Background
ယခုတပတ် တန် ၁၃ဝဝ ကျော် တင်ပို့ရာမှာ ပါကစ္စတန်ကို ၅ဝဝ ပါဝင် ဇန်နဝါရီလ ၁၇ ရက်မှ ၂၃ ရက်ထိ ကာလအတွင်း ပင်လယ် ရေကြောင်းမှ ပြောင်းတန်ချိန် ၁၃၃ဝ တန်၊ တန်ဖိုးကန်ဒေါ်လာ ဝ ဒသမ ၃၃၂ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ၄ဝ၃၄ တန် တင်ပို့ခဲ့ တာကြောင့် ယခုအပတ်မှာ တန်ချိန် ၂၇ဝဝ ကျော် လျော့နည်းတင်ပို့ခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံများကတော့ မလေးရှားကို တန် ၃၆ဝ၊ အိန္ဒိယကို တန် ၂၃ဝ၊ စင်္ကာပူကို တန် ၂၄ဝ နဲ့ ပါကစ္စတန်ကို တန် ၅ဝဝ အသီးသီးတင်ပို့ခဲ့တာဖြစ်ပါတယ်။ FOB (ရန်ကုန်)ဈေးကတော့ တစ်တန်ကို ဒေါ်လာ ၂၅ဝ မှ ၂၇ဝ ကြား ဈေးရလျက်ရှိ ကြောင်း သိရပါတယ်။ KZW
ရော်ဘာဈေးနှုန်း ဧပြီလတိုင်အောင် မြင့်တက်နိုင်ဖွယ်ရှိ ရောင်းလိုအား အကျပ်အတည်းကြောင့် အနည်းဆုံးဧပြီလတိုင်အောင် ရော်ဘာဈေးနှုန်း ဆက်လက် မြင့်တက်နိုင်ကြောင်း၊ (ANRPC)အသင်းရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။ ဆောင်းရာသီကာလ ဖြစ်တာကြောင့် ဧပြီလတိုင်အောင် ရောင်းလိုအားအကျပ်အတည်းရှိနိုင်ပြီး မေလမှ နှစ်ကုန်အထိကတော့ အခြေအနေကောင်း လာမှာဖြစ်ကြောင်း၊ ရော်ဘာ ထုတ်လုပ်တဲ့နိုင်ငံပေါင်း ၁၁ နိုင်ငံပါဝင်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းရဲ့ စီးပွားရေးပညာရှင်က ပြောကြားခဲ့ပါတယ်။ဆောင်းရာသီ ဟာရော်ဘာထုတ်လုပ်မှု ကျဆင်းတတ်ပါတယ်။ အိန္ဒိယ ရော်ဘာပြပွဲ ၂ဝ၁၁ မှာ ၎င်းပညာရှင်က ရော်ဘာရောင်းလိုအား ၅ ရာခိုင်နှုန်း ကျဆင်းဖွယ် ရှိကြောင်းနဲ့ တကယ်လို့ ရာသီဥတုက ပုံမှန်ရှိမယ်ဆိုရင်တောင် အပင်ပျိုတွေရဲ့ အစေး ထွက်နှုန်း ကျဆင်းမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ (ANRPC)အသင်းဝင်နိုင်ငံများရဲ့ ထုတ်လုပ်မှုက လွန်ခဲ့တဲ့နှစ်ထက် ၄ ဒသမ ၈ ရာခိုင်နှုန်းတိုးတက်ပြီး တန်ချိန် ၉ ဒသမ ၈၇ သန်းကိုရောက်နိုင်ကြောင်း သိရပါတယ်။ (ANRPC)ရဲ့ ရော်ဘာ စိုက်ပျိုး ထုတ်လုပ်မှုဇယားကို ဖော်ပြလိုက်ပါတယ်။ခုနှစ် စိုက်ဧရိယာ(ဟတ်တာ) စတင်ထုတ်လုပ်သည့်နှစ် အထွက်နှုန်း(တန်ချိန်) ANRPC ၏ နှစ်စဉ်ပြောင်းလဲမှု အထွက်ရာခိုင်နှုန်း(၂ဝ၁ဝ) ရာခိုင်နှုန်း၂ဝဝ၄ ၂၃၃ဝဝဝ ၂ဝ၁၁ ဝ .၃၇ ၃ .၉ ၃ .၉၂ဝဝ၅ ၃၃၇ဝဝဝ ၂ဝ၁၂ ဝ .၉၂ ၉ .၇ ၅ .၈၂ဝဝ၆ ၄၅၁ဝဝဝ ၂ဝ၁၃ ၁ .၆ဝ ၁၇ .ဝ ၇ .၂၂ဝဝ၇ ၅၁၈ဝဝဝ ၂ဝ၁၄ ၂ .၄ဝ ၂၅ .၅ ၈ .၅၂ဝဝ၈ ၅၄၄ဝဝဝ ၂ဝ၁၅ ၃ .၃၃ ၃၅ .၃ ၉ .၈၂ဝဝ၉ ၃၅၁ဝဝဝ ၂ဝ၁၆ ၃ .၉ဝ ၄၁ .၄ ၆ .ဝ၂ဝ၁ဝ ၃၂၅ဝဝဝ ၂ဝ၁၇ ၄ .၄၂ ၄၆ .၉ ၅ .၆ ဒါကလည်း တစ်နှစ်ပတ်လုံးမှာ ရော်ဘာစိုက်ဧကစုစုပေါင်းရဲ့ ၂ ရာခိုင်နှုန်းက သက်နုအပင်တွေ ဖြစ်ခဲ့ရင် ထွက်ရှိနိုင်တဲ့ အထွက်နှုန်း ဖြစ်ပါတယ်။ ရော်ဘာက ၆ နှစ်ခန့်အကြာမှာ စတင်အစေးထုတ်နိုင်ပြီး ၁ဝ နှစ်နဲ့ ၁၉ နှစ်ကြားမှာ အစေး ထွက်နှုန်းအမြင့်ဆုံးဖြစ်ပြီး အပင်အိုသွားရင်အထွက်နှုန်းကျသွားပြန်ကြောင်း သိရပါတယ်။ ယခုနှစ်မှာ အထွက်နှုန်းကျ စေနိုင်တဲ့ အကြောင်းများကတော့ ၂ဝဝ၃ ခုနှစ်မှာ စိုက်ပျိုးမှုနည်းခဲ့ပြီး ဟက်တာ ဝ ဒသမ ၂၃၃ သန်းသာရှိခဲ့လို့ ဖြစ်ပါတယ်။ ဒီစိုက်ပျိုးမြေ ပမာဏဟာ လွန်ခဲ့တဲ့နှစ် ထုတ်လုပ်နိုင်တဲ့ ဧရိယာရဲ့ ၃ ဒသမ ၃ ရာခိုင်နှုန်းရှိပြီး ယခုနှစ်မှာတော့ စတင် အစေးထုတ် နိုင်တော့မှာဖြစ်ကြောင်း သိရပါတယ်။ ဒါပေမဲ့ ယခုအခါ ရော်ဘာဈေးနှုန်းတွေတက်တာတဲ့အတွက် အပင်အိုများနေရာမှာ ပြန်လည်အစားထိုး စိုက်ပိုျးဖို့ လွန်ခဲ့တဲ့ (၂)နှစ်က ရွှေ့ဆိုင်းထားတာကို ပြန်လည်လုပ်ကိုင်လာစေရန် စေ့ဆော်ရာရောက်စေပါတယ်။ သက်တမ်းလွန်အပင်များ က အထွက်နှုန်းကျဆင်းတာကြောင့် ၂ဝ၁၁ မှာ တောင်သူများအသစ်တိုးခဲျ့ စိုက်ပိုျးဖွယ် ရှိကြောင်း ၎င်းပညာရှင်က ပြောကြားပါတယ်။ လွန်ခဲ့တဲ့နှစ် နိုဝင်ဘာက ထိုင်းနိုင်ငံမှာ လေပြင်းတိုက်ခတ်ပြီး ရေကြီးခဲ့တာကြောင့် ရော်ဘာပင် (၁၆ဝဝဝ) ဟက်တာ ပျက်ဆီးခဲ့ရကြောင်း သိရပါတယ်။ လွန်ခဲ့တဲ့နှစ်က ရော်ဘာစေးထုတ်လုပ်နိုင်တဲ့ ဧရိယာတွေကို ခဲျ့ထွင်ခဲ့ပေမဲ့ စိုက်ပျိုးသူများက မြုံနေတဲ့အပင်တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ စိုက်ဧရိယာတိုးခဲျ့ပေမဲ့ မြုံနေတဲ့အပင်တွေပါဝင် နေရင်တော့ ထုတ်လုပ်မှုက အကန့်အသတ်ရှိနေအုံးမှာ ဖြစ်ကြောင်း သိရပါတယ်။အလုပ်သမား စရိတ်ကြီးမြင့်ခြင်းနဲ့ ရော်ဘာ ဈေးနှုန်းမြင့်တက်ခြင်းက စိုက်ပျိုးသူများကို ပစ်ပယ်ထားတဲ့အပင်များကို စုစည်းအာရုံ စိုက်စေကြောင်းသိရပါတယ်။လက်ရှိအပင် တွေက ၁၉၈ဝ ဝန်းကျင်က စိုက်ပျိုးခဲ့တာကြောင့် ယခုအချိန်မှာ သက်တမ်းကြောင့်အထွက်နှုန်းကျတဲ့အချိန်ကို ရောက်ရှိ နေပြီဖြစ်ပါတယ်။သက်တမ်းလွန်အပင်များအထွက်နှုန်း ကျနေပေမဲ့ ပုံမှန်မဟုတ်တဲ့ဈေးနှုန်းတက်ခြင်းက စီးပွားရေးအလားအလာ ကောင်းစေကြောင်းသိရပါတယ်။၂ဝဝ၇ ခုနှစ်က ရော်ဘာတစ်ကီလိုဂရမ်ကို ၂ ဒေါ်လာဈေးပေါက်ခဲ့စဉ်က သက်တမ်းအနှစ် (၃ဝ) ရှိတဲ့အပင်တစ်ဟက်တာကို (၁၁ဝဝ) ကီလိုဂရမ်ထွက်ရှိပြီး စိုက်ပိုျးသူက ဒေါ်လာ ၂၂ဝဝ ရရှိပါတယ်။ယခုနှစ်မှာတော့ အထွက်နှုန်းကျရင်တောင် ရော်ဘာဈေးနှုန်းတစ်ကီလိုဂရမ် ၅ ဒေါ်လာရတာကြောင့် စိုက်ပျိုးသူက ဒေါ်လာ ၂၅ဝဝ ရနိုင်ကြောင်းသိရပါတယ်။ဒါ့အပြင်ရော်ဘာစိုက်ပိုျးနေကြ မဟုတ်တဲ့ဒေသတွေကလည်း ၎င်းဒေသကစိုက်ပျိုးသူတွေက ရော်ဘာ စိုက်ပျိုးရေးမကျွမ်းကျင်သေးတာကြောင့် အထွက်နှုန်းကျနေကြောင်း သိရပါတယ်။ကျွမ်းကျင်တဲ့ ရော်ဘာလုပ်သားတွေ ပြတ်လတ်မှုကလည်း စီးပွားရေး ပြန်လည်ဦးမော့ရေးနဲ့ စိုက်ပျိုးရေး အလုပ်အကိုင်အခွင့်အလမ်း တွေကို ထိခိုက်စေကြောင်း သိရပါတယ်။ လာမယ့်နှစ်မှာတော့ ခြံသစ်တွေက စိုက်ပိုျးပင်တွေ အစေးထုတ်ဖို့အသစ်ဖြစ်နေပြီး ရော်ဘာရောင်းလိုအား တက်လာနိုင်ကြောင်း သတင်းရရှိပါတယ်။ ှSource: Business on line,KZW
ဒီတစ်ပတ် နယ်စပ် အပို့ တန် ၈ဝဝ ကျော်သာရှိ ဇန်နဝါရီလ ၁၉ ရက်မှ ၂၅ ရက်ထိ ကာလအတွင်းမှာ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်၊ ချင်းရွှေဟော်၊ မြိတ် နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် တရုတ်နဲ့ထိုင်းနိုင်ငံတို့သို့ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ် ဒေသထွက် ကန်ဒေါ်လာ ၃ ဒသမ ၂၄ သန်းကျော်တန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၈၅၆ တန်ကို တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းကနေ ရော်ဘာ တန် ၁၂၂ဝ ကျော်တင်ပို့ခဲ့တာမို့ ယခု အပတ်မှာ တန်ချိန် ၃၆၅ တန်ကျော် တင်ပို့မှုလျော့ကျခဲ့ပါတယ်။ RSS-3 အဆင့်နဲ့ MSR-50 အဆင့်များ တင်ပို့မှု များသော် လည်း မန္တလေး-မူဆယ်သယ်ယူစရိတ်နှုန်းထားများမှာ ထပ်မံမြင့်တက် လျက်ရှိတဲ့အတွက် ကုန်စည်စီးဆင်းမှုကိုထိန်းပြီး လုပ်ဆောင်နေကြတာကြောင့်လို့ သိရပါတယ်။ ပို့ကုန်သယ်ယူခ နှုန်းထားများမှာ ယခင်အပတ်က ၁ ပိဿာ ၉၅ ကျပ်ရှိခဲ့ရာမှ ယခုအပတ်မှာ ကျပ် ၁၄ဝ ထိ မြင့်တက်လာလျက် ရှိပါတယ်။ နယ်စပ်စခန်းအလိုက် ရော်ဘာတင်ပို့နိုင်မှုများမှာ မူဆယ်မှ RSS-1 တန် ၅ဝ ၊ RSS-3 ၂၁၄ တန်ခွဲ၊MSR-20 ၈၇ တန်ကျော်၊ MSR-50၂ဝ၆ တန်၊ ချင်းရွှေဟော်မှRSS-1 ၉၉ တန်ခန့်နဲ့ RSS-3 တန် ၁ဝဝ၊ မြိတ်မှ MSR-50 တန် ၁ဝဝ ဖြစ်ပါတယ်။ အဆင့်အလိုက် တင်ပို့ နိုင်မှုများကတောRSS-1 ၁၄၉ တန်ခန့်၊RSS-3 ၃၁၄ တန်ခွဲ၊ MSR-20 ၈၇ တန်ကျော်နဲ့MSR-50 ၃ဝ၆ တန်ဖြစ်ပါတယ်။ တရုတ်ဈေးကွက် ရော်ဘာဝယ်ဈေးတွေကတော့RSS-3 တစ်တန် ယွမ် ၃၁ဝဝဝ နဲ့ RSS-5 တစ်တန် ယွမ် ၂၉၅ဝဝ အသီးသီးဖြစ်ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ရော်ဘာပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS-(3) ၃၉၅၅၃၁ဝ ၃၉၅၅၃၁ဝ - ၄၇ဝ၂ ၄၆၉၇ ၅ ဝ .၁RSS-(5) ၃၇၂၂၅၁ဝ ၃၇၂၂၅၁ဝ - ၄၄၇၅ ၄၄၇ဝ ၅ ဝ .၁MIRT (DOBT)
တစ်ပတ်အတွင်း တန် ၁၃ဝဝ ကျော် တင်ပို့ ဇန်နဝါရီ ၁၇ ရက်မှ ၂၃ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာတန်ချိန် ၁၃၃၇ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၄ ဒသမ ၅၁၃ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ရော်ဘာတန်ချိန် ၁၅၆၅ တန်တင်ပို့ခဲ့တာကြောင့် ယခုအပတ်မှာ ၂၂၈ တန် လျော့နည်းတင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံများကတော့ တရုတ်ကို RSS-3 တန် ၃ဝဝ၊ RSS-5 တန် ၄ဝ၊ အိန္ဒိယကိုRSS-3 တန် ၄ဝ၊ မလေးရှားကို MSR-50 တန် ၁၄ဝ၊ RSS-3 ၉၇ တန်၊RSS-5 ၇၂ဝ တန် အသီးသီး တင်ပို့ခဲ့တာဖြစ်ပါတယ်။ ပင်လယ်ရေကြောင်းကတင်ပို့တဲ့ FOB ဈေးနှုန်းတွေကတော့RSS-3 တစ်တန်ကို ဒေါ်လာ ၄၉ဝဝ၊ RSS-5 တစ်တန်ကို ၄၈ဝဝ ဒေါ်လာနဲ့ MSR-20 တစ်တန်ကို ၄၉ဝဝ ဒေါ်လာဖြစ်ကြောင်း သတင်းရရှိပါတယ်။ KZW
မြန်မာ့ပို့ကုန်ပစ္စည်းများ နယ်စပ်မှတင်ပို့မှု မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တော ထွက်ပစ္စည်းများ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁ဝ၅မိုင် ကုန်သွယ်ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် -ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး (ကျပ်) တစ်ဖက်နိုင်ငံဈေး (ယွမ်)ပဲတီစိမ်း (ကြီး) တန် ၁၂၁၁ဝ၇၉ ၉၁၈ဝရော်ဘာအဆင့်-၅ တန် ၃၇၂၂၅၁ဝ ၂၉၅ဝဝနှမ်းနက် တန် ၁၅၉၁၃၁၄ ၁၁၇၈ဝ မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဖက် အိန္ဒိယနိုင်ငံသို့ဆပ်ပြာမှုန့်၊ ပန်းသီး၊ ဝက်အရှင်တို့တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ ရိဒ် ပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ်ပေါက်ဈေးတွေကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ် ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး (ကျပ်) တစ်ဖက်နိုင်ငံဈေး (ရူပီး)ဆပ်ပြာမှုန့် ပါကင် ၈၅ဝဝ ၄၁၁ပန်းသီး တန် ၃ဝဝဝဝဝ ၁၄၈၆၅ဝက်အရှင် ကီလို ၂ဝဝဝ ၉၈ ကေသွယ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် စစ်တွေနယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ရေငန်ပုစွန်၊ ငါးကုန်းညိုခြောက်၊ ငါးစုံလေးခြောက်တို့တို့ တင်ပို့ လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ စစ်တွေပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ တက္ကနာဗ် ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ် ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး (ကျပ်) တစ်ဖက်နိုင်ငံဈေး (တာကာ)ရေငန်ပုစွန် တန် ၄ဝ၂ဝဝဝဝ ၃၅၉ဝဝဝငါးကုန်းညိုခြောက် တန် ၁၆ဝဝဝဝဝ ၁၃၅၁ဝဝငါးစံုံလေးခြောက် တန် ၄၅ဝဝဝဝ ၄၃၅ဝဝ မြတ်မြတ်ထွန်း
တရုတ်နိုင်ငံတစ်ဝန်း ပြည်ပနို့မှုန့် ရောင်းအားကောင်း တရုတ်နိုင်ငံမှာ ပြည်ပကတင်သွင်းတဲ့ နို့မှုန့်များအား ယုံကြည်စိတ်ချစွာ အသုံးပြုလာကြပြီဖြစ်လို့ တရုတ်နိုင်ငံ တစ်ဝန်းနို့မှုန့် ရောင်းအားကောင်းပြီး အကိုျးအမြတ်ကြီးမားစွာ ရရှိနေလျက်ရှိကြောင်း ယူနန်ရှင်ရှိပေါင် သတင်းစာမှာ ဖော်ပြထားပါတယ်။ ၂ဝ၁ဝ ပြည့်နှစ် နိုဝင်ဘာလအတွင်း ပြည်ပမှ နို့မှုန့်တင်သွင်းမှုတန်ချိန် ၃ ဒသမ ဝ၇၆ သိန်းနဲ့ စံချိန်ချိုးလိုက်နိုင်ခဲ့ပါတယ်။ ၂ဝဝ၈ ခုနှစ် မယ်လမင်းအဆိပ်သင့်မှုမဖြစ်ပေါ်မီ တရုတ်ပြည်တွင်းနို့မှုန့် ထုတ်လုပ်ထွက်ရှိမှုမှာ ဈေးကွက်မှာ ၆ဝ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။၂ဝ၁ဝ ပြည့်နှစ်မှာ တရုတ်နိုင်ငံတွင်း ထုတ်လုပ်သော နို့မှုန့်နဲ့ပြည်ပက တင်သွင်းတဲ့နို့မှုန့်ပမာဏ တူညီသော်လည်း ၂ဝ၁၁ ခုနှစ်မှာ ပြည်ပမှ နို့မှုန့်တင်သွင်းမှုဟာ ၅ဝရာခိုင်နှုန်းကျော်သွားနိုင်ပြီး ပြည်တွင်းနို့မှုန့်မှာ ဈေးကွက်၌ ရာခိုင်နှုန်း ၄ဝ ဝန်းကျင်ရှိနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ တရုတ်ပြည်တွင်းနို့မှုန့် တစ်ပုံးရဲ့တန်ဖိုးမှာ ယွမ် ၄ဝ သာရှိပြီး ခိုင်မာတဲ့ နို့မှုန့်ဈေးကွက်တစ်ရပ်ရရှိနိုင်ရန်မှာ မသမာသူ စီးပွားရေးလုပ်ငန်းရှင်အချို့က အများပြည်သူနဲ့ ကလေးများရဲ့ကျန်းမာရေးကို ဂရုမစိုက်ဘဲ ကိုယ်ကိုျးမှာ အမြတ်ကြီးစား ခေါင်းပုံဖြတ်လိုတဲ့အတွက် မယ်လမင်းဓာတုဆေးများ ရောစပ်ထုတ်လုပ်မှုကြောင့် ရရှိနေတဲ့ နို့မှုန့်ဈေးကွက် ခိုင်မာစွာရပ်တည် နိုင်ရေး ပြိုလဲပျက်စီးဆုံးရှုံးကာ ပြည်တွင်းဖြစ်နို့မှုန့်ဈေးကွက် ပျောက်ကွယ်သွားရတာဖြစ်တယ်လို့ သုံးသပ်လျက်ရှိပါတယ်။ ဖေကြိုင်၊ ှSource: ယူနန်ရှင်ရှိပေါင်
ခရစ္စမတ် မတိုင်မီ ဝက်(အရှင်) တင်ပို့မှုများလာ ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် ဆက်စပ်လျက်ရှိတဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ်ပြည်နယ်တွင် နေထိုင်ကြသော မီဇို လူမျိုးအများစုသည် ဝက်သားကို ပိုမိုကြိုက်နှစ်သက်ပြီး မြန်မာ နိုင်ငံဘက်မှ တင်ပို့သောဝက်မှာ အသားနှင့်အဆီ ခွဲခြား၍ စားသုံးရ လွယ်ကူတဲ့အတွက် ၎င်းးတို့ဒေသမွေးဝက်များထက် ပိုမိုကြိုက်နှစ်သက်ကြကြောင်း သိရပါတယ်။ ရိဒ်စခန်းမှ ဝက်အရှင် (Pig Alive) တင်ပို့မှုအနေဖြင့် အောက်တိုဘာလ တွင် ၁၆ ဒသမ ၅ တန်၊ တန်ဖိုးကျပ် ၂၂ ဒသမ ၆ဝ၁ သန်း၊ နိုဝင်ဘာလတွင် တန်ချိန်ပေါင်း ၂၄ ဒသမ ၅ တန်၊ တန်ဖိုး ကျပ် ၃၄ ဒသမ ၃၅၉၁ သန်းနှင့် ခရစ္စမတ်ကာလမတိုင်မီ ဒီဇင်ဘာလအလယ်အထိ တန်ချိန် ၂၂တန်ကျော်၊ တန်ဖိုးကျပ် ၃ဝ ဒသမ ၅၁၇ သန်းဖိုးတင်ပို့ထားနိုင်ကြောင်း သိရပါတယ်။ ဘဏ္ဍာနှစ်အလိုက် ဝက်အရှင် တင်ပို့နိုင်မှုများကို အသိပေးလိုက်ရပါတယ်။ မင်းဇော် တန်ချိန် တန်ဖိုး(ကျပ်)၂ဝဝ၇-၂ဝဝ၈ ၉၃၃၄၆ ၁၂၅ဝ၈၃၆၄ဝ၂ဝဝ၈-၂ဝဝ၉ ၃၄၁၉၇ဝ ၄ဝ၈၆၂၆၇၅ဝ၂ဝဝ၉-၂ဝ၁ဝ ၄၉၇၉၄၇ ၆၈၂၁၈၇၃၉ဝ၂ဝ၁ဝ-၂ဝ၁၁ ဒီဇင်ဘာ ထိ ၂၄၄၄၁၉ ၃၃၄၈၄၄ဝ၃ဝ
မြန်မာ့ပို့ကုန်ပစ္စည်းများ နယ်စပ်မှတင်ပို့မှု မြန်မာ-တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တော ထွက်ပစ္စည်းများ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁ဝ၅မိုင် ကုန်သွယ်ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် -ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး (ကျပ်) တစ်ဖက်နိုင်ငံဈေး (ယွမ်)ပဲတီစိမ်း တန် ၁၁၂၆၃၄၈ ၈၉၈ဝပြောင်းဖူးစေ့ တန် ၂၃၉၅၄၂ ၁၈၆ဝနံှစားပြောင်း တန် ၂၆၁၃၄၉ ၂ဝဝဝ မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဖက် အိန္ဒိယနိုင်ငံသို့ ဝက်အရှင်၊ ပလတ်စတစ်၊ ကွမ်းသီးတို့ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ ရိဒ်ပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ်ပေါက်ဈေးတွေကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ် ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး (ကျပ်) တစ်ဖက်နိုင်ငံဈေး (ရူပီး)ဝက်အရှင် ကီလို ၂ဝဝဝ ၉၈ပလတ်စတစ် ပါကင် ၁၅ဝဝဝ ၇၃ဝကွမ်းသီး တန် ၈၉၂၅ဝဝ ၅၄ဝ၄ဝ ကေသွယ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် စစ်တွေနယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ငါးနီတူခြောက်၊ ကလေးစီးဖိနပ်၊ ကတ္တီပါပိတ်စတို့ တင်ပို့လျက် ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ စစ်တွေပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ တက္ကနာဗ် ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ် ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး (ကျပ်) တစ်ဖက်နိုင်ငံဈေး (တာကာ)ငါးနီတူခြောက် တန် ၁၉၅ဝဝဝဝ ၁၇၂၉၈ဝကလေးစီး ဖိနပ် ရံ ၂၇၈ ၂၂ကတ္တီပါပိတ်စ မီတာ ၁၆၇၆ ၁၄၅ မြတ်မြတ်ထွန်း
ရေလွှမ်းမိုးဒဏ်ခံ ကွင်းစလန် နာလန်ထူဖို့ နှစ်နှစ်ကြာမည် ရေလွှမ်းမိုးဒဏ်ခံ ကွင်းစလန်ဒေသ ပြန်လည်နာလန်ထူဖို့အတွက် ယခုအချိန်မှစပြီး နောက်နှစ်နှစ်ကြာတဲ့အထိ အချိန်ယူရမယ်လို့ သြစတြေးလျ ပြည်ထောင်စုဘဏ္ဍာရေးဝန်ကြီးဝိန်းဆွမ်းက ဇန်နဝါရီ ၁၅ ရက်နေ့ ကပြောပါတယ်။ စီးပွားရေးအခြေခံ အဆောက်အဦတွေ သတ္တုတူးဖော်ရေးကို အဓိကစီးပွားရေးလုပ်ငန်းတွေ ပျက်စီးသလို ကွင်းစလန်ရဲ့ ၇၅ ရာခိုင်နှုန်းရှိအိမ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေ ထိခိုက်မှုကြောင့် ဒေါ်လာ ဘီလီယံများစွာ ဆုံးရှုံးတယ်လို့ ဆိုပါတယ်။ Source.globaltimes.com
တရုတ်နိုင်ငံက ငွေစက္ကူကို လုံလုံလောက်လောက်ထုတ်မည် ငွေထုတ်ချေးတဲ့ လုပ်ငန်း အလျင်အမြန်ကြီးထွားလာမှုနဲ့ နိုင်ငံအတွင်း သို့ နိုင်ငံခြားငွေကြေးများ လှိမ့်ဝင်လာမှုတွေကြောင့် တရုတ်နိုင်ငံဟာ ငွေကြေးရိုက်နှိပ်ထုတ်ဝေရာမှာ ကမ္ဘာ့အကြီးဆုံးနိုင်ငံတစ်ခုဖြစ်လာပါတယ်။ ဒါပေမယ့် ယွမ်ငွေလိုအပ်ချက်ကို ပြည့်မီအောင်ဖြည့်ဆည်းမပေးနိုင်သေးဘူး လို့ ဗဟိုဘဏ်အရာရှိတွေက ပြောပါတယ်။ ဇန်နဝါရီ ၁၁ ရက်နေ့က ဗဟိုဘဏ်ဝက်ဘ်ဆိုက်မှာလွှင့်တင်ထားတဲ့ ဒုတိယ ဗဟိုဘဏ်အုပ်ချုပ်ရေးမှူး မာဒီလွန်ရဲ့မှတ်ချက်ကို ကြည့်ရင် ယွမ် ငွေကြေးရဲ့ တန်ဖိုးထိန်းသိမ်းဖို့နဲ့ နိုင်ငံအတွင်းကို ဝင်လာတဲ့ငွေကြေး စီးဝင်မှု ပမာဏကိုလျှော့ချဖို့ကြိုးပမ်းရာမှာ တရုတ်နိုင်ငံအစိုးရက ရင်ဆိုင် နေရတဲ့ စိန်ခေါ်မှုတွေကိုတွေ့မြင်နိုင်ပါတယ်။ ငွေစက္ကူရိုက်နှိပ်ဖို့အတွက် တရုတ်နိုင်ငံကလူပေါင်း ၃ဝဝဝ ကျော်ကို ခန့်ထားပြီး ဝယ်လိုအားနဲ့ကိုက်ညီအောင် လုံလောက်တဲ့ယွမ်ငွေစက္ကူကို ထုတ်လုပ်နိုင်ဖို့ အတွက် အချိန်ပိုလုပ်ခွင့်တွေပေးပြီးဆွဲဆောင်နေပါတယ်။ ဒီလိုအပ်ချက် က တစ်နှစ်ကို ၂ဝ ရာခိုင်နှုန်းတိုးနေတယ်လို့ မာကပြောပါတယ်။ ဒါပေမယ့်လုံလောက်မှုမရှိသေးဘူးလို့ ပြောပါတယ်။ ငွေစက္ကူ ထုတ်လုပ်မှုကြီးထွားနေတာကိုဖြိုခွင်းဖို့လည်း ဆောင်ရွက်နေတယ်လို့ ပြောပါ တယ်။ တရုတ်နိုင်ငံဟာ နိုဝင်ဘာလကုန်ထိ ယွမ်ငွေကြေးတန်ဖိုး ယွမ် ၄ ဒသမ ၂၃ ထရီလီယံ (ဒေါ်လာ ဘီလီယံ ၄၆ဝ) ရှိပါတယ်။ ၂ဝဝ၅ ခုနှစ်က ရရှိခဲ့တဲ့ ယွမ် ၂ ဒသမ ၄ ထရီလီယံနဲ့နှိုင်းယှဉ်ရင် ၈ဝ ရာခိုင်နှုန်းတိုး လာပါ တယ်။ ဒီအထဲမှာ ဘဏ်အပ်ငွေတွေမပါသေးပါဘူး။ ငွေကြေးဖြန့်ဖြူးမှုတိုးခဲျ့လာတာက တရုတ်ပို့ကုန်တွေ ဝယ်လိုအား မြင့်တက်လာချိန်၊ ပြည်ပတိုက်ရိုက် ရင်းနှီးမြှုပ်နံှမှုနဲ့ အစိုးရ အသုံးစရိတ် မြှင့်တင်မှုနဲ့ ဘဏ္ဍာရေးအကျပ်အတည်းကာလ ဘဏ်ထုတ်ချေးငွေ တိုးမြင့် လာမှုတို့နဲ့ တိုက်ဆိုင်နေပါတယ်။ တရုတ်နိုင်ငံထဲကိုစီးဝင်လာတဲ့ နိုင်ငံခြားငွေတွေကို တရုတ်ဗဟိုဘဏ်က ထိန်းသိမ်းပြီး ယွမ်ငွေနဲ့လဲလှယ်ပေးတဲ့အတွက် အာဏာပိုင်တွေက ပြည်တွင်း ငွေကြေးတန်ဖိုးကို ထိန်းခုျပ်နိုင်ခဲ့ပါတယ်။Source:AFP