်းနိုင်ငံငွေကြေးအဖွဲ့အစည်းက စီမံချက်ချလုပ်ဆောင်နေရ                TESCO, LOTUS စတဲ့ Hypermart အကြီးအကဲများ ထံသို့ ထိုင်းနိုင်ငံ ငွေကြေးဌာနက ငွေအြွေကလဲလှယ်ရေး ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ကြောင်း၊ ငွေအြွေကစေ့ ပျောက်ဆုံးနေသည့် ပြဿနာကို ဖြေရှင်းရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း ငွေကြေးဌာန ညွှန်ကြားရေးမှူးချုပ် ဝီနိုင်ဝစ်တာ ဝပ်ကရာဗက်က ပြောကြားခဲ့ပါတယ်။ ဌာနအနေနဲ့ လည်ပတ်ငွေ အြွေကစေ့ဖြည့်တင်းရန် နှစ်စဉ် ဘတ် ၂ ဘီလီယံဖိုးခန့် ငွေအြွေကစေ့များ ထုတ်ပေးနေ ကြောင်း၊ ယခုစီမံချက်အရ ငွေအြွေကစေ့အဟောင်းများ ပြန်လည် ဖော်ထုတ်သုံးစွဲစေခြင်းဖြင့် နှစ်စဉ် ငွေအြွေကစေ့ ထုတ်လုပ်မှုကို ဘတ်သန်း ၆ဝဝ ခန့်လျော့ကျစေနိုင်ကြောင်း ညွှန်ကြားရေးမှူးချုပ်က ဆိုပါတယ်။ ငွေအြွေကစေ့ထုတ်လုပ်မှု လျော့ချနိုင်ခြင်းဖြင့် ကမ္ဘာကြီး ပူနွေးမှုကိုပါ ကူညီဖြေရှင်းပေးရာရောက်တယ်လို့လည်း သူက ဆိုပါတယ်။             သတ္တုဈေးမြင့်တက်လာတာကြောင့် အြွေကစေ့ ထုတ်လုပ်မှုစရိတ်ဖြင့် မြင့်မားလာခဲ့ပါတယ်။ ထိုင်းနိုင်ငံသုံး အြွေက စေ့များမှာ ကြေးနီ၊ နီကယ်တို့ကို အဓိကသုံးထုတ်လုပ်တာ ဖြစ်ပြီး ရှေးယခင်က ရွှေ၊ ငွေ တို့ကို အသုံးပြု ထုတ်လုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။                အတိတ်က ငွေအြွေကစေ့ထုတ်လုပ်ခြင်းဟာ အစိုးရ အတွက် အမြတ်အစွန်းရရှိစေခဲ့သော်လည်း မျက်မှောက် ခေတ်မှာတော့ ထုတ်လုပ်မှုစရိတ်မြင့်တက်လာတာကြောင့် အကိုျးအမြတ်မရှိတော့ဘူးလို့ သိရပါတယ်။ နိုင်ငံခြား ကမ္ဘာ လှည့်ခရီးသည်များ နမူနာ/အမှတ်တရပစ္စည်းအဖြစ် ယူဆောင်သွားခြင်းဟာလည်း ငွေအြွေကစေ့လျော့ နည်းစေ သော အကြောင်းများအနက် တစ်ခုဖြစ်ပါတယ်။ ငွေကြေးဌာနက လွန်ခဲ့တဲ့ နှစ်နှစ်က ပြုလုပ်တဲ့ သုတေသန ဖော်ထုတ်ချက်အရ အိမ်ထောင်စုတိုင်းမှာ အသုံးမပြုဘဲ ထားတဲ့ အြွေကစေ့တန်ဖိုး ဘတ် ၃ဝဝ မှ ၈ဝဝ အထိရှိပြီး လှည့်ပတ်ငွေအြွေက ဘတ် ၄ဝ ဘီလီယံမှာ ထက်ဝက်ခန့် ၂၃ ဘီလီယံဟာ တစ်ဘတ်တန်ငွေ အြွေကစေ့များဖြစ် တယ် လို့ ထုတ်ပြန်ထားပါတယ်။ သောင်းနိုင် Source: ဘန်ကောက်ပို့စ်

Tuesday, 31 May 2011

လုံလင်-ရွှေလီ အမြန်လမ်းမကြီးအား ဖောက်လုပ်ရေးလုပ်ငန်း စတင်တော့မည်               တယ်ဟုန်တိုင်းနယ်စပ်ဒေသလမ်းပန်းဆက်သွယ်မှုနှင့် စီးပွားကုန်သွယ်မှု တိုးတက်မြင့်မားလာစေ ရေးအတွက် သယ်ယူပို့ဆောင်မှု မြန်ဆန်ရေး အဆက်မပြတ်လုပ်ကိုင် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ အနက် ကီလိုမီတာအရှည် ၃၅ဝ ရှိတဲ့ မန်စီလမ်းပိုင်း တာရွေ့မီးရထားလမ်းကြောင်းအား စုစုပေါင်း ယွမ် ၁၄၇ ဘီလီယံ ရင်းနှီးမြှုပ်နံှပြီး ဖောက် လုပ်သွားမှာဖြစ်ပါတယ်။ ကွမ်တာ့ရထားလမ်းမှ စတင်ခဲ့တဲ့လမ်းကြောင်းနဲ့ ဆက်စပ်ပြီးနောက် တာလီခရိုင်၊ ယံပိမြို့၊ ယုံးဖင်မြို့၊ လုံရံနယ်မြေ၊ လုံလင်မြို့၊ မန်စီ၊ ရွှေလီခရိုင်စတဲ့ တိုင်းဒေသများရှိ ကျေးလက်မြို့ရွာများကို ဖြတ်ကာ ဖောက် လုပ်မှာဖြစ်ပါတယ်။              နိုင်ငံတော်မှ အဆင့်များသတ်မှတ်ထားပြီး ပထမအဆင့်မှာ တစ်လမ်းမောင်းရထားလမ်းကြောင်းနဲ့ လျှပ်စစ်ဓာတ် ရထားလမ်းကို ၆ နှစ်အတွင်း အပြီးတည်ဆောက်သွားမှာဖြစ်ပါတယ်။ လောလောဆယ် မန်စီရထား လမ်းပိုင်းအား သတ်မှတ်ပုံစံအတိုင်း အကောင်အထည်ဖော်ရန် ရေးဆွဲနေပြီဖြစ်ပါတယ်။ လုံရွှေအမြန်လမ်း ကြောင်းဖြစ်တဲ့ မန်စီ လမ်းပိုင်းမှာ လုံလင် (လုံဆမ်းဂိတ်စခန်း)မှ ရွှေလီ (နောင်တောင်း) အမြန်လမ်းကြောင်းထိ ဖြစ်ပြီး လမ်းကြောင်းများ အဆုံးမှာ တရုတ်နဲ့ မြန်မာနှစ်နိုင်ငံ နယ်စပ်ဖြစ်တဲ့ ရွှေလီ (နောင်တောင်း) ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဗန်းမော်မြို့ကစတဲ့ လမ်းကြောင်းအရှည် ၁၅၇ ကီလိုမီတာရှိပြီး လုံလင်၊ မန်စီ၊ ကျယ်ဖန်၊ ကျယ်ရှမ်၊ တက်ကံျုး၊ ဝမ်တိန်၊ ရွှေလီ၊ နောင် တောင်းနဲ့ လွယ်ယင်ထိ ဖြစ်ပြီး ယွမ်ငွေ ၁ဝ၉ ဘီလီယံကျော် ကုန်ကျမှာ ဖြစ်ပါတယ်။ ၎င်းလုပ်ငန်းများ ကန်ထရိုက် ခေါ်ယုူနေပြီး ဇွန်လမှာ လုပ်ငန်းများ စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ Source: မန်စီခရိုင်အပတ်စဉ်အထူးထုတ် သတင်းစာ၊တင်လတ် 

Tuesday, 31 May 2011

 မြန်မာ့ပို့ကုန်ပစ္စည်းများ နယ်စပ်မှတင်ပို့မှု                     မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁ဝ၅မိုင် ကုန်သွယ်ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် -                                                      ယခုအပတ်                                ယခင်အပတ် ပစ္စည်းအမည် ရေတွက်ပုံ       မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး       မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး        ပြောင်းလဲမှု                                             (ကျပ်)          (ယွမ်)                      (ကျပ်)           (ယွမ်)ပဲတီစိမ်း           တန်             ၁ဝဝ၁၄၁ဝ      ၇၉၈ဝ                       ၈ဝ၄၁၁ဝ       ၆၅၈ဝပြောင်းဖူးစေ့     တန်           ၂၃၃ဝ၆၅          ၁၈၄ဝ                     ၂၃၄၁၉ဝ          ၁၈၃ဝနှမ်းဖြူ             တန်            ၈၃၅၅ဝဝ         ၉ဝဝဝ                      ၈၂၇၈၇ဝ       ၈၇၅ဝ                                                                                                   စိုးနိုင်                 မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဖက် အိန္ဒိယနိုင်ငံသို့ ကွမ်းသီး၊ မုန့်မျိုးစုံ၊ ဝက်အရှင်တို့တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ ရိဒ်ပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်-                                                    ယခုအပတ်                                   ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ       မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး       မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး     ပြောင်းလဲမှု                                              (ကျပ်)           (ရူပီး)                       (ကျပ်)         (ရူပီး)ကွမ်းသီး         တန်               ၈၉၂၅ဝဝ       ၅၄ဝ၄ဝ                        ၈၉၂၅ဝဝ    ၅၄ဝ၄ဝမုန့်မိုျးစုံ          ကီလို               ၁၃ဝဝ           ၂၉                             ၁၃ဝဝ            ၂၉ဝက်(အရှင်)   ကီလို              ၂ဝဝဝ             ၉၈                            ၂ဝဝဝ             ၉၈               မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် စစ်တွေနယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ သရက်သီး၊ ငါးနီတူခြောက်၊ ရေငန်ပုစွန်၊ ငါးစုံလေးခြောက်တို့ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ စစ်တွေပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ တက္ကနာဗ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်-                                                      ယခုအပတ်                               ယခင်အပတ်ပစ္စည်းအမည်     ရေတွက်ပုံ      မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး       မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး     ပြောင်းလဲမှု                                              (ကျပ်)          (တာကာ)                  (ကျပ်)            (တာကာ)သရက်သီး            တန်           ၁၈၁၅ဝဝ           ၁၅၉၂၁              ၁၈၁၅ဝဝ            ၁၅၉၂၁ငါးနီတူခြောက်        တန်          ၁၉၃၂ဝဝဝ       ၁၆၈ဝဝဝ           ၁၉၃၂ဝဝဝ            ၁၆၈ဝဝဝရေငန်ပုစွန်            တန်         ၅ဝ၆၅၂ဝဝ         ၄၄ဝ၄၅၂           ၅ဝ၆၅၂ဝဝ            ၄၄ဝ၄၅၂ငါးစုံလေးခြောက်    တန်          ၅ဝ၄ဝဝဝ         ၄၃၈၂၆              ၅ဝ၄ဝဝဝ               ၄၃၈၂၆မြတ်မြတ်ထွန်း

Tuesday, 31 May 2011

နယ်စပ် သစ်သီးဝလံကုန်သွယ်မှု               ယခုအချိန်ဟာ သရက်သီးရာသီချိန်ဖြစ်တဲ့အတွက် နယ်စပ် စခန်းများဖြစ်တဲ့ မူဆယ်မှ ရွှေဟင်္သာ၊ စိန်တလုံးနဲ့ အကြမ်းသီးများ တင်ပို့နေသလို မောင်တော၊ တမူးနဲ့ ချင်းရွှေဟော်တို့မှလည်း သရက်သီးများ တင်ပို့လျက်ရှိပါတယ်။ မေလ ၁၈ ရက်မှ ၂၄ ရက်ထိ ကာလအတွင်း နယ်စပ်စခန်း များမှာ ကန်ဒေါ်လာ ၁ ဒသမ ၃၈၇ သန်းကျော် တန်ဖိုးရှိ သရက်သီး ၃၈၆၄ တန်ကျော် တင်ပို့မှု ရှိခဲ့ပါတယ်။ ဖရဲရာသီကုန်လုပြီဖြစ်လို့ ယခုအပတ်မှာတော့ မူဆယ်မှ ကန်ဒေါ်လာ ဝ ဒသမ ဝ၆၄၅ သန်း တန်ဖိုးရှိ ဖရဲသီး ၄၁၁ တန် မူဆယ်နယ်စပ်မှ တင်ပို့နိုင်ခဲ့ပါတယ်။ ကန်ပိုက်တီးနယ်စပ်မှ ကျပ်သန်း ၂၂ဝ တန်ဖိုးရှိ တစ်သျှူးငှက်ပျော ၂၂ဝ၃ တန် ယခုအပတ်မှာ တင်ပို့နိုင် ခဲ့ပါတယ်။               မိမိရာသီ သီးနံှများ တင်ပို့နေသလို့ တစ်ဘက်နိုင်ငံမှ ကန်ဒေါ်လာ ၄၇၇၄ဝ ကျော် တန်ဖိုးရှိ ပန်းသီး ၁၄၆ တန် ကျော် မူဆယ်နယ်စပ်မှ တင်သွင်းမှုရှိခဲ့ပါတယ်။  MIRT (DOBT)

Pages