Main menu

Background

Wednesday, 30 Mar 2011

ရိဒ်နယ်စပ်မှ ဝက်အရှင် ကီလို ၅၆ဝဝ ကျော်တင်ပို့                      မြန်မာ-အိန္ဒိယနယ်စပ်ရှိ ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ အဓိကပို့ကုန်လို့ ပြောလို့ရတဲ့ ဝက်အရှင် ၅၆၂၅ ကီလိုဂရမ်ကို ယခုမတ် ၁၆ ရက်မှ ၂၂ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ၈၇ဝဝ ကျော်တန်ဖိုးရှိ တင်ပို့နိုင်ခဲ့ပါတယ်။ မြန်မာ့ဝက်များဟာ အရသာပိုမိုကောင်းမွန်တဲ့အတွက် အကြိုက်များ လျက်ရှိပါတယ်။ ရိဒ်နယ် စပ်မှ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ် ဧပြီလမှ ဖေဖော်ဝါရီလကုန်အထိ ဝက်အရှင် ၂၉၇၇၉၆ ကီလိုဂရမ်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၄ဝ၇ ဒသမ ၉၇ သန်းဖိုး တင်ပို့ နိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ Source: ခင်မိုးသူ (MIRT)

Wednesday, 30 Mar 2011

 မြန်မာ့ပို့ကုန်ပစ္စည်းများ နယ်စပ်မှတင်ပို့မှု                 မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တော ထွက်ပစ္စည်းများ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁ဝ၅မိုင် ကုန် သွယ်ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် -                                                     ယခုအပတ်                                     ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ       မိမိဘက်ဈေး    တစ်ဖက်နိုင်ငံဈေး     မိမိဘက်ဈေး      တစ်ဖက်နိုင်ငံဈေး    ပြောင်းလဲမှု                                              (ကျပ်)                (ယွမ်)                  (ကျပ်)              (ယွမ်)ပဲတီစိမ်း           တန်                ၁၁၄၆၇၅၆          ၈၉ဝဝ                 ၁၁၄၆၇၅၆         ၈၉ဝဝပြောင်းဖူးစေ့     တန်                  ၂၅၄၅၂ဝ          ၁၈၆ဝ                    ၂၈၄၃၄၃         ၁၈၂ဝနှမ်းဖြူ             တန်                ၁၁၅၇၂၂၂           ၈၇၈ဝ                 ၁၁၉၇၄၃၂         ၉ဝဝဝ             မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဖက် အိန္ဒိယနိုင်ငံသို့ ကွမ်းသီး၊ ပန်းသီး၊ ဝက်အရှင်တို့တင်ပို့ လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ ရိဒ် ပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-ယခုအပတ် ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ      မိမိဘက်ဈေး    တစ်ဖက်နိုင်ငံဈေး     မိမိဘက်ဈေး      တစ်ဖက်နိုင်ငံဈေး     ပြောင်းလဲမှု                                             (ကျပ်)               (ရူပီး)                  (ကျပ်)                 (တာကာ)ကွမ်းသီး        တန်                ၈၉၂၅ဝဝ             ၅၄ဝ၄ဝ             ၈၉၂၅ဝဝ               ၅၄ဝ၄ဝပန်းသီး         တန်                 ၃ဝဝဝဝဝ            ၁၄၈၆၅             ၃ဝဝဝဝဝ               ၁၄၈၆၅ဝက်(အရှင်)  ကီလို                 ၂ဝဝဝ                   ၉၈                 ၂ဝဝဝ                       ၉၈                                                                                                                                   ကေသွယ်               မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် စစ်တွေနယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ဖရဲသီး၊ ရေငန်ပုစွန်၊ ငါးကုန်းညိုခြောက်တို့ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ စစ်တွေပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ တက္ကနာဗ်ပေါက် ဈေးတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်-ယခုအပတ် ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ   မိမိဘက်ဈေး     တစ်ဖက်နိုင်ငံဈေး     မိမိဘက်ဈေး    တစ်ဖက်နိုင်ငံဈေး   ပြောင်းလဲမှု                                  (ကျပ်)               (ယွမ်)               (ကျပ်)            (ယွမ်)ဖရဲသီး          တန်            ၈၅ဝဝဝ              ၈၆၆၄               ၈၅ဝဝဝ           ၈၆၆၄ရေငန်ပုစွန်     တန်            ၄ဝ၅ဝဝဝဝ           ၃၅၉ဝဝဝ          ၄ဝ၅ဝဝဝဝ        ၃၅၉ဝဝဝငါးကုန်းညိုခြောက် တန်         ၁၆ဝဝဝဝဝ         ၁၅၂၃၈ဝ           ၁၆ဝဝဝဝဝ        ၁၅၂၃၈ဝ                                                                                                                   မြတ်မြတ်ထွန်း

Sunday, 20 Mar 2011

စက်မှုကုန်ကြမ်းကြံနဲ့ ပီလောပီနံအခြောက်များ တရုတ်အဆွဲရှိ                   မတ်လ ၉ ရက်မှ ၁၅ ရက်ထိ ကာလအတွင်း ကန်ပိုက်တီးမှ ကန်ဒေါ်လာ ၃၂၇၈၆ တန်ဖိုးရှိ ပီလောပီနံ အခြောက် တန်ချိန် ၃ သိန်း တင်ပို့နိုင် ခဲ့ပါတယ်။အလားတူ ချင်းရွှေဟော်နယ်စပ်ဘက်မှာလည်း ကန်ဒေါ်လာ ၁၄ဝဝဝ နီးပါး တန်ဖိုးရှိ ကွမ်းလုံဒေသထွက် ကြံတန်ချိန် ၅ဝဝ တရုတ်ဘက်က အဆွဲရှိခဲ့တယ် လို့ သတင်းရရှိပါတယ်။ MIRT(DOBT)

Sunday, 20 Mar 2011

နယ်စပ်မှ ယခုအပတ် ပရဆေး တန် ၉ဝဝ ကျော် တင်ပို့နိုင်                    မတ်လ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် နယ်စပ်တို့မှ ပရဆေးကုန်ကြမ်း တန်ချိန် ၉၄ဝ ကျော်တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၃၄၆ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ယခင်အပတ်နဲ့ နှိုင်းယှဉ်လျှင်တန် ၅ဝ ခန့်တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ယခင်အပတ်ကထက် နေလဲစေ့ တင်ပို့မှုသိသိသာသာ လျော့ကျခဲ့ပြီး မိကျောင်း ကွမ်းဖတ်စေ့၊ ကြောင်လျာစေ့၊ မျောက်ဥခြောက်၊ မာလာဥ ခေါင်းတို့လည်းတင်ပို့မှု အနည်းငယ် စီလျော့နည်းခဲ့ပါတယ်။ ကျောက်ချင်း၊ ဒရင်ကောက်မြစ်၊ နနွင်းတက်၊ ကွမ်းစားဂမုန်း၊ ရှားစေး၊ ဖန်ခါးသီးခြောက်၊ မာလာဥတို့တော့ တင်ပို့မှုပိုမိုခဲ့ပါတယ်။ ယခင်အပတ်က တင်ပို့နိုင်ခြင်းမရှိတဲ့ ရှားစေးနဲ့ ဖန်ခါးသီးခြောက်များ ယခုအပတ်မှာ တင်ပို့မှုရှိခဲ့ပါတယ်။ ချင်းရွှေဟော်နယ်စပ်မှ ကျောက်ချင်း ၅ တန် ယခုအပတ်မှာ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။တမူး နယ်စပ်ကနေ ကန်ဒေါ်လာ ၈ဝဝ တန်ဖိုးရှိ ရှိန်းခိုနဲ့ တောင်လုံးကျော် ဝ ဒသမ ၉ တန် တင်သွင်းမှုရှိခဲ့ပြီး ယခင်အပတ်ကထက် ဝ ဒသမ ၃ တန် လျော့နည်းတင်သွင်းခဲ့တာ ဖြစ်ပါတယ်။ MIRT (DOBT)

Sunday, 20 Mar 2011

 မြန်မာ့ပို့ကုန်ပစ္စည်းများ နယ်စပ်မှတင်ပို့မှု                 မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁ဝ၅မိုင် ကုန် သွယ်ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် -ပစ္စည်းအမည်           ရေတွက်ပုံ          မိမိဘက်ဈေး (ကျပ်)              တစ်ဖက်နိုင်ငံဈေး (ယွမ်)ပဲတီစိမ်း                      တန်                      ၁၁၄၆၇၅၆                               ၈၉ဝဝပြောင်းဖူးစေ့                တန်                        ၂၈၄၃၄၃                               ၁၈၂ဝနှမ်းဖြူ                         တန်                     ၁၁၉၇၄၃၂                               ၉ဝဝဝ                       မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဖက် အိန္ဒိယနိုင်ငံသို့ ကွမ်းသီး၊ ပန်းသီး၊ မုန့်မျိုးစုံတို့ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ ရိဒ်ပေါက် ဈေးနဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် ပစ္စည်းအမည်          ရေတွက်ပုံ              မိမိဘက်ဈေး (ကျပ်)               တစ်ဖက်နိုင်ငံဈေး (ရူပီး)ကွမ်းသီး                   တန်                      ၈၉၂၅ဝဝ                                ၅၄ဝ၄ဝပန်းသီး                     တန်                     ၃ဝဝဝဝဝ                                ၁၄၈၆၅မုန့်မျိုးစုံ                    ကီလို                       ၁၃ဝဝ                                   ၂၉                                                                                                                                ကေသွယ်                    မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် စစ်တွေနယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ဖရဲသီး၊ ရေငန်ပုစွန်၊ ငါးစုံလေးခြောက်တို့တင်ပို့လျက်ရှိရာ အဆိုပါ ပို့ကုန်အချိူ့ရဲ့ စစ်တွေပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ တက္ကနာဗ်ပေါက်ဈေးတွေ ကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ် ပစ္စည်းအမည်            ရေတွက်ပုံ                   မိမိဘက်ဈေး (ကျပ်)                 တစ်ဖက်နိုင်ငံဈေး (တာကာ)ဖရဲသီး                      တန်                                 ၈၅ဝဝဝ                                       ၈၆၆၄ရေငန်ပုစွန်               တန်                            ၄ဝ၅ဝဝဝဝ                                     ၃၅၉ဝဝဝငါးစုံလေးခြောက်       တန်                             ၄ဝဝဝဝဝ                                        ၄၂၁၈ဝ                                                                                                                         မြတ်မြတ်ထွန်း

Sunday, 13 Mar 2011

တရုတ်ချည်မျှင်ကုမ္ပဏီ ဝါဂွမ်းဒေါ်လာ သန်း ၅ဝဝ ဖိုး ဝယ်ယူလို                    ယခုနှစ်မှာ တရုတ်ရဲ့ ချည်ထည်လုပ်ငန်း ှSinatex က ရောင်းနေကျဖောက်သည် ဇင်ဘာဘွေလယ်သမားများက အပြင်ချည်ပမာဏ တော်တော်များများလိုအပ်တဲ့အတွက် တရုတ်ဖွံ့ဖြိုးမှုဘဏ်ကနေ ချည်အရင်းအမြစ်တွေ ရှာဖွေ နေကြောင်း သိရပါတယ်။ အကြီးဆုံးချည် ရောင်းလက် ဇင်ဘာဘွေကို ကျော်ဖြတ်ပြီး Sinatex  က ဝါဂွမ်းစိုက်ပျိုးရေး အတွက် ရင်းနှီးမြှုပ်နံှမှာဖြစ်ကြောင်းလဲ သိရပါတယ်။ ဇင်ဘာဘွေရဲ့ ချည်ကုမ္ပဏီတွေက ဒေါ်လာသန်း(၅ဝဝ) ဖိုးရောင်းချဖို့ကြိုးစားနေပြီး ဒါဟာလယ်သမား သုည ဒသမ တစ်သန်းအတွက် အမြတ်အစွန်း တွေရစေမှာဖြစ်ပါ တယ်။ ယခုလက်ရှိကာလမှာ ဇင်ဘာဘွေက လယ်သမား နှစ်သိန်း ကျော်အတွက် အကျိုးအမြတ်ရမဲ့အစီအစဉ်ကို ဆောင်ရွက်နေ ပါတယ်။Sinatex  အနေနဲ့ တစ်နှစ်ကို ဝါဂွမ်း ပမာဏ တန်ချိန် ရှစ်သိန်းလောက်လိုအပ်ပြီး ဒီပမာဏက ဇင်ဘာဘွေလက်ရှိ အထွက်နှုန်းရဲ့ ၆ ဆရှိကြောင်း သိရပါ တယ်။ ဇင်ဘာဘွေ ဟာ သမိုင်းကြောင်း တစ်လျှောက် အကြီးဆုံး စိုက်ပိုျးရေး နိုင်ငံအဖြစ်ရပ်တည်ခဲ့ပြီး ဘဏ္ဍာရေးနဲ့ ဈေးကွက်တွေမှာလဲ အထောက်အပံ့နဲ့ အပေးအယူ မျှခဲ့တယ်လို့ သတင်းရရှိပါ တယ်။ KZW,Source: Commodity online

Sunday, 13 Mar 2011

မြန်မာ့ပို့ကုန်ပစ္စည်းများ နယ်စပ်မှတင်ပို့မှု             မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁ဝ၅မိုင် ကုန်သွယ်ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် -ပစ္စည်းအမည်        ရေတွက်ပုံ             မိမိဘက်ဈေး (ကျပ်)           တစ်ဖက်နိုင်ငံဈေး (ယွမ်)မတ်ပဲ                    တန်                              ၉ဝ၈၉ဝဝ                        ၆၉ဝဝနှမ်းနက်                 တန်                            ၁၄၆၇၈၁၇                       ၁၁ဝဝဝပဲပုပ်စေ့                 တန်                                ၆၉၃၅၃ဝ                      ၅ဝဝဝ                  မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဖက် အိန္ဒိယနိုင်ငံသို့ ပန်းသီး၊ ဝက်အရှင်၊ ဆေးကြေမှုန့်တို့ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန် အချို့ရဲ့ ရိဒ်ပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ်ပေါက်ဈေးတွေကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ် ပစ္စည်းအမည်           ရေတွက်ပုံ                မိမိဘက်ဈေး (ကျပ်)              တစ်ဖက်နိုင်ငံဈေး (ရူပီး)ပန်းသီး                      တန်                           ၃ဝဝဝဝဝ                                    ၁၄၈၆၅ဝက်အရှင်                   ကီလို                            ၂ဝဝဝ                                         ၉၈ဆေးကြေမှုန့်              တန်                             ၁၅၇ဝဝဝ                                    ၈၅ဝဝ                                                                                                                                  ကေသွယ်                    မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် စစ်တွေနယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ရေငန်ပုစွန်၊ ငါးစုံလေးခြောက်နှင့် ငါးနီတူခြောက်တို့ တင်ပို့လျက် ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ စစ်တွေပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ တက္ကနာဗ် ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ် ပစ္စည်းအမည်              ရေတွက်ပုံ                   မိမိဘက်ဈေး (ကျပ်)             တစ်ဖက်နိုင်ငံဈေး (တာကာ)ရေငန်ပုစွန်                   တန်                          ၄ဝ၅ဝဝဝဝ                                ၃၅၉ဝဝဝငါးစုံလေးခြောက်             လုံး                          ၄ဝဝဝဝဝ                                  ၄၂၁၈ဝငါးနီတူခြောက်               လုံး                          ၁၇၅ဝဝဝဝ                                 ၁၄၅၂၂၈                                                                                                                  မြတ်မြတ်ထွန်း

Sunday, 6 Mar 2011

ထိုင်းနိုင်ငံ၌ သကြားဈေးကွက် ထိန်းချုပ်                  ထိုင်းနိုင်ငံမှာ သကြားတစ်ကီလိုကို ၅ ဘတ်ခန့်ဈေး တက်ပြီးနောက် သကြားဈေးမကျအောင်ထိန်းချုပ် သွား မယ်လို့သိရပါတယ်။ ထိုင်းနိုင်ငံရဲ့ကြံစိုက်ပျိုးရေးနဲ့ သကြား ထုတ်လုပ်ရေးကုန်ကျစရိတ်မှာ တစ်နှစ်ကို ဘတ်သန်း ၃ဝဝဝ ခန့်ရှိတာကြောင့်ယခုကဲ့သို့ ၅ ဘတ်ခန့်ဈေးမြှင့်တာဖြစ်ကြောင်း ကြံစိုက်ပျိုးရေးနှင့် သကြားထုတ်လုပ်ရေးဌာနရဲ့ အထွေထွေအတွင်းရေးမှူးက ပြောကြားခဲ့ပါတယ်။               ဒါ့အပြင်သကြားရဲ့ အကောက်ခွန်နှုန်းထားကိုလည်း အနည်းငယ် တိုးမြှင့်ဖို့ရှိကြောင်း သိရပါတယ်။ ၂ဝ၁ဝ ဒီဇင်ဘာလအတွင်းက ကြံစိုက်တောင်သူများအတွက် ဘတ် သန်း (၈ဝဝဝ-၉ဝဝဝ) ခန့် အထောက်အပံ့ပေးခဲ့ပြီး သကြားဈေးနှုန်းကို သကြားထုတ်ဝေဖြန့်ဖြူးရေး ဦးစီးဌာနက ထိန်းချုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။              ထိုင်းသကြားထုတ်လုပ်တင်ပို့သော ကုမ္ပဏီများက ၎င်းတို့ရဲ့ ဆောင်ရွက်ချက်များအား အစိုးရမှ သဘောတူညီမှုရှိစေရန် ဆွေးနွေးမှာဖြစ်ကြောင်းလည်းသိရပါတယ်။ သကြား ထုတ်လုပ်ရာမှာ သုံးစွဲတဲ့ ဆီဈေးများ ကိုလည်း ဈေးကွက်နှုန်း ထားအတိုင်း ဆက်လက်သုံးစွဲမှာဖြစ်ပြီး သကြားဈေးကွက် ပိုမိုတွင်ကျယ်မှုရှိစေဖို့ ဆီဈေးနှုန်းများကိုလည်း ပေါက်ဈေးအတိုင်းသုံးစွဲမှာဖြစ်ကြောင်း သိရပါတယ်။                  ထိုင်းနိုင်ငံမှာ သကြားပြတ်လပ်မှုတွေ ရှိနေတာကြောင့် ဈေးနှုန်းကို ထိန်းချုပ်မှာဖြစ်ပါတယ်။ ဈေးနှုန်းထိန်း ချုပ်ပြီး နောက် သကြားထုတ်လုပ်ရာမှာ လိုအပ်တဲ့ အခက်အခဲများ ကို ရှာဖွေမှာဖြစ်ပြီး ထိုင်းပြည်တွင်းသကြားဈေးနှုန်းအတက်အကျကို ဖြေရှင်းလို့မရသေးကြောင်းထိုင်းစက်မှု ဝန်ကြီးက ပြောကြားခဲ့ပါတယ်။ ပြည်ပဈေးကွက် မှာလည်း ဈေးကောင်း မရသေးတဲ့အတွက် မြန်မြန်ဆန်ဆန်ထုတ်လုပ်ခြင်း မရှိ ကြောင်း ၎င်းကထပ်လောင်း ပြောကြားခဲ့ပါတယ်။ ယခုအချိန် ထုတ် လုပ်မှုမြန်ဆန်ပါက ထိုင်းသကြားထုတ်လုပ်ရေးများ ထိ ခိုက်နိုင်ပြီး အဘက်ဘက်မှ လိုအပ်ချက်များရှာဖွေပြီး ပြည်ပ ဈေးကွက်နဲ့ ပြည်သူလူထုအတွက် အထောက်အကူဖြစ် အောင် ဆောင်ရွက်နေကြောင်း သတင်းရရှိပါတယ်။ အေးသက် Souce:ပလပ်ချာချပ်သတင်းစာ

Sunday, 6 Mar 2011

ဖရဲရာသီ ရောက်ပြီဖြစ်တဲ့ မတ်လမှာ ပို့ကုန်တိုးတက်ဖွယ်ရှိတဲ့လွယ်ဂျယ်              ရှေ့လာမယ့်မတ်လလယ်ခန့်မှာ ဒေသထွက် ဖရဲသီးများ ကို စတင်တင်ပို့တော့မယ့်ကာလ ဖြစ်တဲ့အတွက် ပို့ကုန်များ တိုးတက်လာနိုင်မယ်လို့ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေး စခန်းမှ ကုန်သည်များက မျှော်မှန်းနေကြပါ တယ်။ဒါ့အပြင် သြင်္ကန်ကာလမတိုင်မီ သွင်းကုန်လုပ်ငန်းများကို ကြိုတင် ဆောင်ရွက်ကြမှာ ဖြစ်တဲ့အတွက် သွင်းကုန် များလည်း တိုးတက်လာမှာမို့ ကုန်သွယ်မှုမြင့်တက်မယ်လို့လည်း မျှော် လင့်နေကြတယ်လို့ သတင်းရရှိပါတယ်။ MIRT(DOBT)

Sunday, 6 Mar 2011

ပုစွန်သားပေါက် တစ်ကောင် ၇ ကျပ်နှုန်းဖြင့် ရောင်းချရန်ရ                  မောင်တောဒေသအလယ်သံကျော် သားဖောက်စခန်းမှ မတ်လဆန်းပိုင်းကစပြီး ပုစွန်သားပေါက် တစ်ကောင်လျှင် ၇ ကျပ်နှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်၍ ဝယ်ယူလိုသော လုပ်ငန်းရှင်များငါးဦးစီးဌာနရုံးမှာ ကြိုတင်စာရင်း ပေးသွင်း နိုင်ပြီလို့ သတင်းရရှိပါတယ်။ MIRT(DOBT) Source :နကသ

Pages