Main menu

Background

Wednesday, 4 May 2011

ယခုနှစ် ငါးရှဉ့်လေလံဈေးမြင့်ရရှိ                     ယခုရက်ပိုင်းတွင် ငါးရှဉ့်အထွက်နည်းလို့ မူဆယ် ၁ဝ၅ မိုင်ကို ငါး ရှဉ့်ကားများ ရက်ခြားတင်ပို့လျက်ရှိပြီး ယခုနှစ် လေလံဈေးမှာ အမြင့်ဆုံးဈေး ရရှိကြောင်း၊ မန္တလေးတိုင်းဒေသကြီး ငါးရှဉ့်လုပ်ငန်းရှင်များအသင်းမှ သိရပါ တယ်။               '' ဒီနှစ်က လေလံဈေးအမြင့်ဆုံးရတယ်။ ငါးရှဉ့်တစ်တန်ကို မတ်လကုန် ပိုင်းက ယွမ် ၅၃ဝဝ ကျော်ရရှိခဲ့တယ်၊ မနှစ်က တစ်တန်ကို ယွမ် ၄၃ဝဝ ကျော်ထိပဲရခဲ့တယ်။ ဒီနှစ်မှာ သြင်္ကန် မတိုင်ခင်က နေ့စဉ် တင်ပို့ခဲ့ရပေမဲ့ ဈေး မြင့်ပြီးရခဲ့တယ်။ ဒီအချိန်ငါးရှဉ့်ရှားပေမဲ့ တစ်ရက်ကို တန် ၂ဝ လောက်တင်ပို့မှု ရှိခဲ့တယ်။ မနှစ်က မတ်လပိုင်းမှာ နေ့စဉ် မပို့နိုင်ခဲ့ဘူး'' လို့ ငါးရှဉ့် လုပ်ငန်းရှင် ဦးသန်းကျော်က ပြောပါတယ်။ မတ်လနဲ့ ဧပြီလများမှာ ငါးရှဉ့် ကား ၂ စီးနဲ့ ၃ စီးကြားတင်ပို့မှုရှိပြီး ဧပြီလကုန်ပိုင်းမှာ ရက်ခြားတင်ပို့မှု ရှိကြောင်း သိရပါတယ်။ ငါးရှဉ့်လေလံ ဈေးနှုန်းမှာ မတ်လကုန်ပိုင်းက တစ်တန်ကို ယွမ် ၅၃ဝဝ မှ ဧပြီလဆန်းပိုင်း မှာ ယွမ် ၃၉၇ဝ ထိဈေးကျလာပြီး ဧပြီ ၁ဝ ရက်နောက်ပိုင်းမှာ ယွမ် ၄၂ဝဝ ထိ ပြန်တက်လာခဲ့ကာ ဧပြီလ ၂၄ ရက် နေ့က ယွမ် ၄၂၈ဝ ရရှိခဲ့ကြောင်း သိရပါတယ်။ ဇူးဇူး

Wednesday, 4 May 2011

ထိုင်းနယ်စပ်ကုန်သွယ်ရေး ပထမနှစ်လမှာပင် တိုးတက်မှုရှိ                 ၂ဝ၁၁ ဇန်နဝါရီမှ ဖေဖော်ဝါရီအတွင်းထိုင်းနိုင်ငံရဲ့ နယ်စပ်ကုန်သွယ်ရေးဟာ ၁၄ ဒသမ ၇ ရာခိုင် နှုန်းတိုးတက်ပြီး ဘတ် ၁၄ဝ ဒသမ ၇၂ ဘီလီယံကိုရောက်ရှိခဲ့တယ်လို့ ထိုင်း နိုင်ငံခြားကုန်သွယ်ရေးဌာန DFT ရဲ့ ဒု-ညွှန်ချုပ်က ပြော ကြားခဲ့ပါတယ်။ DFT ရဲ့ ဒု-ညွှန်ချုပ်က ထိုင်းနိုင်ငံရဲ့ ပို့ကုန် တန်ဖိုး ၂ဝ ရာခိုင်နှုန်းမြင့်တက်ပြီးဘတ် ၉၃ ဒသမ ၅၆ ဘီလီယံရှိကာသွင်းကုန်တန်ဖိုးက ၅ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ပြီး ဘတ် ၄၇ ဒသမ ၁၆၆ ဘီလီယံရှိကာ ကုန်သွယ် ရေး ပိုငွေက ဘတ် ၃၃ ဒသမ ၄၅ ဘီလီယံရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ အာဆီယံကုန်သွယ်ရေး လွတ်လပ်ခွင့် သဘောတူညီချက်နဲ့ ထိုင်းထုတ်ကုန်များ အပေါ်ဝယ်လိုအား တက်လာခြင်းက စီးပွားရေးတိုးတက်စေပြီး အိမ်နီးချင်း မလေးရှား၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားတို့အကြားမှာ စီးပွားရေးစဉ်ဆက်မပြတ်တိုးတက်လာတယ်လို့ ၎င်းဒုညွှန်ချုပ် ကပြောကြားခဲ့ပါတယ်။ မလေးရှားနဲ့ နယ်စပ်ကုန်သွယ်ရေးက ၁၅ ရာခိုင်နှုန်းတိုးတက်ပြီးဘတ်ငွေ ၉၁ ဒသမ ၇၁ ဘီလီယံ ရှိကာ ပို့ကုန်ဘတ်ငွေ ၆၂ ဒသမ ၂၆ ဘီလီယံနဲ့ သွင်းကုန် ဘတ်ငွေ ၂၈ ဒသမ ၈၂ ဘီလီယံ ရှိတယ်လို့သိရပါတယ်။ မြန်မာနဲ့ ကုန်သွယ်ရေးက ၁၄ ရာခိုင်နှုန်းတိုးတက်မှုရှိပြီး ဘတ် ၂၂ ဒသမ ၉၁ ဘီလီယံရှိပြီးပို့ကုန်ဘတ် ၉ ဒသမ ၉၆ ဘီလီယံနဲ့ သွင်းကုန်ဘတ် ၁၂ ဒသမ ၉၄ ဘီလီယံရှိပါတယ်။                  ၂ဝ၁ဝ ဇူလိုင်လကတည်းက ရပ်တန့်ခဲ့တဲ့ နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းတစ်ခုက နယ်စပ်ကုန်သွယ်ရေးကို ထိခိုက်ခဲ့ခြင်း မရှိကြောင်းသိရပါတယ်။ လာအိုနဲ့ကုန်သွယ်ရေးက ၁၃ ဒသမ ၇ ရာခိုင်နှုန်း တိုး တက်ပြီး ဘတ် ၁၆ ဒသမ ၆၁ ဘီလီယံဖြစ်ကြောင်း သိရပါတယ်။ လာအိုသို့ ထိုင်းပို့ကုန်ကဘတ် ၁၂ ဒသမ ၃၄ ဘီလီယံနဲ့သွင်းကုန်က ၄ ဒသမ ၂၇ ဘီလီယံရှိ ပါတယ်။ ကမ္ဘောဒီးယားနဲ့ကုန်သွယ်မှုကတော့ ၁၇ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်ပြီး ဘတ် ၁ဝ ဒသမ ၁၃ ဘီလီယံရှိကာ ၂ဝ၁၁ ပထမ ၂ လအတွင်းပို့ကုန် ဘတ် ၈ ဒသမ ၉၉ ဘီလီယံနဲ့ သွင်းကုန် ၁ ဒသမ ၁၄၂ ဘီလီယံ အသီးသီးရှိကြောင်း သတင်းရရှိပါတယ်။ Source: thaifinaneialpost.com ဇော်ဝင်းလေး

Wednesday, 4 May 2011

ထိုင်းပို့ကုန်များ စံချိန်တင်မြင့်တက်ခဲ့               မတ်လမှာ ထိုင်းနိုင်ငံရဲ့ပို့ကုန်က နှစ်ဦးပိုင်းထက် ၃ဝ ဒသမ ၉ ရာခိုင်နှုန်းမြင့်တက်လာပြီး နိုင်ငံရဲ့ စီးပွားရေးတစ်ချိန်လုံး တိုးတက်နေကြောင်းအစိုးရရဲ့စာရင်းများအရသိရပါတယ်။ ပို့ကုန်တန်ဖိုးက မတ်လမှာ ဒေါ်လာ ၂၁ ဒသမ ၃ ဘီလီယံကို မြင့်တက်ခဲ့ပြီး ယခင်နှစ်အလားတူကာလက ဒေါ်လာ ၁၆ ဒသမ ၂ ဘီလီယံရှိကာထိုင်းထုတ်ကုန် များဖြစ်တဲ့ ကျောက်မျက် ရတနာ၊ ပလတ်စတစ်၊ ဆန်နဲ့ရော်ဘာများအား ပင်လယ်ရပ်ခြားဝယ်လိုအားများတယ် လို့ စီးပွား/ကူးသန်းဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ မတ်လက ဂျပန်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဆူနာမီကြောင့် ထိုင်းပို့ကုန်ကိုထိခိုက်မှုရှိနိုင်မယ်ဆိုတဲ့စိုးရိမ်မှုတွေကို ချေဖျက်လျက်ရှိကြောင်း သိရပါတယ်။ ဥရောပ၊ ဂျပန်နဲ့ အမေရိကန်တို့ကဲ့သို့သောဈေးကွက်ကြီးတွေကို ၂၅ ဒသမ ၄ ရာခိုင်နှုန်း တင်ပို့နေပြီး တောင်ကိုရီးယား၊ ဟောင်ကောင်၊ တရုတ် (တိုင်ပေ)နဲ့ တောင်အာရှတို့လို အပြောင်းအလဲ ရှိတဲ့ဈေးကွက် တွေကိုတော့ ၃၃ ဒသမ ၉ ရာခိုင်နှုန်းတင်ပို့နေပါတယ်။ ဒါ့အပြင်စွမ်းအင်တင်သွင်းမှုများ တာကြောင့်သွင်းကုန်တန်ဖိုး ၂၈ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ပြီး ဒေါ်လာ ၁၉ ဒသမ ၅ ဘီလီယံကိုရောက်ရှိခဲ့ကြောင်းသိရပါတယ်။ မတ်လရဲ့ ကုန်သွယ် ရေးပိုငွေ ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံရှိပြီး ဖေဖော်ဝါရီထက် အနည်းငယ်သာခဲ့ပါတယ်။ ပို့ကုန်အလုံးအရင်း တင်ပို့မှုများနဲ့ ပုဂ္ဂလိကသုံးစွဲမှုများအား လျှော့ချပြီးနောက် ၂ဝ၁ဝ စတုတ္ထသုံးလပတ်မှစပြီး ထိုင်းနိုင်ငံရဲ့ စီးပွာေးရး ပြန်လည်တိုးတက်ခဲ့ကြောင်း သိရပါတယ်။ ဇော်ဝင်းလေး၊Source: chennelnews asia.com 

Wednesday, 4 May 2011

ဖရဲ၊ သခွားထက် သရက်တင်ပို့မှု အားကောင်း                  ဧပြီလ၂ဝ ရက်မှ ၂၆ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်ကနေ ဖရဲသီး ၁ဝ၃၉၉ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၅၇၂ သန်း၊ သခွှားမွှေး ၃၇၉၁ တန်၊ တန်ဖိုးကန်ဒေါ်လာ ဝ ဒသမ ၇၉၄ သန်းနဲ့ သရက်သီး ၁၄၁၁ တန်၊ တန်ဖိုးကန်ဒေါ်လာ ဝ ဒသမ ၆၂၈ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ သြင်္ကန် နှစ်ကူးရက်သတ္တပတ်တွေကလည်း ဖရဲသီးတန် ၂ သောင်းကျော်၊ သခွှားမွှေးတန် ၇ဝဝဝ ကျော်နဲ့ သရက်သီး တန် ၁ဝဝ ကျော်တင်ပို့ခဲ့ရပါတယ်။ ယခုတပတ်မှာ ဖရဲ၊ သခွားထက် သရက်က ယခင်အပတ်တွေထက် ပိုမိုတင်ပို့ နိုင်တာ တွေ့ရပါတယ်။ ဖရဲသီးရဲ့ တစ်တန်ပေါက်ဈေးကတော့ မိမိဘက်မှာ ကျပ် (၂ဝဝဝဝဝ နဲ့ ၃၅ဝဝဝဝ)ကြားနဲ့တဖက်နိုင်ငံဈေး ၂၁၅  ဒေါ်လာနဲ့ ၃၈၃ ဒေါ်လာကြားဈေးပေါက်နေတယ်လို့ သိရ ပါတယ်။ MIRT (DOBT)

Wednesday, 4 May 2011

 မြန်မာ့ပို့ကုန်ပစ္စည်းများ နယ်စပ်မှတင်ပို့မှု                မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁ဝ၅မိုင် ကုန်သွယ်ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် -                                                    ယခုအပတ်                               ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ              မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး     မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး              ပြောင်းလဲမှု                                             (ကျပ်)          (ယွမ်)                (ကျပ်)           (ယွမ်)ပဲတီစိမ်း          တန်                      ၁ဝဝ၅၈၂ဝ   ၈၃၈ဝ               ၁ဝ၄၁၈၇၃         ၈၈ဝဝပြောင်းဖူးစေ့     တန်                     ၂၅၃၂ဝ၈      ၁၈၄ဝ             ၂၆ဝ၇၄၃             ၁၈၆ဝနှမ်းဖြူ            တန်                     ၁၁၉၁၂၈ဝ    ၉ဝဝဝ             ၁၁၇ဝ၉၃၂           ၈၇၈ဝ                  မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဖက် အိန္ဒိယနိုင်ငံသို့ ကွမ်းသီး၊ ပန်းသီး၊ ဝက်အရှင်တို့တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ ရိဒ်ပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-                                            ယခုအပတ်                                      ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ      မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး            မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး            ပြောင်းလဲမှု                                     (ကျပ်)         (ရူပီး)                         (ကျပ်)          (ရူပီး)ကွမ်းသီး        တန်              ၈၉၂၅ဝဝ     ၅၄ဝ၄ဝ                         ၉ဝဝဝဝဝ     ၅၄ဝ၄ဝပန်းသီး         တန်             ၂၆ဝဝဝဝ      ၁၄၈၆၅                        ၂၆ဝဝဝဝ      ၁၄၈၆၅ဝက်(အရှင်)   ကီလို            ၂ဝဝဝ             ၉၈                           ၁၃၇ဝ            ၉၈                                                                                                   ကေသွယ်               မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် စစ်တွေနယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ဖရဲသီး၊ ရေငန်ပုစွန်၊ ငါးကုန်းညိုခြောက်တို့ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ စစ်တွေပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ တက္ကနာဗ်ပေါက် ဈေးတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်-ယခုအပတ် ယခင်အပတ်ပစ္စည်းအမည်      ရေတွက်ပုံ             မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး     မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး     ပြောင်းလဲမှု                                                    (ကျပ်)      (တာကာ)              (ကျပ်)       (တာကာ)ငါးနီတူခြောက်     တန်                        ၁၉၃၂ဝဝဝ   ၁၆၈ဝဝဝ           ၁၇၅ဝဝဝဝ     ၁၄၅၂၂၈ရေငန်ပုစွန်         တန်                        ၅ဝ၆၅၂ဝဝ    ၄၄ဝ၄၅၂        ၄ဝ၅ဝဝဝဝ       ၃၅၉ဝဝဝငါးစုံလေးခြောက ် တန်                        ၅ဝ၄ဝဝဝ      ၄၃၈၂၆           ၄ဝဝဝဝဝ       ၄၂၁၈ဝ                                                                                    မြတ်မြတ်ထွန်း

Sunday, 24 Apr 2011

ထိုင်း-လာအို ချစ်ကြည်ရေးတံတား မကြာမီ ဖွင့်လှစ်နိုင်တော့မည်            ထိုင်းနိုင်ငံ နာကွန်းဖာနွန်ပြည်နယ်ရှိ ထိုင်း-လာအို ချစ်ကြည်ရေးတံတား  အမှတ် ၃ မှ ယာဉ်များ သြဂုတ်လ မှာ စတင်ဖြတ်သန်းအသုံးပြုနိုင်တော့မယ်လို့ ပို့ဆောင်ရေးဌာနအမြဲတမ်းအတွင်းဝန် စူပေါ့ဆမ်လွန်းက ဧပြီလပထမပတ် အတွင်းက ပြောကြားခဲ့ပါတယ်။ တံတားမှာ နှစ်လမ်းသွားဖြစ်ပြီး ၁ ဒသမ ၄ ကီလို မီတာရှည်လျားပြီး မူလက နိုဝင်ဘာလမှာ အပြီးတည်ဆောက်ရန် လျာထားခဲ့တယ်လို့သိရပါတယ်။ အဆိုပါ တံတားမှာ ထိုင်းနိုင်ငံ နာကွန်းဖားနွန် ပြည်နယ်နဲ့ လာအိုနိုင်ငံ ခမ်းမာန်ဒေသ အားဆက်သွယ်ထားသောတံတား တစ်စင်း ဖြစ်ပါတယ်။ ချစ်ကြည်ရေးတံတားကွန် ကရစ်ခင်းတဲ့ အခမ်းအနားကို ဧပြီလ ပထမပတ်မှာ ကျင်းပခဲ့ပြီး အဲဒီအခမ်းအနားကို ထိုင်းနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန၊ လာအိုနိုင်ငံအလုပ်သမားနဲ့ ပို့ဆောင်ရေးဌာန ဝန်ကြီးတို့ တက်ရောက်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။            အဝေးပြေးလမ်းများဌာနအကြီးအကဲ ဝီရာဂွန်ဆမ်စီဝမ်းက ယခုအခါ တံတား တည်ဆောက်မှုမှာ ၈၄ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း သြဂုတ်လမှာ တံတားပြီး စီးပြီးယာဉ်များ ဖြတ်သန်းသွားလာနိုင်မယ်လို့ မျှော်မှန်းကြောင်းနဲ့ လျာထားချက် အား ၈ ရာခိုင်နှုန်းစောပြီးစီးခဲ့တယ်လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။ Source: ဘန်ကောက်ပို့စ်၊သောင်းနိုင် 

Sunday, 24 Apr 2011

ယခုအပတ်မူဆယ်မှ ပရဆေး တင်ပို့မှု အနည်းငယ်ပိုမို             မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှတဆင့် တစ်ဘက်နိုင်ငံသို့ တင်ပို့နေသော ပို့ကုန်များမှာ ပရဆေး ကုန်ကြမ်းများလည်းပါဝင်ပါတယ်။ ယခုအပတ်မှာ ကန်ဒေါ်လာ ၁ ဒသမ ၄၂၁ သန်း တန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၈၅၈ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်မှ ၂၉ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၂၈၈ သန်းကျော် တန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၇၉၇ တန်ကျော်တင်ပို့ခဲ့တာမို့ ယခုအပတ်မှာ တန် ၆ဝ ကျော် တင်ပို့မှုပိုမိုခဲ့ပါတယ်။ ယခုအပတ် တင်ပို့ခဲ့တဲ့ ပရဆေးကုန်ကြမ်းတွေကတော့ မိကျောင်းကွမ်းဖတ်စေ့၊ နေလဲစေ့၊ ချဉ်ပေါင်ဖာလာ (အခွံပါ)၊ ဂျင်းခြောက်၊ တောဂျင်း၊ နနွင်းတက်၊ ဒရင်ကောက်မြစ်၊ ကွမ်းစားဂမုန်း၊ ရှားစေး၊ ကြောင်ပန်းစေ့၊ ကြောင်လျှာစေ့၊ ဖန်ခါးသီးခြောက်၊ မျောက်ဥခြောက်၊ မာလာဥများ တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်ကထက် ဂျင်းခြောက်၊ နနွင်းတက်၊ ဒရင်ကောက်မြစ်၊ ကွမ်းစားဂမုန်း၊ ကြောင်လျာစေ့၊ ဖန်ခါးသီးခြောက်များ ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။ MIRT (DOBT) 

Sunday, 24 Apr 2011

ပြည်တွင်းလောင်စာဆီ ဈေးနှုန်းတည်ငြိမ်မှုရှိရေး တရုတ်နိုင်ငံက ထိန်းချုပ်ရန်စီစဉ်            ကမ္ဘာ့ပတ်ဝန်းကျင်နိုင်ငံများရဲ့ နိုင်ငံရေးမတည်ငြိမ်မှု ကမောက်ကမဖြစ်ပေါ်နေမှု၊ အထူးသဖြင့် အရှေ့အလယ်ပိုင်း ဒေသရဲ့ ရေနံအဓိကထွက်ရှိရာနိုင်ငံများ တည်ရှိရာ နယ်မြေများမှာ စစ်ရေးတိုက်ခိုက်မှုနဲ့ နိုင်ငံရေးမတည်ငြိမ်မှု များကြောင့် ကမ္ဘာ့လောင်စာဆီဈေးကွက်မှာ ဈေးနှုန်းများ မြင့်တက် လာလျက်ရှိပါတယ်။ သယ်ယူပို့ဆောင်မှုနဲ့ ကုန်ဈေးနှုန်းများကလည်း အဆမတန်တိုးမြှင့်လာပြီး ၎င်းအခြေ အနေကို ထိန်းချုပ် နိုင်ရေးအတွက် နိုင်ငံတော်ဖွံ့ဖြိုးရေးနဲ့ ပြောင်းလဲမှုဗဟိုကော်မတီက ဧပြီ ၇ ရက်ကစပြီး ပြည်တွင်း လောင်စာဆီဈေးနှုန်းထား တည်ငြိမ်ရန်နဲ့ ဈေးနှုန်းထိန်းချုပ် လာနိုင်စေရေး ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။ ပြည်တွင်းဓါတ်ဆီနဲ့ ဒီဇယ်ဆီဈေးနှုန်းများ တစ်တန်ကို ယွမ် ၅ဝဝ နဲ့ ၄ဝဝ တိုးမြှင့်တဲ့အတွက် တစ်လီတာ လက်လီရောင်း ဈေးနှုန်းများကို အောက်ပါအတိုင်း သတ်မှတ်ထား ပါတယ်-                                                               ယခု           ယခင်အမှတ် ၉ဝ ဓာတ်ဆီ           ၇ .ဝ၆        ၆ .၆၉အမှတ် ၉၃ ဓာတ်ဆီ          ၇ .၅၉         ၇ .၁၉အမှတ် ၉၇ ဓာတ်ဆီ           ၈ .၁၂         ၇ .၇ဝဒီဇယ်                              ၇ .၃၇           ၇ .ဝ၃                  ရာခိုင်နှုန်းအားဖြင့် ၁ ဒသမ ၄၈ ရာခိုင်နှုန်းတိုး မြှင့်မှုရှိခဲ့ပြီး ပြည်တွင်းလောင်စာဆီမြင့်တက်လာတဲ့ အတွက် ဈေးကွက်ရှိ ကုန်ဈေးနှုန်းများပါ မြင့်တက်တာကြောင့် ကုန်ဈေးနှုန်း ထိန်းသိမ်းစောင့်ရှောက်မှု ဗဟိုဌာန က စီမံချက် (၅) ရပ်ချမှတ်ခဲ့ပါတယ်စီမံချက်တွေကတော့ပြည်သူများ နဲ့ နေ့စဉ်ထိတွေ့နေ ရတဲ့ လမ်းပန်းဆက်သွယ်မှု ဈေးနှုန်းများ မြင့်တက်မလာစေရေး၊ မြို့နယ်ဒေသအာဏာပိုင်အဖွဲ့ သို့မဟုတ် အစိုးရအဖွဲ့ အစိမ်းရောင်လမ်းကြောင်း ဝင်ထွက်မှုအဆင်ပြေ ထိန်းချုပ်နိုင်ရေး၊ စားသုံးကုန်ပစ္စည်းများဖြစ်တဲ့ ဆန်စပါး၊ စားသုံးဆီ၊ အသားငါးများနဲ့ကုန်ဈေးနှုန်းများ တိုးတက်မလာစေရန် အတတ်နိုင်ဆုံး ထိန်းချုပ်ရေး ဈေးကွက်ပေါ်၌ ကုန်ဈေးနှုန်း သတ်မှတ်ထားမှုအား နည်းပေါင်းစုံနဲ့ ချိုးဖောက်မှုမရှိစေရေး၊ သယ်ယူပို့ဆောင်မှုကဏ္ဍ၌ သတ်မှတ်ထားတဲ့နှုန်းထားများ တိုးမြင့်လာမှုမရှိစေရေးတို့ ဖြစ်ပါတယ်။

Sunday, 24 Apr 2011

ဖရဲ၊ သခွားအပြင် စိန်တလုံးပါအဝယ်လိုက်နေ                မတ်လ ၃ဝ ရက်မှ ဧပြီလ ၅ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ ဖရဲသီး ကန်ဒေါ် လာ ၁ ဒဿမ ၁၉၅ သန်းဖိုးရှိ တန်ချိန် ၇၉၂ဝ ကျော်နဲ့ သခွားမွှေးကန်ဒေါ်လာ ၁ ဒဿမ ၁၇၉ သန်းတန်ဖိုးရှိ တန် ချိန် ၅၆၄၇ တန်ကို တင်ပို့ခဲ့တာ တွေ့ရပါတယ်။ သြင်္ကန်နှစ်သစ်ကူးချိန် ဖြစ်တဲ့ ဧပြီ ၆ ရက်မှ ၁၉ ရက်အတွင်း မှာတော့ ဖရဲသီး ၂၁၇၈၄ တန် တန်ဖိုး ကန်ဒေါ်လာ ၃ ဒဿမ ၅၇၅ သန်း၊ သခွားမွှေး ၇ဝ၃၃ တန်၊ တန်ဖိုးကန်ဒေါ်လာ ၁ ဒဿမ ၄၆၅ သန်း တင်ပို့ ခဲတဲ့အပြင် စိန်တလုံးသရက်သီး ၁ဝ၇ တန်၊ တန်ဖိုးကန်ဒေါ်လာ ဝ ဒဿမ ဝ၆၁ သန်းဖိုးကို တင်ပို့ခဲ့ပါတယ်။ သြင်္ကန်ကာလဖြစ်ပေမဲ့ ရာသီစာ ဖရဲသီးများကို ဝယ်လိုအားကောင်း နေပြီး တစ်ဖက်နိုင်ငံ ပေါက်ဈေးတစ်တန် ၂၁၄ ဒေါ်လာနဲ့ ၃၉၈ ဒေါ်လာကြား ဈေးရလျက် ရှိတယ်လို့ သိရပါတယ်။          MIRT(DOBT)

Sunday, 24 Apr 2011

 နယ်စပ်မှ ကွဲျနွားသားရေ တင်ပို့လျက်ရှိ           ကွဲျနွားဘေးထွက်အပိုပစ္စည်းဖြစ်တဲ့ ကွဲျနွားသားရေ(ဆားစိမ်)အစိုများနဲ့သားရေချောများကို မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေး ဇုန်မှတစ်ဆင့် တရုတ်နိုင်ငံသို့အများဆုံးတင်ပို့လျက်ရှိပါတယ်။ ရန်ကုန်(ရွာသာကြီး)၊ မန္တလေး၊ မိတ္ထီလာ၊ ပဲခူး၊ ပြည်၊ ကျောက်ပန်းတောင်း၊ ပေါင်းတည်စတဲ့မြို့တွေက ထွက်ရှိတဲ့ ကွဲျနွားသားရေများကို ဝယ်ယူစုဆောင်းသန့်စင်ပြုပြင်ကာ ပြည်ပကို တင်ပို့နေတာဖြစ်ပါတယ်။ ၂ဝဝ၅-၂ဝဝ၆ မှ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလကုန်အထိ နယ်စပ်မှ ကွဲျနွားသားရေ ဆားနယ် အစိုတင်ပို့မှုများကို ဖော်ပြပေးလိုက်ရပါတယ်။                                                                                                     တန်ဖိုး - ကန်ဒေါ်လာ (သန်း)                            သားရေစိမ်းနဲ့ သားရေချော             အခြားတိရိစ္ဆာန်ထွက်ပစ္စည်း                               တန်ချိန်        တန်ဖိုး                   တန်ချိန်             တန်ဖိုး၂ဝဝ၅-ဝ၆                ၄၁၉ဝ          ၂ .၄၈                      ၉ဝ                   ဝ .ဝ၆ဝ၂ဝဝ၆-ဝ၇                 ၃၆ဝ၁         ၂ .၄၄                      ၃၇၉၃             ၄ .၉၄၂၂ဝဝ၇-ဝ၈                ၁ဝ၄၅          ဝ .၆၈၆                   ၉၄၄                 ၈ .၅၅၁၂ဝဝ၈-ဝ၉                ၄၄၅၂          ၂ .၈၃၇                    ၁၈၁ဝ၃           ၂ .၅၇၂၂ဝဝ၉-၁ဝ                ၁၁၃၂         ဝ .၆၄၅                     ၁၁၃၂             ဝ .၆၄၅၂ဝ၁ဝ-၁၁                ၈၆၂            ဝ .၆ဝ၈                    ၁၄၇၅၄           ၁၆ .၈၂၆           ကွဲျနွားသားရေ တွေကို တန်ဖိုးမြှင့်ထုတ်ကုန်တွေဖြစ်တဲ့ အင်္ကျီဖိနပ်၊ အိတ် စတာတွေကိုပြုလုပ်ရာမှာ အသုံးပြုကြတယ်လို့ သိရပါတယ်။ MIRT(DOBT)

Pages