Main menu

Background

Monday, 23 May 2011

မြန်မာ့ပို့ကုန်ပစ္စည်းများ နယ်စပ်မှတင်ပို့မှု                  မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန် ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁ဝ၅မိုင် ကုန် သွယ်ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် -                                            ယခုအပတ်                        ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ    မိမိဘက်ဈေး   တစ်ဖက်နိုင်ငံဈေး    မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး         ပြောင်းလဲမှု                                       (ကျပ်)         (ယွမ်)               (ကျပ်)        (ယွမ်)ပဲတီစိမ်း           တန်        ၈ဝ၄၁၁ဝ          ၆၅၈ဝ             ၈၅၆၉၇၅         ၇၁၈ဝပြောင်းဖူးစေ့      တန်       ၂၃၄၁၉ဝ          ၁၈၃ဝ               ၂၃၈၈၅ဝ        ၁၇၈ဝနှမ်းဖြူ            တန်       ၁ဝဝ၇၁၄ဝ         ၈၇၅ဝ             ၁၁၈၅၈၂ဝ        ၈၉ဝဝ                                                                                                                စိုးနိုင်              မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဖက် အိန္ဒိယနိုင်ငံသို့ ကွမ်းသီး၊ မုန့်မျိုးစုံ၊ ဝက်အရှင် တို့တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ ရိဒ် ပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း  ဖြစ်ပါတယ်-                                              ယခုအပတ်                              ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ        မိမိဘက်ဈေး   တစ်ဖက်နိုင်ငံဈေး    မိမိဘက်ဈေး   တစ်ဖက်နိုင်ငံဈေး    ပြောင်းလဲမှု                                         (ကျပ်)           (ရူပီး)                (ကျပ်)          (ရူပီး)ကွမ်းသီး         တန်               ၈၉၂၅ဝဝ         ၅၄ဝ၄ဝ             ၈၉၂၅ဝဝ         ၅၄ဝ၄ဝမုန့်မျိုးစုံ          ကီလို                 ၁၃ဝဝ          ၂၉                  ၁၃ဝဝ               ၂၉ဝက်(အရှင်)     ကီလို               ၂ဝဝဝ             ၉၈                 ၂ဝဝဝ              ၉၈              မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် စစ်တွေနယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလား  ဒေ့ရှ်နိုင်ငံသို့ သရက်သီး၊ ငါးနီတူခြောက်၊ ရေငန်ပုစွန်၊ ငါးစုံလေးခြောက်တို့ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ စစ်တွေပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ တက္ကနာဗ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်-                                              ယခုအပတ်                              ယခင်အပတ်ပစ္စည်းအမည်    ရေတွက်ပုံ        မိမိဘက်ဈေး  တစ်ဖက်နိုင်ငံဈေး     မိမိဘက်ဈေး   တစ်ဖက်နိုင်ငံဈေး   ပြောင်းလဲမှု                                          (ကျပ်)          (တာကာ)             (ကျပ်)        (တာကာ)သရက်သီး           တန်           ၁၈၁၅ဝဝ         ၁၅၉၂၁                ၁၈၁၅ဝဝ         ၁၅၉၂၁ငါးနီတူခြောက်      တန်           ၁၉၃၂ဝဝဝ        ၁၆၈ဝဝဝ             ၁၉၃၂ဝဝဝ        ၁၆၈ဝဝဝရေငန်ပုစွန်          တန်           ၅ဝ၆၅၂ဝဝ        ၄၄ဝ၄၅၂             ၅ဝ၆၅၂ဝဝ         ၄၄ဝ၄၅၂ငါးစုံလေးခြောက်   တန်           ၅ဝ၄ဝဝဝ          ၄၃၈၂၆               ၅ဝ၄ဝဝဝ          ၄၃၈၂၆                                                                                                 မြတ်မြတ်ထွန်း

Friday, 20 May 2011

နယ်စပ်မှ သစ်သီးဝလံကုန်သွယ်မှု                  ယခုအချိန်ဟာ သရက်သီး ရာသီချိန်ဖြစ်တာနဲ့အညီ မူဆယ်နယ်စပ်မှသာမက မောင်တော နယ်စပ်မှလည်း တစ်ဘက်အိမ်နီးချင်းနိုင်ငံများသို့ သရက်သီးများတင်ပို့လျက် ရှိပါတယ်။ မေလ ၄ ၇က်မှ ၁ဝ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ဝ ဒသမ ၆၈၃ သန်း တန်ဖိုးရှိ စိန်တစ်လုံးသရက် ၁၂၇၄ တန်နဲ့ ကန်ဒေါ်လာ ဝ ဒသမ ၃၅၇ သန်းတန်ဖိုးရှိ ရွှေဟင်္သာသရက်တန် ၁ဝဝဝ ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ မောင်တောနယ်စပ်မှ ဒေသထွက်သရက်သီးအကြမ်း ၂၁ တန်၊တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၅ဝဝ ဖိုး တင်ပို့ နိုင်ခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ သရက်သီးအပြင် သရက်ပြား ခြောက်လည်း တန် ၂ဝဝ ကျော် တင်ပို့နိုင်ခဲ့ ပါတယ်။ ယခင် အပတ်က မူဆယ်မှ သရက်သီးတင်ပို့မှုထက် ယခုအပတ်မှာ တန် ၁၄၁ နီးပါး တင်ပို့မှု လျော့နည်းခဲ့သော်လည်း မောင်တောနယ်စပ်မှ ယခုအပတ်မှာ ၁၆ တန် ယခင်အပတ်က ထက် ပိုတင်ပို့နိုင်ခဲ့ပါ တယ်။ မူဆယ်နယ်စပ်မှာ သရက်သီးများကို ၁၅ ကီလိုပါ ဂျပ်ဘူးများနဲ့ တင်ပို့နေတာဖြစ်ပြီး ၁ ဖာကို ယွမ် ၆ဝ မှ ၇ဝ ဈေးပေါက်လျက်ရှိပြီး အရိုင်းသီး ၁ ဖာကို ၁၅ ယွမ်ဈေးပေါက်လျက်ရှိတယ်လို့သိရပါတယ်။ တန်ချိန်ဈေးကတော့ တစ်တန်ကို ၅၅၇၅၁ဝ ကျပ်ဝန်းကျင် ဈေးပေါက်လျက်ရှိပါတယ်။ ဖရဲသီးရာသီချိန် မဟုတ်တော့ပေမဲ့ ယခုအပတ်မှာ ကန်ဒေါ်လာ ဝ ဒသမ ၅၉၈ သန်း တန်ဖိုးရှိ ဖရဲသီးတန် ၃၈၆ဝ မူဆယ်နယ်စပ်မှ တင်ပို့နိုင် ခဲ့ပါ တယ်။                  မိမိဘက်က သစ်သီးဝလံတင်ပို့မှု ရှိသလို တစ်ဖက် နိုင်ငံမှ လည်း ကန်ဒေါ်လာ ၃၂ဝဝဝ တန်ဖိုးရှိ ပန်းသီးတန် ၁ဝဝ ကိုတရုတ်နယ်စပ်မှ ယခုအပတ်မှ တင်သွင်းနိုင်ခဲ့ပါတယ်။MIRT (DOBT )

Friday, 20 May 2011

တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ၊ ရေထွက်ကုန်များ နယ်စပ်မှတင်ပို့                မေလ ၄ ရက်မှ ၁ဝ ရက်ထိကာလအတွင်း မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၆၅၇ သန်းတန်ဖိုးရှိ အေးခဲ အမဲသား ၂၂၆ တန်ကျော်၊ ကန်ဒေါ်လာ သုည ဒသမ ဝဝ၈ သန်းတန်ဖိုးရှိ ကွဲျနွားသားရေ ၁၅ တန် တစ်ဖက် နိုင်ငံသို့ တင်ပို့နိုင်ခဲ့ပြီး ရိဒ်နယ်စပ်မှ ကျပ် ၆ ဒသမ ၆၉ သန်းတန်ဖိုးရှိ ဝက်အရှင် ၄၈၈၈ ကီလိုကို တစ်ဖက်နိုင်ငံ အိန္ဒိယသို့ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။                ရေထွက်ကုန်ငါးရှဉ့် ၁၂၇ တန်ကျော်၊ ကဏန်းအရှင် ၈၄ တန်ကျော်နဲ့ ရေငံငါးမိုျးစုံ ၆၃ တန်ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုည ဒသမ ၉၂ သန်းဖိုးတင်ပို့မှုရှိခဲ့ပါတယ်။ MIRT(DOBT)

Friday, 20 May 2011

ဒေသထွက်ကုန် ရွှေဖရုံ               ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန် အင်အား တစ်ခုဖြစ်တဲ့ ရွှေဖရုံသီးတင်ပို့မှုကတော့ အံသြစရာ လို့ဆိုနိုင်ပါတယ်။ ချင်းရွှေဟော် နယ်စပ် ကုန်သွယ်ရေး စခန်းဟာ ကွမ်းလုံမြို့နယ်နှင့် ချင်းရွှေဟော်မြို့နယ်ခွဲကြားရှိ  နမ့်တိန် ချောင်းနံဘေးကားလမ်းမပေါ်မှာတည်ရှိတဲ့ သာယာ လှပသော စခန်း တစ်ခုဖြစ်ပါတယ်။ ကွမ်းလုံမြို့နယ်ရှိ ကောင်းခါး၊ ကုန်းညောင်၊ ကောင်းကဲျ၊ နမ့်ဟူးစသော ရွာများမှာ ရွှေဖရုံသီး အထွက်များသော ရွာများဖြစ်ပြီး ဟိုပန်မြို့နယ်မှ မန့်မိုင်၊ နမ့်လံျှ၊ ဟေးနား၊ မော်ဟွေ့၊ နောင်ဟီး၊ မိန်ပန်းစသည့်ရွာများဟာလည်း ရွှေဖရုံသီး ထွက်အား အကောင်းဆုံးရွာများဖြစ်ပါတယ်။ နေ့စဉ် နံနက် (ဝ၄းဝဝ) နာရီ (ဝ၅းဝဝ) အချိန် ၎င်းရွာများက ကုမ္ပဏီသို့ လာရောက် ပေးပို့နေသော ရွှေဖရုံသီးကားတန်း ကြီးမှာ တာဝန်သိ၊ လယ်သမား၊ ကိုင်းသမားတို့ရဲ့ နိုင်ငံတော် အခွန်ဘဏ္ဍာတိုးပွားမှု အတွက် အားရကျေနပ်ဖွယ် ကောင်းသော မြင်ကွင်းတစ်ရပ် ဖြစ်ပါတယ်။ ယခင်နှစ်က ရွှေဖရုံသီးတင်ပို့မှုမှာ တန် ၄ဝဝ ဖြစ်ပြီး၊ ယခု နှစ်ဦးပိုင်းပထမလမှာ တင်ပို့မှုက တန် ၂၅ဝ ရှိတဲ့အတွက် ယခင်နှစ် တစ်နှစ်လုံးတင်ပို့မှုအပေါ် ရာခိုင်နှုန်း ၆ဝ ကျော် ဆောင်ရွက်နိုင်တာ တွေ့ရပါတယ်။ ရွှေဖရုံသီး  တင်ပို့မှုတိုးတက်လာခြင်းဟာ ဒေသထွက် တင်ပို့မှု အား ကောင်းလာတဲ့ လက္ခဏာဖြစ်ပါတယ်။ ဆိုင်ဆိုင်

Friday, 20 May 2011

ကန်ပိုက်တီးမှ တစ်သျှူးငှက်ပျော တင်ပို့အားကောင်း                 မေလ ၄ ရက်မှ ၁ဝ ရက်ထိကာလအတွင်း ကန်ပိုက်တီးနယ်စပ်မှ တစ်ဖက် တရုတ်နိုင်ငံသို့ ကျပ်သန်း ၂ဝဝ ကျော်တန်ဖိုးရှိ တစ်သျှူးငှက်ပျော တန် ၂ဝဝဝ ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ဧပြီလ တစ်လလုံးမှာ တစ်သျှူးငှက်ပျော တန် ၄၇၆ဝ ကျော် တန်ဖိုးအားဖြင့် ၄၇၆ သန်းကျော်ဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ဧပြီလအတွင်းမှာ ကန်ပိုက်တီးနယ်စပ်မှ တစ်သျှူးငှက်ပျောအပြင် ဖရဲသီး တန် ၆ဝ နဲ့ ပီလောပီနံ ၁၄၄ တန်လည်းတင်ပို့ခဲ့တယ်လို့ သတင်းရရှိပါတယ်။ Source:နကသ MIRT (DOBT)

Friday, 20 May 2011

နယ်စပ်မှ ပရဆေး တန် ၅ဝဝ နီးပါးတင်ပို့                    မေလ ၄ ရက်မှ ၁ဝ ရက်ထိ ကာလ အတွင်း မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက် နိုင်ငံ သို့ကွမ်းစားဂမုန်း၊ မိကျောင်းကွမ်း ဖတ်စေ့၊ နေလဲစေ့၊ မာလာဥ၊ မာလာဥ ခေါင်း၊ တောင်လုံးကျော်၊ တောဂျင်း၊ ဒရင် ကောက်မြစ်၊ စမုံနက်၊ ကြောင်ပန်းစေ့၊ ဖန်ခါးသီးခြောက်၊ ရှားစေး၊ ရှိန်းခို၊ တောဂျူးမြစ်နဲ့ စကားပန်းပွင့် ခြောက်များကို ၃၉၅ တန်ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၅၃ သန်းဖိုးတင်ပို့ နိုင်ခဲ့ပါတယ်။ MIRT (DOBT) 

Friday, 20 May 2011

မြန်မာ့ပို့ကုန်ပစ္စည်းများ နယ်စပ်မှတင်ပို့မှု                      မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁ဝ၅မိုင် ကုန်သွယ်ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် -                                              ယခုအပတ်                         ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ         မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး   မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး       ပြောင်းလဲမှု                                           (ကျပ်)        (ယွမ်)              (ကျပ်)         (ယွမ်)ပဲတီစိမ်း          တန်                ၈၅၆၉၇၅        ၇၁၈ဝ             ၈၇၄၇၇၄         ၇၁၈ဝပြောင်းဖူးစေ့     တန်                  ၂၃၈၈၅ဝ       ၁၇၈ဝ            ၂၄၂၅၃၆          ၁၈၂ဝနှမ်းဖြူ            တန်                  ၁၁၈၅၈၂ဝ      ၈၉ဝဝ            ၁၁၉၁၂၈ဝ         ၈၉ဝဝ                                                                                                 စိုင်းနိုင်         မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဖက် အိန္ဒိယနိုင်ငံသို့ ကွမ်းသီး၊ မုန့်မျိုးစုံ၊ ဝက်အရှင်တို့တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချိုကရဲ့ ရိဒ်ပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-                                       ယခုအပတ်                            ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ  မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး     မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး         ပြောင်းလဲမှု                                    (ကျပ်)            (ရူပီး)              (ကျပ်)       (ရူပီး)ကွမ်းသီး          တန်            ၈၉၂၅ဝဝ         ၅၄ဝ၄ဝ           ၈၉၂၅ဝဝ    ၅၄ဝ၄ဝမုန့်မိုျးစုံ            ကီလို             ၁၃ဝဝ           ၂၉                 ၁၃ဝဝ       ၂၉ဝက်(အရှင်)       ကီလို            ၂ဝဝဝ            ၉၈                 ၂ဝဝဝ       ၉၈              မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် စစ်တွေနယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ သရက်သီး၊ ငါးနီတူခြောက်၊ ရေငန်ပုစွန်၊ ငါးစုံလေးခြောက်တို့ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ စစ်တွေပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံတက္ကနာဗ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်-                                      ယခုအပတ်                             ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ    မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး     မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး      ပြောင်းလဲမှု                                       (ကျပ်)       (တာကာ)            (ကျပ်)        (တာကာ)သရက်သီး        တန်         ၁၈၁၅ဝဝ         ၁၅၉၂၁            ၁၈၁၅ဝဝ        ၁၅၉၂၁ငါးနီတူခြောက်    တန်        ၁၉၃၂ဝဝဝ        ၁၆၈ဝဝဝ          ၁၉၃၂ဝဝဝ     ၁၆၈ဝဝဝရေငန်ပုစွန်        တန်         ၅ဝ၆၅၂ဝဝ      ၄၄ဝ၄၅၂            ၅ဝ၆၅၂ဝဝ      ၄၄ဝ၄၅၂ငါးစုံလေးခြောက် တန်         ၅ဝ၄ဝဝဝ         ၄၃၈၂၆             ၅ဝ၄ဝဝဝ       ၄၃၈၂၆                                                                                   မြတ်မြတ်ထွန်း

Wednesday, 4 May 2011

ယခုနှစ် ငါးရှဉ့်လေလံဈေးမြင့်ရရှိ                     ယခုရက်ပိုင်းတွင် ငါးရှဉ့်အထွက်နည်းလို့ မူဆယ် ၁ဝ၅ မိုင်ကို ငါး ရှဉ့်ကားများ ရက်ခြားတင်ပို့လျက်ရှိပြီး ယခုနှစ် လေလံဈေးမှာ အမြင့်ဆုံးဈေး ရရှိကြောင်း၊ မန္တလေးတိုင်းဒေသကြီး ငါးရှဉ့်လုပ်ငန်းရှင်များအသင်းမှ သိရပါ တယ်။               '' ဒီနှစ်က လေလံဈေးအမြင့်ဆုံးရတယ်။ ငါးရှဉ့်တစ်တန်ကို မတ်လကုန် ပိုင်းက ယွမ် ၅၃ဝဝ ကျော်ရရှိခဲ့တယ်၊ မနှစ်က တစ်တန်ကို ယွမ် ၄၃ဝဝ ကျော်ထိပဲရခဲ့တယ်။ ဒီနှစ်မှာ သြင်္ကန် မတိုင်ခင်က နေ့စဉ် တင်ပို့ခဲ့ရပေမဲ့ ဈေး မြင့်ပြီးရခဲ့တယ်။ ဒီအချိန်ငါးရှဉ့်ရှားပေမဲ့ တစ်ရက်ကို တန် ၂ဝ လောက်တင်ပို့မှု ရှိခဲ့တယ်။ မနှစ်က မတ်လပိုင်းမှာ နေ့စဉ် မပို့နိုင်ခဲ့ဘူး'' လို့ ငါးရှဉ့် လုပ်ငန်းရှင် ဦးသန်းကျော်က ပြောပါတယ်။ မတ်လနဲ့ ဧပြီလများမှာ ငါးရှဉ့် ကား ၂ စီးနဲ့ ၃ စီးကြားတင်ပို့မှုရှိပြီး ဧပြီလကုန်ပိုင်းမှာ ရက်ခြားတင်ပို့မှု ရှိကြောင်း သိရပါတယ်။ ငါးရှဉ့်လေလံ ဈေးနှုန်းမှာ မတ်လကုန်ပိုင်းက တစ်တန်ကို ယွမ် ၅၃ဝဝ မှ ဧပြီလဆန်းပိုင်း မှာ ယွမ် ၃၉၇ဝ ထိဈေးကျလာပြီး ဧပြီ ၁ဝ ရက်နောက်ပိုင်းမှာ ယွမ် ၄၂ဝဝ ထိ ပြန်တက်လာခဲ့ကာ ဧပြီလ ၂၄ ရက် နေ့က ယွမ် ၄၂၈ဝ ရရှိခဲ့ကြောင်း သိရပါတယ်။ ဇူးဇူး

Wednesday, 4 May 2011

ထိုင်းနယ်စပ်ကုန်သွယ်ရေး ပထမနှစ်လမှာပင် တိုးတက်မှုရှိ                 ၂ဝ၁၁ ဇန်နဝါရီမှ ဖေဖော်ဝါရီအတွင်းထိုင်းနိုင်ငံရဲ့ နယ်စပ်ကုန်သွယ်ရေးဟာ ၁၄ ဒသမ ၇ ရာခိုင် နှုန်းတိုးတက်ပြီး ဘတ် ၁၄ဝ ဒသမ ၇၂ ဘီလီယံကိုရောက်ရှိခဲ့တယ်လို့ ထိုင်း နိုင်ငံခြားကုန်သွယ်ရေးဌာန DFT ရဲ့ ဒု-ညွှန်ချုပ်က ပြော ကြားခဲ့ပါတယ်။ DFT ရဲ့ ဒု-ညွှန်ချုပ်က ထိုင်းနိုင်ငံရဲ့ ပို့ကုန် တန်ဖိုး ၂ဝ ရာခိုင်နှုန်းမြင့်တက်ပြီးဘတ် ၉၃ ဒသမ ၅၆ ဘီလီယံရှိကာသွင်းကုန်တန်ဖိုးက ၅ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ပြီး ဘတ် ၄၇ ဒသမ ၁၆၆ ဘီလီယံရှိကာ ကုန်သွယ် ရေး ပိုငွေက ဘတ် ၃၃ ဒသမ ၄၅ ဘီလီယံရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ အာဆီယံကုန်သွယ်ရေး လွတ်လပ်ခွင့် သဘောတူညီချက်နဲ့ ထိုင်းထုတ်ကုန်များ အပေါ်ဝယ်လိုအား တက်လာခြင်းက စီးပွားရေးတိုးတက်စေပြီး အိမ်နီးချင်း မလေးရှား၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားတို့အကြားမှာ စီးပွားရေးစဉ်ဆက်မပြတ်တိုးတက်လာတယ်လို့ ၎င်းဒုညွှန်ချုပ် ကပြောကြားခဲ့ပါတယ်။ မလေးရှားနဲ့ နယ်စပ်ကုန်သွယ်ရေးက ၁၅ ရာခိုင်နှုန်းတိုးတက်ပြီးဘတ်ငွေ ၉၁ ဒသမ ၇၁ ဘီလီယံ ရှိကာ ပို့ကုန်ဘတ်ငွေ ၆၂ ဒသမ ၂၆ ဘီလီယံနဲ့ သွင်းကုန် ဘတ်ငွေ ၂၈ ဒသမ ၈၂ ဘီလီယံ ရှိတယ်လို့သိရပါတယ်။ မြန်မာနဲ့ ကုန်သွယ်ရေးက ၁၄ ရာခိုင်နှုန်းတိုးတက်မှုရှိပြီး ဘတ် ၂၂ ဒသမ ၉၁ ဘီလီယံရှိပြီးပို့ကုန်ဘတ် ၉ ဒသမ ၉၆ ဘီလီယံနဲ့ သွင်းကုန်ဘတ် ၁၂ ဒသမ ၉၄ ဘီလီယံရှိပါတယ်။                  ၂ဝ၁ဝ ဇူလိုင်လကတည်းက ရပ်တန့်ခဲ့တဲ့ နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းတစ်ခုက နယ်စပ်ကုန်သွယ်ရေးကို ထိခိုက်ခဲ့ခြင်း မရှိကြောင်းသိရပါတယ်။ လာအိုနဲ့ကုန်သွယ်ရေးက ၁၃ ဒသမ ၇ ရာခိုင်နှုန်း တိုး တက်ပြီး ဘတ် ၁၆ ဒသမ ၆၁ ဘီလီယံဖြစ်ကြောင်း သိရပါတယ်။ လာအိုသို့ ထိုင်းပို့ကုန်ကဘတ် ၁၂ ဒသမ ၃၄ ဘီလီယံနဲ့သွင်းကုန်က ၄ ဒသမ ၂၇ ဘီလီယံရှိ ပါတယ်။ ကမ္ဘောဒီးယားနဲ့ကုန်သွယ်မှုကတော့ ၁၇ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်ပြီး ဘတ် ၁ဝ ဒသမ ၁၃ ဘီလီယံရှိကာ ၂ဝ၁၁ ပထမ ၂ လအတွင်းပို့ကုန် ဘတ် ၈ ဒသမ ၉၉ ဘီလီယံနဲ့ သွင်းကုန် ၁ ဒသမ ၁၄၂ ဘီလီယံ အသီးသီးရှိကြောင်း သတင်းရရှိပါတယ်။ Source: thaifinaneialpost.com ဇော်ဝင်းလေး

Wednesday, 4 May 2011

ထိုင်းပို့ကုန်များ စံချိန်တင်မြင့်တက်ခဲ့               မတ်လမှာ ထိုင်းနိုင်ငံရဲ့ပို့ကုန်က နှစ်ဦးပိုင်းထက် ၃ဝ ဒသမ ၉ ရာခိုင်နှုန်းမြင့်တက်လာပြီး နိုင်ငံရဲ့ စီးပွားရေးတစ်ချိန်လုံး တိုးတက်နေကြောင်းအစိုးရရဲ့စာရင်းများအရသိရပါတယ်။ ပို့ကုန်တန်ဖိုးက မတ်လမှာ ဒေါ်လာ ၂၁ ဒသမ ၃ ဘီလီယံကို မြင့်တက်ခဲ့ပြီး ယခင်နှစ်အလားတူကာလက ဒေါ်လာ ၁၆ ဒသမ ၂ ဘီလီယံရှိကာထိုင်းထုတ်ကုန် များဖြစ်တဲ့ ကျောက်မျက် ရတနာ၊ ပလတ်စတစ်၊ ဆန်နဲ့ရော်ဘာများအား ပင်လယ်ရပ်ခြားဝယ်လိုအားများတယ် လို့ စီးပွား/ကူးသန်းဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ မတ်လက ဂျပန်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဆူနာမီကြောင့် ထိုင်းပို့ကုန်ကိုထိခိုက်မှုရှိနိုင်မယ်ဆိုတဲ့စိုးရိမ်မှုတွေကို ချေဖျက်လျက်ရှိကြောင်း သိရပါတယ်။ ဥရောပ၊ ဂျပန်နဲ့ အမေရိကန်တို့ကဲ့သို့သောဈေးကွက်ကြီးတွေကို ၂၅ ဒသမ ၄ ရာခိုင်နှုန်း တင်ပို့နေပြီး တောင်ကိုရီးယား၊ ဟောင်ကောင်၊ တရုတ် (တိုင်ပေ)နဲ့ တောင်အာရှတို့လို အပြောင်းအလဲ ရှိတဲ့ဈေးကွက် တွေကိုတော့ ၃၃ ဒသမ ၉ ရာခိုင်နှုန်းတင်ပို့နေပါတယ်။ ဒါ့အပြင်စွမ်းအင်တင်သွင်းမှုများ တာကြောင့်သွင်းကုန်တန်ဖိုး ၂၈ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ပြီး ဒေါ်လာ ၁၉ ဒသမ ၅ ဘီလီယံကိုရောက်ရှိခဲ့ကြောင်းသိရပါတယ်။ မတ်လရဲ့ ကုန်သွယ် ရေးပိုငွေ ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံရှိပြီး ဖေဖော်ဝါရီထက် အနည်းငယ်သာခဲ့ပါတယ်။ ပို့ကုန်အလုံးအရင်း တင်ပို့မှုများနဲ့ ပုဂ္ဂလိကသုံးစွဲမှုများအား လျှော့ချပြီးနောက် ၂ဝ၁ဝ စတုတ္ထသုံးလပတ်မှစပြီး ထိုင်းနိုင်ငံရဲ့ စီးပွာေးရး ပြန်လည်တိုးတက်ခဲ့ကြောင်း သိရပါတယ်။ ဇော်ဝင်းလေး၊Source: chennelnews asia.com 

Pages