Main menu

Background

Thursday, 28 Jan 2010

   မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဘက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက ်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများတင်ပို့လျက်ရှိရာ အဆိုပါ ပို့ကုန်အချို့ရဲ့ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ တစ်ဘက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် -ပစ္စည်းအမည်    ရေတွက်ပုံ    မိမိဘက်ဈေး (ကျပ်)    တစ်ဘက်နိုင်ငံဈေး (ယွမ်)ပြောင်းဖူးစေ့           တန်              ၂၃၇၇၆၀                      ၁၆၅၀နှံစားပြောင်း           တန်              ၃၂၁၇၇၄                      ၂၃၀၀ပဲလွန်းဖြူ              တန်              ၈၇၆၈၅၆                      ၆၅၀၀   မြန်မာ-အိန္ဒိယ နယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဘက် အိန္ဒိယနိုင်ငံသို့ ကွမ်းသီး၊ ပိတ်စ၊ ဆေးကြေမှုန့်တင်ပို့လျက်ရှိရာ အဆိုပါ ပို့ကုန် အချို့ရဲ့ ရိဒ်ပေါက်ဈေးနဲ့ တစ်ဘက်နိုင်ငံ မီဇိုရမ် ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် -ပစ္စည်းအမည်    ရေတွက်ပုံ    မိမိဘက်ဈေး (ကျပ်)    တစ်ဘက်နိုင်ငံဈေး (ရူပီး)ကွမ်းသီး               တန်           ၁၀၅၀၀၀၀                ၅၃၈၀ပိတ်စ                 မီတာ                 ၄၀၀                    ၂၀ဆေးကြေမှုန့်         တန်             ၁၇၀၀၀၀                ၈၁၅၀   မြန်မာ-ထိုင်းနယ်စပ် မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်မှ တစ်ဘက်ထိုင်းနိုင်ငံသို့ လယ်ယာထွက်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မြဝတီကုန်သွယ်ရေးဇုန်နဲ့ တစ်ဘက်နိုင်ငံ မဲဆောက်ပေါက် ဈေးတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ် -ပစ္စည်းအမည်    ရေတွက်ပုံ    မိမိဘက်ဈေး (ကျပ်)    တစ်ဘက်နိုင်ငံဈေး (ဘတ်)        ကြက်သွန်နီ           တန်              ၈၄၀၀၀၀                       ၂၈၀၀၀နှမ်းဖြူ                 တန်             ၁၂၆၀၀၀၀                       ၄၂၀၀၀နှမ်းနက်               တန်             ၁၃၅၀၀၀၀                       ၄၅၀၀၀        မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်  စစ်တွေနယ်စပ်စခန်းမှ တစ်ဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မကျည်းစေ့၊ ကုလားကင်းပွန်းသီး၊ နနွင်း တက်တို့ တင်ပို့လျက်ရှိရာ အဆိုပါ ပို့ကုန်အချို့ရဲ့ စစ်တွေပေါက်ဈေးနဲ့  တစ်ဘက်နိုင်ငံ တက္ကနာဗ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ် -ပစ္စည်းအမည်          ရေတွက်ပုံ    မိမိဘက်ဈေး (ကျပ်)    တစ်ဘက်နိုင်ငံဈေး (တာကာ)        မကျည်းစေ့                  တန်                ၆၁၂၀၀                         ၃၈၂၅ကုလားကင်းပွန်းသီး        တန်               ၁၇၃၀၀၀                       ၁၀၈၁၅နနွင်းတက်                  တန်               ၆၇၃၂၀၀                       ၄၂၀၇၅Source: ကေသွယ်၊ ခိုင်ဝင်း

Thursday, 28 Jan 2010

   မြန်မာ-တရုတ် နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ၂၀၁၀ ခုနှစ် ဇန်နဝါရီ တတိယပတ်အတွင်း တရုတ်ပဲကြီး ၁၅ တန်ကို တန်ဖိုးကျပ် ၆ သန်းကျော်ဖိုးတင်သွင်းလာခဲ့တယ်လို့ နယ်စပ်ကုန်သည်အသင်းမှသိရပါတယ်။ အဲ့ဒီပဲကြီးတွေကို လက်ဖက် အကြော်စုံထဲ ထည့်စားသုံးသလို ပဲပြုတ်အဖြစ်စားသုံးကြဖို့လို့သိရပါတယ်။ ပို့ကုန်အနေနဲ့ကတော ဖရဲသီး၊ တောဂျင်း၊ ဒရင်းကောက် မြစ်နဲ့ မျှစ်ခြောက်တို့ကို တန်ချိန်အားဖြင့် ၁၁၆ တန်၊ တန်ဖိုး ကျပ် ၂၉ သန်း ကျော်ခန့်တင်ပို့နိုင်ခဲ့တယ်လို့သတင်းရရှိပါတယ်။Source: နကသ (ချင်းရွှေဟော်)မော်မော်အောင်

Thursday, 28 Jan 2010

   မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းက ဇန်နဝါရီလ တတိယပတ်မှာ ဒုတိယပတ်ထက် ရေထွက်ကုန်ကဏန်း၊ ပုစွန်၊ ငါးရှဉ့်၊ ငါးမျိုးစုံ၊လယ်ယာထွက်ကုန်ပြောင်းနဲ့ နနွင်းတက်များပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ မြဝတီနယ်စပ်ကုန်သည်တစ်ဦးထံမှ သတင်း ရရှိပါတယ်။   မြဝတီနယ်စပ်မှ ဇန်နဝါရီလတတိယပတ်တွင် ကဏန်း၊ ပုစွန်၊ ငါးရှဉ့်၊ ငါးမျိုးစုံ၊ ရေချိုငါးပိ၊ လယ်ယာထွက် ကုန်ပြောင်းဖူးစေ့၊ နနွင်း တက်၊ ထန်း လျက်၊ အခြားစက်မှုကုန်ချော ခေါက်ဆွဲ ခြောက်၊ ဖယောင်းတိုင်၊ အမွှေးတိုင်၊ သနပ်ခါးရည်၊တောင်ကြီးမောက်မယ်တို့ တင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။   ယခင်အပတ်ကထက် ရေထွက်ကုန် တန်ချိန်၉၀ကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာဝဒသမ၁၅သန်းနဲ့ လယ်ယာထွက်ကုန်နှင့် စက်မှုကုန်ချောတင်ပို့မှုမှာ တန်ချိန်၂၀၀ ကျော်၊ တန်ဖိုးအားဖြင့် ကျပ်သန်း ၁၄၀ကျော်ဖိုး ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့လည်း ထိုနယ်စပ် ကုန်သည်ကဆိုပါတယ်။Source: နကသ(မြဝတီ)MIRT(DOBT)

Thursday, 28 Jan 2010

   ယူနန်ပြည်နယ် လမ်းပန်း ဆက်သွယ်မှုဌာနမှ ယူနန်ပြည်နယ်ကနေ အရှေ့တောင်အာရှနိုင်ငံသို့ ဆက်သွယ်ပေါက်ရောက်နိုင်တဲ့ နိုင်ငံတကာအဆင့်ရေကြောင်းလိုင်းသုံးလိုင်းကို အားကြိုးမာန်တက် လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ လန်ဆန်းမြစ်-မဲခေါင်မြစ်တို့ ဆက်သွယ်သည့်လမ်းကြောင်းဟာ နိုင်ငံအများကိုဆက်သွယ်မယ့် 'ရွှေရောင်ရေကြောင်း' အဖြစ်ပေါ်ထွက်လာတော့မှာ ဖြစ်ပါတယ်။ တရုတ်နဲ့ ဗီယက်နမ်ကို ဆက်သွယ်တဲ့ရေကြောင်းလိုင်းနဲ့  တရုတ်-မြန်မာကို ဆက်သွယ်တဲ့ ယူနန်ရေကြောင်းလိုင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိနေပါတယ်။ ယခုလန်းဆန်းမြစ်-မဲခေါင်မြစ်မှာ ယူနန်ရဲ့ ကျင်းဟုန်မှ ထိုင်းနိုင်ငံ ချင်းမိုင်သို့ နှစ်စဉ်သွားလာမှုအား တိုးမြှင့်လာလျက်ရှိပြီး ကုန်ပစ္စည်းသာသယ်ပို့တဲ့ လှေသင်္ဘောမှ ယခုသင်္ဘောကြီးဖြင့် ခရီးသွားများနှင့် အအေးခံကွန်တိန်နာ အဆင့်နဲ့ သယ်ယူနိုင်လို့ အဆင့်မြင့်မားလျက်ရှိပါတယ်။  လန်းဆန်းမြစ်နဲ့ မဲခေါင်မြစ်ရေတွင်း တရုတ်ပိုင်သင်္ဘောများရာချီပြီး သယ်ယူပို့ဆောင် သွားလာနေ ကြရာ ကုန်ပစ္စည်း တန်ချိန် (၃၈၀) တန် ထိ တင်ပို့နိုင်ပြီးဖြစ်ပါတယ်။ ကူးတို့ဆိပ်များ ဆောက်လုပ်လာတဲ့အနက် လာအို နိုင်ငံရဲ့ ပန်းဆိုင်ကော့၊ မြန်မာနိုင်ငံရဲ့ သောလွေ့၊  တရုတ်ယူနန်ရဲ့ ကွမ်းလွေ့ကူးတို့ဆိပ်တို့ဟာ စီးပွားရေးအချက်အချာနေရာများဖြစ် ပါတယ်။ ယူနန် ဟိုခိုမှ ဗီယက်နမ်နိုင်ငံနဲ့ ဆက်သွယ်တဲ့ ဟုန်ဟော်မြစ်ရေကြောင်းလမ်းသာ ပေါ်ပေါက်လာလျှင် တရုတ်နှင့် ဗီယက်နမ် နှစ်နိုင်ငံတို့အတွက်အရေးပါတဲ့ စီးပွားရေးရာ ရေလမ်းကြောင်းတစ်ခုဖြစ်လာမယ်လို့ ပညာရှင်များကပြောဆိုလျက်ရှိပါတယ်။ Source: ယူနန်ချွန်းချိမ်ဝမ်ပေါင်သတင်းစာ(ကောင်းထက်၊ မူဆယ်)

Tuesday, 19 Jan 2010

   မြဝတီနယ်စပ်ကုန်သွယ်ရေး ဇုန်မှ ၂၀၁၀ ခုနှစ် ဇန်နဝါရီလ ၈ ရက်မှ ၁၄ ရက်နေ့အထိ ရေချိုပုစွန်ကား ၂ စီး (၂ ဒသမ ၇၀ တန်)၊  ပြောင်းဖူး စေ့ကား ၄ စီး (၁၅၀ တန်)၊ သဲကဏန်း ၂ စီး (၄ ဒသမ ၃၉ တန်)၊ ကဏန်း (အရှင်) ၁ စီး (၂၉ ဒသမ ၀၉၆ တန်)၊ ရေငံငါး ၁၅ စီး (၁၆၁ ဒသမ ၃၈၆ တန်)၊ ရေချိုငါး ၃ စီး (၃ဒသမ ၈ တန်)၊ ကွမ်းသီး  ၂ စီး (၄ ဒသမ ၅၅တန်)၊ ရေခဲငါး ၂ စီး (၄၅ ဒသမ ၈၈၆ တန်)၊ ငါးရှဉ့် ၁ စီး (၀ ဒသမ ၃ တန်) စုစုပေါင်း ကား ၃၂ စီးနဲ့ တန်ချိန် (၂၅၂ ဒသမ ၁၀၈ တန်) တင်ပို့နိုင်ခဲ့ပြီး၊ သွင်ကုန် တင်သွင်းမူမှာတော့ ဓါတ် မြေသြဇာ ၆ စီး (၁၄၄ ဒသမ ၂၅ တန်)၊  ကားတာယာ ၂ စီး (၁၆၃၆ ခု)၊ ကော် ဖြတ်စ ၂ စီး (၃၆ တန်)၊   သံပြား ၄ စီး (၂၇ ဒသမ ၈၃၄ တန်)၊ ကော်မှုန့် ၁ စီး (၂၀ တန်)၊ ကြွေပြား ၂ စီး၊ ကော်စေ့ ၆ စီး (၈၅ ဒသမ ၆ တန်၊)၊ ကွန်ကရစ် ဖျော်သည့်စက် ၂ စီး၊ သွားတိုက်တံ ၁ စီး၊ နို့ဆီ၊ နို့စိမ်း ၇ စီး၊ (၁၈၀၀ ကာတွန်း) ပိတ်စ ၆ စီး (၂၀၈၀၀၀ မီတာ)၊ ဘက်ထရီ ၃ စီး (၃၄၂၄ ခု)၊ ကြွေပွတ်လုံး ၂ စီး (၃၂၀၀ ခု)နဲ့ သစ် သီးကား ၂၀ စီး (၉ ဒသမ ၇ တန်) တို့ကိုတင်သွင်းခဲ့တယ်လို့သိရပါတယ်။ှနီနီအေး

Tuesday, 19 Jan 2010

   ၂၀၁၀ ခုနှစ် ဇန်နဝါရီလ ဒုတိယပတ်မှာ ပဲလွန်းဖြူ၊ ပြောင်းဖူးစေ့နဲ့ ရာဘာဈေးများ ဇန်နဝါရီလပထမပတ်ကထက် ဈေးအနည်းငယ် မြင့်တက်လာလျက်ရှိပါတယ်။ ဇန်နဝါ ရီလ ဒုတိယပတ်မှာ ပဲလွန်းဖြူ တစ်တန် လျှင် ၆၀၃ ဒေါ်လာ၊ ပြောင်းဖူးစေ့ ၁ တန်လျှင် ဒေါ်လာ ၁၉၀ နဲ့ RSS - ၃ တစ်တန် လျှင် ၂၂၆၃ ဒေါ်လာဈေး ပေါက်လျက်ရှိပါတယ်။ ယခင် အပတ်ကထက် ပဲလွန်းဖြူ ၁ တန်လျှင် ၆၅ ဒေါ်လာ၊ ပြောင်းဖူးစေ့ ၁ တန်လျှင် ၁၁ ဒေါ်လာနဲ့ ရာဘာတစ်တန်လျှင် ဒေါ်လာ ၁၆၀ ကျော်ခန့်ဈေးမြင့်လာတာဖြစ်ပါတယ်။  ဇန်နဝါရီလဆန်းပိုင်းမှစပြီး ပဲတီစိမ်း၊ နှမ်းဖြူ၊ နှမ်းနက်၊ ပဲလွန်းဖြူ၊ ပဲကြီးစတဲ့ လယ်ယာထွက်ကုန်ဈေးများဖြည်းဖြည်းချင်းမြင့်တက်လျက် ရှိတယ်လို့ မြဝတီနယ်စပ်စခန်းမှသတင်းရရှိပါတယ်။Source: နကသ (မဝတ)MIRT (DOBT)

Tuesday, 19 Jan 2010

   မွန်ပြည်နယ်အတွင်းမှထွက်ရှိသော သီဟိုစေ့များအား တစ်ဘက် ထိုင်းနိုင်ငံသို့တင်ပို့ရာတွင် တစ်တန်လျှင် ကျပ် ၄သန်းကျော်နှုန်း ရရှိလျက်ရှိတယ်လို့ မြဝတီနယ်စပ်မှသတင်းရရှိပါတယ်။ ပြည်တွင်းလက်ကားဈေးမှာ တစ်တန်လျှင် ကျပ် ၃ဒသမ ၉၇သန်းခန့်ဈေးရှိ တယ်လို့သိရပါတယ်။    သီဟိုစေ့များကို စားသောက်ကုန်အမျိုးမျိုးထုတ်လုပ်ရာမှာနဲ့ စားသောက်ဆိုင်များမှာအသုံးပြုလျက်ရှိကြပါတယ်။ မဲဆောက်တစ် ဝိုက် သုံးစွဲရန်သာတင်ပို့လျက်ရှိတယ်လို့သိရပါတယ်။၂၀၀၈-၂၀၀၉ မှာသီဟိုစေ့၄၄၉တန် တန်ဖိုးကန်ဒေါ် လာ ၁ ဒသမ၇၁၇သန်းဖိုး တင်ပို့ခဲ့ပြီး ၂၀၀၉-၂၀၁၀ဘဏ္ဍာနှစ်ဧပြီလမှ ဒီဇင်ဘာလထိ သီဟိုစေ့တန်ချိန် ၁၀၀ကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝဒသမ ၄သန်း ကျော်ဖိုးတင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။Source: နကသ-မြဝတီမင်းအောင်အေး

Tuesday, 19 Jan 2010

   ၈-၁-၂၀၁၀မှ၁၄-၁-၂၀၁၀ နေ့အတွင်း မန္တလေး၊ မုံရွာ၊ လားရှိုး၊ မူဆယ်မြို့များကိုဖြတ်၍ ကုန်တင်ယာဉ်များနဲ့ တရုတ်နိုင်ငံသို့တင်ပို့ ခဲ့တဲ့ ကုန် ပစ္စည်းတွေကတော့ ပြောင်းဖူးစေ့၁၄၄စီး (၄၉၁၄)တန်၊ နှမ်းဖြူအခွံချွတ် ၁၉စီး(၆၄၆)တန်၊နှမ်းနက်၁၆စီး (၅၇၃) တန်၊ နှမ်းဖြူ ၁၈ စီး (၆၄၅) တန်၊ နှံစားပြောင်း ၃၄စီး (၁၂၆၃) တန်၊ ပဲလွန်းဖြူ ၁၀စီး  (၃၆၈) တန်၊ ပဲပုပ်စေ့၊ မတ်ပဲ၊ပဲယင်း၄ စီး (၁၄၄) တန်၊ ဖရဲသီး ၂၃၄စီး (၅၉၀၅) တန်၊ သခွားမွှေး ၉၁စီး (၆၁၄) တန်၊ ဆီးသီး ၄၇စီး (၁၇၈) တန်၊ ပီလောပီနံဥအစို ၁၇ စီး (၅၈၅) တန်၊ ကင်းမွန်ခြောက် ၄ စီး (၇၁) တန်၊  ငါးဆားနယ် ၈ စီး (၂၀၇) တန်၊ ငါး လေးခြောက် ၄ စီး၊ (၁၀၂) တန်၊ လက် ဘက်အချိုခြောက် ၅ စီး၊ (၁၀၇) တန်၊ ဆီးသီးခြောက် ၇ စီး၊ (၃၈) တန်၊ ဆီးဆံ ၂ စီး၊ (၂၅) တန်၊ ကြိမ် ၂ စီး၊ (၃၀) တန်၊ ဂဏန်း ၈၆ စီး (၉၃) တန်၊ ငါးရှဉ့် ၁၄ စီး (၁၂၂) တန်၊ ရေခဲငါး၉ စီး (၁၁၁) တန်၊ အမဲသား ၁၁ စီး (၂၅၀) တန်၊ ကျွဲနွား သားရေ ၄ စီး (၁၃၅) တန်၊ ရာဘာ ၇ စီး (၂၄၉) တန်တို့ဖြစ်ပြီး မူဆယ်နယ်စပ်မှ တစ်ဆင့်တင်သွင်းခဲ့တဲ့ ကုန်ပစ္စည်းတွေကတော့ လျှပ်စစ်မီးသီး၊ မီးချောင်းများ၊ ဆေးဝါးပစ္စည်းများ၊ အလှကုန်ပစ္စည်း မျိုးစုံ၊ နို့မှုန့်၊ ဘက်ထရီခြောက်တို့ တင်ဆောင်လာတဲ့ကား (၂၉၃)စီး တန်ဖိုးဒေါ်လာသိန်းပေါင်း(၁၀၇၃)နဲ့ ဓါတ်မြေသြဇာ ကုန်တင် ယာဉ်(၂၃၀)စီး၊ ဖယောင်းကုန်တင် ယာဉ်(၅)စီး၊ ပန်းသီး ကုန်တင်ယာဉ်(၁၀၀)စီး၊ ဘိလပ်မြေ ကုန်တင်ယာဉ်(၁၀)စီး၊ နေကြာစေ့ (၉) စီးတို့ကို တင်သွင်းလာခဲ့တယ်လို့သိရပါတယ်။Source: နကသ (မူဆယ်)မော်မော်အောင်

Tuesday, 19 Jan 2010

   မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဘက်တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများ တင်ပို့လျက်ရှိရာ အဆိုပါ ပို့ကုန်အချို့ရဲ့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ တစ်ဘက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် -ပစ္စည်းအမည်    ရေတွက်ပုံ    မိမိဘက်ဈေး (ကျပ်)    တစ်ဘက်နိုင်ငံဈေး (ယွမ်)ပြောင်းဖူးစေ့         တန်           ၂၅၂၉၃၃                      ၁၆၄၀နှံစားပြောင်း         တန်           ၂၇၁၂၈၄                      ၂၀၀၀ကြက်ဆူစေ့         တန်           ၆၇၃၉၁၅                      ၄၉၀၀   မြန်မာ-အိန္ဒိယ နယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဘက် အိန္ဒိယနိုင်ငံသို့ မ-ဝတ်တီရှပ်၊ စောင်၊ ဝက်အရှင် တင်ပို့လျက်ရှိရာ အဆိုပါ ပို့ကုန် အချို့ရဲ့ ရိဒ် ပေါက်ဈေးနဲ့ တစ်ဘက်နိုင်ငံမီ ဇိုရမ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် -ပစ္စည်းအမည်    ရေတွက်ပုံ    မိမိဘက်ဈေး (ကျပ်)    တစ်ဘက်နိုင်ငံဈေး (ရူပီး)မ-ဝတ်တီရှပ်       ထည်              ၂၅၀၀                        ၁၂၅စောင်              ထည်               ၄၅၀၀                       ၂၂၅ဝက်အရှင်        ကီလိုဂရမ်           ၁၈၀၀                         ၉၀   မြန်မာ-ထိုင်းနယ်စပ် မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်မှ တစ်ဘက်ထိုင်းနိုင်ငံသို့ လယ်ယာထွက်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများတင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မြဝတီကုန်သွယ်ရေးဇုန်နဲ့ တစ်ဘက်နိုင်ငံ မဲဆောက်ပေါက်ဈေးတွေ ကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ် -ပစ္စည်းအမည်    ရေတွက်ပုံ    မိမိဘက်ဈေး (ကျပ်)    တစ်ဘက်နိုင်ငံဈေး (ဘတ်)        မတ်ပဲ                တန်            ၆၈၅၄၀၀                  ၂၃၀၀၀ကြက်သွန်နီ        တန်             ၈၆၄၀၀၀                  ၂၉၀၀၀ပြောင်းဖူးစေ့        တန်             ၁၈၇၀၀၀                    ၆၃၀၀   မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် စစ်တွေနယ်စပ်စခန်းမှ တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆီးယိုထုတ်၊ ဆီးဖတ်၊ နနွင်းတက် တို့တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ စစ်တွေပေါက်ဈေးနဲ့  တစ်ဘက်နိုင်ငံ တက္ကနာဗ် ပေါက်ဈေးတွေကတော့ အောက်ပါ အတိုင်းပဲဖြစ်ပါတယ် -ပစ္စည်းအမည်    ရေတွက်ပုံ    မိမိဘက်ဈေး (ကျပ်)    တစ်ဘက်နိုင်ငံဈေး (တာကာ)        ဆီးယိုထုတ်         တန်            ၃၉၇၈၀၀                   ၂၄၈၆၅ဆီးဖတ်              တန်           ၁၃၄၆၄၀                     ၈၄၁၅နနွင်းတက်          တန်            ၆၇၃၂၀၀                   ၄၂၀၇၅ ကေသွယ်, ခိုင်ဝင်း

Tuesday, 19 Jan 2010

  မြန်မာ-တရုတ်နယ်စပ်ရှိ ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဒီဇင်ဘာလအတွင်း စိုက်ပျိုးရေးသွင်းအားစု အမိုးနီးယမ်းနိုက်တြိတ် ဓါတ်မြေသြဇာတန်ချိန် ၁၇၀၀၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂၃၀၀၀၀ ကျော်ဖိုးနဲ့ လယ်ယာသုံးတစ်လုံးထိုး အင်ဂျင်အလုံး၂၅၀ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ၃၅၀၀၀ ကျော်ဖိုးတင်သွင်းနိုင်ခဲ့တယ်လို့ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးစခန်းမှသတင်းရရှိပါတယ်။ ကန်ပိုက်တီးနယ်စပ် စခန်းရဲ့ အခြားသွင်းကုန်များဖြစ်သော ၁/၄၀ ချည်၊ ဘိလပ်မြေ၊ သံချောင်း၊ ဒီဇယ် အင်ဂျင်များ၊ U-beam၊ ပလပ် စတစ်ကော်ဇောများလည်း တင်သွင်းခဲ့တယ်လို့သိရပါတယ်။Source: နကသ (ကန်ပိုက်တီး)ခိုင်ဝင်း 

Pages