Main menu

Background

Sunday, 24 Apr 2011

 မြန်မာ့ပို့ကုန်ပစ္စည်းများ နယ်စပ်မှတင်ပို့မှု                 မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁ဝ၅မိုင် ကုန်သွယ်ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် -                                                              ယခုအပတ်                               ယခင်အပတ်ပစ္စည်းအမည်     ရေတွက်ပုံ         မိမိဘက်ဈေး   တစ်ဖက်နိုင်ငံဈေး     မိမိဘက်ဈေး   တစ်ဖက်နိုင်ငံဈေး  ပြောင်းလဲမှု                                                (ကျပ်)               (ယွမ်)                    (ကျပ်)                 (ယွမ်)ပဲတီစိမ်း                 တန်          ၁ဝ၄၁၈၇၃           ၈၈ဝဝ                 ၁၁၄၆၇၅၆              ၈၉ဝဝပြောင်းဖူးစေ့          တန်           ၂၆ဝ၇၄၃            ၁၈၆ဝ                 ၂၅၄၅၂ဝ                  ၁၈၆ဝနှမ်းဖြူ                   တန်         ၁၁၇ဝ၉၃၂           ၈၇၈ဝ                  ၁၁၅၇၂၂၂              ၈၇၈ဝ                   မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဖက် အိန္ဒိယနိုင်ငံသို့ ကွမ်းသီး၊ ပန်းသီး၊ ဝက်အရှင်တို့တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ ရိဒ်ပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်-ယခုအပတ် ယခင်အပတ်ပစ္စည်းအမည်          ရေတွက်ပုံ   မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး     မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး    ပြောင်းလဲမှု                                                   (ကျပ်)          (ရူပီး)                     (ကျပ်)             (ရူပီး)ကွမ်းသီး                    တန်           ၉ဝဝဝဝဝ      ၅၄ဝ၄ဝ               ၈၉၂၅ဝဝ           ၅၄ဝ၄ဝပန်းသီး                    တန်             ၂၆ဝဝဝဝ     ၁၄၈၆၅                ၃ဝဝဝဝဝ          ၁၄၈၆၅ဝက်(အရှင်)              ကီလို              ၁၃၇ဝ         ၉၈                     ၂ဝဝဝ                    ၉၈                                                                                                               ကေသွယ်            မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် စစ်တွေနယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ဖရဲသီး၊ ရေငန်ပုစွန်၊ ငါးကုန်းညိုခြောက်တို့ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ စစ်တွေပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ တက္ကနာဗ်ပေါက် ဈေးတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်-ယခုအပတ် ယခင်အပတ်ပစ္စည်းအမည်          ရေတွက်ပုံ        မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး      မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု                                                        (ကျပ်)           (တာကာ)               (ကျပ်)           (တာကာ)ဖရဲသီး                       တန်                ၈၅ဝဝဝ            ၈၆၆၄                 ၈၅ဝဝဝ              ၈၆၆၄ရေငန်ပုစွန်                တန်            ၄ဝ၅ဝဝဝဝ         ၃၅၉ဝဝဝ            ၄ဝ၅ဝဝဝဝ            ၃၅၉ဝဝဝငါးစုံလေးခြောက်        တန်             ၄ဝဝဝဝဝ          ၄၂၁၈ဝ              ၄ဝဝဝဝဝ                ၄၂၁၈ဝမြတ်မြတ်ထွန်း

Sunday, 3 Apr 2011

ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ လက်ဆောင်ပစ္စည်းနှင့် အိမ်သုံးပစ္စည်း ကုန်စည်ပြပွဲ (၂ဝ၁၁) ဧပြီလတွင်း ကျင်းပမည်               အလှဖန်တီးထားသောပန်းများ၊ အပင်များ၊ ခရစ္စမတ် ပစ္စည်းများ၊ ဖယောင်းတိုင်များ၊ လက်ဆောင်ပစ္စည်းများနှင့် လက်မှုပစ္စည်းများ၊ ပြည်တွင်းချည်ထည်ပစ္စည်းများနှင့် လက်ဖြင့်ရက်လုပ်ထားသည့် ချည်ထည် ပစ္စည်းများ၊ အိမ်တွင်းအလှဆင်ပစ္စည်းများ၊ ကလေးကစားစရာပစ္စည်းများ၊ ဂိမ်းများ၊ စာရေးကိရိယာနှင့် ရုံးသုံးပစ္စည်းများအပါအဝင် အခြားပစ္စည်း များစွာကို ပြည်တွင်း၊ ပြည်ပကုမ္ပဏီ ၆ဝဝ မှ ပြခန်း စုစုပေါင်း ၁၆ဝဝ ခန့်ဖြင့် ခင်းကျင်းပြသသွားမည်ဖြစ်ပြီး ထိုင်းနိုင်ငံ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပို့ကုန်မြှင့်တင်ရေးဌာနမှ ဦးစီး၍ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ စတုရန်းမီတာ (၄၅ဝဝဝ)ရှိသောBITEC (Bangkok International Trade & Exhibition Center) Bangkok  တွင် ကျင်းပသွားမည်ဖြစ်ပြီး ပြပွဲကို အပိုင်း (၂)ပိုင်းခွဲခြားထားသည်ဟု သိရပါသည်။ ပထမ ၄ ရက်ဖြစ်သော ၂ဝ၁၁ ခုနှစ် ဧပြီလ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့တွင် လူဦးရေ ၁၃ဝဝဝ ခန့် လာရောက် ၍ ကုန်သွယ်မှုဆွေးနွေးညှိနှိုင်းခြင်းများ ဆောင်ရွက်ကြမည် ဖြစ်ပြီး ကျန် ၂ ရက်ဖြစ်သည့် ဧပြီလ ၂၃ ရက်မှ ၂၄ ရက်များတွင် အများပြည်သူ ၇၈ဝဝဝ ခန့် လာရောက်ဝယ်ယူ ကြည့်ရှု ကြမည်ဟု မျှော်မှန်းထားသည်။ အဓိကလာရောက်ကြည့်ရှု ဝယ်ယူမည့် နိုင်ငံများမှာ အမေရိကန်၊ ဥရောပ၊ အာရှ၊ သြစတြေးလျနှင့် အာဖရိက စသည့်နိုင်ငံများဖြစ်ကြပြီး သွင်းကုန်လုပ်ငန်းရှင်များ၊ ထုတ်လုပ်သူများ၊ ကုန်သည် လုပ်ငန်းရှင်များ၊ ဖြန့်ချိရေး လုပ်ငန်းရှင်များ၊ လက်ကားရောင်းချသူ များ၊ ကုန်စုံစတိုးဆိုင်ကြီးများ ပြပွဲတွင် ပါဝင်ပြသကြမည်ဖြစ် သည်။ အဆိုပါ ကုန်စည်ပြပွဲတွင် ထိုင်း၊ လာအို၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ နီပေါ၊ အိန္ဒိယ၊ဟောင်ကောင်၊ မြန်မာ၊ ကိုရီးယား စသည့် အိမ်နီးချင်းနိုင်ငံများမှ နိုင်ငံခြားလုပ်ငန်းရှင်များ ပါဝင် ခင်းကျင်းပြသမည်ဟု သတင်းရရှိသည်။ Source: thaitradefair.com အေးသက် (မြဝတီ)

Sunday, 3 Apr 2011

ယခုအပတ်ချင်းရွှေဟော်နယ်စပ်မှ ကြံတင်ပို့                မတ် ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်းချင်းရွှေဟော်နယ်စပ်မှ တစ်ဘက်နိုင်ငံနယ်စပ်မြို့ မိန်းတိန်ကို ကွမ်းလုံ ဒေသထွက်ကုန် ကြံ တန် ၂ဝဝ၊ ကန်ဒေါ်လာ ၅၇၂၇ ဒေါ်လာဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ချင်းရွှေဟော်နယ်စပ်မှ ဖေဖော်ဝါရီ လအတွင်း ကြံတန် ၇ဝဝ နှင့် မတ်လမှာတန် ၅ဝဝ အသီးသီးတင်ပို့ထားနိုင်ပြီး ဖြစ်ပါတယ်။ မိမိဘက်ကြံတစ်တန်လျှင် ၂၇ဝဝ ကျပ် ဈေးပေါက်ပြီး တစ်ဘက်နိုင်ငံမှာ ယွမ် ၃ဝဝ ဈေးပေါက်လျက်ရှိတယ်လို့ သိရပါတယ်။ မောင်မောင်အောင်(DOBT) 

Sunday, 3 Apr 2011

နယ်စပ်မှ ပရဆေးတင်ပို့မှု                 မတ်လ ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်း မူဆယ်နယ်စပ်မှ တစ်ဆင့် တစ်ဖက်နိုင်ငံသို့ ပရဆေးကုန်ကြမ်း ၁၃ မျိုးတင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်နယ်စပ်ကပုံမှန်တင်ပို့နေကျ ပရဆေးကုန်ကြမ်းများ ကတော့ မိချောင်းကွမ်းဖတ်စေ့၊ နေလဲစေ့၊ ချဉ်ပေါင်ဖာလာအခွံပါ၊ ကျောက်ဂျင်း၊ ကွမ်းစားဂမုန်း၊ ရှားစေး၊ ကြောင်ပန်းစေ့၊ ကြောင်လျှာ စေ့၊ ဖန်ခါးသီးခြောက်၊ မျောက်ဥခြောက်၊ မာလာဥနဲ့မာလာဥခေါင်းတို့ဖြစ်ပြီး ယခုအပတ်မှာ ကန်ဒေါ်လာ ဝ ဒသမ ၉၂၄၂ သန်းတန်ဖိုးရှိ ပရဆေး ကုန်ကြမ်း ၅၃၆ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်တင်ပို့မှုထက်တော့ ၂၆၉ တန်တင်ပို့မှု လျော့နည်းခဲ့ပါတယ်။                                 MIRT (DOBT)

Sunday, 3 Apr 2011

ဖရဲ ရာသီရောက်ပြန်ပြီ               လွယ်ဂျယ်နယ်စပ်စခန်းမှ တစ်နှစ်တစ်ကြိမ်သာ လှိုင်လှိုင် တင်ပို့တဲ့ဖရဲရာသီ ယခုပြန်လည်စတင် နိုးထလာပြီဖြစ်ပါတယ်။ နှစ်စဉ်မတ်လရောက်ချိန်မှ ဗန်းမော်ခရိုင်၊ စင်းခန်း ဒေသ၊ ရွှေကူမြို့နယ်နဲ့ကသာခရိုင် အတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးထွက်ရှိတဲ့ ဒေသထွက် ဖရဲများမှာ ဗန်းမော်-မိုးမောက်လွယ ်ဂျယ်လမ်းကြောင်း မှတစ်ဆင့် တစ်ဖက်နိုင်ငံသို့ စီးဆင်း လေ့ ရှိပါတယ်။ ဒေသထွက်ဖရဲများမှာ မူဆယ်ဘက်မှ တင်ပို့ တဲ့ဖရဲများလောက် အလုံးမကြီးပေမဲ့ အမျိုးအစားကောင်းတာ ကြောင့်နှစ်စဉ် တစ်ဖက်နိုင်ငံမှ ကုန်သည်များဟာ ဒီအချိန် ရောက်ပြီဆိုရင် အလုအယက်လာရောက်ဝယ်ယူလေ့ ရှိကြပါတယ်။ ဒေသထွက်ဖရဲများမှာ မူဆယ်ဘက်က တင်ပို့တဲ့ ဖရဲများထက် အထွက်နောက်ကျလေ့ရှိပြီး နှစ်စဉ်မတ်လနဲ့ ဧပြီလလောက်မှာ လှိုင်လှိုင်ထွက်ရှိပါတယ်။ လွယ်ဂျယ် စခန်း က ဖရဲသီး တင်ပို့မှုအနေနဲ့ နှစ်စဉ်တန်ချိန် ၅ဝဝဝ နီးပါးတင်ပို့နိုင်ခဲ့တာကို တွေ့ရှိရပါတယ်။ ယခင်နှစ်က တန်ချိန် ၄ဝဝဝ ကျော်တင်ပို့နိုင်ခဲ့ပြီး ယခုနှစ်မှာလည်း မနှစ် ကလောက်နီးပါးတင်ပို့နိုင်မယ်လို့ ဖရဲသီးတင်ပို့တဲ့ လုပ်ငန်း ရှင်တစ်ဦးထံက သိရှိရပါတယ်။ ဖရဲအလုံးရေ ၂ဝဝဝ ခန့်ပါတဲ့ ကားတစ်စီးကို ပစ္စည်း အရည်အသွေးကို လိုက်ပြီး ယွမ် ၃၅ဝဝဝ မှ ယွမ် ၅၅ဝဝဝ ခန့်ထိရရှိကြောင်းနဲ့လွယ်ဂျယ်မှ ဝယ်ယူတဲ့ဖရဲသီးများကို ယူနန်ပြည်နယ်အတွင်းပိုင်းမြို့များ အထိ သယ်ဆောင်ရောင်းချတာဖြစ်ပါတယ်။                                    စိုင်းလွင်၊Source:နကသ

Sunday, 3 Apr 2011

နယ်စပ်မှ သစ်သီးဝလံကုန်သွယ်မှု               မတ်လ ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်း ရိဒ်နယ်စပ်မှ ၁၃၅၄ ဒေါ်လာတန်ဖိုးရှိ ချင်းတောင် ပန်းသီး ၅ တန်ခန့် တင်ပို့နိုင်ခဲ့ပြီး မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ၂၈၅ဝဝ ကျော်တန်ဖိုးရှိ တရုတ်ပန်းသီး တန် ၄ဝဝ ကျော်တင်သွင်းမှုရှိခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ပန်းသီးအပြင် ယခုအပတ်မှာ ကန်ဒေါ်လာ ၅၈၂၇ဝ ကျော်တန်ဖိုးရှိ ပျားလိမ္မော် ၂၁၅ တန်ကျော် တင်သွင်းမှုရှိခဲ့ပါတယ်။ မိမိဘက်ကနေ ယခုအပတ်မှာ ဖရဲသီး တင်ပို့နိုင်မှုတွေကတော့ မောင်တောက ၂၇ တန်ခန့်နဲ့ မူဆယ်မှ ၉၄၂၈ တန်တင်ပို့နိုင်ခဲ့ပြီး သခွားမွှေး ၆၁၅၄ တန်တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခင်အပတ်ကထက် ဖရဲသီး ၁၃၈၂ တန်နဲ့သခွားမွှေး တန် ၁၆ဝဝ ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ သခွားမွှေး ယခုအပတ်အတွင်း ဟိုင်းလက်ကား၊ (၆)ဘီး ကားတွေနဲ့ အစီးရေ ၁ဝဝ ထိ ဝင်တဲ့နေ့ရှိသလို အနည်းဆုံးဝင်တဲ့နေ့မှာ အစီး (၆ဝ)လောက် ရှိနေပါတယ်။ ရွှေသခွားမွှေး တစ်ကီလိုကို ၆ ယွမ်မှ ၇ ယွမ်၊ ဖရဲသခွား ၆ ယွမ်နဲ့ ပိုက်ကွက်သခွားမွှေး ၅ယွမ်နှုန်း ဈေးပေါက်နေပါတယ်။ MIRT (DOBT)

Sunday, 3 Apr 2011

လယ်ယာထွက်ကုန်နဲ့ သစ်တောထွက်ကုန်များ မတ်လတတိယပတ်မှာ ပိုမိုတင်ပို့နိုင်                    လွယ်ဂျယ်နယ်စပ်မှ မတ်လတတိယပတ်မှာ တစ်ဘက်နိုင်ငံသို့ လယ်ယာထွက်ကုန် ကွမ်းသီးခွံခြောက်၊ ဝဥခြောက်၊ ဖရဲသီး၊ ဆီးသီးခြောက်၊ နေလဲစေ့နဲ့ သစ်တောထွက်ကုန် ကြိမ်နဲ့ ရှားစေးများလည်း တင်ပို့နိုင်ခဲ့ပါတယ်။ မတ်လ ဒုတိယပတ်မှာ လယ်ယာထွက်ကုန် ကန်ဒေါ်လာ ၄၃၃၁၇ တန်ဖိုးရှိ ကွမ်းသီးခွံခြောက်၊ ဝဥခြောက်၊ ဖရဲသီးများ ၁၁၇ တန် တင်ပို့မှုရှိခဲ့ပြီး ယခုတတိယပတ်မှာတော့ ကျပ် ၁၇၁၉၁၂ တန်ဖိုးရှိ လယ်ယာထွက်ကုန်နဲ့ သစ်တောထွက်ကုန် တန် ၁ဝဝဝ ကျော် တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ တန်ချိန် ၉ဝဝ နီးပါး တင်ပို့မှု ပိုမို ခဲ့ပါတယ်။ မတ်လတတိယပတ်မှာ တင်ပို့ခဲ့တဲ့ လယ်ယာထွက်ကုန်များကတော့ ကွမ်းသီးခွံခြောက်၊ ဝဥခြောက်၊ ဖရဲသီး၊ ဆီးသီးခြောက်၊ နေလဲစေ့၊ သစ်တောထွက်ကုန် ကြိမ် (FQ) နဲ့ ရှားစေးတို့ဖြစ်ပါတယ်။ Source: နကသ MIRT (DOBT)

Sunday, 3 Apr 2011

အိန္ဒိယနယ်စပ်မှ ကွမ်းသီးတန် ၈ဝ ကျော်တင်ပို့                မတ်လ ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်း မြန်မာ-အိန္ဒိယ နယ်စပ်ရှိ တမူးနဲ့ ရိဒ်နယ်စပ်ကုန်သွယ် ရေးစခန်းများမှ ကန်ဒေါ်လာ ၈၄ဝဝဝ တန်ဖိုးရှိ ကွမ်းသီးခြောက် ၈၁ တန်ကျော်တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ၂ဝ၁ဝ- ၂ဝ၁၁ ဘဏ္ဍာနှစ်အတွင်းနယ်စပ်မှကွမ်းသီး ၁၃၁၅ ဒသမ ၃၁၅ တန်တန်ဖိုးအားဖြင့်ကန်ဒေါ်လာ ၁ ဒသမ ၂၅၈ သန်းဖိုးတင်ပို့ထားပြီးဖြစ်ပါတယ်။ခင်မိုးသူ(l MIRT)

Sunday, 3 Apr 2011

မောင်တောနယ်စပ်မှတစ်နှစ်တာကာလအတွင်း ဝါးတင်ပို့မှုမှ ကန်ဒေါ်လာ ၂ သိန်းကျော်ရ                 မတ်လ ၂၃ ရက်မှ ၂၉ ရက်ထိ ကာလအတွင်း မောင်တောနယ်စပ်မှ ချင်ဝါး ဒါဇင် ၃၁၇၈ဝဝ နဲ့ကွမ်းတိုင်ဝါး ဒါဇင် ၁၁၉ဝဝဝ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂၁၂ဝဝ ကျော်ဖိုးတင်ပို့ နိုင်ခဲ့ပါတယ်။ မောင်တောနယ်စပ် ကနေ အဓိကတင်ပို့တဲ့ ပို့ကုန်တွေ ထဲမှာ ရေထွက်ကုန်ပြီးလျှင် ဝါးဟာ နေရာယူထားတာ ဖြစ်ပါတယ်။ ဝါးတွေ ကို တစ်ဖက်နိုင်ငံကို ဖောင်ဖွဲ့ပြီး သယ်ယူတင်ပို့တာဖြစ်ပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်အတွင်း မောင်တောနယ်စပ်မှ ဝါးတင်ပို့နိုင် မှုကတော့ဒေါ်လာ ၂ဝ၇၈ဝဝ ကျော် တန်ဖိုးရှိ ဝါးလုံးပေါင်း ၇၆၉၃၇ဝဝ လုံး ဖြစ်ပါတယ်။ မြင့်မြင့်မာ(MIRT) 

Sunday, 3 Apr 2011

ရိဒ်နယ်စပ်မှ ဝက်အရှင် ကျပ် ၁၁ သန်း ကျော်ဖိုး တင်ပို့               မတ်လ ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်းရိဒ်နယ်စပ်မှ ကျပ် ၁၁ ဒသမ ၁၃ တန်ဖိုးရှိ ဝက်အရှင် ၈၁၂၇ ကီလို တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ကီလို ၂၅ဝဝ ကျော် ယခုအပတ်မှာပိုမိုတင်ပို့နိုင် ခဲ့တယ်လို့သိရပါတယ်။ ၂ဝ၁ဝ- ၂ဝ၁၁ ဘဏ္ဍာနှစ်အတွင်းနယ်စပ်မှဝက်အရှင် ၃၂၄ ဒသမ ၈၄၇ တန် ကျပ်သန်း ပေါင်း ၄၃၇ ဒသမ ၄၄၅ ဖိုးတင်ပို့ထားနိုင်ခဲ့ပါတယ်။  ခင်မိုးသူ(l MIRT)

Pages